Wednesday 27 July 2011

သွားတော့ ကိုစံမောင်

ကိုရီးယားကိုမလည်မ၀ယ်နဲ့ စေ၇ာက်ခဲ့ တဲ့ အချိန်အများသိတဲ့ သင်တန်ကျောင်းလို့ ခေါ်တဲ့

ကျွန်ေ၇ာင်းဝယ်ေ၇းစခန်းကြီးမှာ မြန်မာ ၁၆၀ ဟာ ကိုယ်သွားရမယ့်နေရာဒေသအသီးသီးကို

လာခေါ်တဲ့အလုပ်ရှင်တွေနဲ့အတူ ပါသွားကြပါတယ်...အဲဒီမှာစလို့ ကိုယ်တွေကိုခေါ်တဲ့ စက်ရုံက

အလုပ်တွေမကောင်းလို့ မခေါ်တော့လို့ ညနေအတော်စောင်းတဲ့အထိ ခင်ဗျားနဲ့ ကျနော်ဘယ်သူ

ခေါ်မလဲလို့ မျက်စိသူငယ်..နားသူငယ်နဲ့ကျန်နေခဲ့တာ အမှတ်ရနေမိတယ် ကိုစံမောင်

နောက်တော့ ကျနော်တို့ကို သူဋ္ဌေးလို့ထင်ခဲ့မိတဲ့ လူတစ်ယောက်ကစာချုပ်တွေမှာလက်မှတ်ထိုး

လို့ကျနော်တို့ နှစ်ယောက်ကိုခေါ်သွားတယ်လေ...ဘယ်နေရာဘယ်ဒေသေ၇ာက်နေလဲ ကျနော်တို့

မသိခဲ့ဘူး...ဂိုထောင်အကြီးကြီးတွေနဲ့စက်ရုံ မှာကျနော်တို့နှစ်ယောက်အလုပ်လုပ်ဖို့ေ၇ာက်ခဲ့ပြီလေ

နေစရာဘယ်မလဲ..ကိုယ်တွေနေဖို့ အမှီုက်သရိုက်တွေအပြည့်နဲ့အခန်းကို ရှင်းခဲ့၇တယ်..

ညနေစာကိုအိမ်ကပါလာတဲ့ ငါးခြောက်ကျော်လေးနဲ့ သူတို့ပေးတဲ့ရယ်ဒီမိတ်ထမင်းတွေနဲ့ထမင်း

စားခဲ့ရတာ

ကျနော်မမေ့ခဲ့ဘူး...နေရတဲ့ အခန်းဘေးမှာစပျစ်ခြံတွေ..အဲဒီအပေါ်ကတောင်စောင်းကသင်းချိုင်း

အရှေ.ဘက်မှာလယ်ကွင်းစိမ်းစိမ်းတွေ..တောင်မြင့်မြင့်တွေ..ခင်ဗျားကတော့ စပါးတွေမြင်ပြီးသ

ဘောတွေကျလို့...ကျနော်ကတော့စူးစမ်းတာဝါသနာဆိုတော့ ဘေးအခန်းမှာအရင်လုပ်သွားတဲ့  

ဥဇဘက်တွေဓါတ်ပုံကိုကြည့်တော့ လက်ပြတ်ထားတဲ့ ပုံတွေကိုတွေ့လို့ ခင်ဗျားကိုပြခဲ့တယ်လေ...

ကိုစိန်ကလည်း..သေတစ်နေ့မွေးတစ်နေ့ပါလို့ ခင်ဗျားပြောတာမှတ်မိသေးတယ်..။

နောက်နေ့အလုပ်လုပ်ရတော့ ပထမဆုံးအတွေ့အကြုံသစ်တွေကို ခင်ဗျားနဲ့ကျနော်ရယ်လိုက်ရ

တာ....ညဘက်ဆိုဘယ်သူမှမရှိတဲ့ ဒီနေရာမှာ ဓါတ်မီးတွေနဲ့ညစောင့်တွေလဲဖြစ်ခဲ့ကြတယ်....

အသိမိတ်ဆွေရလိုရငြား စက်ရုံထိပ်က လမ်းပေါ်မှာမြန်မာရှိသည်လို့ ဆိုင်းဘုတ်တပ် ခဲ့တာတွေ

ဖုံးဆက်ချင်လို့ တစ်နာ၇ီလောက်လမ်းလျှောက်ခဲ့ရတာတွေကျနော် သတိရနေမိတယ်ဗျာ...

