Monday 24 December 2012

ဂီတည

မြန်မာပြည်ပြန်ေ၇ာက်ပြီး အိုင်စီ ပွဲကို ပထမဆုံးကြည့်မိပါတယ်...အရက်စီပွားေ၇းလုပ်ငန်းကစပွန်ဆာလုပ်
တဲ့ပွဲဆိုတော့ လက်မှတ်စစ်တဲ့ပွဲအ၀င်အ၀ နေရာကစလို့ မိန်းကလေးငယ်လေးတွေက သူ့တို့အရက်ကိုကြော်ငြာတဲ့အနေနဲ့ အမြည်းတိုက်ပါတယ်။မ၀လို့ထပ်သောက်ချင်ရင်တော့ ၀ယ်သောက်ပေါ့ဗျာ....
မြန်မာပြည်၇ဲ့ နာမည်ကျော်တီးဝိုင်းဖြစ်တဲ့အတွက် စက်ပစ္စည်းအသံပိုင်းဆိုင်ရာတွေ အဆင့်မြင့်လာသလို
ပွဲကြည့်ပရိတ်သတ်ဘက်ကလည်းစည်းကမ်းရှိကြတာကိုတွေ့ရပါတယ်....ပြင်ပလုံခြုံေ၇းအဖွဲ့တွေနဲ့စည်း
ကမ်းထိန်းသိမ်းဖို့အတွက်ထား၇ှိတာလဲမဆိုးပါဘူး...အချို.သောငခုံးမတွေကတော့ ခုထိရှိနေတုန်းပေါ့
အမြင်မသင့်တာကတော့ မိန်းကလေးအချို.ပေါ်ပေါ်ထင်ထင် အရက်သောက်နေတာပါ........
အိုင်စီပွဲကပုံတွေကိုအားပေးကြပါအုံးဗျာ































                                            

Wednesday 12 December 2012

အထွေအထူးမရှိပါ

ကျနော်ပိုင်သမျှ ဆိုလို့သွားခဲ့လာခဲ့တဲ့နေရာဒေသတွေကအမှတ်တရ ပုံ၇ိပ်လေးတွေကိုသာ
ပြဖို့ကျနော့်မှာရှိပါတယ်....ဓါတ်ပုံရိုက်ဖို့သက်သက်ထွက်ခဲ့ရတဲ့ခရီးတွေမဟုတ်လေတော့
ပုံတွေက သိပ်အဆင်မပြေလှပါဘူး..အမှတ်တရအဖြစ် မှတ်တမ်းအဖြစ်ဆိုပြီးအားတင်းလို့သာ
ရိုက်ခဲ့ရပါတယ်..အဲဒီလိုရိုက်ခဲ့တဲ့အချိန်မှာ သင်ဆရာမြင်ဆရာ ကြားဆရာတွေ ဆီကမှတ်သား
သင်ယူထားခဲ့တာတွေကို လက်တွေ့မှာ ကြိုးစားလို့ ရိုက်ခဲ့ပါတယ်...
ပြောစရာတွေလည်းရှိရင်ရှိမယ်..မပြောဖြစ်ခဲ့တာတွေေ၇ာမပြောရက်တာတွေရော၊သီးခံတာတွေ
ေ၇ာ....အောင့်အင်းနေရတာတွေေ၇ာ....များလိုက်တာလေ...
ကျနော့်စာမျက်နှာမှာ..ဘာမှအထွေအထူးမရှိလှပါဘူး....
စာမျက်နှာလှပဖို့သာ ကြိုးစားနေပါတယ်..နောက်များမကြာခင်ကာလတွေမှာ
အင်တာနက်ကို အဆင်ပြေစွာသုံးနိုင်ဖို့ကို ရချင်မှရပါလိမ့်မယ်.....အခြေခံ လူတန်စားတွေများလှတဲ့
နယ်ပါယ်တွေထဲမှာ ကူးလူးလို့ စီးကာမျောပါလို့လည်းနေချင်နေပါလိမ့်မယ်
သို့ပေမယ့် တစ်ခါတစ်၇ံက သိခဲ့ရတဲ့သူတွေ..စိတ်တူရှိခဲ့သူတွေ...သံသရာတစ်ကွေ့မှာ ကျင်လည်ရင်း
နားလည်ပေးနိုင်ခဲ့သူတွေကို ကျနော် အသိစိတ်ေ၇ာမသိစိတ်ထဲမှာပါ မေ့နိုင်လိမ့်မည်မထင်ပါ...
ကျနော့် လက်ရာလို့ပြောလို့၇တဲ့ ပုံရိပ်တွေကို စာမျက်နှာပေါ်မှာ ချပြခဲ့ပါတယ်......
ခုနှစ်ရက်သမီး ခုနှစ်ရက်သားအပေါင်း စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းတို့ဖြင့်ပြည့်စုံကြပါစေ။

