Wednesday 27 July 2011

သွားတော့ ကိုစံမောင်

ကိုရီးယားကိုမလည်မ၀ယ်နဲ့ စေ၇ာက်ခဲ့ တဲ့ အချိန်အများသိတဲ့ သင်တန်ကျောင်းလို့ ခေါ်တဲ့

ကျွန်ေ၇ာင်းဝယ်ေ၇းစခန်းကြီးမှာ မြန်မာ ၁၆၀ ဟာ ကိုယ်သွားရမယ့်နေရာဒေသအသီးသီးကို

လာခေါ်တဲ့အလုပ်ရှင်တွေနဲ့အတူ ပါသွားကြပါတယ်...အဲဒီမှာစလို့ ကိုယ်တွေကိုခေါ်တဲ့ စက်ရုံက

အလုပ်တွေမကောင်းလို့ မခေါ်တော့လို့ ညနေအတော်စောင်းတဲ့အထိ ခင်ဗျားနဲ့ ကျနော်ဘယ်သူ

ခေါ်မလဲလို့ မျက်စိသူငယ်..နားသူငယ်နဲ့ကျန်နေခဲ့တာ အမှတ်ရနေမိတယ် ကိုစံမောင်

နောက်တော့ ကျနော်တို့ကို သူဋ္ဌေးလို့ထင်ခဲ့မိတဲ့ လူတစ်ယောက်ကစာချုပ်တွေမှာလက်မှတ်ထိုး

လို့ကျနော်တို့ နှစ်ယောက်ကိုခေါ်သွားတယ်လေ...ဘယ်နေရာဘယ်ဒေသေ၇ာက်နေလဲ ကျနော်တို့

မသိခဲ့ဘူး...ဂိုထောင်အကြီးကြီးတွေနဲ့စက်ရုံ မှာကျနော်တို့နှစ်ယောက်အလုပ်လုပ်ဖို့ေ၇ာက်ခဲ့ပြီလေ

နေစရာဘယ်မလဲ..ကိုယ်တွေနေဖို့ အမှီုက်သရိုက်တွေအပြည့်နဲ့အခန်းကို ရှင်းခဲ့၇တယ်..

ညနေစာကိုအိမ်ကပါလာတဲ့ ငါးခြောက်ကျော်လေးနဲ့ သူတို့ပေးတဲ့ရယ်ဒီမိတ်ထမင်းတွေနဲ့ထမင်း

စားခဲ့ရတာ

ကျနော်မမေ့ခဲ့ဘူး...နေရတဲ့ အခန်းဘေးမှာစပျစ်ခြံတွေ..အဲဒီအပေါ်ကတောင်စောင်းကသင်းချိုင်း

အရှေ.ဘက်မှာလယ်ကွင်းစိမ်းစိမ်းတွေ..တောင်မြင့်မြင့်တွေ..ခင်ဗျားကတော့ စပါးတွေမြင်ပြီးသ

ဘောတွေကျလို့...ကျနော်ကတော့စူးစမ်းတာဝါသနာဆိုတော့ ဘေးအခန်းမှာအရင်လုပ်သွားတဲ့  

ဥဇဘက်တွေဓါတ်ပုံကိုကြည့်တော့ လက်ပြတ်ထားတဲ့ ပုံတွေကိုတွေ့လို့ ခင်ဗျားကိုပြခဲ့တယ်လေ...

ကိုစိန်ကလည်း..သေတစ်နေ့မွေးတစ်နေ့ပါလို့ ခင်ဗျားပြောတာမှတ်မိသေးတယ်..။

နောက်နေ့အလုပ်လုပ်ရတော့ ပထမဆုံးအတွေ့အကြုံသစ်တွေကို ခင်ဗျားနဲ့ကျနော်ရယ်လိုက်ရ

တာ....ညဘက်ဆိုဘယ်သူမှမရှိတဲ့ ဒီနေရာမှာ ဓါတ်မီးတွေနဲ့ညစောင့်တွေလဲဖြစ်ခဲ့ကြတယ်....

အသိမိတ်ဆွေရလိုရငြား စက်ရုံထိပ်က လမ်းပေါ်မှာမြန်မာရှိသည်လို့ ဆိုင်းဘုတ်တပ် ခဲ့တာတွေ

ဖုံးဆက်ချင်လို့ တစ်နာ၇ီလောက်လမ်းလျှောက်ခဲ့ရတာတွေကျနော် သတိရနေမိတယ်ဗျာ...

