Friday 25 May 2012

အီး ပီ စီ

အီးပီစီ ဆိုလို့ဘာတွေများလဲမထင်လိုက်ကြပါနဲ့ အီလက်ထရစ်ပါဝါ ကော်ပိုေ၇းရှင်း ဆိုပါတော့ဗျာ
ဒီနာမည်က အေ၇းအခင်းမတိုင်ခင်ထိ ခေါ်ဝေါ်သုံးစွဲသတ်မှတ်ထားတာတစ်ခုပေါ့....
အဲဒီနောက်ပိုင်း မြန်မာမှုပြုတဲ့နာမည် ပြောင်းလဲသုံးစွဲတော့ အမ်အီးပီအီး တဲ့ အမည်ဖြစ်သွား
ပြန်ေ၇ာ...မြန်မာအီလက်ထရစ်ပါဝါအင်တာပရိုက်စ် တဲ့...

ကျနော်တို့နိုင်ငံမှာလျှပ်စစ်မီးကို လုံလောက်စွာသုံးနိုင်ဖို့ မပျက်ဘဲမနေရဘူးလို့ မဆိုလိုပါဘူး....
အစိုးရတဲ့အရာမှမဟုတ်တာဘဲလေ....ဒီလောက်တော့ လူသားတိုင်းသဘောပေါက်ကြပါတယ်....
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက် ဖို့ရာဒီလျှပ်စစ်စွမ်းအားကလည်းအေ၇းကြီးသကိုး...
ကိုယ့်နိုင်ငံ၇ဲ့ လိုအပ်တဲ့လျှပ်စစ်ကိုပေါများတဲ့နိုင်ငံကနေ၀ယ်ယူပြီး နိုင်ငံအတွက်အကျိုးဖြစ်စေတာ
ကလည်း ဦးနှောက်ရှိတဲ့ နိုင်ငံကအကြီးအကဲတွေ၇ဲ့ စွမ်းဆောင်ချက်တွေပါဘဲ။

ကျနော်တို့နိုင်ငံမှာလား ငယ်စဉ်အခါက လောပိတေ၇အားလျှပ်စစ်တို့ကနေ မီးပေးတာလို့
ကလေးဘ၀ငယ်တုန်းကသင်ဖူးတာပေါ့..အသေအချာမသိခဲ့ဘူး...ဘီလူးချောင်းစသည်တို့ပေါ့
နောက်များကြာလာတော့ မီးပျက်တယ်ဆိုတဲ့အသိလေးဖြစ်လာခဲ့ေ၇ာ...အဲဒီချိန်က ဖယောင်းတိုင်
မှန်အိမ် ခတ်လေ..အချို.နေရာတွေဆို ဆီးမီးေ၇နံဆီခွက်တွေသုံးနေတုန်း ဒါကျေးလက်မဟုတ်
သေးဘူး မြို.ပြမှာ....ညဘက်မီးပျက်ချိန်မှာဖယောင်းတိုင်လိုက်ေ၇ာင်းသူတွေ ရှိတယ်...
ဖယောင်းတိုင်တွေတစ်ကျပ်ဖိုးနှစ်တိုင် လေ....

ကျနော်တို့နေတဲ့ ရပ်ကွက်မှာ ထရန်စဖေါ်မာဆိုတဲ့စက်ကြီးပေါ့ ကျနော်တို့လမ်းထဲမှာရှိတယ်။
လူနေအိမ်ေ၇ှ့မှာ စိုက်ထူးထားတယ်...ငွေေ၇ာင်ကြီးကြီးမားမားပေါ့ဗျာ..နောက်တော့ ခဏခဏ
ဆိုသလို မနိုင်လို့ဆိုလား...ဆီခမ်းလို့ဆိုလား ၀ုန်းဒိုင်းနဲ့ တိုက်ပွဲငယ်အလား ပေါက်ပါတယ်....
ရပ်ကွက်ထဲမလဲ အမှောင်အတိဖုံးလွှမ်းလို့ ဒါကြီးကမပေါက်ရင်လဲ သူဘေးကဓါတ်တိုင်ကနေစုန်း
ကဝေမြူးသလိုမီးရှုးမီးပန်းတွေ လွတ်တာကလဲ အမြဲပါဘဲ...နောက်နေ့ ကြမှပြင်သူတွေလာကြ
တစ်ခါတစ်လေဆိုမြို.နယ်ကမနိုင်လို့ တိုင်းကပြင်မှရတာတို့ကရှိပါသေးတယ်။

