Monday 21 November 2011

(၉၁) နှစ်မြောက် အမျိုးသားနေ့





၂၀၁၁ ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၁၀ရက်နေ့ သည်...မြန်မာနိုင်ငံ၏

(၉၁) နှစ်မြောက် အမျိုးသားနေ့ ဖြစ်သည်....။

Tuesday 15 November 2011

ကင်မ်ချီ ရာသီ

အခုည -၁ဖြစ်နေပြီ....ခိုက်ခိုက်တုန်အောင်အေးနေတာပေါ့

ကိုရီးယားမှာနေစဉ်ကာလတွေမှာ ပြန်ဖို့အချိန်တွေနီးလားလို့လားမပြောတတ်ဘူး။ တစ်ခါမှမရိုက်

ဘူးတဲ့ကင်မ်ချီ လုပ်တဲ့ သူတွေကိုဓါတ်ပုံရိုက်ခဲ့မိတယ်....အမှတ်တ၇ ဖြစ်အောင်လေ...နယ်မြို.လို့

ဆိုပေမယ့် တောေ၇ာမြို.ပါဖွံ.ဖြိုးတဲ့ ဒီမိုကေ၇စီစနစ်နဲ့နိုင်ငံပါ....

အခုလိုနိုဝင်ဘာလမှာ စိုက်ခင်းတွေက မုန့်ညှင်းမုန်လာတွေကိုဖေါ်ပြီး ကင်မ်ချီစိမ် ကြပြီလေ။

အရမ်းအေးတာနဲ့ အပင်တွေသေကုန်ပြီးမိုးလုံလေလုံကာထားတဲ့ နေရာတွေမှာသာ စိုက်လို့ရပါ

တော့တယ်။ ကိုရီးယားမှာနေရာတိုင်းမရှိမဖြစ်မပါမပြီးတာက ကင်မ်ချီ ဆိုတဲ့ ချဉ်ဖတ်ပေါ့

ကိုယ်တိုင်လုပ်ကြသလို ၀ယ်ပြီးစားကြသူတွေလဲရှိပါတယ်။ မုန်ညှင်း၊မုံလာဥ၊သခွားသီးအစုံပါဘဲ


သူတို့ရိုးရာစားစရာကိုး.....ဆောင်းတွင်းမှာတော့ မကြိုက်လဲစားရတာပါဘဲအေးလွန်းရင်ဝမ်းချုပ်


ပါတယ်...အသားဟင်းမပါရင်လဲကင်မ်ချီနဲ့ စားတဲ့ကိုရီးယားတွေလေ....


ကျနော်အခုပုံတွေသွားရိုက်တော့ လတ်ဆတ်နေတဲ့ ဆားနယ်ပြီးသားမုန်ညှင်းရွက်တွေကိုဖဲ့လို့


အာဂျူးမ(အဒေါ်ကြီး) တွေက သူတို့စိမ်မယ့်ငရုပ်ရည်တွေနဲ့ တို့ကျွေးပါတယ်..လတ်ဆတ်လို့

လားမသိဘူးစားကောင်းပါတယ် ။အခုစိမ်ထားတာတွေက မနက်ဆိုစားလို့ရနေပြီလို့ပြောတယ်။

ကဲ ဓါတ်ပုံလေးတွေအားပေးကြပါအုံး.....








Monday 14 November 2011

လသာည

သီတင်းကျွတ်လည်း ကျော်ခဲ့ပြီ တန်ဆောင်မုန်းလည်းပြီးသွားပြီ လပြည့်ညတွေလွန်မြောက်လို့

မြန်မာပြည်ရဲ့ လပြည့်ညတွေမှာကျနော်နေတဲ့ဆီမှာ လမင်းကအေ၇ာင်မလက်သေးပါဘူး...

လပြည့်ကျော်နှစ်ရက်လောက်မှဒီမှာလမင်းကထိန်ထိန်သာလို့ စနေနေ့ ညနေဘက်ဆိုလ်းကိုထွက်

လို့ ၂၀၁၁ ဆိုလ်းတန်ဆောင်တိုင်လို့ပြောရမယ့် မီးပုံးပွဲကိုသွားပြီး ဓါတ်ပုံရိုက်ခဲ့တယ်..လူတွေက

တိုးမပေါက်ဘူး တန်းစီရတာလည်းကြာ..ညအတော်နက်မှ သူငယ်ချင်းအခန်းေ၇ာက်ခဲ့တယ်။

ဒီနေ့မနက်ကျတော့အိပ်ကောင်းလို့အိပ်လိုက်တာ နေခင်းေ၇ာက်မှနိုးတယ်..ညကအိပ်မက်တွေ

ကလည်း မြန်မာပြည်ကိုပြန်ေ၇ာက်လို့....အိမ်မက်နဲ့ဘဲတင်းတိမ်ရတော့မှာလား.....