                                                 သဗ္ဗေညု စေတီတော်

                                                  ပုဂံဒေသလက်မှုပညာ

                                                မကျီး၇ိပ် (နှစ်ကျပ်ခွဲကျေးရွာ)

                                             စပျစ်ခြံ (ဆည်ပေါက်)

                                                နေ၀င်ဆည်းဆာ (ဧရာဝတီမြစ်)

                                               နွားကျောင်းသား(ဗျတ္တပန်းဆက်လမ်း)

                                                  တစ်နေ့တာ (ရွာတန်းရှည်)

                                                စားကျက်(ပုပ္ပါးမြို.)

                                             ပန်းဆေးကန်(ဗျတ္တပန်းဆက်လမ်းဘေး)

ေ၇ဆန်လမ်း (ဧရာဝတီမြစ်)










Wednesday 5 December 2012

အကျွတ်အလွတ်

တန်ဆောင်မုန်းလေ၇ာက်တော့ ကထိန်ပွဲ ....နေရာတိုင်းမှာစတုဓီသာ အလှူတွေ နိဗ္ဗာန်ဈေး စတာတွေ
ဟာနေရာတိုင်းလိုလိုမှာ ကျင်းပနေကြတာကိုဝမ်းမြောက်စွာတွေ့၇ပါတယ်..တနှစ်ထက် တနှစ်ပိုလို့ လှူကြ
တာဟာလည်း အားရစရာပါ..ကိုယ်နိုင်သလောက်အင်းအားတွေနဲ့ မရှိသူေ၇ာနွမ်းပါသူတွေ အတွက်လှူရ
တာဟာ မွန်မြတ်တဲ့ကုသိုလ်ပါ...နိဗ္ဗာန်ဈေးမှာတန်းစီ သူအတော်များများကိုမေးကြည့်တော့ ဆန်ကိုအဓိက
လိုချင်ပါတယ်တဲ့လေ...သူတို့အတွက် ဘာဟာအဓိကကလဲ..စားဖို့ဆန်ရှိရမယ်လေ...
တန်ဆောင်တိုင်ပွဲနဲ့ ဝေးခဲ့တဲ့ ကျနော်ဟာဒီနှစ်တော့ ကိုယ်တိုင်ကိုယ်ကျပျော်ရမယ်ပေါ့...ဒီနှစ်တော့ တန်ဆောင်တိုင်ကို ပဲခူးမြို.က အကျွတ်အလွတ် ဘုရားလို့ လူသိများတဲ့  ဘုန်းကြီးကျောင်း
က မိတ်ဆွေတွေ၇ဲ့ကထိန်အလှူမှာ သွားပြီးတတ်နိုင်သလောက်ကုသိုလ်ပါဝင်ခဲ့ပါတယ်။ပဲခူးေ၇ာက်တဲ့
ညက ကကြီးပြန်မိတ်ဆွေ မြို.ခံကပြုစုတာကိုလည်းဝမ်းမြောက်စွာလက်ခံခဲ့ရသေးတယ်။