နောက်ပိုင်းကျတော့ ဘယ်လိုမှမနိုင်တော့လို့ဆိုပြီး ရပ်ကွက်နှစ်ခုကို တရက်ခြားစီ မီးပေးတယ်
ညနေပိုင်းကိုယ့်ဘက်မီးဖြတ်ဖို့ လာတဲ့ကားဆိုရင် မမြင်ချင်တော့ဘူး...ဖြတ်ဖို့သာအချိန်မှန်တစ်
ခါတလေစောတောင်နေသေး ၊ပြန်ပေးဖို့ဆိုရင်တော့ နောက်ကျမှလာတယ်လေ။
အခုပြောနေတဲ့ ခတ်က မဆလ ခတ်လေ....နောက်တော့ အဲဒီထ၇န်စဖေါ်မာကြီးပေါက်ကွဲသံ
ကြောင့် ဘေးကအိမ်က လူမမာအဘွားအိုနှလုံးရပ်ပြီးကွယ်လွန်သွားရှာပါတော့တယ်။
မခံနိုင်လို့ ၀ိုင်းတိုင်လိုက်တော့ အဲဒါကြီး ကိုဖြုတ်သိမ်းပြီးလမ်းထိပ်မှာ အသစ်တစ်လုံး လာထိုင်
ပါတော့တယ်။

ဘာလို့မီးတွေမနိုင်လဲ သေချာမေးတော့ ရပ်ကွက်ထဲမှာအသေးစားတွင်ခုံ၊ဘော်ဒီရုံ၊ပုံနှိပ်စက်
တွေက မနိုင်ဝန်တွေထမ်းလို့တဲ့ မသုံးရသတ်မှတ်ချိန်မှာခိုးသုံးလို့တဲ့ ဒါဆိုအေ၇းယူမလား ဆို
တော့လည်း ယူရန်မဖြစ်တော့ ဘာတတ်နိုင်မလဲ... ကိုယ်တွေမီးလာရက်မှာတောင် ကွက်ကြား
တစ်လိုင်းအောက်လို့ ဆိုပြီးလေးငါးအိမ်မီးကွက်ပျက် လို့ မြို.နယ် အီးပီစီကို ဖုံးဆက်ခေါ်ရတာ
များလွန်းလို. ဖုံးနံပါတ်တောင်အလွတ်ရနေပြီ....နောက်ပိုင်း အီးပီစီက ဖုံးကိုညဘက်ခေါ်မရလို့
ကိုယ်တိုင်သွားတော့ ဖုံးလက်ကိုင်ကိုဘေးချထားတာမျက်မြင်တွေ့ ရပါတော့တယ်။
မီးပြင်ပေးဖို့ ကိုယ်တိုင်ကိုယ်ကျခေါ် ဆိုက်ကားငှား လှေကားအရှည်ကြီးတင်ပြီးေ၇ာက်လာတဲ့
ဆရာသမားတွေကို ပူဇော်ပသပြီးမှမီးပြန်လာပါတယ်။ မီးခဏခဏမပျက်အောင် ကောင်းတဲ့
လိုင်းပြောင်း ဖို့ကဈေးတစ်မျိုးရှိခဲ့ပါသေးတယ်။