နေက်တစ်နေ့လုပ်ရအုံးမယ့်ဆက်ရန်တွေအတွက် ချည်တိုင်ကိုပြန်လာခဲ့ပြန်တယ်...လမ်းမှာလမင်း

ကြီးကထိန်ထိန်သာလို့ မီးပုံးပွဲကပုံတွေနောက်နေ့မှတင်မယ်စိတ်ကူးတယ်....လသာညကိုပါတ်

ဝင်းကျင်အေ၇ာင်တွေနဲ့ရောလို့ မှတ်တမ်းတင်လိုက်တယ်...လေးအေးတွေကအရှိန်မြင့်လို့ တိုက်

နေပြီလေ....ဒီထက်ပိုအေးဖို့ဘဲရှိတော့တယ်.....သီချင်းတပုဒ်ကစာသားကိုလည်းစိတ်ထဲကရွတ်

လိုက်မိတယ်“မှတ်မိနေမလား..မဝေးသေးတဲ့...တချိန်တုန်းက..မင်းရင်ထဲ..လသာခဲ့ဘူးတယ်....

ကြိုးစားပေမယ့်..မေ့မပြစ်နိုင်တဲ့...မင်းရင်ထဲခဏ၀င်ခဲ့ဘူးတယ်”“ရန်ကုန်မှာသာတဲ့လ....သာချိန်

လွန်နေပြီလား...ရန်ကုန်မှာ..သာတဲ့လ....သာပေမယ့်လည်းအလကား....ရန်ကုန်သူ..အတွက်

အကောင်းဆုံးမဟုတ်တော့ပြီ....သဘာဝတရားရဲ့ ....အလင်းနဲ့မတင်းတိမ်နိုင်ပြီ....ထည်ဝါတဲ့....

လျှပ်စစ်မီးတွေရဲ့...အလည်မှာ...မော်ပါကြွားပါ...မေ့ပါသော်အမြဲ....ကိုယ်သာနှစ်သိမ့်လို့နေပါမယ်”

အားလုံးနားလည်နိုင်ကြပါစေ...................




Tuesday 8 November 2011

ဒီအချိန်ေ၇ာက်ရင်

နွေကိုနုတ်ဆက်လို့ ဆောင်းဆိုတဲ့အေးတဲ့ရာသီကိုေ၇ာက်ခဲ့ပြန်ပြီ....

အနောက်ဘက်နိုင်ငံတွေမှာ နှင်းတွေစောကျတယ်တဲ့ ရာသီဥတုတွေကလည်းဖေါက်လို့ ကိုရီးယား

မှာလည်းနှင်းတွေကျနေပြီလားတဲ့....နှင်းမေ၇ာက်လာသေးပါ..အေးမြမှုကိုလျော့စေမယ့် မိုး

အနည်းငယ်ရွာလို့ အအေးပေါ့ခဲ့တယ်...မိုးကြောင့်အချိန်စောစွာဝါရွက်တွေလဲ ကြွေကျလို့မြေခခဲ့

ကြတယ်။အချို.သောအပင်တွေလည်းရိုးတံဘဲကျန်တော့တယ်.....

အပင်တွေေ၇ာင်စုံဖြစ်တဲ့ နိုဝင်ဘာလဒီအချိန်အရမ်းလှတယ်လို့ပြောကြတယ်..တကယ်တမ်းတွေး

တော့ ပြင်းလွန်းလာတဲ့အအေးဒဏ်ကို မခံနိုင်လို့သာ သူအမျိုးအစားလိုက်ပြီးအေ၇ာင်ပြောင်းကြ