ေ၇ွှမော်ဓောစေတီတော်၇ဲ့ မသိုးသင်္ကန်းရက်ပွဲကိုတော့ အချိန်မရတာနဲ့ မသွားခဲ့ရပါဘူး။ လပြည့်နေ့ မနက်
မှာ သံဃာတော်တွေကိုကြာဇံကြော်နဲ့ အာရုံ ဆွမ်းကပ်ပြီးမနက်ပိုင်းကစလို့ ရွာနီးချုပ်စပ်က ပရိတ်သတ်ကို
ဘာလချောင်ကြော်၊သရက်ချဉ်သုပ်၊သီးစုံပဲဟင်းနဲ့ စတုဓီသာကျွေးပါတယ်။
နေ့လည်မှာ ပင့်သံဃာတွေနဲ့ကျောင်းထိုင်ဆရာတော်ကို နေ့ဆွမ်းဆက်ကပ်ပြီးတရားနာေ၇စက်ချလို့ ကထိန်အလှူ ကိုအောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ပါတယ်။
ရွာတွေမှာအလှူလုပ်ရင် ပကာသနတွေမရှိပါဘူး...အားလုံးတက်ညီလက်ညီနဲ့ဝိုင်းဝန်းပြီးကူညီကြ ချက်
ကြ နဲ့အင်မတန်အားရစရာပါ..တနှစ်ထက်တနှစ်ပိုလို့လှူချင်စရာပါ။
အခုကထိန်အလှူ လုပ်တဲ့ အကျွတ်အလွတ်စေတီတော်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုက ရှိခဲ့တဲ့ အနေအထားနဲ့ အခုလက်ရှိ အနေအထားဟာအတော့်ကိုကွာခြားခဲ့ပါပြီ။ ကျောင်းထိုင် ဆရာတော်၇ဲ့
ပရိယတ္တိကြိုးစားအားထုတ်မှုနဲ့ ပဋ္ဌာန်းဆက်ရှိတဲ့ အလှူ.ရှင်တို့၇ဲ့ ကုသိုလ်နဲ့နေ့ ခြင်းညခြင်းဆိုသလို
သမိုင်းဝင် စေတီနှစ်ဆူ၇ဲ့ တန်ခိုးတော်နဲ့ အတော့်ကိုကျောင်းကန်ဇရပ်တွေထပ်တိုးပြီးစည်ပင်ဝေဖြာ
နေပါပြီ။
အလှူဆိုတာကိုယ်တတ်နိုင်မှလှူနိုင်မှ မဟုတ်ပါဘူးကိုယ်မတတ်နိုင်လည်း တတ်နိုင်တဲ့သူတွေကိုပြော
ဆိုညွှန်ပြပြီး နုတ်၏စောင်မပေးခြင်းဖြင့်လည်း အလှူဒါန မြောက်ပါတယ်။
ပြုသမျှသောကုသိုလ်အားလုံးနှင့်တကွ ကုသိုလ်အဖို့ပါကအားလုံးတို့အား အကျွတ်စေတီတော်၊အလွတ်
စေတီတော်ကို တည်းထားခဲ့သောေ၇ှးမင်းအဆက်ဆက်နှင့်တကွ ၃၁ဘုံသားအားလုံးအားအမျှပေးဝေပါ
ကုန်၏..အားလုံးကြားကြားသမျှ.. အမျှ..အမျှ..အမျှ

                                         ပဲခူးမြို. ကျက်သေ၇ဆောင်ေ၇ွှမော်ဓော စေတီတော်             




                                                                                        


