Thursday 14 July 2011

ချစ်သူသိစေ

တခတ်တခါက နှစ်သက်ခဲ့သော ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ “ချစ်သူသိစေ ”ကဗျာကို
ပြန်လည်ခံစားမျှဝေလိုက်ပါတယ်...........

ချစ်သူသိစေ
     
ပန်းပွင့်ရှိမှ ရနံ့ရတာမဟုတ်ဘူး
ဖူးသည့်တစ်ငုံ ထုံသည့်တစ်ပွင့်
နမ်းခွင့်တစ်ရှိုက် ရခိုက်မှာ
ထာဝရ အမြဲတည်
နှလုံးသားမှာ စွဲမြဲစွာထုံရစ်
ဆွတ်ပျံ့နေ ချစ်သူသိစေ...

တွေ့ခွင့်ရမှ မင်းမျက်နှာလဝန်း
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့်
မင်းမရှိလည်း စွဲမြဲစွာ
ဘယ်လောက်ဝေးနေ
မော့ကြည့်ရင် မိုးကောင်ကင်လိုရှိ
တွေ့လို့နေ ချစ်သူသိစေ...

ဘယ်လောက်ဝေးဝေး ဘယ်မှာဖြစ်ဖြစ်
တွဲနှောင်ရစ်ငင် အိပ်မက်မှာအစဉ်မြဲရှိ
နေရာချင်းလွဲလွဲ ဒေသချင်းကွဲကွဲ
မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ...
ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး
စီးဆင်းတဲ့စိမ့်စမ်းရေ ကျေးငှက်တို့တီးတိုးသံ
ချိုစွာကြားရင် မင်းစကားသံစွဲမြဲစွာကျန်ရစ်
ကြားလို့နေ ချစ်သူသိစေ...
               မောင်စိန်ဝင်း(ပုတီးကုန်း)


   
    
    



1 comment:

  1. မောင်စိန်ဝင်း ကဗျာတွေအားလုံးကြိုက်တယ်
    သောကခြေရာ နှစ်အုပ်လုံးရှိတယ်...ဒါကြောင့် ဒီကဗျာလေးကို
    ပြန်လည်ခံသားသွားပါတယ်...
    ဖတ်ပြီးတော့တစ်ခုခု ကိုလွမ်းသလိုပဲ
    ကျေးဇူးတင်ပါတယ်
    ချမ်းမြေ့ပါစေရှင်..

    ReplyDelete

Related Posts Plugin for WordPress, Blogger...