ရတာပါ..အပြင်ပန်းကြည့်တော့လှတယ်ပေါ့....ကဗျာဆရာတွေတင်စားတဲ့မေပယ်လ်ရွက်တွေလဲ

နီရာကညိုပြီးကြွေရအုံးမှာဘဲ..ဆောင်းဦးရွက်ကြွေတွေလို့လဲ တချို.ကတင်စားကြပြန်တယ်။

အေးစက်တဲ့ အငွေ့အသက်တွေနဲ့အတူ ရောက်ရှိလာတဲ့ ခံစားချက်တွေကိုလည်း“ရာသီပြောင်းချိန်

လို့အမည်ရတဲ့သီချင်းလေးနဲ့ နှစ်သိမ့်လိုက်ပါတယ်။
          












Saturday 5 November 2011

ခံစားမိသောသီချင်းတစ်ပုဒ်

မကြာသေးမီ ကာလတစ်ခုက ကျနော်အခုနေတဲ့နေရာကို လာေ၇ာက်လည်ပါတ်သွားသောသူ
တွေထဲက ထူးခြားတဲ့ ပုဂ္ဂိုလ်အကြောင်းပြောချင်ပါတယ်။ သူဟာဋ္ဌာနတစ်ခုက အဆင့်မြင့်အရာ
ရှိတစ်ဦးဖြစ်တယ် ဆိုရင်မမှားပါဘူး။ သိုသော် သူရဲ့စိတ်ဟာပျော်ရွှင်လန်းဆန်းနေတာကြောင့် 
လက်ရှိအသက်နဲ့ သူရဲ့ခန္ဓာက တစ်ခြားစီ စိတ်ပျိုကိုယ်နုတယ်လို့ ပြောရမှာပါ။
ကျနော်နဲ့ ပထမဆုံးတွေ့တဲ့အချိန်က လွပ်လတ်စွာပျော်ချင်ကြောင်း မြန်မာပြည်မှာ ရာထူးဂုဏ်
လူကြီးလုပ်နေရတဲ့အတွက် လွတ်လပ်မှုမရှိကြောင်းပျော်ပျော်သာစိတ်လွတ် ကိုယ်လွတ်နေရတာ
ကောင်းတယ်ဆိုတာတွေကိုပြောခဲ့ပါတယ်။ သူ့ကိုကြည့်ရင်သီချင်းလေးတအေးအေး နဲ့တကယ့်ကို
စိတ်အေးလက်အေးနိုင်လှပါတယ်။
ပထမဆုံးကျနော်နဲ့စပြီးလည်တဲ့နေ့က သူဆိုခဲ့တဲ့သီချင်းက “ဈေးချိုေ၇ာက်တိုင်းလည်းမြင်းလှည်း
သမားတွေက ဘုရားကြီးလားလို့မေးကြတယ်”အစချီ တဲ့စိုင်းထီးဆိုင် ရဲ့“ မန္တလေးေ၇ာက်ရှမ်းတစ်
ယောက်သီချင်းကို ဆိုတော့တာပါဘဲ။ “မင်းတို့ဆီလာရတာအဲဒီသီချင်းလိုဘဲကွလို့ဆိုပါတယ်”
အဆိုပါပုဂ္ဂိုလ်ရဲ့ ၂ပါတ်ကြာခရီးစဉ်မှာ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်တွေမှာသာကျနော်နဲ့သွားလာ
ဖြစ်ခဲ့ပါတယ်။ ကျန်တဲ့ရက်တွေမှာတော့သူလဲသူ့ရုံးကိစ္စ ကျနော့်မှာလဲအလုပ်လုပ်ရသေးလို့ မတွေ့
ဖြစ်ပါဘူး တွေ့ဖြစ်တဲ့အချိန်တွေမှာလည်း သီချင်းညဉ်းလို့ သူဆိုတဲ့သီချင်းအတော်များများဟာစိုင်း
ထီးဆိုင် သီချင်းတွေများပါတယ်။ ကျနော်လည်းစိုင်းထီးဆိုင်ခေ၇ဇီ ဖြစ်သူဆိုတော့ သူ့ကိုမေးမိပါ