                                                            အကျွတ်မုဋ္ဌောစေတီတော်



                                                      အလွတ်မုဋ္ဌောစေတီတော်



                                                     သဒ္ဒါကြည်ဖြူပေါင်းစုလှူသည့်နှစ်ထပ်ကျောင်းဆောင်သစ်







                                                  အကျွတ်မုဋ္ဌောစေတီပေါ်မှ ဘုရားသားတော်ကိုရင်လေးများ

Monday 19 November 2012

ကြိုဆိုပါတယ် လူကြီးမင်း

အခုပို့စ်လေးကို မေ၇းခင် ဒီစာမျက်နှာကိုပြန်လည်ရရှိဖို့ အသက်ဆက်ရှင်ဖို့ ကူညီခဲ့ကြသော သူများကို
ကျေးဇူးစကား ဆိုပါ၇စေခင်ဗျာ....
ယခုလ ၅ရက်နေ့မှစလို့ကျနော် ၇ဲ့စာမျက်နှာကလုံးဝဖွင့်မရခဲ့ပါ..မေလ်းလည်းမ၇တော့ဘူးလို့ ပြောရမှာပါ
ဘာကြောင့်ဘယ်လိုဖြစ်သွားမှန်းမသိသော်လည်း စိတ်အတော်ထိခိုက်ခဲ့၇တာကတော့ အတော်ဖြစ်ခဲ့ပါတယ်...
အခုလိုကိစ္စပေါ်တော့ ခံစားချက်တူသူကိုယ်ချင်းစာသူ မိမိနိုင်ငံနှင့်ဝေးရာဒေသတွေ ဆီမှာ ရှိနေတဲ့
စိတ်ရောကိုယ်ပါပင်ပန်းခဲ့တဲ့ ကျနော့် တူမကြီး ၊၇ဲဘော်၇ဲဘက်ကောင်းတစ်ဦးလို ညီရင်းအကိုပမာ ကူညီခဲ့တဲ့ အေးမြတဲ့ အရပ်ဒေသတစ်ခုက ညီငယ်တစ်ဦး၊ နုတ်၏ စောင်မခြင်းဖြင့် ကူညီခဲ့သော
ကျနော့် နှမငယ် တို့အား ကျေးဇူးစကား ဒီနေရာကဆိုပါ၇စေ...။
သူတို့၇ဲ့ အမည်နာမ မဖေါ်ပြခြင်းကို ခွင့်လွှတ်ပေးနိုင်မည်ဟုလည်း ယုံကြည်မိပါတယ်။

ကဲ..အခု ကျနော်ေ၇းချင်တဲ့စာလေးေ၇းပါရစေ...လွန်ခဲ့သောနှစ်အနည်းငယ်ကတည်းကေ၇းချင်ခဲ့တဲ့
စာကြွေး လို့ပြောလည်းရပါတယ်။

ကျနော့် တို့တိုင်းပြည် နာဂစ် မုန်တိုင်းဖြစ်ပြီးလို့ မကြာသောရက်ပိုင်း အနည်းငယ်အချိန်ကပေါ့ဗျာ....
ကျနော် အလုပ်ရှင်သူဋ္ဌေးက ကျနော့်ကိုမေးပါတယ် မင်းမြန်မာပြည် ဘယ်မှာနေလဲတဲ့..ကျနော်က
ငါ ၇န်ကုန်မှာနေတယ်လို့ ဆိုလိုက်တော့ ..ဟာသွားပြီ မင်းတို့အိမ် မုန်တိုင်းထဲပါသွားပြီ လို့ပြောတယ်။
အဲဒီတော့ကျနော့် အရမ်းပြန်ချင်တဲ့အိမ်ကို သူ့ဂရုဏာနဲ့ ခွင့်တစ်လ ရခဲ့တာပေါ့...အဲဒီအချိန်က အလုပ်
ပြောင်းခါစဖြစ်တော့ ငွေကလည်းပေါပေါများများမရှိပါဘူး မိတ်ဆွေတွေကူညီမှုနဲ့ လူကြုံပစ္စည်းတွေတပွေ့
တပိုက်နဲ့ ပြန်ခဲ့ပါတယ်...အဲဒီကာလက ကိုရီးယားလေဆိပ်က မြန်မာနဲ့တရုပ် ကို မုန်တိုင်းနဲ့ငလျင်ဘေးကျ
တဲ့တိုင်းပြည်တွေဖြစ်လို့ ပေါင်ပိုတွေအတွက် ငွေမယူပါဘူး...လ၀က မှာလည်းစတစ်ကာအတွက်ငွေမပေးရ
ခဲ့ဘူး ဒီလိုနဲ့ မြန်မာပြည်မေ၇ာက်ခင် လေယာဉ်တဆင့်ထပ်စီးဖို့ ထိုင်းလေဆိပ်ကိုေ၇ာက်တယ်ပေါ့

