Thursday 30 December 2010

မုသားမပါ ချစ်ကြပါ



ဒီနေ့ဟာ ၂၀၁၀ ခုနှစ်ရဲ့ နောက်ဆုံးနေ့ဖြစ်ပါတယ်... ကျနော်ဟာဒီအကြောင်းလေးကိုေ၇းဖို ပြင်နေတာ
ကြာခဲ့ပါပြီ.....သို့သော် မရေးဖြစ်တာတခြားမဟုတ်ပါ.....ကျနော်တို့တိုင်းပြည်မှာ အကြောင်းကြောင်းတွေကြောင့် စားဝတ်နေရေးကျပ်တည်းခြင်းကို အဆင်ပြေစေရန်အလို့ငှာ..တခြား
ပြောရသော်ငွေများများ၇ဖို့..သူဋ္ဌေးဖြစ်ဖို့ဆိုပြီး...နိုင်ငံခြားထွက်အလုပ် လုပ်ကြပါတယ်....ကိုယ်တတ်တဲ့ ပညာနဲ့ အလုပ်လုပ်ရတဲ့ နိုင်ငံတွေရှိသလို..ပညာတတ်ပေမယ့် အခြေခံအလုပ်သမားအလုပ်တွေကိုလုပ်ရတဲ့နိုင်ငံတွေလည်းရှိပါတယ်....အခုရောက်နေတဲ့နိုင်ငံပေါ့လေ
.....ကျနော် ယခုနေတဲ့နိုင်ငံဟာ အင်တာနက်ကိုမြန်နှုန်းမြင့် အသုံးပြုနိုင်တဲ့ နိုင်ငံတခုဖြစ်ပါတယ်....။
ကမ္ဘာနံပါတ်၁ ဆိုတဲ့ အမေရိကန်တောင်..အင်တာနက်မြန်နှုန်းဟာအဆင့် ၂သာရှိပါတယ်တဲ့....ကိုယ်
ပိုင်ကွန်ပျူတာသုံးနိုင်တဲ့ သူတိုင်းဟာအလုပ်ပြီးတာနဲ့ အင်တာနက်ကနေပြီးအလွမ်းပြေမြန်မာ၇ုပ်ရှင်တွေကြည့်...အချိုကလည်းဂိမ်းဆော့..ချက်တင်ဝင်ကြ
ပေါ့လေ...ချက်တင်က နေပြီး သူငယ်ချင်း မိတ်ဆွေတွေဖြစ်ကြသလို...ချစ်သူရည်းစားတွေလည်း ဖြစ်ကြပေါ့....ဘယ်မှာနေမှန်းမသိ...ဘာလုပ်မှန်းမသိ....အလကားပြောလို့ရတဲ့ ချစ်တယ်ဆိုတဲ့ စကား တခွန်းနဲ့ သာယာနေကြတာ..အမှန်တကယ်တွေ့ပြီး လက်ထပ်ကြတဲ့ သူတွေရှိသလို လိမ်ညာ
တာတွေကြောင့် ဘ၀ပါပျက်သူတွေ လည်း ရှိပါတယ်.......ကဲကျနော်ပြောချင်တဲ့အကြောင်းလေး
ဆက်ပြောတာပေါ့လေ.....
ကျနော်ဟာမြန်မာပြည်ကို၂၀၁၀ခုနှစ်မှာ...သကြန်အငွေ့အသက်တွေကို ခံစားချင်လို့ တခါပြန်ခဲ့
ပါတယ်...အနည်းငယ်ရတဲ့ ခွင့်ရက်ကြောင့် ခဏတာနေခဲ့၇ပါတယ်....ကျနော်ပြန်လာတဲ့ နေ့ကလေ
ယာဉ်ပေါ်ကသူများ မိသားစုတွေကိုကြည့်ပြီး မျက်ရည်လည်နေတုန်း..ဘေးမှာထိုင်တဲ့ ကလေးမလေးရဲ့ စကားကြောင့် အရှိန်သတ်လိုက်ရပါတယ်...“.အကိုဘာလို့ငိုနေတာလဲတဲ့.”.ကျနော်လဲ
“အိမ်ကိုသတိ၇လို့ပါ ”လို့ပြောလိုက်ပါတယ်.“.အကိုကဘယ်အထိသွားမှာလဲ”လို့ သူကမေးပါတယ်..
ကျနော်က ကိုရီးယားထိသွားမှာလို့ ပြောလိုက်တယ်..သူက အတော်ဘဲ ကျမတို့လဲ အဲဒီကိုသွားမှာလို့
သူကပြောတယ်...အကိုကအဲဒီမှာနေတာကြာပြီလားလို့မေးတယ်ကျနော်လဲကြာပြီလို့ပြောလိုက်
တယ်..ကျနော်ကဆက်ပြီးညီမက ဘာသွားလုပ်မှာလဲလို့ မေးတော့ သွားလည်မှာလို့ပြောတယ်...
ကောင်းပါတယ်လို့ကျနော်ကပြောပြီး..ခဏတိတ်ဆိတ်နေလိုက်ပါတယ်.....
ထိုင်းလေဆိပ်ကိုရောက်လို့..နောက်လေယာဉ် ပြောင်းမစီးခင်မှာ အဲဒီမိန်းကလေးရဲ့ အင်တာဗျူးအတော်များများကိုကျနော်ဖြေခဲ့ရပြီး..သူ့ကိုမေးတော့မှ သူတို့လာတဲ့ ဖြစ်ကြောင်းရယ်
ကုန်စင်ကိုကျနော် သိခဲပြီး.....အလွန်တရာမှအံသြခဲ့ရပါတယ်....သူကကျနော့်ကို..မေးတာတွေက
ကိုရီးယားမှာမိန်းကလေးတွေ အလုပ်လုပ်၇တာ အဆင်ပြေလား....တလဘယ်လောက်လောက်ရလဲ။
အလုပ်နဲ့ပါတ်သက်တာတွေအကုန်ပေါ့လေ..အဲဒီမှာကျနော်ကပြန်မေးတော့မှ သူတို့သိတဲ့ အကြောင်းအရာ အတော်များများဟာ မုသားတွေဖြစ်နေတာကို ကျနော်သူတို့ကိုဘယ်လို ပြောရက်တော့မလဲ..သူပြောတာက....သူဟာ...သူ့သူငယ်ချင်နဲ့ ကို၇ီးယားကိုအလည်ဗီဇာ နဲ့လာတာပါတဲ့..ကိုရီးယားကိုရောက်တဲ့ အခါ သူသူ့ငယ်ချင်းရဲ.ချစ်သူက လေဆိပ်မှာလာကြိုပြီး
သူတို့ပြေးကြမှာ ဖြစ်ကြောင်း....အင်ချွန်းလေဆိပ်မှာပြေးလို့မ၇၇င်..လည်ပါတ်တဲ့နေ၇ာတွေမှာ
အခွင့်သာရင်ပြေးမှာဖြစ်ကြောင်း..သူ့သူငယ်ချင်းကောင်လေးဆီမှာခဏ သူတို့နေကြပြီး အလုပ်ရရင်
အလုပ်လုပ်ပြီးနေမှာလို့ပြောပါတယ်.....ကျနော်ကညီမတိုတရားမ၀င် နေရမှာနော်လို့ ပြောတော့
သူဋ္ဌေးက နေလို့၇အောင်ကပ်ပြားတွေ လုပ်ပေး ထားမှာလို့ ပြောပါတယ်....အဲဒီမှာစလွဲတော့ တာပါ။
ကျနော်ကအရိပ်အမွက်ပြောပြပါတယ်....ကိုရီးယားမှာဘယ်သူဋ္ဌေးကမှတရားမ၀င်နေတဲ့သူကို
နေလို့၇အောင်ကပ်ပြားလုပ်ပေးလို့မရပါ...မဟုတ်တော့ဘူးထင်ပြီးကျနော်က ကျနော်ထပ်ပြီးစပ်စု
မိပါတယ်...ညီမသူငယ်ချင်းကအဲဒီကကောင်လေးနဲ့ ချစ်နေတာကြာပြီလားပေါ့သူကမကြာသေးဘူးတဲ့..အွန်လိုင်းမှာတွေ့တာတဲ့လေ..အောင်မလေးဗျာ...
ကောင်လေးက ကိုရီးယားမှာဘာလုပ်လဲမေးတော့....မြန်မာဆိုင်ပိုင်တယ်လို့ပြောပါတယ်...ဆိုင်နာမည်မေးတော့
မသိဘူးတဲ့....ကဲဘာလုပ်မလဲ...သူတို့ကတော့ ပျော်နေကြတယ်လေ..ကိုရီးယားကပျော်စရာကြီး
မဟုတ်ဘူးလားတဲ့..ကျနော်ရယ်နေရုံကလွဲ ပြီးမဖြေမရှိပါဘူး......ကျနော်လဲ သူတို့ကိုကိုရီးယားမှာ
လိုအပ်ရင်ဆက်သွယ်ဖို့ကျနော့် ဖုံးနံပါတ် ပေးထားပြီးကိုရီးယားရောက်တော့ လေဆိပ်မှာ လမ်းခွဲခဲ့ပါ
တယ်.....
ကျနော်သူတို့ပေးထားတဲ့ကောင်လေးဖုံးနံပါတ်နဲ့ ဆက်သွယ်ကြည်တော့ ကောင်းလေးက ဆိုင်ပိုင်
တာမဟုတ်ဘဲနဲ့ သူငယ်ချင်းဆိုင်ကိုအလုပ်ပိတ်၇က်မှာလာပြီးကူရောင်းပေးတာပါတဲ့လေ........
သူတို့ အဆင်ပြေပါစေလို့ဘဲ ဆုတောင်းပေးလိုက်ပါတယ်....
ကျနော်တို့နိုင်ငံမှာအခုလက်ရှိမှာကိုရီးယား မှကိုရီးယားဖြစ်နေချိန်ပါ...ရုပ်ရှင်တွေ..သီချင်းတွေကြည့်
အတုခိုး...ကိုရီးယားစတိုင်တွေလုပ်....ရုပ်ရှင်ထဲကလိုအပြင်မှာမဟုတ်တာတွေကို မသိကြဘူးလေ..
နှင်းတွေတဖွဲဖွဲမှာ ဇိမ်နဲ့ နေလို့မ၇ပါဘူး..မနက်ကစလို့ညထိ အလုပ်လုပ်နေကြရတာပါ....ငွေကိုလွယ်
လွယ်နဲ့ရနေတာလဲမဟုတ်ပါဘူး....ငွေဈေးတွေကျလို့ ယနေ့ပေါက်ဈေးအရ ကိုရီးယားငွေ တစ်သိန်း
လေးသောင်းရှိမှမြန်မာပြည်ကိုငွေတစ်သိန်း ပို့လို့ ၇တဲ့အချိန်ပါ.....
ကိုရီးယားကိုလာတဲ့ တခြားနိုင်ငံက တရားဝင်အလုပ်လာလုပ်တဲ့ မိန်းကလေးတွေလဲ ရှိပါတယ်....ကျနော်တို့နိုင်ငံကမိန်းကလေးအလုပ်နဲ့မလွတ်တာအတော်ကောင်းပါတယ်...ဒီကိုတရား
မ၀င်လာ တရားဝင်နေ၇ဖို့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ဆိုတာမျိုးကိုတော့ မလုပ်ပါနဲ့လို့ ပြောပါ၇စေ။
သူတို့နိုင်ငံသားနဲ့လက်ထပ်ရင်လဲ သူတို့နိုင်ငံက မိန်းမတွေမသုံးတဲ့ ကိုရီးယားသားတွေကိုသာရမှာပါ
ရိုင်းစိုင်းတဲ့ သူမျိုးတွေနဲ့တွေ့လို့ အိမ်ထောင်ကျပြီးမှ ကွဲကြ နှိပ်စက်ခံ၇..ပြောတော့သူဋ္ဌေးကွန်တိန်
နာနဲ့နေပြီး အကြွေးတွေဝိုင်းလို့ ထွက်ပြေးနေတဲ့ကိုရီးယားသားတွေလည်းရှိပါတယ်...။
မြန်မာမိန်းကလေးတွေအနေနဲ့ ကိုရီးယားကိုစိတ်ဝင်စားလို့ လာချင်ရင် ငွေရှိရင်အလည်လာပါ...
ကျောင်းတက်ချင်ရင်တက်ပါ....အလုပ်လုပ်ချင်လို့ဆိုပြီးမလာစေချင်ပါဘူး..ဒီလာလိုကုန်မယ်.ငွေကို
မြန်မာပြည်မှာ...ဒီလောက်မရပေမယ့်....နေ့စဉ်ဝင်ငွေရဖို့ရင်းနှီးစေချင်ပါတယ်.....
ကိုရီးယားကကိုယ်တော် များကလည်းချက်တင်မှာကြွားဝါမနေဘဲ..အရှိကိုအရှိအတိုင်းပြောပါ.....
သူတို့နိုင်ငံမှာလွတ်လပ်တာသူတို့ အတွက်ပါ....ကျနော်တို့ပျော်နေရတယ်ဆိုတာငွေသုံးရနေတာတွေ
ဟာခဏတာအပျော်အတုတွေပါ..ကိုယ့်နိုင်ငံပြန်ရောက်လို့ငွေရှိမှ၇င်းနှီးစားနိုင်မှ ပျော်ရွှင်ခြင်းအစစ်
အမှန်တွေကို ရမှာပါ.....ကျနော်တို့ စိတ်အပန်းဖြေတဲ့ အင်တာနက်ကနေပြီးတော့လည်း...လိုအပ်လျှင် ..ချက်တင်ဝင်..မုသားကင်းစင်..ချစ်ကျွမ်းဝင်နိုင်ကြ
ပါစေလို့ ပြောရင်း....၂၀၁၁ခုနှစ်ကို ကြိုဆိုလိုက်ပါတယ်........
ကျနော့်စာမျက်နှာကိုလာရောက်ကြတဲ့ မိတ်ဆွေအပေါင်း နှစ်သစ်မှာစိတ်၏ချမ်းသာခြင်းကိုယ်၏
ကျန်းမာခြင်းတို့ဖြင့် ပြည်စုံကြပါစေလို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်.....