သူတို့ဘက်ကိုပြန်ကြည့်တော့ မီးပျက်တာတွေများလို့ ဖုံးခေါ်သူတွေများလို့ မကိုင်နိုင်လို့ဘေးချထားကြောင်း၊ ၀န်ထမ်းအင်အားနည်းကြောင်း၊အချို.မှာဗီအိုင်ပီ အတွက်
သွားရပါကြောင်း၊ ရိန်ဂျားကားတစ်စီးနဲ့ တီတူးသောင်ဇင်နှစ်စီးသာရှိတဲ့ မြို.နယ်ရုံးမှာမလုံ
လောက်ပါဘူးတဲ့.....အဲဒီတုန်းက မီးဖြတ်ဖို့လာတဲ့ ကားကိုရပ်ကွက်က ခဲနဲ့ထုလို့ ၀တ္တရားနှောက်
ယှက်မှု နဲ့ စခန်းမှာအမှုဖွင့်ထားတာကလည်းကျနော်တို့ဘေးကမြို.နယ်မှာဖြစ်ခဲ့သေးတယ်။

ဒီလိုမီးတွေပျက်နေပေမယ့် ထူးခြားတာတစ်ခုက အေ၇းအခင်းကာလ ၁၉၈၈မှာ မီးလုံးဝမပျက်
ခဲ့တာပါဘဲ...ကျေးဇူးတင်မိခဲ့တယ်...
သည်နောက်ပိုင်း ခတ်ကျတော့လဲ တိုးတက်မှုတွေ ရှိလာပေမယ့် အဲဒီတိုးတက်မှုနဲ့ အပြိုင်မီး
စက်ကြီးတွေ ကနေရာယူလို့...မီးမှန်လာတာမဟုတ်ဘူးနော်...အဲဒီအချိန်က အသုံးအနှုံးဖြစ်တဲ့
ကိုယ်ထူကိုယ်ထ၊ မီးကိုကိုယ့်စက်ကိုယ်နှိုးသုံးနေကြတာ။ လာချင်လာပျက်ချင်ပျက် ၇ပ်ကွက်ထဲ
လဲ မီးစက်သံက နေ့လည်ကနေသန်းခေါင်ထိပါဘဲ။ အင်ဗာတာ ကိုယ်စီဘတ္ထရီ အကြီးအသေးနဲ့
အလင်းေ၇ာင်ကို ဖန်တီးခဲ့ကြရတယ်.... ထစ်ခနဲဆို မြေအောက်ကြိုးပေါက်ပြန်ပြီ...ကဲပါလေ
ဘာမှမတတ်နိုင်ကြတော့ ရပ်ကွက်ထဲမီးပြန်လာချိန် ဆို ၀မ်းသာအားရလူတွေခမျာသိန်းဆုကြီး
များပေါက်တဲ့ အတိုင်းဆူညံပြီးပျော်ကြတာ။ တစ်ခါတစ်လေများ ပျော်လို့ မဆုံးသေးဘူးပြန်
ပျက်သွားပြန်ေ၇ာ...အဲဒီလို.....ခဏခဏပေါက်လို့တဲ့ မြေအောက်ကြိုးကို မြေပေါ်တင်ထား
တာကလည်း ကျနော်တို့ ရပ်ကွက်မှာရှိသဗျ။မြေကြီးပေါ်မဟုတ်ဘူး ဓါတ်တိုက်မှာ တွဲချည်ထား
တာေအြောက်ကေဘလ်ကြိုးဝိတ်ကမနည်းဘူး ဓါတ်တိုင်တွေလဲယိုင်လို့.....

အစိုးမရတဲ့ မီးကို လူးကြီးတွေလာမယ့်နေရာတွေအခန်းအနားတွေမှာတောင် နောက်တွဲယာဉ်နဲ့
သယ်လာတဲ့ မီးစက်ကြီးတွေ ဆီပေပါကြီးတွေဘေးချလို့ ရယ်ဒီမောင်းထားရတာ စိတ်ချရတာ
အခုအချိန်မှာတော့ ဆည်ကြီးတွေ၊ သဘာဝဓါတ်ငွေ့တွေမြောက်များစွာထွက်လို့ မကြာခင်
တော့ ဒို့တိုင်းပြည်မှာမီး မှန်တော့မှာဘဲလို့ မျှော်လင့်ထားပေမယ့် တကယ်လဲပြီးေ၇ာ ပိုလို့သူများ ကိုေ၇ာင်းမှာတဲ့ အဲဒီမီးကို.......