ထိုင်းလေဆိပ်ကနေပြီး လေယာဉ်ထွက်တော့ ကျနော့်ခုံဘေးက ခရီးသည်အမျိုးသားကြီးနဲ့ စကားပြောဖြစ်
ပါတယ်..သူက မောင်ရင်ဘယ်ကလာလဲ ဟိုမှာငွေဘယ်လောက်ရလဲ အခုပြန်လာလည်တာလား စတာတွေ
ကိုမေးပါတယ် ကျနော်ကလည်း အကြောင်းစုံပြောပြပြီးချိန်မှာတော့ သူ့ကိုယ်သူစတင်မိတ်ဆက်ပါတယ်
သူက ဋ္ဌာနဆိုင်ရာတစ်ခုမှ အရာထမ်းတစ်ဦးဖြစ်ကြောင်း နာဂစ်မုန်တိုင်းကိစ္စနဲ့ ဘန်ကောက်မှာ အလုပ်ရုံ
ဆွေးနွေးပွဲတစ်ခုလာတက်တာ လို့ပြောပါတယ်..ပြီးတော့ သူက အခုလိုစကားစပါတယ်....

မောင်ရင် အမေရိကန် ကိုဘယ်လိုမြင်လဲတဲ့....ကျနော်က ဘာဖြစ်လို့လဲဘာအတွက်လဲပေါ့
အဲဒိတော့ သူက အခုကိုယ်တို့တိုင်းပြည်မှာမုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်ဘက်မှာ ပျက်ဆီးဆုံးရှုံးမှုတွေ
များတယ် ဒါကိုအခုအမေရိကန်က ကူညီဖို့ဆိုပြီးစစ်သင်္ဘောကြီးတွေ၊ လေယာဉ်ကြီးတွေနဲ့ ကူမယ်ဆိုပြီး
ပြောလာတယ်...ဒါကို မောင့်ရင်အနေနဲ့ မြင်တဲ့အမြင်ကို ပြောဖို့ပါတဲ့