အခုလိုနွေရာသီအချိန်..အလုပ်ပိတ်ရက်အတွက်..မုန့်ဖိုး၃သောင်း..ငါးသောင်းဘယ်ဟာသူမလဲမေး

တော့ ကျနော်တို့ဆီကဖြတ်မှာ ၃သောင်းဘဲယူလို့ ခင်ဗျားပြောတာတွေ..ခွေးအလွန်ကြောက်တဲ့

ခင်ဗျား...သူဋ္ဌေးကခွေးစာကြွေးလို့ေ၇ချိုးပေးလို့ ကျနော့်ကိုပိုက်ဆံပေးလို့ခင်ဗျားနောက်နေ့ဝင်

လုပ်ခဲ့တာတွေ...အလုပ်ပါးချိန်သူဋ္ဌေးစိုက်ခင်းကိုမျက်ပေါက်..ေ၇လောင်းလုပ်ပေးခဲ့တာတွေကိုအခု

ထိမြင်ေ၇ာင်သေးတယ်ကိုစံမောင်...လစာမပေးလို့ကျနော်နဲ့ပြသနာတက်ပြီး ကျနော်အဲဒီကထွက်

ခဲ့တဲ့အချိန် ခင်ဗျားတစ်ယောက်တည်းကျန်ခဲ့တယ်မဟုတ်လား...အလုပ်ပြောင်းဖို့ ကျနော်ခဏ

ခဏပြောတာကို ခင်ဗျား..စဉ်းစားအုံးမယ်ဆိုပြီးနေ့ေ၇ွ့ ညေ၇ွ.နဲ့ ခင်ဗျားဒီနေရာမှာ ငါးနှစ်ပြည့်လို့

ရက်ဘဲစွန်းသေးတယ်...အခုတော့ ခင်ဗျား ဘ၀ကူးသွားပြီမဟုတ်လား...ခင်ဗျားသေတယ်လို့ဘယ်

သူယုံမလဲ....အရင်သိခဲ့တာကလည်းတိုက်ဆိုင်လိုက်တာကျနော်ဖြစ်ခဲ့တယ်..ခင်ဗျားဘယ်လိုသေလဲ

ဘယ်သူသက်သေရှိလဲ..အလုပ်နားချိန် လဲကျသွားတာတဲ့..ယုံရမလား...ခင်ဗျားသေလို့ရမယ့်ငွေ

တန်ရာတန်ကြေးပေးရမှာစိုးလို့ ကိုရီးယားတွေလိမ်နေရင်..ခင်ဗျားထပြောနိုင်သေးလား.စက်ရုံမှာ

ခင်ဗျားတစ်ယောက်တည်း မြန်မာရှိလို့ ဘယ်သူက အမှန်သက်သေလိုက်ပေးမလဲ...

ကိုစံမောင် လူအေးကြီးေ၇...အေးအေးဆေးဆေးနေချင်လို့ ဒီစက်ရုံမှာ..ဂေါင်းချလိုက်ပြီပေါ့

၃နှစ်ပြည့် ပြန်တုန်းက ယူထားတဲ့ မိန်းမ...အရွယ်မေ၇ာက်သေးတဲ့ ကလေး..ခင်ဗျားရဲ့အမေအို

သူတို့တွေ ဘယ်လိုဖြေ ကြမလဲ... မနက်ဖန်ဆို ခင်ဗျားဘာကြောင့်သေသလဲ စစ်ချက်ရမယ်...

ခင်ဗျား အတွက် ထိုက်သင့်တာတွေမှန်ကန်စွာရပါစေ..ဘ၀ဆက်တိုင်းဒီလိုအဖြစ်နဲ့ မကြုံဘဲ....

ကောင်းရာဘုံဘ၀မှာ ပြည့်စုံလုံလောက်စွာ ခံစားေ၇ာက်ရှိပါစေလို့ ဆုတောင်းရင်း

သွားတော့ ကိုစံမောင် ကျနော်နုတ်ဆက်လိုက်တယ်...............










Saturday 23 July 2011

ကျနော့်ဆီမှာ


မိုးမရွာတာ တစ်ပါတ်ရှိပါပြီ....ပူလိုက်တာလည်း အရမ်း....မိုးကိုမျှော်လိုက်ရတာ....

နွေ လည်ခေါင်မှာမိုးကိုတောင့်တ တာ..သဘာဝမကျဘူးထင်ပါတယ်...ဒီနှစ်ကိုရီးယားမှာမုန်တိုင်း

အရှိန်နဲ့ မိုးဆက်တိုက်ရွာခဲ့ပါတယ်....ဒီနှစ်မုန်တိုင်းကညင်သာတယ်ထင်မိတယ်...မိုး ဘဲရွာခဲ့ပါတယ်

လေလုံးဝမပါ ခဲ့ဘူး..မနှစ်က ဆိုရင်တော့အပျက်အဆီးတွေ ရှိခဲ့တာပေါ့...အခုတော့မုန်တိုင်းကပြီး