တယ်။သူပြောတာက “အဓိပ္ပါယ်ရှိတဲ့ စာသားတွေများတယ်ကွငါ တို့ခတ်ကဒါတွေပဲလေ မင်းခမ်း
လိတ်ေ၇းတဲ့သီချင်းတွေနားထောင်ကြည့်တကယ့် အနှစ်တွေလို့” ပြောပါတယ်။ နောက်ပြီး“မင်းတို့
ခတ်က ရက်ပ်ပါတွေဆိုတော့ ဘယ်သိမလဲကွာ”တဲ့ ကျနော်ရယ်လိုက်ပါတယ် ကျနော်လည်းဆရာ
စိုင်းခမ်းလိတ်ရဲ့ စာသားတွေကိုနှစ်သက်တာကိုး 
အဲဒီလိုနဲ့ သူမပြန်ခင်ညတစ်ညမှာ တော့ကျနော်လဲသူ့ဆီသွားအိပ်ရင်း ညဘက်စကားဝိုင်းဖွဲ့တဲ့အ
ခါမှာ သူကြုံတွေ့ခဲ့တဲ့ ဖြစ်စဉ်တွေ၊တိုက်ပွဲတွေ၊အတွေအကြုံနဲ့ဗဟုသုတ တွေကိုပြောပြ ကျနော်နဲ့
အခြားသူတွေကလည်းပြန်မေးကြ ရယ်မောကြနဲ့အလွန်စည်ကားတဲ့ ၀ိုင်းလေးတစ်ဝိုင်းပါ။
အဲဒီညကသူပြောတဲ့စကားတွေထဲကနေကောက်နုတ်ပြီး ပြောရရင်တော့ဖြင့် 
မိုင်းယမ်းတိုက်ပွဲအကြောင်းကိုပြောပြချိန် “အဲဒီအချိန်တုန်းကအရာရှိငယ်ဘ၀ပေါ့ကွာတဲ့
အဲဒီတိုက်ပွဲကနှစ်ဘက်အကျအဆုံးအတော်များတယ်ကွ အဲဒီမှာကျတဲ့ ရဲဘော်တွေအတော်များ
တော့ တပ်ရင်းမှုးက ငါတို့အားလုံးကိုခေါ်ပြီး မင်းတို့ထဲမှာရည်းစာမရှိသူလူပျိုလူလွတ် ဆိုရင်
လက်ထောင် ခိုင်းတယ်ကွ အဲဒီမှာငါလဲပထမလက်ထောင်မလို့ဘဲ နောက်ကျတော့မှကျနော့်မှာ
ရည်းစားရှိတယ်အိမ်ကစေ့စပ်ပေးထားတယ်ဆိုပြီး ပြောရတယ်ပေါ့ကွာ” အဲဒီမှာကျနော်ကဘာ
လို့အဲလိုလုပ်ခိုင်းတာလဲမေးတော့ “ငါ့စကားမဆုံးသေးဘူးကွ”တဲ့ ကျသွားတဲ့ရဲဘော်တွေရဲ့ မိန်းမ
တွေကိုလူပျိုလူလွတ်တွေက တာဝန်ယူရမယ်ယူခိုင်းတာပေါ့ကွာ...ဒါအတော်ခက်တဲ့ကိစ္စဘဲမိန်း
မယူတာမခက်ပေမယ့် ကလေးတွေကပါသေးတယ်ကွ ဘယ်လိုလုပ်မလဲ...အဲဒီမှာကွာငါ့သူငယ်
ချင်းတစ်ယောက်အဲဒီကောင်က ကျသွားတဲ့ရဲဘော်ရဲ့ မိန်းမကိုနောက်တန်းပြန်ရင်ယူမယ်လို့    
ပြောတယ်ဟေ့...ပြန်တော့လဲတကယ်ယူတာဘဲလိုက်ပွဲ ကလေး၂ယောက်တောင်ပါသေးတယ်။
တော်ရုံသတ္တိ တော့မဟုတ်ဘူး..အခုချိန်ထိအဲဒီကလေးတွေနဲ့သားအဖအရင်းတွေလိုဖြစ်နေကြ
တာပေါ့ကွာ”တဲ့ အဲဒီအကြောင်းကိုပြောပြီး “ငါဒီကောင့်ကိုခုချိန်ထိ လေးစားနေတုန်းဘဲ”လို့ 
ထပ်ပြောပါတယ်။
ပြီးတော့ အခုလိုသီချင်းဆိုပါသေးတယ် “ပျိုတယ်အိုတယ်ဆိုတဲ့..ကျဉ်းမြောင်းတဲ့...အယူအဆ