ကျနော်က အမေ၇ိကန် ကိုကျနော်ဘယ်လိုမြင်မလဲ လက်ရှိအမြင်က ကျနော်တို့ပြည်ဘာဖြစ်နေလဲ အတိ
ဒုက္ခေ၇ာက်နေတာ ဘယ်သူတွေလည်း ပြည်သူတွေ အဆင်ပြေဖို့ နိုင်ငံတိုးတက်ဖို့ ဆိုရင် လက်ခံသင့်ရင်
လက်ခံရမှာဘဲလို့ တခြားနိုင်ငံေ၇းကိစ္စတွေ ဘာတွေညာတွေ ကျနော်မသိဘူးလို့ ပြောလိုက်တယ်
အဲဒီမှာ အဲဒီအရာရှိကြီးက အခုလိုစပြောပါတယ်....
မောင်ရင့်ကို ကိုယ်တစ်ခုပြောပြမယ်...အမေရိကန် ဆိုတဲ့ သတ္တ၀ါဟာ ၀င်ပြီးရင် ပြန်ထွက်ရိုးထုံးစံ မရှိ
တဲ့ သတ္တ၀ါပါတဲ့ နောက်ပြီး သူကအကိုးအကားတွေနဲ့ သက္ကရာဇ် မှတ်တမ်းတွေနဲ့ ဘယ်နိုင်ငံကို ဘယ်
အချိန်မှာဘယ်လိုဝင်တယ် နောက်အကြောင်းပြချက်တွေနဲ့ ပြန်မထွက်ဘူး ဒီလိုနဲ့ စစ်စခန်းတွေ ဆောက်
ပြီး အင်အားချဲ.တယ်ပေါ့..သူပြောတာတွေ နားထောင်ပြီးကျနော်က
စကားရိုင်းသွားရင်တော့ ခွင့်လွတ်ပေါ့ဗျာ လို့အစချီပြီး ကျနော်တို့ငယ်စဉ်က လူကြီးတွေ စကားပုံတစ်ခုကို
ခဏခဏ နားထောင်ရတယ်ပေါ့အဲဒါက...နင်တို့တွေ ကိုယ့်ဖင်ကိုလျှက်ပါဆိုတော့လည်း မမှီဘူး သူများ
ဖင်ကိုလျှက်ပါဆိုတော့လည်ရွံ .....ဆိုတာမျိုးအခုဖြစ်နေပြီလို့ ပြောလိုက်တယ်....သည့်နောက်မှာတော့
ထွေရာလေးပါး ခုန အမေရိကန်နဲ့ ကိစ္စမပါဘဲ ဆက်ပြောပြီးခေတ္တနုတ် ဆိတ်နေလိုက်ကြပါတယ်
ရန်ကုန်လေဆိပ်ေ၇ာက်တော့သူလည်း နိုင်ငံကူးလက်မှတ် အစိမ်းေ၇ာင်ကိုကိုင် ကျနော်လဲ အနီေ၇ာင်ကို
ကိုင်လို့ လက်ဆွဲနုတ်ဆက်ပြီး ကိုယ့် ခရီးကိုယ်ဆက်ခဲ့ ကြတယ်။
ကျနော် စိတ်ထဲတစ်ခုဖြစ်တာက အခု အမေရိကန်နဲ့ မြန်မာ သံခင်းတမန်ခင်းကိစ္စတွေ နှစ်နိုင်ငံခေါင်း
ဆောင်တွေ အပြန်အလှန် လာတဲ့အချိန်မှာ ..၀င်ပြီးရင်ပြန်ထွက်ရိုးထုံးစံ မရှိတဲ့သတ္တ၀ါ အကြောင်းကိုပါ
သူ့နိုင်ငံ ကပြည်သူတွေကြိုက်လို့ ၂ကြိမ်တိုင်ေ၇ွးခံခဲ့ရတဲ့ ခေါင်းဆောင်တစ်ဦးလာချိန် ပြည်သူတွေစိတ်
တွေ တက်ကြွနိုးကြားနေတဲ့ အခုလိုအချိန်မှာ ဆွမ်းဆန်ထဲမှာရှိတဲ့ ကြွက်ချေးတွေမရှိသင့်တော့ပါဘူး
ရှိလာရင်လဲ မသိချင်ေ၇ာင်မဆောင်ဘဲ ဖယ်ရှားပြစ်ရမှာပါ။
ဘယ်သူကမှ ကိုယ့်အကျိုးမြတ် မရှိရင်မလာဘူးဆိုပေမယ့် အိမ်လာလည်သူချင်းအတူတူ ဘေးကကပ်နေတဲ့ အိမ်ကြောင့် ခုထိဘယ်လောက်အရာေ၇ာက်ခဲ့ လို့လဲ
ဒါဆိုရင် အဝေးက လာလည်သူကိုဦးစားပေးသင့် ရင်ပေးရမှာပါ။
နာရီပိုင်းလောက် အချိန်လေး လာတာကို ဒီလောက်ကြီးကျယ်ခန်းနားနေခြင်းဟာ အဲဒီလူဟာ ဘယ်လို
အေ၇းပါအရာေ၇ာက်နေ လို့လဲဆိုတာကို ပြောပြနေစရာမလိုလောက် အောင်ပါဘဲ......
 မြန်မာ..အမေရိကန် ချစ်ကြည်ေ၇း အဓွန့် ရှည်တည်တံ့ ပါစေ.....
မြန်မာ ပြည်သူပြည်သား အပေါင်းအခက်အခဲကိစ္စမှန်သမျှမှ အမြန်လွတ်ကင်းကြပါစေ။