မိုးကရပ်..ပူတာကလည်းစံချိန်တင်နေပြီလေ..ဒါတောင်ကိုရီးယားကအမြဲအေးနေတာမဟုတ်ဘူးလား

တဲ့..ဘယ်လိုပြောရမလဲ..အော်သူတို့သိတာရုပ်ရှင်ထဲက..နှင်းကျနေတာ..မာဖလာကိုယ်စီနဲ့ သရုပ်

ဆောင်တွေကို မြင်ဖူးကြတာလေ..သူတို့မသိတဲ့ အခြေအနေတွေ...သူတို့မသိတဲ့ အတွေ့အကြုံတွေ

သူတို့မသိတဲ့ ခံစားချက်တွေကို..ဘာမှရှင်းပြဖို့ မလိုတော့ပါဘူး....

ကျနော်နေထိုင်ရာဒေသမှာ..တောင်တန်းကြီးတွေရှိတယ်...စပါးခင်းစိမ်းတွေရှိတယ်..မိုးညို.လာတာ

နဲ့ တောင်ခိုးတွေနဲ့မြူတွေ ဆိုင်းလို့...ပူပြင်းတဲ့အခုချိန်မှာလည်း အပူဒဏ်ကိုကြိတ်ခံနေတယ်....

မိုးရွာလို့ အပူသက်သာရင်လည်း သီချင်းအေးအေးလေးတွေ နားထောင်ရင်း......

   
   

   

Thursday 21 July 2011

ပန်းသည်




ရန်ကုန် မြို.ရဲ့ မနက်ခင်း မှာ ဈေးေ၇ာင်းဈေးဝယ်စုံစွာရှိတဲ့ အနက်ကမှ ဒီပန်းသည် ကို မှတ်

တမ်းတင်လိုက်မိတယ်....အမှတ်မထင်ပေါ့လေ..မနက်ခင်းမှာစပါယ်ပန်း..ေ၇ွှပန်း..ငွေပန်းအစုံကို

ဘုရားလှုဖို့ ဖြစ်စေ...အိမ်ရုံးအလုပ်ခန်း...မော်တော်ယာဉ်ပေါ်မှာပန်းချိတ်ပြီး..မင်္ဂလာယူကြတဲ့

မနက်ခင်း လေးဟာ ကြည်နုးအေးမြလို့နေပါတယ်...ပထမ ဆုံးဒီပိုစ့် ကို“ ၀မ်းေ၇း” လို့ နာမည်

တပ်မလို့ပါ..သို့သော်...ဒီပန်းေ၇ာင်းသူရဲ့ တစ်နေ့တာမှာ..ကုသိုလ်လည်း၇ ....၀မ်းလည်းဝလို့အ၇ိုး

သားဆုံး..“ပန်းသည် ”လို့အမည်တပ်လိုက်ပါတယ်....

Thursday 14 July 2011

ချစ်သူသိစေ

တခတ်တခါက နှစ်သက်ခဲ့သော ဆရာမောင်စိန်ဝင်း(ပုတီးကုန်း)ရဲ့ “ချစ်သူသိစေ ”ကဗျာကို
ပြန်လည်ခံစားမျှဝေလိုက်ပါတယ်...........

ချစ်သူသိစေ
     
ပန်းပွင့်ရှိမှ ရနံ့ရတာမဟုတ်ဘူး
ဖူးသည့်တစ်ငုံ ထုံသည့်တစ်ပွင့်
နမ်းခွင့်တစ်ရှိုက် ရခိုက်မှာ
ထာဝရ အမြဲတည်
နှလုံးသားမှာ စွဲမြဲစွာထုံရစ်
ဆွတ်ပျံ့နေ ချစ်သူသိစေ...

တွေ့ခွင့်ရမှ မင်းမျက်နှာလဝန်း
ကြည့်ခွင့်တစ်ခါ မြင်ခွင့်တစ်လှည့်
မင်းမရှိလည်း စွဲမြဲစွာ
ဘယ်လောက်ဝေးနေ
မော့ကြည့်ရင် မိုးကောင်ကင်လိုရှိ
တွေ့လို့နေ ချစ်သူသိစေ...