သို့ ၂၀၁၁ မှ၂၀၁၀


မကြာခင်မှာဘာလိုလိုနဲ့ ၂၀၁၁ခုနှစ် ဆိုတဲ့နှစ်တစ်နှစ် ကိုကူးပြောင်းတော့မယ်...။
ဒီဇင်ဘာ၂၀၁၀ရဲ့ နောက်ဆုံးလ....ရာသီဥတုကလည်း ဒီနှစ်ပိုအေးပါတယ်တဲ့......လက်ရှိ
နေတဲ့ အရပ် ပါတ်ဝင်းကျင်က အဖြူရောင်တွေကြီးစိုးလို့ နေပါတယ်..နှင်းတွေကျထားလို့လေ..
ကျနော်တို့၂၀၁၀ မှာဘယ်လိုအကျိုးအမြတ်တွေရရှိခဲ့ပါသလဲ...ဘယ်လိုအတွေ့အကြုံ တွေ ရရှိ ခဲ့သလဲ
မေးစရာတွေတွေးစရာတွေ.......ကျနော်တို့ဘာပြောရမလဲ......လောကကြီးမှာ အားလုံးကောင်းဖို့ဆိုတာမဖြစ်နိုင်သလို..အဆိုးတွေကိုလဲဝေမျှခံစား ဖို့ဆိုတာ ကတော့ဖြစ်သမျှကို
ရင်ဆိုင်လိုက်ယုံဘဲလို့ ပြောရုံနဲ့ပြီးမှာလား.....ဖြစ်ချင်တာတွေလဲ မဖြစ်သလို..မဖြစ်ချင်တာတွေကလည်း ဖြစ်ချင်ဖြစ်လာတာပါဘဲ..တရားဓမ္မ အဆုံးအမနဲ့ နှလုံးသွင်း
ပြီး စိတ်အေးချမ်းသာဖို့ ဆိုတာကို လက်တွေ့ လုပ်ယူဖို့က ကိုယ်တိုင်ကိုယ်ကျအသိစိတ်နဲ့ လုပ်ယူမှ
ဖြစ်မှာပါလေ.....
သက္ကရာဇ် ကသူဘာသာသူနေတာပါ..ဘယ်သူ့ကိုမှရန်မရှာဘူး..ဘယ်သူတွေဘာဖြစ်စေ....ဘယ်
သူဘယ်ဝါတွေ ညာဖြစ်စေမပြောဘူး....တနှစ်သူ့ဘာသာသူပြောင်းသွားတာပါ..လူတွေကသာ...
မနှစ်ကပေါ့...ဟိုတနှစ်ကလေ..၂၀၁၀တုန်းကအစရှိသဖြင့် ကောင်းတာတွေကော ဆိုးတာတွေပါ..
သက္ကရာဇ်ကိုဆွဲထည့်ကြတာပါ....
၂၀၁၀ မရောက်ခင်က ပြောကြတယ်၂၀၁၀ေ၇ာက်ရင်ဘာဖြစ်မှာတဲ့.....ဘာပွဲတွေပြီးရင်.....
ဘာတွေဖြစ်မှာတဲ့ စုံနေအောင်ပြောကြ....လူတွေမှာ..ဟိုဟာလုပ်ရနိုးနိုး..ဒီဟာကောင်းနိုးနိုး..အမျိုး
မျိုးတွေကို..စုံနေအောင်တွေ့ကြုံရတယ်.....တွက်ချေကိုက်အောင်လုပ်ကြတယ်..တွက်ချေမကိုက်
တော့ သည်းချေခိုက်ပြီး ရူးမတတ်ခံစားကြ၇တယ်..အချို.လည်းဝိဥာဉ် ပျောက်ကြတယ်.....
ဘ၀ကူးလေးကောင်းအောင်....လက်ရှိမှာအဆင်ပြေအောင်....ဗေဒင်ကိန်းခန်းတွေကြည့်..ယတြယာ
ချေလိုချေ။ ထီလေးပေါက်ရင် အကျပ်အတည်းကလွတ်ပြီဆိုပြီး ကံကိုယုံကြ....ဆူးပုံမနင်းနဲ့ ဆိုတာတောင်..နင်းချင်သေး.....ထွက်ပေါက်မတွေ့လို့..ဒီသံသရာထဲမှာ..နေကြရသူတွေအဖို့စိတ်အေး
ချမ်းသာရှိဖို့ ဆိုတာ.....ဘယ်လိုရှိကြမလဲ...သူ့ဟာနဲ့သူ....သူ့အပြစ်နဲ့သူ..သူ့အကြောင်းနဲ့သူ လို့သာ
ပြောလိုက်တော့မယ်.....ကဲလာမယ့်၂၀၁၁...မင်းဘက်ကိုတစ်ခါလှည့်ပြောလိုက်မယ်.....မင်းတာဝန်
ရှိတဲ့အချိန်..ငါ.တို့ နိုင်ငံသူနိုင်ငံသားတွေ...ေ၇လိုအေးပြီး..ပန်းလိုမွှေးအောင်....ကပ်ကြီးသုံးပါးကလွပ်
ကင်းအောင်....ရန်သူမျိုးငါးပါးဘေးမှကင်းဝေးအောင်..ရှင်းအောင်ပြောလိုက်မယ်....
မရှိသတင်း..မကောင်းသတင်းနားမှလေသံ မကြားရအောင်..မျှမျှတတနဲ့လူသားအားလုံးကိုစိတ်အေး
ချမ်းသာစွာနေနိုင်အောင်ကြိုးစားပြီးလုပ်ပေးလိုက်ပါ.......