တွေနဲ့....လူဆိုတာထာဝစဉ်ခြောက်ပစ်မကင်းနိုင်ဘူး....ယုံပါကွယ်..အို..မင်းရဲ့ ဘ၀မှာထာဝစဉ်
နုပျိုကာရယ်...ကိုယ့်အချစ်နဲ့ အရာရာကိုအကောင်းတိုင်းဖြစ်စေမယ်” ဆိုတဲ့စာသားလေးကိုဆို
ပါတယ်...“ဒီကောင့်အကြောင်းသတိရပြီးဒီသီချင်းကိုဘဲ ဆိုချင်နေတယ်လို့”လဲပြောပါတယ်။
အဲဒီညက ဒီသီချင်းလေးနဲ့ ဘဲဝိုင်းသိမ်းခဲ့ကြပါတယ်.....
နောက်နေ့မနက်ခင်းလေဆိပ်ေ၇ာက်တော့ ထုံးစံအတိုင်း ၀န်စီစလည်တွေနဲ့သေတ္တာတွေကိုချိန်
စက်ပေါ်တင်ပေါင်ပိုမပိုစစ်ကြရတယ်။ အခြားသူတွေကတော့ ပေါင်ပိုမှာစိုးလို့ ထုတ်ကြပြန်ထည့်
ကြပေါ့..သူကတော့သီချင်းလေးတအေးအေးနဲ့ ပေါင်ချိန်ပိုလို့စိတ်ညစ်နေသူတစ်ဦးကို ဒီသီချင်း
လေးနဲ့စပါတယ်..“ ပေါင်ပိုလာတော့လည်း....ဒို့နှစ်ယောက်ပဲမျှခံကြ”လို့ ဆိုပြီးတကယ်တော့သီ
ချင်းက“ မောင်မနေတတ်ဘူး” လို့ခေါင်းစဉ်ရတဲ့“ ဒီအချိန်ကိုေ၇ာက်ရင်ဒို့နှစ်ယောက်အမြဲတွေ့
နေကြ”ဆိုတဲ့စာသားပါ။
ကျနော်ပြောချင်တာကတော့ အသက်ရှင်နေထိုင်ချိန်ကာလမှာ စိတ်ညစ်စရာဝမ်းနည်းစရာတွေ
ကြုံနေပေမယ့်လည်း ပျော်စရာတဘက်လှည့်လို့ စိတ်ချမ်းသာမှုကိုရှာဖွေရင်း ဘ၀နေ၀င်ချိန်ကို
အကောင်းဆုံးဖြတ်သန်းဖို့ပါဘဲ။
ဆရာစိုင်းခမ်းလိတ်ေ၇းသားပြီး စိုင်းထီးဆိုင် သီဆိုခဲ့တဲ့သီချင်တွေဟာဘာကြောင့် ယနေ့ချိန်ထိ
အောင်မြင်နေလဲလူကြိုက်များလဲပြောရရင်ထိေ၇ာက်တဲ့အဓိပ္ပါယ်တွေနဲ့ ခံစားမှုတွေကိုသီကုံး
ထားလို့ပါဘဲ ပြောရင်မှားဖွယ်ရာမရှိဘူးလို့ ပြောရမှာပါ။
နှစ်ပါတ်ကြာမျှ စာမျက်နှာပေါ်မတက်ဖြစ်ခဲ့ပေမယ့်ေ၇းဖို့ရည်ရွယ်ထားတာတွေကိုအခုချေ၇း
လိုက်ပါတယ်။
ခွင့်မတောင်းဘဲ အဘရဲ့အကြောင်းတွေကိုေ၇းမိသွားလို့ဒီနေရာကနေတောင်းပန်စကားဆိုချင်
ပါတယ်။
အထူးအားဖြင့် ကျနော့်ဆီအလည်ေ၇ာက်ကြသော မိတ်ဆွေတွေဆီကို ခဏခဏအလည်
ေ၇ာက်ချင်ပေမယ့် ပျက်ကွက်နေတဲ့ ကျနော့်အပေါ် နားလည်မှုတွေပေးနိုင်မယ်လို့ ထင်ပါတယ်
အားပေးသူတွေကိုလည်းတလေးတစားကျေးဇူးတင်နေမိပါကြောင်း

ကိုယ့်အချစ်နဲ့အရာရာကိုအကောင်းတိုင်းဖြစ်စေမယ်


Related Posts Plugin for WordPress, Blogger...