ဘယ်လောက်ဝေးဝေး ဘယ်မှာဖြစ်ဖြစ်
တွဲနှောင်ရစ်ငင် အိပ်မက်မှာအစဉ်မြဲရှိ
နေရာချင်းလွဲလွဲ ဒေသချင်းကွဲကွဲ
မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ...
ဖွင့်ဟပြောမှ ကြားတတ်တာမဟုတ်ဘူး
စီးဆင်းတဲ့စိမ့်စမ်းရေ ကျေးငှက်တို့တီးတိုးသံ
ချိုစွာကြားရင် မင်းစကားသံစွဲမြဲစွာကျန်ရစ်
ကြားလို့နေ ချစ်သူသိစေ...
               မောင်စိန်ဝင်း(ပုတီးကုန်း)


   
    
    



Sunday 10 July 2011

၁၈၂၅

ဒီနေ့ ၀ါဆိုလဆန်း၁၀ရက်..ဂျူလိုင်လ ၁၀ရက်၂၀၁၁ခုနှစ်..နှစ်တွေလည်းကြာခဲ့ပြီဘဲ..ခရီးတွေလည်း

ထွက်ပြီးရင်းထွက်ခဲ့တာ..အတော်ကြာပြီ..နေရာဒေသကိုလိုက်ပြီး..ပြောင်းလဲတာတွေကိုကြံကြံခံလို့

နေလာခဲ့တာ.....တမ်းတတာတွေကိုမေပြစ်ဖို့ကြိုးစားပေမယ့်..မရခဲ့ပါဘူး..ခတ်နဲ့အညီလိုက်လျောညီ

ထွေနေတတ်ဖို့....ကိုယ့်လမ်းကိုလျှောက်ပြီး..အခက်အခဲအတားအဆီးတွေကိုအောင်မြင်စွာကျော်ဖြတ်

ဖို့...မရှိမဲ့ရှိမဲ့ အားတွေမွေးရင်း နေတတ်အောင်နေပြီး..မကျေနပ်လဲကျေနပ်အောင်သီးခံစိတ်တွေမွေး

ရင်းနဲ့..ဟိုးလွန်ခဲ့တဲ့ ၁၈၂၅ ရက်နောက်ပိုင်းကအချိန်တွေ...ကာလတွေ....ပျော်ရွှင်ခဲ့ရတာတွေကိုပြန်

လည်ကာရရှိခဲ့မယ်ဆိုရင်............

Friday 1 July 2011

ဆိုလ်းမှာမိုးတွေသည်းနေတယ်

ဇွန်လကုန်လို့ ဂျူလိုင်လေ၇ာက်ခဲ့ပြန်ပြီ...ရာသီဥတုကပူလို့ နေလည်အလုပ်ထဲချွေသံတရွဲရွဲ

နဲ့အပူဒဏ်ကာကွယ်ဖို့ ပန်ကာအကြီးတွေကလေတွေက အမြဲမပြတ်ပေါ့....ချွေးအအေးပါတ်လို့

ဖျားပါတော့တယ်...နေမကောင်းလို့ အခန်းအောင်းမနေရပါဘူး..အလုပ်ထဲမှာဆေးသောက်အိပ်

ချင်တဲ့စိတ်ကိုဖျောက်ပြီး...ဝေဒနာသက်သာအောင်ကိုယ့်ဘာသာနေရတယ်လေ..များမကြာခင်မှာ

မိုးရွာပါစေဆိုတဲ့ဆုတောင်းကပြည့်ပြန်တယ်...ရွာလိုက်တာ..လေေ၇ာမိုးေ၇ာ...ဘာလို့ဒီလောက်ရွာ

လည်းဆိုတော့..မုန်တိုင်းရှိလို့ပါသတဲ့....မိုးရွာလို့မြေသင်းရနံ့ ကလည်းမွှေးပြန့်ပြန့်ပေါ့....ပါတ်ဝန်း

ကျင်မှာလည်းစိမ်းစိမ်းလန်းလန်းနဲ့....သတိရလိုက်တာမြန်မာပြည်...ဒီမှာကမိုးအေးလို့ကွေးရတာ

မရှိပါဘူး..မြန်မာပြည်မှာမိုးညတွေဆို..ဖါးအော်သံတွေ..အိမ်ခေါင်မိုးပေါ်မိုးစက်တွေကျသံတွေက

နားဝင်ပီယံရှိလို့...မရတော့တဲ့နေရာေ၇ာက်မှရခဲ့တာတွေကိုလွမ်းမိနေတာတွေကအပြစ်တွေလား

တစ်ရက်သာနားပြီးအခုမိုးတွေထပ်ရွာနေပြန်ပြီ...မစဲအောင်ရွာပါ....အေးချမ်းသွားအောင်ရွာပါမိုး

ကျနော့်မိတ်ဆွေေ၇းတဲ့ကဗျာထဲကလို...

“ ခဏတာစဲ..ပြန်ကာသည်းပြီး...ညှိုးကာမစဲ ဆိုလ်းမှာ မိုးတွေသည်းနေတယ်..တစိမ့်စိမ့်နဲ့အေး

လွမ်းဆွေးကာတွေးရင်း..အပြင်မှာလည်းမိုးမစဲ..ငါ့ရင်မှာလည်းမိုးသည်းတယ်”
Related Posts Plugin for WordPress, Blogger...