Sunday 19 December 2010

ကကြီး ဒုတ်ထိုး အကြော်စုံ





အခုလို အေးလွန်းတဲ့ ရာသီမှာ လမ်းသွားရင်းဗိုက်ကဆာ အေးကအေးဆိုတော့ ပလပ်စတစ်တွေကာ
ပြီးရောင်းတဲ့ လမ်းဘေးက ဒုတ်ထိုး သူတို့အခေါ်ကတော့ အူတုံ လို့ခေါ်တာပါဘဲ..အသံထွက်ကွဲ
မယ်ထင်ပါရဲ့....အဲဒါဝယ်စား၊ ဂုပ် လို့ခေါ်တဲ.ပြုတ်ရည် ပူပူ လေးကိုသောက်လိုက် တော့မှ အချမ်းပြေ
သွားတယ်.....အူတုံ ကကျနော်တို့အခေါ်တော့အသားတု တွေပြုတ် ထားတာပါဘဲ..တစ်ချောင်းကို
ဝမ် ၅၀၀(အိုဘက်ဝမ်)ပေးရပါတယ်..တခြားအသားတွေနဲ့ဒုတ်ထိုးတွေလည်းရှိပါတယ်..ကြက်သား၊
ဝက်သားစုံလို့ပါ..အဲဒါတွေကတော.၀မ်၁၅၀၀၊၂၀၀၀အစားစားလေ..အဲဒါတွေကို ငံပြာရည်ငရုပ်သီး
စပ်ထားတဲ့အရည်နဲ့ တို့စားရပါတယ်.....ပြုတ်၇ည်ကတော့ စက္ကူ ခွက်လေးတွေနဲ့အလကားတိုက်တာ
ပေါ့......။တခြားမုန့်နှစ်ကပ်ပြီးကြော် ထားတဲ့ကဇွန်းဥ၊အာလူး၊ငရုပ်သီးအကြော်တွေလဲရှိသေးတယ်။
ကျနော့်စာမျက်နှာပေါ်ဒါတွေတင်ပေမယ်.
ကိုယ်တိုင်ကြိုက်တမ်းတတဲ့ အရာတွေက မြန်မာပြည်က အကြော်စုံ၊ဒုတ်ထိုးနဲ့မြန်မာ့ အစားအစာ
တွေသာဖြစ်ပါကြောင်း....................................

Saturday 11 December 2010

စိတ်ကျန်းမာကြပါစေ

ကျနော်အမြဲတစေ သွားရောက်ဖတ်လေ့ရှိတဲ့ weekly 11 ဂျာနယ်စာမျက်နှာမှာ လွန်ခဲ့သော
နှစ်ပါတ်လောက်က သတင်းလေးတစ်ပုဒ်ဖတ်ရပါတယ်..ခေါင်းစဉ်က
စိတ်ရောဂါကု ခံယူနေသူများတွင် နိုင်ငံခြား တွင်အလုပ်လုပ်ပြီးပြန်လည်ရောက်ရှိ လာသူအချို.လည်း
ပါဝင်လာ ဆိုပြီးရေးထားပါတယ်....ဒီသတင်းလေးရဲ့အောက်ကကောမန့်တွေမှာလည်း ရင်ဖွင့်ချက်တွေ
လည်းဖတ်ရပါတယ်....မိမိတိုင်းပြည်နဲ့ဝေးတဲ့နေ၇ာမှာအလုပ်လုပ်ကြသူတွေမှာ အားလုံးအဆင်ပြေနေ
တာမဟုတ်ပါဘူး.... ဒီသတင်းလေးကိုစာဖတ်သူတွေ ဖတ်လို့ရအောင်မျှဝေလိုက်ပါတယ်..........။

နေ့စဉ်ဘ၀များ၏ အရေးအကြီးဆုံးဖြစ်သော ကဏ္ဍကြီးလေးခုတွင် အဆင်မပြေမှုများကြောင့် စိတ်ရောဂါဖြစ်စေသည့် အကြောင်းရင်းများ ရှိလာခဲ့ကြရာ ယခုနောက်ပိုင်း စိတ်ရောဂါကုသမှု ခံယူနေသူများထဲတွင် ပိုမိုတွေ့ရှိလာရသည်မှာ နိုင်ငံ ခြားမှ ပြန်လည်ရောက်ရှိလာသူ အချို့ ပါဝင်လာကြောင်း သိရှိရပါသည်။

နိုင်ငံရပ်ခြားတွင် နှစ်ရှည်လများ အလုပ်လုပ်ကိုင်သော်လည်း ၀င်ငွေတိုးတက်မှု မရှိခြင်း၊ အနှိမ်ခံရခြင်းများနှင့် လုပ်သားအချင်းချင်း ခေါင်းပုံဖြတ်ခံရသော အကြောင်းတရားများကြောင့် ပြန်လာကြသူများထဲတွင် စိတ်ဖိစီးမှုများ များစွာရှိလာခဲ့ကြရာမှ စိတ်ရောဂါ စွဲကပ်ကာ ကုသမှုခံယူသူများ ရှိလာခဲ့သည်ဟု စိတ်ရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာအုန်းမောင်က ပြောပြခဲ့သည်။

နိုင်ငံခြားမှ အကြောင်းအမျိုးမျိုးဖြင့် ပြန်လာသူများ များစွာရှိကြသော်လည်း ယင်းကဲ့သို့ စိတ်ရောဂါ ခံစားရသူ အချို့မှာ မူလပင်ကိုယ်စိတ် အခံများ၌ ပျော့ညံ့လွန်းသူများ၊ ကိုယ်ရေကိုယ်သွေးနိမ့်ကျကာ စိတ်ဖိစီးမှုဒဏ် မခံနိုင်သူများ၌ ယင်းဝေဒနာ များ ဖြစ်လာခဲ့ရကြောင်း သိရှိရပါသည်။

''အခု နိုင်ငံခြားမှာ အလုပ်လုပ်ပြီး ပြန်လာကြတဲ့သူတွေထဲက ကိုယ့်အကြောင်းနဲ့ကိုယ် ဖြစ်ကြပေမယ့် ကုသမှုခံယူဖို့ ရောက်လာသူတွေဟာ သူတို့ ဟိုဘက်နိုင်ငံတွေမှာ အရမ်းကို အဆင်မပြေမှုတွေ ရှိခဲ့ကြတယ်။ အဓိက ကတော့ စားဝတ်နေရေး ပြဿနာတွေအတွက် နည်းမျိုးစုံနဲ့ ဖြေရှင်းရင်းကနေ စိတ်ဖိစီးမှုတွေ ဖြစ်လာပြီး စိတ်ရောဂါတွေ စဖြစ်လာတဲ့ လက္ခဏာတွေများတယ်''ဟု စိတ်ရောဂါအထူးကု ဆရာဝန်ကြီး ဒေါက်တာအုန်းမောင် ကရှင်းပြခဲ့သည်။

စိတ်ရောဂါ အထူးကုဆေးခန်းများသို့ ကုသရန် လာရောက်ကြသူ အများစုမှာ လူမှုဘ၀များ၌ အတွေးများလွန်း၍ ညစဉ်အိပ်မပျော်မှု များလာခြင်း၊ မျှော်လင့်ချက်များ ကုန်ဆုံးသကဲ့သို့ ခံစားရခြင်းမှ စိတ်ကျရောဂါ ဖြစ်လာခြင်းအပြင် အဆင်မပြေ မှုများကြောင့် သောကဖြစ်စရာများ နေ့စဉ်ကြုံတွေ့ခဲ့ရခြင်းမှ စိတ်ရောဂါ ဖြစ်၍ လာရောက်သူများစွာအား ကုသပေးနေရကြောင်း သိရှိရပါသည်။

''နိုင်ငံခြားမှာ အလုပ်လုပ်ရတယ်ဆိုတာ ငွေအဆင်ပြေဖို့ တစ်ခုတည်းအတွက် မိသားစုစွန့်ခွာပြီး သွားရတာဖြစ်လို့ နေ့စဉ်ဘ၀တွေမှာ အဆင်ပြေခြင်း၊ မပြေခြင်းကို မိမိဘာသာ ဖြေရှင်းယူရတာပါ။ စိတ်ဖိစီးမှု များလာလို့ ယုံယုံကြည်ကြည်နဲ့ ရင် ဖွင့်တိုင်ပင်စရာ ဘယ်သူမှ မရှိဘူး။ အဆင်မပြေတာတွေ များလာတော့ အထီးကျန်ဘ၀တွေကို စိတ်ကုန်လာပြီး စိတ်ထွက်ပေါက်မျိုးစုံ ရှာရင်းက ဘ၀ပျက်သွားတာမျိုးတွေလည်း ရှိတယ်။ တချို့ကျတော့လည်း ပင်ကိုယ် Personality ညံ့တာကြောင့် စိတ်ဖိစီးမှုဒဏ်တွေ မခံနိုင်ဘဲ မိမိနိုင်ငံကို ပြန်သွားရတာတွေလည်း ရှိတယ်''ဟု မလေးရှားနိုင်ငံရှိ စတီးစက်ရုံတွင် လုပ်ကိုင်နေသူ မ၀င်းစန္ဒာက စက်ရုံတွင် သူမကြုံတွေ့ခဲ့ရသည့် ဖြစ်စဉ်တစ်ခုအား ပြောပြခဲ့ပါသည်။

ထို့ကြောင့် ပြည်ပကုမ္ပဏီ အချို့က အလုပ်သမား စတင်ခေါ်ယူစဉ်မှပင် လုပ်သားတစ်ဦးစီ၏ စိတ်ပိုင်းဆိုင်ရာစစ်ဆေးမှု (Psycho Test) များဖြင့် ခေါ်ယူခဲ့သည့် ဖြစ်စဉ်များ ယခင်က ရှိခဲ့သည်ဟု သိရှိရသည်။

ယခုနောက်ပိုင်းတွင် အများဆုံး ကြုံတွေ့လာရသည့် စိတ်ရောဂါမှာ လူမှုဘ၀၌ အကြောင်းအမျိုးမျိုးကြောင့် အဆင်မပြေမှုများ ရှိလာခြင်းမှ စိတ်ဖိစီးမှုဖြစ်ကာ စိတ်ကျရောဂါ ဖြစ်လာရခြင်း ဖြစ်ကြောင်း စိတ်ရောဂါအထူးကု ဆရာဝန်တစ်ဦးက ဆိုပါသည်။