ခရမ်းချဉ်သီးလောက်သာလာတဲ့ နေရာတွေ..မီးအားမပြည့်လို့ မီးအားမြှင့်စက်ဝယ်ရင်တောင်
သုညကနေ မြှင့်လိုရတဲ့ စက်တွေပြောဝယ်ရတာ အော်....ဘယ်မှာပိုတာလဲ.....၇န်ကုန်ဆိုတဲ့မြို.
ကြီးမှာတောင်အချို.နေရာတွေမှာမီးမရှိတဲ့ နေရာတွေ၇ှိနေပါသေးတယ်...နယ်မြို.တွေ အသာ
ထား မြို.သစ်တွေမှာ တောင်မီတာဘောက်မရှိ မီးခွက်နဲ့နေရသူတွေ ခုချိန်ထိရှိပါသေးတယ်။
အမြင်ကပ်လို့ လုပ်တာများလားမီးပေးချိန်မှာ အိုဗာဖြစ်လို့ အိမ်သုံးလျှပ်စစ်ပစ္စည်းတွေပျက်စီး
ခဲ့ရတာတွေလည်း ရှိခဲ့ပါတယ်။

အခုဒီပိုစ်လေးကိုေ၇းတာကလည်း အများအပူ ကိုယ့်အပူ လိုသဘောပါဘဲ...တကယ်ဆို မီးမှန်
ဖို့အတွက် ဖုံးရရှိေ၇းအတွက်ေ၇လာဖို့အတွက် တွေဆိုတာ ပြည်သူတွေက တောင်းဆိုရမှာ
မဟုတ်ပါဘူး ပြည်သူတွေ၇ဲ့လိုအပ်ချက်ကို လုပ်ပေးရမှာက တိုင်းပြည်အုပ်ချုပ်နေတဲ့ အကြီးအ
ကဲတွေ ကလုပ်ဆောင်ပေးရမှာပါ...
အခုလူတွေ ဆူလို့ပူလို့ မီးစက်ကြီးတွေ ချက်ခြင်းချ စီစဉ်ပေးတာတွေက အရင်တည်းက လူတွေ
ကို လေးစားရင် လုပ်ပေးရမှာပါ။ သောင်းကျန်သူလက်ချက်ကြောင့်ေ၇မလာမိုးမရွာတာကြောင့် တခြားသောအ
ခက်အခဲတွေကြောင့် အလှည့်ကျပေးရပါတယ်ဆိုရင်လဲ ပုံမှန် လာရမည့် အချိန်မှာ တိကျသော
အချိန်အတိုင်းပေးခဲ့ရင် ဖြစ်သလိုမလုပ်ခဲ့ရင် ပြည်သူတွေမရိုင်းပါဘူး နားလည်ကြပါတယ်။

သူမေတ္တာ ကိုယ်မေတ္တာ အပြန်အလှန်ေ၇ာင်ပြန်ဟတ်ကြပါတယ် အနှစ်၂၀ကျော်အစိုးရ
ခဲတဲ့ အချိန်မှာ တိုင်းပြည်ကိုမီး မှန်အောင်သာလုပ်ပေးခဲ့ရင်လေ ဆန္ဒမဲတွေ မလိုပါဘူး
ပြည်သူတွေ သိတတ်ပါတယ်။

ဒီစာေ၇းဖို့ စိတ်ထဲရှိလို့ ချေ၇းပါတယ်...စိတ်ထဲရှိတာ တွေကျန်ပါသေးတယ်...ဆက်ေ၇းပါ့မယ်
ချစ်သောလေးစားသောမိတ်ဆွေဘလော့ဂါ အပေါင်းတို့ ကိုလည်းေ၇းပါလို့ တိုက်တွန်းပါတယ်။
မည်သူမည်ဝါဆိုပြီး တက်ဂ် မလုပ်ပါ။