အခုလိုနွေရာသီအချိန်..အလုပ်ပိတ်ရက်အတွက်..မုန့်ဖိုး၃သောင်း..ငါးသောင်းဘယ်ဟာသူမလဲမေး

တော့ ကျနော်တို့ဆီကဖြတ်မှာ ၃သောင်းဘဲယူလို့ ခင်ဗျားပြောတာတွေ..ခွေးအလွန်ကြောက်တဲ့

ခင်ဗျား...သူဋ္ဌေးကခွေးစာကြွေးလို့ေ၇ချိုးပေးလို့ ကျနော့်ကိုပိုက်ဆံပေးလို့ခင်ဗျားနောက်နေ့ဝင်

လုပ်ခဲ့တာတွေ...အလုပ်ပါးချိန်သူဋ္ဌေးစိုက်ခင်းကိုမျက်ပေါက်..ေ၇လောင်းလုပ်ပေးခဲ့တာတွေကိုအခု

ထိမြင်ေ၇ာင်သေးတယ်ကိုစံမောင်...လစာမပေးလို့ကျနော်နဲ့ပြသနာတက်ပြီး ကျနော်အဲဒီကထွက်

ခဲ့တဲ့အချိန် ခင်ဗျားတစ်ယောက်တည်းကျန်ခဲ့တယ်မဟုတ်လား...အလုပ်ပြောင်းဖို့ ကျနော်ခဏ

ခဏပြောတာကို ခင်ဗျား..စဉ်းစားအုံးမယ်ဆိုပြီးနေ့ေ၇ွ့ ညေ၇ွ.နဲ့ ခင်ဗျားဒီနေရာမှာ ငါးနှစ်ပြည့်လို့

ရက်ဘဲစွန်းသေးတယ်...အခုတော့ ခင်ဗျား ဘ၀ကူးသွားပြီမဟုတ်လား...ခင်ဗျားသေတယ်လို့ဘယ်

သူယုံမလဲ....အရင်သိခဲ့တာကလည်းတိုက်ဆိုင်လိုက်တာကျနော်ဖြစ်ခဲ့တယ်..ခင်ဗျားဘယ်လိုသေလဲ

ဘယ်သူသက်သေရှိလဲ..အလုပ်နားချိန် လဲကျသွားတာတဲ့..ယုံရမလား...ခင်ဗျားသေလို့ရမယ့်ငွေ

တန်ရာတန်ကြေးပေးရမှာစိုးလို့ ကိုရီးယားတွေလိမ်နေရင်..ခင်ဗျားထပြောနိုင်သေးလား.စက်ရုံမှာ

ခင်ဗျားတစ်ယောက်တည်း မြန်မာရှိလို့ ဘယ်သူက အမှန်သက်သေလိုက်ပေးမလဲ...

ကိုစံမောင် လူအေးကြီးေ၇...အေးအေးဆေးဆေးနေချင်လို့ ဒီစက်ရုံမှာ..ဂေါင်းချလိုက်ပြီပေါ့

၃နှစ်ပြည့် ပြန်တုန်းက ယူထားတဲ့ မိန်းမ...အရွယ်မေ၇ာက်သေးတဲ့ ကလေး..ခင်ဗျားရဲ့အမေအို

သူတို့တွေ ဘယ်လိုဖြေ ကြမလဲ... မနက်ဖန်ဆို ခင်ဗျားဘာကြောင့်သေသလဲ စစ်ချက်ရမယ်...

ခင်ဗျား အတွက် ထိုက်သင့်တာတွေမှန်ကန်စွာရပါစေ..ဘ၀ဆက်တိုင်းဒီလိုအဖြစ်နဲ့ မကြုံဘဲ....

ကောင်းရာဘုံဘ၀မှာ ပြည့်စုံလုံလောက်စွာ ခံစားေ၇ာက်ရှိပါစေလို့ ဆုတောင်းရင်း

သွားတော့ ကိုစံမောင် ကျနော်နုတ်ဆက်လိုက်တယ်...............










4 comments:

  1. အဖြစ်ဆိုးတယ်။ ကောင်းရာမွန်ရာရောက်ပါစေ.

    ReplyDelete
  2. ရပ်ဝေးမြေခြား.. ဆွေမရှိ၊ မျိုးမရှိ၊ သူစိမ်းတွေကြားမှာ.. အစစအရာရာ သတိရှိနိုင်ပါစေ.. သွားလေသူက သွားခဲ့ပေမယ့် ကျန်ရစ်နေသူတွေက လွမ်းဆွေးငိုကြွေးကြရတယ်..

    ReplyDelete
  3. စိတ်မကောင်းလိုက်တာ..
    ကောင်းရာဘုံဘ၀ရောက်ပါစေရှင်...

    မဒမ်ကိုး

    ReplyDelete
  4. အိုး အိုး...........


    ဘ၀ကူးကောင်းပါစေ။

    ReplyDelete

Related Posts Plugin for WordPress, Blogger...