Tuesday 7 December 2010

ကုသိုလ်စိတ်






ဒီအပါတ် တနင်္ဂနွေ ကတော့ဟိုဟိုဒီဒီမသွားဖြစ်ပေမယ့်
ကျနော်တို့နေထိုင်ရာ နိုင်ငံကိုကြွရောက်လာတဲ့ ဆရာတော်ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆရာတော်
ရဲ.တရားပွဲကိုတော့ဖြင့် ရောက်အောင်သွားမယ်..လို့စိတ်ထဲရှိခဲ့ပါတယ်.......
နေ့တစ်လူ..အပူသောကတွေနဲ့ လုံးချာလည်လိုက်နေတဲ့ စိတ်တွေဟာ ဆရာတော်ရဲ.တရားတော်
ကိုနာလိုက်ရတာနဲ့ အေးချမ်းခဲ့ပါတယ်.....
တရားနာပရိတ်သတ်များလှပါတယ်......ဆရာတော်ဟာဒီဇင်ဘာ၎ရက်နေ့ ကကြွရောက်ခဲ့ပြီး
ဒီဇင်ဘာ၅ရက်နေ့လည်မှာတရားဟောကြားတော်မူပြီး ညပိုင်းမှာမြန်မာနိုင်ငံကို ပြန်လည်ကြွချီ
သွားပါတယ်.....ကျနော်ဒီနိုင်ငံမှာအရှင်ဆေကိန္ဒ တရားပွဲကို ၃ကြိမ်တိုင် နာခဲ့ပြီးပါပြီ.....ဆရာတော်
ဟောကြားခဲ့တဲ့ မြတ်စွာဘုရားရဲ့အဆုံး အမ တွေဟာ အင်မတန်မှ တန် ဖိုးရှိလှပါတယ်......
ဒီိတစ်ခါဟောကြား ခဲ့တဲ့ တရားတော်ကတော့ “ မ တူ ပေ မယ့် တူ ပါ တယ်” ဆိုတဲ့ တရားတော်ပါ။
တရားကိုတစ်ထိုင်တည်းနာပြီး သောတပန် မဖြစ်ခဲ့ပေမယ့်........“ကုသိုလ်စိတ်”တွေများစွာ ဖြစ်
ခဲ့ရပါတယ်.....ဆရာတော်ဘုရားသက်တော်ရာကျော် ရှည်ပြီး သာသနာ့အကျိုးမြောက်များစွာ
သယ်ပိုးနိုင်ပါစေလို့ တပည့် တော် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဘု၇ား....။

Sunday 5 December 2010

မတူညီသော ယဉ်ကျေးမှု



ကျနော်ဒီနိုင်ငံမှာ အလုပ်လုပ်ရတဲ့အချိန်တွေမှာတစ်ခါတစ်လေလဲ..တစ်ချို.သော
အကြောင်းအရာတွေကိုစိတ်ထဲမှာချေ၇းဖို့ ရှိခဲ့ပါတယ်......
တိုက်ဆိုင်တာတွေ၊ အခံရခက်တာတွေ၊ဖိနှိပ်ခံရတဲ့အချိန် တွေမှာပိုဆိုးတာပေါ့။
ကိုရီးယားမှာ သူတို့နိုင်ငံသားတွေအားလုံးနီးပါး ကြိုက်တာကတော့ ဆေးလိပ်....
အရက်..သီချင်း..မိန်းမ..အဓိက၄မျိုးပါ။ ဒီနိုင်ငံမှာမိန်းမ၊ယောက်ကျားအကုန်အရက်
သောက်ကြပါတယ်...အခုလိုရာသီဆို ပိုဆိုးပေါ့။သူတို့အရပ်နဲ့သူတို့ဇတ် မှန်ပေမယ့်
အရက်မကြိုက်တဲ့မဖြစ်လို့သောက်ရတဲ့သူတွေအပေါ်ဆက်ဆံတဲ့ အပြုအမှုတွေက
ဆိုးလွန်းပါတယ်...ဒီနိုင်ငံမှာ...ဆိုဂျူးဆိုတဲ့ သူတို့နိုင်ငံထုတ်အရက်ကိုသမ္မတကအစ
လမ်းဘေးသူတောင်းစား အဆုံး နှစ်ခြိုက်စွာ သောက်သုံးကြပါတယ်။ရှိစေတော့......
ကိုရီးယားကိုရောက်လာတဲ့ကျနော်တို့မြန်မာတွေက အအေးဒဏ်ခံနိုင်ဖို့၊ပင်ပန်းလို့
တချို.လည်းကြိုက်လို့အစရှိသဖြင့်သောက်ကြပါတယ်...ဂုဏ်ယူစရာမဟုတ်တာကို
မင်းဘယ်နှစ်လုံးသောက်နိုင်လဲ..ငါဘယ်နှစ်လုံးသောက်နိုင်တယ်လို့တောင်ဂုဏ်ယူ
နေကြပါပြီ.....မြန်မာပြည်အပြီးပြန်သူတချို.အရက်စွဲရောဂါ ပါသွားကြပါတယ်။
ကိုရီးယားရောဂါကူးစက်နေတဲ့မြန်မာပြည်ကိုတောင်...ပစ္စည်းပို့မယ့်ကွန်တိန်နာတစ်
ဝက်ကျော်နေရာမှာဆိုဂျူး(အရက်ဖါ)တွေကနေရာယူထားကြပါပြီ။ကျနော်မြန်မာပြည်
ပြန်စဉ်အချိန်ပြင်ဦးလွင်မြို.ကစတိုး ဆိုင်တစ်ခုမှာ ဆိုဂျူးတင်ထားလို့ဈေးမေးကြည့်
တော့အစစ်ယူမလား၊အတုယူမလားတဲ့.....အဲဒီလောက်ထိ
ကဲပြောချင်တာတွေကတခြားရောက်ကုန်ပြီဆက်၇အောင်..နေ့စဉ်အလုပ်ထဲမှာပင်
ပန်းတာတွေရှိလို့အလုပ်သိမ်းချိန်တွေမှာ အမြန်ဆုံးသာအနားယူလိုပါတယ်...ကိုရီး
ယားသားမောင်မင်းကြီးသားအရက်သမားတွေဟာနားလည်မှုမရှိ...အားနာတာကို
အခွင့်ကောင်းယူပြီးအရက်သောက်ဖို့စကြတယ်..အတင်းတိုက်တယ်..သူတို့အလိုကျ
ဖြစ်အောင်မလုပ်ရင်တနည်းနည်းနဲ့အလုပ်မှာပြသနာရှာကြတယ်...သူတို့အ၇က်ယဉ်
ကျေးမှုကတစ်မျိုးလေ...နေရာတိုင်းဒီလိုချည်းလားလို့တော.မဆိုလိုပါဘူး..ဒါပေမယ့်
အတော်များများပါ...တစ်နေ့တာပင်ပန်းတာတွေထဲမှာစိတ်ပင်ပန်း၊လူပင်ပန်းဆိုတာ
တွေကိုနှစ်အတော်ကြာဖြတ်သန်းခဲ့ကြလို့ ဖေါ်ပြလိုမရတဲ့ဝေဒနာတွေကတစ်နေရာ
ရာမှာရှိနေကြပါတယ်...မဖြစ်လို့အရက်တစ်ဝိုင်းထဲသောက်နေရပေမယ့်...စိတ်ကတစ်
နေရာမှာပါ...အပြန်အလှန်အရက်ထည့်ပေးရ...ကိုယ်ကမထည်.ပေးရင်မသိ၇ကောင်း
လားလို့ပြောခံရ.....သူတို့အရက်ကိုရေလိုသောက်နိုင်ပေမယ့်မသောက်နိုင်တဲ့သူတွေ
အတွက်အတော်အခံ၇ခက်ပါတယ်.....ညကိုသေအောင်သောက်..မနက်ကိုမူးမူးရူးရူး
နဲ့အလုပ်ထဲမှာပြသနာရှာတဲ့သူတို့ရဲ.ထုံးစံကိုသူတို့လူမျိုးတွေကမသိချင်ရောင်ဆောင်
ကြပေမယ့်နိုင်ငံခြားသားအလုပ်သမားတွေကိုရစ်လို့ရန်ဖြစ်ဆေးရုံရောက်...နစ်နာတာ
က..အလုပ်သမားတွေပါ....ပြောချင်တာလေးတွေတစ်စခန်းရပ်ပြီး..........
အားလုံးအဆင်ပြေချောမွေ့ပါစေလို့သာ ဆုတောင်းလိုက်ပါတယ်........။