မြန်မာပြည်သူပြည်သားအားလုံးဆင်း၇ဲနဲ့င၇ဲကင်းပြီးသောကကင်းဝေးစွာနဲ့ နေထိုင်ကြရပါစေ။


Friday 4 May 2012

ပန်းပွဲတော် ( ၂ )

ဒီတစ်ခါတော့အင်ဒိုးပြခန်းထဲကိုေ၇ာက်သွားပြန်ပါတယ်..အဲဒီမှာတော့ သစ်ခွတွေအစုံနဲ့

အခြား အရွက်ဆန်းတွေတွေ့ခဲ့ပြန်တယ်။ အဲဒီမှာထူးခြားတာတစ်ခုကတော့ ကော်ဖီ၇နံရှိတဲ့

သစ်ခွတစ်မျိုးပါ...အပွင့်က တစ်မူထူးမနေပေမယ့်သူ့ ၇နံက

တကယ့်ကိုကော်ဖီ၇နံဖြစ်နေခဲ့တယ်။




























































































                                        ကော်ဖီ၇နံသင်းနေတဲ့ သစ်ခွ


Thursday 3 May 2012

ပန်းပွဲတော်(၁)

တောင်ကိုရီးယားနိုင်ငံ ဂိုရန်းမြို.မှာပြုလုပ်တဲ့ နိုင်ငံတကာပန်းပွဲတော်ကိုေ၇ာက်ခဲ့ပါတယ်...

ပန်းတွေလည်းစုံ တစ်ရက်ထဲရိုက်လို့မကုန်နိုင်အောင်ပါဘဲ ..ဒီပွဲကို၎လပိုင်း ၂၆ကနေ ၅လပိုင်း၁၃

ရက်နေ့ထိ ကျင်းပမှာပါ...၀င်ကြေးက နိုင်ငံခြားသားတစ်ဦးကိုဝမ်၈၀၀၀ပါ၊ ကကြီးတွေကတော့

ဝမ်တစ်သောင်းဖြစ်ပါတယ်။ အခုအချိန်ဟာကိုရီးယားမှာပူနေပြီဆိုပေမယ့် အရမ်းမပူသေးတော့

လာေ၇ာက်လည်ပါတ်ဖို့အချိန်ကောင်းဘဲ ပေးရတဲ့ဝင်ကြေးနဲ့ တန်အောင်ကိုကြည့်ရမယ့် ပန်းမျိုး

တွေကစုံလှပါတယ် မမြင်ဘူးတဲ့ ပန်းတွေလည်းပါတယ်။ အင်ဒိုး အောက်ဒိုးအစုံပါဘဲ ပန်းပွဲတော်

ကျင်းပတဲ့ ဟို.စု ပန်းခြံ(HOSUGYO) ဟာကိုရီးယားမှာအကျယ်ဆုံးလို့လဲ ဆိုပါတယ်။ ကန်ေ၇ပြင်

နဲ့ ပနံသင့်လှတဲ့ ဒီလိုနေရာကို ကျနော်တို့တိုင်းပြည်မှာတော့ ပြင်ဦးလွင်ရုက္ခဗေဒဥယျာဉ် မှာဘဲ

တွေ့ရမှာပါ။ ခတ်မှီတိုးတက်နေတဲ့သူတို့ဆီမှာ ပြည်သူတွေအပန်းဖြေဖို့ လိုအပ်မှုမရှိအောင်လှပ

သေသပ်စွာနဲ့ ပြင်ဆင်ထားတာတွေက တကယ့်ကိုအားကျစရာဖြစ်တယ်။

ရိုက်ထားသမျှပုံတွေကိုအပိုင်းလိုက်ခွဲတင်မှာဖြစ်လို့ ပန်းတွေဝေဆာနေမယ့် ကျနော့်နေရာလေးကို

အလည်လာေ၇ာက်အားပေးကြပါအုံးလို့



























































Related Posts Plugin for WordPress, Blogger...