Wednesday 1 December 2010

နှစ်၉၀ ပြည့် အမျိုးသားနေ့


ဒီနေ.ကတော့၁၃၇၂ ခုနှစ် တန်ဆောင်မုန်းလပြည်.ကျော် (၁၀) ရက် ကျနော်တို့ မြန်မာနိုင်ငံ ရဲ.နှစ် (၉၀)ပြည်. အမျိုးသားနေ့ ဖြစ်ပါတယ်။ အမျိုးသားနေ.စတင်ဖြစ်ပေါ်လာတဲ့ အချိန်ကာလဟာ
နယ်ချဲ.တို့က ကျူးကျော်စစ်ဆင်နွဲပြီး မြန်မာနိုင်ငံကိုသိမ်းပိုက်ကြီးစိုးထားချိန်ကဖြစ်ပါတယ်။
ကိုလိုနီနယ်ချဲ.တို.လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားသောရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ဆန့်ကျင်ပြီး
ကောင်းမွန်သောအမျိုးသားပညာရေးစနစ်ကိုတောင်းဆိုရာမှစတင်ပြီးအမျိုးသားနေ့ဖြစ်ပေါ်လာခဲ့ပါတယ်။
နယ်ချဲ.ကိုလိုနီတို့ကလွန်ခဲ့သောနှစ်ပေါင်း၉၀ကျော်ကာလကမြန်မာပြည်တွင် ၇န်ကုန်တက္ကသိုလ်ကိုထူထောင်ပေးခဲ.ပါတယ်..သို့သော်သူတို့ရဲ.ကိုလိုနီပညာရေးမှာတိုင်းရင်းသားပြည်သူ
များကိုအဆင့်မြင့်ပညာသင်ကြားခွင့်ကန့်သတ်ပြီးသူတို့အလိုကျပုံသွင်းထားသည်.ပညာရေးစနစ်သာဖြစ်ခဲ့
ပါတယ်.....နယ်ချဲ.အင်္ဂလိပ်တို့ဟာ၁၉၂၀ပြည်.နှစ်ဒီဇင်ဘာလ ၁ရက်နေ့မှာရန်ကုန်တက္ကသိုလ်အက်ဥပဒေ
ကိုပြဋ္ဌာန်းခဲ့ပါတယ်။
မျိုးချစ်စိတ်ထက်သန်သည်.လူငယ်ကျောင်းသာများကအဆိုပါ ဥပဒေကိုဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။
ထိုသို့ဆန့်ကျင်ရာမှအစပြုပြီးနယ်ချဲ.တို့၏ဖိနှိပ်ချုပ်ချယ်မှုကိုပါဆန့်ကျင်နိုင်ခဲ့သည်.အမျိုးသားရေးလှုပ်ရှား
မှုကြီးပေါ်ပေါက်ခဲ့ကြောင်းလေ့လာသိရှိမှတ်သားခဲ့၇ပါတယ်....အဆိုပါအမျိုးသားရေးလှုပ်ရှားမှုကြီးစတင်ခဲ့
တဲ့၁၂၈၂ခုနှစ်တန်ဆောင်မုန်းလပြည့်ကျော်၁၀ရက်နေ.ကိုမြန်မာနိုင်ငံရဲ.အမျိုးသားနေ့အဖြစ်သတ်မှတ်ခဲ့ပါတယ်။
ထိုလှုပ်ရှားမှုကြီးမှလွတ်လပ်ရေးရယူနိုင်ခဲ့သည်အထိကြီးကျယ်ပျံနှံခဲ့ပါတယ်။
ကိုလိုနီပညာရေးကိုဆန့်ကျင်ပြီးကောင်းမွန်တိုးတက်သောတက္ကသိုလ်ပညာရေးစနစ်ကိုတောင်းဆိုခဲ့သော
နေ့တစ်နေ့ဖြစ်တဲ့ တန်ဆောင်မုန်းလပြည့်ကျော်၁၀ရက်နေ့ အမျိုးသားနေ့ကို ကျနော်တို့ မြန်မာပြည်သူ
ပြည်သားတွေအနေနဲ့ မမေ့ကြဘဲ မျိုးချစ်စိတ်၇ှင်သန်ထက်မြက်ကြဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

Tuesday 30 November 2010

သီချင်းတစ်ပုဒ်

အခုလိုဆောင်းတွင်းအေးမြတဲ.အချိန်အခါမျိုးမှာ အလုပ်ပြီးတာနဲ့ စာရေးမလား ၊သတင်းတွေဖတ်
မလား....ရုပ်ရှင်ကြည့်အနားယူမလားပေါ့....သီချင်းတွေကတော.ပုံမှန်ရယ်လို့နားထောင်ဖြစ်တာ
မရှိပါဘူး သို့ပေမယ်သီချင်းအတော်များများကိုနှစ်သက်ပါတယ်..ကျနော်တို့ခတ်ကသီချင်းတွေက
တော့အကြိုက်ဆုံးတွေပေါ. ကျနော်တစ်ယောက်တည်းအလုပ်လုပ်၇တဲ့ ညဆိုင်း အချိန်တွေမှာ အများ
ဆုံးဖွင့်နားထောင်တာက တော့ ကွယ်လွန်သွားပြီဖြစ်တဲ့ စိုင်းထီးဆိုင် ရဲ.သီချင်းအများစုပါ....
ကျနော်တို.ဆီမှာအခုနှင်းတွေကျလို့အအေးဓါတ်ကပြင်းထန်နေပြီလေညလုံးပေါက်မအိပ်ရတဲ.အချိန်
တွေမှာ ကိုယ်ကြိုက်တဲ.သီချင်းတွေဖွင့်နားထောင်တစ်ခါတစ်လေလည်းကောင်းကင်ကိုကြည့်လို့မြန်မာ
ပြည်ကိုလွမ်းလို့တမ်းတမိပါတယ်....ဆောင်းတွင်းနဲ့ကိုထီးဆိုင် သီချင်းတွေကပိုလိုက်ဖက်နေတယ်လို့
ကျနော်ထင်မိတယ်...ကျနော့်မိတ်ဆွေတွေကောဘယ်လိုမြင်ကြပါသလဲ........
ဒီကနေ.တော့ဖြင့် ကျနော်ကြိုက်တဲ့ သီချင်းတွေထဲ ကတစ်ပုဒ်ဖြစ်တဲ့
“ အချစ်အတွက်တဖန်မွေးဖွားခြင်း” ဆိုတဲ့သီချင်းတစ်ပုဒ်ကို နားဆင်ကြည့်ကြပါအုံးလို့







Sunday 28 November 2010

ကျွန်ုပ်နှင့်သံယောဇဉ်


ဒီအကြောင်းလေးကိုမရေးခင်ကျနော်အများကြီး စဉ်းစားခဲ့ ပါတယ်...တခြားမဟုတ်ပါ..သံယောဇဉ်နဲ့ပါတ်သက်လို့ပါ။
အခုကျနော်ရေးတဲ့ခေါင်းစဉ်ကို..ဟိုးအရင် ဆွေမင်း(ဓနုဖြူ)...ယခုကွယ်လွန်သွားပါပြီ။သူ့ရဲ.ဇတ်ကောင် မြိုင်ရာဇာတွတ်ပီ
မှာသုံးခဲ့တာကိုလည်းအမှတ်ရမိပါတယ်။ ထားပါတော့လေ ကျနော်ပြောချင်တာက....
ကျနော်အခုနေတဲ့နေရာကိုရောက်ရှိစဉ် အချိန်ကပါ.....ကျနော်အလုပ်လုပ်တဲ့စက်ရုံ နားမှာ မလိုချင်လို.စွန့်ပြစ်ထားတဲ့တယ်ရီယာ
ခွေးမတစ်ကောင်ရှိပါတယ်။ကျနော်က သနားလို့ညနေတိုင်းထမင်းကျွေးပါတယ်။ မနက်ပိုင်းမှာစက်ရုံကကျွေးတဲ့ အနည်းငယ်သော
ထမင်းကြောင့်မကျွေးဖြစ်တာပါ။ သူဋ္ဌေးကလည်းခွေကိုအစာကျွေးတာမကြိုက်ဘူးလေ....
ဒီလိုနဲ့ခွေးမဟာ စက်ရုံနားက တဲပျက်ကြီးတစ်ခုအောက်မှာခွေးလေးတွေကိုမွေးပါတယ်။ ခွေးလေးတွေကချစ်စရာလေးတွေပါ..
အဲဒီမှာကျနော့်သူဋ္ဌေးကဇာတိပြတော့ တာပါဘဲ...ဘာဖြစ်လဲဆိုတော့ ခွေးလေးတွေကိုသွားယူခိုင်းတာပါ....
ခွေးမကြီးမရှိခင် သွားယူရတော့ ခွေးသူခိုးတွေပေါ့လေ...။ခွေးလေးတွေကိုစက်ရုံမှာ နို.တိုက်ပြီးကောင်းမွန်စွာထားခဲ့ပါတယ်။တချို.ကို
လည်းသူဋ္ဌေးကအရင်းမစိုက်ပဲ သူများကိုပေးခဲ့ပါတယ်။ အဲဒီ့အချိန်ကစတင်လို့ကျနော် ၇ဲ.ခွေးသံယောဇဉ်စခဲ့တယ်ဆိုပါစို့...
ခွေးလေးတွေကကြီးလာပြီး သောလရီ (ကိုရီးယားလို အရူး)လို့ခေါ်တဲ့ခွေးမတစ်ကောင်သာ ကျန်ခဲ့ပါတယ်....မကြာမီကျနော်တို့စက်
ရုံအ နောက်ဘက်မှာ ပန်းဆိုင်တစ်ဆိုင်လာဖွင့်ပါတယ်။ဆိုင်ရှင်က ခွေးတွေကိုချစ်တတ်တော့ ခွေးမကြီးကိုသေချာကျွေးမွေးထားပါ
တယ်...ခွေးလေးတွေနောက်ထပ်ပေါက်ပါတယ်....အဲဒီနေရာမှာသူတို့အတွက်အစာရေစာဖူလုံပါတယ်..။
သောလရီ ဆိုတဲ့ခွေးရဲ.ထူးခြားတာက လူတွေ့ရင်ကိုရီးယားထုံးစံလို ခေါင်လေးငုံ့ပြီး သနားအောင်လုပ်တတ်တာပါ..သူဋ္ဌေးအကြိုက်ပါ
နောက်သုံးလလောက်အကြာမှာ ဘေးစက်ရုံကလက်ဆောင်ပေးတဲ့“ ငုံဒိန်ငီ”ဆိုတဲ့ခွေးတစ်ကောင်ထပ်ရောက်လာပါတယ်။အဲဒီအချိန်
မှာ“သောလရီ” ကိုချောင်ထိုးထားပါတော့တယ်...ကျနော်တို့သူဋ္ဌေးဟာသူ လိုရင်ချော့မော့တတ်ပြီးမလိုရင်ကန်ကြောက်တတ်တဲ့အ
ကျင့်ရှိပါတယ်....သောလရီဟာကျနော်အပြင်ထွက်ရင်နောက်ကလိုက်လာတဲ့အကျင့်ရှိပါတယ်...
တစ်နေ့ သောလရီ နဲ့ ဂုံဒိန်ငီ ကျနော့်နောက်လိုက်လာကြတယ်...ကျနော်မောင်းထုတ်တယ်..မ၇ပါဘူး..ဘူတာဘက်ခြမ်းထိလိုက်
လာကြပါတယ်..ကျနော်အံသြမိတာကလမးမကြီိးကိုဖြတ်ကူးတာ လူတွေနဲ့ မီးစိမ်းမှ ကူးကြတာကိုပါ...ကျနော်လဲမောင်းလို့မ၇တဲ့အ
ဆုံးတက္ကစီငှားပြီးပြန်ပို့ဖို့ လုပ်တာကားသမားက ခွေးတွေ ကိုမတင်ဘူးတဲ့လေ...။ဒါနဲ့ လမ်းကိုပြန်ကူးပေးပြီးမှ ကျနော်ခရီးဆက်ခဲ.ပါ
တယ်..ညေ၇ာက်တော့ခွေးတွေကို စိတ်မချလို့ အိပ်မက်တောင်မက်ပါတယ်...နောက်နေ့ ကျနော်စက်ရုံရောက်လို့သူတို့ပြန်ေ၇ာက်
နေတာကိုတွေ့မှစိတ်အေးခဲ့၇ပါတယ်။
နောက်တစ်လလောက်အကြာမှာ ဂုံဒိန်ငီ ဟာစက်ရုံကဂျီကတ်ချာတိုက်မိပြီးသေဆုံးခဲ့ပါတယ်...သောလရီက တော့ ဂုံဒိန်ငီ နဲ့၇တဲ.
ဗိုက်ကျန်ခဲ.တယ်လေ...။သောလရီမွေးတော့ ခွေးလေးကောင်ပါ....
နောက်သုံးလလောက်မှာကျနော်ဟာနှစ်စေ့ လို့ပြည်တော်ပြန်တဲ့ နေ့ရောက်ရှိခဲ့ပါတယ်....အဲဒီနေ့ မနက်ခင်းမှာ သောလ၇ီ ဟာ ကျ
နော်နေတဲ့ အဆောင်ပေါ်ကိုရောက်နေပါတယ်..သူဋ္ဌေးတွေ့ရင် ၇ိုက်မှာစိုးလို့မောင်ထုတ်တာမသွားပါဘူး...ပေကပ်ပြီိးဖိနပ်ချွတ်မှာနေ
ပါတယ်....။သူဋ္ဌေးလာတော့ “ခွေးကမင်းပြန်မှာကိုသိနေတယ်လေ..ဒါကြောင့်မောင်းလို့မ၇တာ...မင်းကနေ့တိုင်းအစာကျွေးတယ်”လို့
ပြောပါတယ်...ကျနော်သေတ္တာ ကိုဆွဲပြီိးအောက်ဆင်းတော့ သောလရီ ဟာကျနော်နဲ့ အောက်ကိုဆင်းလိုက်လာပါတယ်...သူ့မျက်နှာ
ကိုကြည့်တော့ခွေးမျက်ရည်လည်နေတယ်လေ..ကျနော်အပိုမပြောပါဘူး..တော်တော်လေးစိတ်မကောင်းဖြစ်ခဲ့၇ပါတယ်...။အဲဒီနေ့က
သောလရီ ကိုနောက်ဆုံးတွေ့ခဲ့ရခြင်းပါ။
ကျနော်ဟာမြန်မာပြည်မှာရက်ပေါင်း၅၀ ကျော်နေခဲ့ပါတယ်...မပြည့်စုံသေးလိုနောက်တစ်ခါဒီနိုင်ငံကိုပြန်လာခဲ့၇တယ်..စက်၇ုံေ၇ာက်
တော့ သောလရီ မ၇ှိတော့ပါဘူး။သူဋ္ဌေးကခွေးတွေများလို့ ဖမ်းပြီးတစ်နေ၇ာကိုပို့လိုက်တယ်လို့ပြောပါတယ်။ အဲဒီနေ၇ာက ခွေးသတ်
တဲ့နေ၇ာပါ...ကိုရီးယားတွေဟာအသားစားအလွန်ကျူးပါတယ်..ကို၇ီးယားမှာခွေးသားကဈေးအလွန်ကြီးပါတယ်..ကျနော့်ဘေးစက်ရုံ
ကဆို၇င်ခွေးတွေမွေးတယ်ကြီးလာရင်သတ်စားကြတယ်..မျက်မြင်ပါ....ဒီမှာခွေးကို ကို၇ီိးယားလို “ဂဲ”လို့ခေါ်ပြီးအသားကို“ဂိုဂီ”လို့ခေါ်
ပါတယ်..ခွေးသားဆိုတော့“ဂဲဂိုဂီ”ပေါ့လေ...။သူဋ္ဌေးကခွေးသားမကြာခဏစားပါတယ်..ညာပြီးကျနော့်ကိုခွေးသားဆိုင်ခေါ်ကျွေးပါတယ်။
အတန်တန်ငြင်းပြီးမစားပါဘူး...အရမ်းအေးတဲ့ အခုလိုရာသီမှာခွေးသားဟာသူတို့ ဓါတ်စာဖြစ်နေတယ်လေ....။
ဒါနဲ့ ဆက်ပြောရ၇င်စက်ရုံမှာခွေးအသစ်လေးတစ်ကောင်ထပ်ရောက်နေပါတယ်..လက်ဆောင်၇တာတဲ့ ဈေးကြီးတဲ့ခွေးမျိုးဖြစ်လို့
၇ယ်ဒီမိတ်အစာ နဲ့ထားပါတယ်..သူ့နာမည်က“ ဂျူလီယာ”တဲ့လေ...အင်မတန်လိမ္မာပြီးလူနဲ့အရောတ၀င်နေတတ်ပါတယ်...စက်ရုံထဲမှာ
သူ့ကိုစလိုက်နောက်လိုက်နဲ့ ခွေးကိုတစ်နေ့လုံးစနေကြတာပါ။
နောက်ငါးလလောက်အကြာမှာခွေးကိုသန်းပြန့်စွာမထားလို့ဂျူလီယာဟာအမွှေးတွေကျွတ်ပြီးမလှမပဖြစ်လာပါတယ်..ဒါတောင်ကျနော်က
အားရင်အားသလိုရေချိုးပေးတာပါ..အဲဒီလိုဖြစ်တာနဲ့ခွေးကို စက်ရုံထဲပေးမ၀င်တော့ပါဘူး..၀င်လာရင်မောင်းထုတ်ပြောမ၇၇င်၇ိုက်ပါတယ်။
သူတို့လိုတုန်းကတစ်မျိုးမလိုတော့တစ်မျိုးလေ တရား၇စရာပါ။ကျနော်ညဆိုင်းအလုပ်လုပ်ရတဲ့အချိန်တွေမှာ ဂျူလီယာ ဟာကျနော့်အဖေါ်ပါ
ညဆိုင်းကိုကျနော်တစ်ယောက်တည်းမိုးလင်းတဲ့အထိလုပ်၇တာပါ...တစ်ခါတစ်လေချောက်ခြားတာပေါ့လေ....ဂျူလီယာဟာသူဋ္ဌေးကား
ထွက်သွားတာနဲ့စက်ရုံထဲရောက်လာပြီးကျနော့်နားမှာနေပါတယ်...မိုးလင်းသူဋ္ဌေးမလာခင်သူ့ကိုအပြင်ထုတ်ထား၇ပါတယ်...နောက်ကြာလာ
တော.ဂျူလီယာဟာ ရယ်ဒီမိတ်အစာကိုမစားတော့ဘဲ ကျနော်တို့ချက်တဲ့ထမင်းဟင်းကိုသာခံတွင်းတွေ့နေပါတော့တယ်...။သူဋ္ဌေးကလည်း
ငြိုညင်လာပါတယ်။
နောက်ခုနှစ်လလောက်အကြာမှာမြန်မာပြည်ကိုကျနော်တစ်ခေါက်ပြန်ခဲ့ပါတယ်..မနက်အစောကြီးလေဆိပ်ကိုသွားမယ့်ဘစ်ကားမှီအောင်
အစောကြီးထခဲ့၇တယ်..သေတ္တာကိုဆွဲအချိန်လုပြီးကားဂိတ်ကိုသွားခဲ့တယ်...မနိုင်မနင်းနဲ့ဂျူလီယာလိုက်လာတာကိုကျနော်မသိခဲ့ဘူးကား
ဂိတ်ရောက်တော့မှကျနော့်နောက်မှာပါလာတဲ့ ဂျူလီယာကိုတွေ့ပါတယ်...သူကကားမကြောက်တတ်လို့စိုး၇ိမ်ပါတယ်...မောင်းထုတ်တော့
ပြန်လှည့်သွားပြီးနောက်တဖက်ကနေပြန်လာပါတယ်....ဘေးကကားစောင့်တဲ့သူတွေကခွေးကိုချစ်ကြတယ်..ကျနော်လဲ မုန့်ဝယ်ကျွေးပြီး
လေဆိပ်သွားမယ့်ကားလာတော့စိတ်မဖြောင့်စွာနဲ့ ဂျူလီယာကိုထားခဲ့ရပါတယ်......
ခွင့်၁၅ရက်သာရလို့မကြာခဲ့ပါဘူး....ဂျူလီယာမှရှိသေးရဲ.လားလို့ပြန်ရောက်တော့ဂျူလီယာရှိနေဆဲပါ...မကြာခင်ခွေးလေးတွေပေါက်တော့
မယ်လေ...သူဋ္ဌေးကမျိုးတူခြင်းစပ်မယ်ဆိုပြီး ခွေးကိုလှောင်ထားတယ်လေ...ပြီးတော့တတ်နိုင်တာမဟုတ်ပါဘူး....သဘာဝကိုလွန်ဆန်လို့
မှမရတာ...ဂျူလီယာခွေးလေးတွေပေါက်တာအခု ဆို၂သားရှိပါပြီ။ခွေးလေးတွေကိုသူများပေးတာသေသွားတာနဲ့ ၁ကောင်သာကျန်ပါတယ်။
အခုဒီစာရေးနေတဲ့အထိကျနော့်ဘေးမှာဂျူလီယာရှိနေပါတယ်။
ပြီးခဲ့တဲ့၂ပါတ်ကကျနော်အပြင်ထွက်တယ် ရထားအချိန်မှီအောင်သုတ်ချေတင်ပေါ့..ဘူတာစင်္ကြန်ရောက်၇ထားလာခါနီးမှာဘေးက လူကမင်း
ခွေးလားမေးတော့မှ အနောက်မှာဂျူလီယာပါလာတယ်ဆိုတာ သိရတယ်...မောင်းလို့မရ..ရထားလာတော့ကျနော်၇ထားပေါ်တက်ဂျူလီယာ
လိုက်ဝင်လာကျနော်ကမောင်းထုတ်နဲ့ဘေးကလူတွေကလည်းရီကြ တာမပြောပါနဲ့တော့....ရထားထွက်တော့ဂျူလီယာကျန်ခဲ.တယ်လေ..
ဘယ်လိုပြန်မလဲသူများတွေဖမ်းသွားမှာစိုးလို့ ပြီးတော့မှ စက်ရုံမှာကျန်ခဲ့တဲ့တစ်ယောက်ကို ဖုံးဆက်ပြီးဂျူလီယာကိုဘူတာမှာသွားခေါ်ခိုင်းဖို့
ပြောရပါတယ်...ဂျူလီယာကိုတွေ့ ပြီဆိုတော့မှ စိတ်အေးရပါတယ်..
ကျနော်နေ့စဉ်ဖြတ်သန်းနေရတဲ့ ကျနော်မပိုင်တဲ့ အချိန်တွေမှာအဟိတ်တိရိစ္ဆာန် တွေနဲ့ ကျနော်ဟာမမြင်နိုင်တဲ့သံယောဇဉ်တွေဖြစ်ခဲ့တယ်
ကျနော်ဒီနိုင်ငံကအပြီးပြန်တဲ့ အချိန်မှာသူဋ္ဌေးခွင့်ပြုချက်ရရင် ဂျူလီယာကိုခေါ်သွာဖို့ဆုံးဖြတ်ထားပါတယ်...
သံယောဇဉ်ကြိုးဟာချည်နှောင်ပြီးရင်ဖြတ်ဖို့၇ာ အင်မတန်ခက်ပါတယ်...သံယောဇဉ်မထားမိအောင်ကြိုးစာနေထိုင်ဖို့ရာကလည်းအပြော
လွယ်သလောက်......တကယ်တော့...ဒါကြောင့် လူတစ်ယောက်နဲ့တစ်ယောက်..တစ်ဦးနဲ့တစ်ဦး ဖြစ်တည်ကြတဲ့သံယောဇဉ်တွေဟာအ
နှောင်အဖွဲ့ နဲ့ ကင်းဝေးပြီးသံယောဇဉ်ဘေးမှ လွတ်ကင်းကြပါစေလို့ဆန္ဒပြု၇င်း ကျွန်ုပ်နှင့်သံယောဇဉ်ကိုနိဂုံးချုပ်လိုက်ပါတယ်.....
လာရောက်ဖတ်ရှုတဲ့မိတ်ဆွေများအားလုံး စိတ်ချမ်းသာပြီးကိုယ်ကျန်းမာကြပါစေ.......

Wednesday 24 November 2010

ဘာမှမဖြစ်ပါ




တန်ဆောင်တိုင်ပွဲလည်းပြီးခဲ့ပြန်ပြီ...အအေးဓါတ်ကလည်းပိုလို့ အေးနေပြီ....ဒီကြားထဲမနေ့ က
သတင်းဋ္ဌာနတွေမှာတစ်နေ့လုံး..တစ်ညလုံးပြစရာသတင်းကဖြစ်လာပြန်တယ်....။
မြောက်ကိုရီးယားကတောင်ကိုရီးယားပိုင် ယောင်ဖြွန်း(yeongpyeong) ကျွန်းကိုအမြောက်နဲ.အချက်
၂၀၀နီးပါးပြစ်ခဲ.တယ်။ဒီဘက်လည်းပြန်ပြစ်တာပေါ့......အရေးပေါ်အခြေအနေကြော်ငြာ....စစ်လေ
ယာဉ်တွေနဲ့ စစ်ရေးပြတာပေါ့... ဟိုဘက်ကပြစ်လို့ လူနေအိမ်တွေပေါ်ကိုကျလို.မီးတွေလောင်..
အဆောင်အအုံတွေပျက်ဆီး..စစ်ဘက်က၂ဦးသေ...အရပ်သားတွေ၁၅ယောက်လောက်ဒဏ်ရာရခဲ့တယ်
ဒီဘက်ကတော့ရန်စတဲ့မြောက်ကိုရီးယားကို နောက်တစ်ကြိမ်ဆိုရင်ဆိုးရွားတဲ့အခြေအနေတွေနဲ့ကြုံရ
မယ်လို.ပြောဆိုလိုက်တယ်...အဘက်ဘက်ကတိုးတက်နေတဲ့တောင်ကိုရီးယားကို....စစ်အင်အားသာ
တိုးချဲ့ပြီးပြည်သူတွေ ငတ်နေတာကိုမဖြေရှင်းနိုင်တဲ့မြောက်ကိုရီးယားစစ်အာဏာရှင်တွေကစစ်ရေးနဲ့
သာတိုက်ခိုက်လာပါက မလွယ်ပါဘူး..အမေရိကန်ကလည်းမဟာမိတ်နိုင်ငံကိုထိပါးလာပါကလက်ပိုက်ကြည်.နေမှာမဟုတ်ဘူး
လို့သတင်းထုတ်ပြန်ခဲ့တယ်......တောင်ကိုရီးယားရဲ.အဓိကမြို.တော်ဆိုလ်းမြို.ဟာနယ်စပ်ကနေဆိုရင်
ကီလိုမီတာ၄၀လောက်သာကွာဝေးပါတယ်....ဒါကြောင့် အဓိကပြစ်မှတ်ကနီးပါတယ်.........
ဝက်သားနဲ့ ချဉ်ပေါင်လဲမစားလိုတဲ့ တောင်ကိုရီးယားအစိုးရကတော့စစ်ဖြစ်လာမှာကိုမလိုလားပါဘူး။
နှစ်နိုင်ငံပေါင်းစည်းပြီး ချဉ်ပေါင်ဟင်းကိုသာဝက်သားရောစားမှာသာဖြစ်လို့
မစိုးရိမ်ပါနဲ့ ဘာမှမဖြစ်ပါ လို့ သာပြောလိုက်ချင်ပါတော့တယ်။

Monday 22 November 2010

တန်ဆောင်မုန်းလပြည့် ည



အမှတ်တရရှိစေတဲ့ လ တစ်ခုပါ.....ပြီးခဲ.တဲ.တော်သလင်း၊သီတင်းကျွတ်လပြည်.ညတွေကလဲ
လပြည်.ညမှာပြည့်၀၀ိုင်းစက်နေတဲ့ လမင်းကိုမတွေ့ခဲ့ဘူး..မိုးရွာတယ်...ဒီညလည်းမိုးခဏရွာတယ်။
မြန်မာပြည်မှာဆိုရင်လွန်ခဲ.သော ဆယ်စုနှစ်တစ်ခုက ဒီလိုညနဲ.လပြည်.ကျော်တစ်ရက်ညတွေမှာ
ကျီးမနိုးပွဲ လုပ်လို.အိမ်ရှေ.ပန်းအိုးတွေအိမ်ထဲရွေ.၊ လမ်းထဲကဆိုင်းဘုတ်တွေကလဲနေရာပြောင်း
အပျော်သဘောလုပ်ကြတာဖြစ်လို့စိတ်ဆိုးဖို.
ဆိုတာကအခက်လေ...လမ်းထဲမှာလည်းလမ်းကထိန်.....ရှိတယ်မိုးလင်းပေါက် ပိတ်ကားထောင်ပြီ်း
ရုပ်ရှင်ပြတယ်....နောက်တစ်လမ်းကျော်ကဈေးကထိန်မှာလည်းဆိုင်းဝိုင်းရှိတယ်..ရပ်ကွက်မြို.နယ်
တိုင်းမှာသူနေရာနဲ့သူပျော်ပွဲရွှင်ပွဲတွေရှိကြပါတယ်...။အငြိမ်.၊ဆိုင်း၊ဇတ်ပွဲစတာတွေဟာသူ့၇ာသီနဲ့
သူလုပ်ရတာဖြစ်လို့ ပါမစ်မရလို.မလုပ်ရတဲ့ အခါဒီလူတွေဘာလုပ်ကိုင်စားကြမလဲ....အရင်က
အကြောင်းတွေတွေးမိလို့တမ်းတမိရင် စိတ်ထဲမကောင်းဖြစ်ရတယ်.....ကဲအခုဘာတွေဆက်လုပ်
ကြမလဲ...ဘာတွေထပ်ဖြစ်အုံးမလဲ..မေးခွန်းများစွာကိုဖြေဆိုရန်အတွေးများစွာနဲ့......................

Thursday 18 November 2010

lentern festival

ဆိုလ်း ကcityhall station အနီးမှာပြုလုပ်တဲ့မီးပုံးပွဲကိုဒီတစ်ပါတ်ရောက်ခဲ့ပြန်တယ်........
နိုဝင်ဘာ၅ရက် ကနေ၁၄ရက်ထိလုပ်တဲ့ပွဲပါ..လူတွေကလည်းကြိတ်ကြိတ်တိုးစည်းကားလှတယ်လေ။
၁၃ရက်နေ့ ညကသွားတော့ချောင်းထဲဆင်းလို.မရတဲ.အတွက်နောက်တစ်နေ့ထပ်သွားခဲ.ရတယ်။
ဒီနှစ်ကG20အစည်းအဝေးရှိတော့ပိုစည်ကားပါတယ်။ချောင်းတစ်လျှောက်မှာမီးပုံးတွေမျိုးစုံအောင်
တွေ.ခဲ့၇တယ်..ဓါတ်ပုံရိုက်တဲ့သူတွေလည်းအများကြီးပါ....မီးပုံးအရုပ်တွေများစွာကိုရိုက်ခဲ့ပါတယ်...
မီးပုံးတွေများစွာကိုကြည်.ချင်ရင်
Click to play this Smilebox slideshow
Create your own slideshow -
Picture slideshow

Thursday 11 November 2010

ဆိုလ်းတာဝါ






ပြည်တော်ပြန်ကြမယ့် မိတ်ဆွေတွေကိုလိုက်ပို.ရင်းဆိုလ်းတာဝါ(namsan tower)ကို
တစ်ခါရောက်ပြန်တယ်..အရင်ကခဏခဏရောက်ပေမယ့်၊ဒီတစ်ခါမှဓါတ်ပုံရိုက်ဖြစ်တယ်။
ညနေဆိုရင်ချစ်သူစုံတွဲတွေအများဆုံရောက်ကြပြီးအမှတ်တရသော့တွဲတွေကို တာဝါ ပေါ်မှာ
ခတ်ခဲ.ကြတယ်..သော့ခလောက်များစွာကို တွေ့ရတယ်..တောင်ပေါ်မှာအအေးဓါတ်က ပိုလို့
နေပြန်တယ်.....သစ်ရွက်တွေလဲအရောင်ပြောင်းသွားပြီ..မကြာမီဆီးနှင်းတွေလာတော.မယ်..

Friday 5 November 2010

ဒါရိုက်တာတင်သန်းဦးကွယ်လွန်ပြီ

များမကြာခင်ကာလက “အာရုံဦးမှာဖူးသည်.ကြာ” ဇတ်ကားကို နောက်ဆုံးရိုက်ကူးခဲ.တဲ.
ဒါရိုက်တာ တင်သန်းဦးဟာဒီကနေ.မနက် ၅.၁၁.၂၀၁၀ မနက်၂နာရီခန်.မှာ
မင်္ဂလာဒုံစစ်ဆေးရုံ မှာကွယ်လွန်သွားပြီဖြစ်ပါတယ်။
သူရဲ.နောက်ဆုံးရိုက်ကူးခဲ.တဲ.ဇတ်ကားအတွက်သတင်းဌာနတစ်ခုနဲ.အင်တာဗျူးကို
ဒီနေရာ မှာ သွားရောက်ဖတ်ရှုနိုင်ပါတယ်.......
အဘ တင်သန်းဦး ကောင်းရာဘုံဘ၀ရောက်ရှိပါစေ..............

Monday 1 November 2010

စကားပြောသောကာတွန်းများ



ကျနော်သွားရောက်ဖတ်လေ.ရှိတဲ့ www.first-11.com မှကာတွန်းများဟာယခုလက်ရှိအခြေအနေ
တွေကိုထင်ရှားစွာဖေါ်ပြခြင်းရှိတဲ.အတွက်အခြားသောစာဖတ်သူများပါဖတ်ရှုစေဖို.ရည်ရွယ်ပြီး
ထပ်ဆင်.ဖေါ်ပြလိုက်ပါတယ်။ရယ်မောပြီးဘ၀အမောတွေပြေပျောက်ကြပါစေ။

Tuesday 26 October 2010

coming soon G-20





ဂျီ ၂၀ ထိပ်သီးအစည်းအဝေးကမကြာခင်ဆိုလ်းမှာလုပ်တော.မယ်..မြို.တော်တစ်ခွင်ပြဲပြဲစင်အောင်လုံခြုံရေး
ချထားတယ်သူတို.အပြောအရရဲ အင်အား၅၀၀၀၀ချထားမယ်လို့သိ၇တယ်...မြို.တော်ရဲ.အဓိကနေရာလူကြီး
တွေတည်းမယ်.seoulplazahotel ကိုပြင်တယ်...လွန်ခဲ.တဲ.၃လလောက်တည်းက
ကျည်ကာမှန်တွေတပ်တယ်တဲ့
အခုတစ်ပါတ်မှာအဲဒီအစည်းအဝေးအတွက်ေ၇ှ့ကကွင်းပြင်မှာစတိတ်ရှိုး၊ပျော်ရွှင်ပွဲ
တွေလုပ်တယ်...လုံခြုံေ၇းအတွက်ဆိုပြီး မေးလားမြန်းလာမလုပ်ဘူး..မျက်စိနောက်အောင်မဖြစ်ဘူး...သူ.လူသူယုံ
ကြည်မှုလဲပါတာပေါ.------သူတို.နိုင်ငံသားတွေကော၊နိုင်ငံခြားသားလူမျိုးစုံပါလွပ်လပ်စွာသွားလာခွင်.ရှိကြတယ်။

Saturday 23 October 2010

သီတင်းကျွတ်လပြည့်နေ.




မြန်မာပြည်မှာဆို၇င်တော.အိမ်တိုင်းမှာမီးပုံးလေးတွေ၊ေ၇ာင်စုံမီးကြိုးတွေ၊ဖယောင်းတိုင်မီးစသည်
ဖြင့်မြတ်စွာဘုရားကို ပူဇော်ကြပြီလေ.....မိဘဆရာတွေ ကိုကန်တော့ကြနဲ့ပျော်ဖို့ကောင်းတဲ့ အခါသမယ
တစ်ခုပါ.... ပျော်ပွဲရွင်ပွဲတွေသွားကြလာကြပေါ.။ ကျနော်တို့ငယ်ငယ်ကအဖိုးကအိမ်မှာသီတင်းကျွတ်မတိုင်
ခင်အချိန်တည်းကရောင်စုံမီးပုံးတွေကိုပုံစံမျိုးစုံလုပ်ပြီး မြေးတွေကိုပေးခဲ့တာပါ.....။
ေ၇ာင်စုံမီးပုံးအရုပ်တွေကိုမြင်တွေ.၇တဲ.အချိန်မှာအဖိုးကိုပိုသတိရမိပါတယ်..နှစ်တွေပြောင်းခဲ့တယ်.....
လတွေကုန်ခဲ့တာဘဲ...ကျနော်.စိတ်ထဲမှာတော့................................

Wednesday 20 October 2010

ဒီတစ်ခါ NO


တိုင်းပြည်ရဲ.အခြေအနေ
ငါသိပါရဲ.
တစ်နေ့လုပ်တစ်နေ့စား
လူများစွာရှိသလို
သုံးမကုန်ဖြုန်းမကုန်တဲ့
လူတန်းစားလည်းရှိတယ်။
ဘ၀၀မ်းရေးတွက်
လုံးချာလည်လိုက်နေတဲ့
မိသားစုတွေလည်းရှိတယ်။
ငွေအသပြာဖွေရှာဖို့
သီလမစောင့်နိုင်ဘူး
အူမတောင့်ဖို့ကိုဘဲ
ဦးစားပေးနေကြရတယ်။
နေအလုပ်တွေရှိသလို
နေ.အိပ်ပြီးညလုပ်တဲ.
အလုပ်မျိုးစုံလုပ်ကြတယ်။
မြန်မာပြည်မှာအပေါဆုံးက
“လူ”ဘဲတဲ့ ခံပြင်းတဲ့စကား
စက်မှုဇုန်တွေ၊ကုန်တိုက်ကြီးတွေ
ဘွဲ့ရပညာတတ်အသပြာBASICပေး
မသဓာရေစာလောက်ရှိတော့
မတတ်နိုင်လဲကြိတ်သာခံပြီး
ဝမ်းေ၇းအတွက်လုပ်ရတယ်။
ပြောမဆုံးပေါင်တောသုံးတောင်
စကားပုံတောင်မလုံလောက်ဘူး
ဘာလေးလုပ်လုပ်ဘယ်ကိုသွားသွား
အပိုကြေးလေးလ္ဘက်ရည်ဖိုးပေးမှ
သွက်လက်အဆင်ပြေအထာကျတယ်။
တစ်ခါလာလဲ ဒီလူဒီအပြော
အညာခံတာလဲပြည်သူတွေပေါ့လို့
ဖန်တစ်ရာတေဒီဇတ်မျောမှာ
သိသိနဲ့မညိချင်လို့
ဒီတစ်ခါတော့
“ NO ”



ကာတွန်းကို ELEVEN MEDIA မှကူးယူဖေါ်ပြပါသည်။

Wednesday 6 October 2010

ရာသီစာ






ဒီနိုင်ငံကိုရောက်နေတဲ.အချိန် တမ်းတမိတဲ.အရာတွေထဲကမှတစ်ချို.ကို သတိတရဖေါ်ပြမိပါရဲ.
ခေါင်းစဉ်ဘယ်လိုပေးရမလဲ ဆိုတော.“ ရာသီစာ” လိုပဲပေးလိုက်ပါတယ်...ကျနော်နှစ်သက်တဲ.
အသီးအနှံတွေထဲကမှအကြိုက်ဆုံးလို.ပြောရမယ်.နှစ်မျိုးကတော. သရက်သီး နဲ.ဒူးရင်းသီးပါ..။
သရက်သီးနဲ.ဆေးဖက်ဝင်တဲ. နဂါးမောက်သီး ပုံကိုတော.မြန်မာပြည်ပြန်တုန်းက၇ိုက်ခဲ.တာပါ။
ဒူးရင်းသီးကတော.နိုင်ငံခြားသားအလုပ်သမားအများဆုံးရှိတဲ.နေရာတစ်ခုဖြစ်တဲ. အန်ဆန်းဈေး
မှာဝယ်စားတဲ.နေ.ကရိုက်ခဲ.တာပါ.....အရသာကမြန်မာပြည်ကဒူးရင်းအရသာနဲ.ကတော.ကွာပါတယ်။
အမှတ်တရ ပေါ.လေ..............။
Related Posts Plugin for WordPress, Blogger...