Tuesday 30 October 2012

ကုသိုလ်ယနေ့

မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပေါ့ဗျာ....ဒီလိုအခါကြီးရက်ကြီးကို ကိုယ့်ပြည်ကိုယ့်မြေမှာမဆင်နွဲရတာ နှစ်အတော်
ကြာခဲ့ပြီပေါ့....အဝေးကနေပြီး လွမ်းသလိုအားမရသလို စိတ်ထဲတစ်ခုခုဖြစ်နေသလိုမျိုး ခံစားခဲ့ကြဘူးမှာပါ။
ဒီနေ့ဟာ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ဖြစ်ပါတယ်....
မြန်မာလူမျိုးတွေဟာကုသိုလ်သဒ္ဒါတရား မနည်းကြပါဘူး..အလှူအတန်းနဲ့ ပါတ်သတ်လို့နှမြောတွန့်တိုစိတ်
တွေနည်းကြပါတယ်...ယခုအခါ ရပ်ကွက်တွေလမ်းတွေမှာပါ စတုဓီသာ အလှူတွေကို အတော်များများပြု
လုပ်နေတာတွေကလည်း ကြည်နူးစရာပါ..ဆင်း၇ဲချမ်းသာအယုတ်အလှ အမြတ်မရွေး စေတနာထက်သန်
စွာနဲ့ သန့်သန့်၇ှင်းရှင်းနဲ့စားသောက်ဖွယ်ရာတွေကို လှူတန်းကြ...ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြနဲ့တကယ့်ကို
ပျော်စရာလို့ဆိုရမှာပါ....
ဒီနေ့ မနက် အာရုံ တက်ကတည်းကေ၇ွှတိဂုံစေတီတော်ကိုေ၇ာက်ခဲ့ပါတယ်။ ယမန်နေ့ညတည်းက ဆီး
မီးပူဇော်သူတွေ ကုသိုလ်ပြုကြသူတွေ မနည်းလှပါဘူး ကားပါကင်တွေအပြည့်အကျပ်....ဓါတ်လှေကားစီး
ဖို့စောင့်ဆိုင်းနေတဲ့ လူတန်းရှည်....အာရုံဆွမ်းပွဲေ၇ာင်းတဲ့နေရာမှာပြုံတိုးနေတဲ့သူတွေ၊ ၅၀၀ကျပ်တန်အုပ်
၁၀၀၀တန်အုပ်တွေကိုင်လို့ သံဃာတော်တွေကိုဝတ္တုလှူ တန်းသူတွေကိုလည်းအနုမောဓနာမြောက်တွေ့
ခဲ့ရတယ်။
လိုအပ်တာတွေကိုပြောရရင်တော့ ကျနော်တို့ ဆီမှာ တန်းစီပြီးစည်းနဲ့ကမ်းနဲ့ဆိုတာကတော့ အသိစိတ်မရှိတာလား...ဦးဆောင်သူမရှိလို့လား...ဓါတ်လှေကားအ၀င်မှာ ၀ါးလုံးတွေကာလို့
တန်းမစီသူတွေကိုထိန်းဖို့ကာထားတာတွေက အမြင်မသင့်ဖွယ်ရာပါ....ကားပါကင်မှာ ဖြစ်သလိုရပ်လို့
ကာအ၀င်အထွက်ပိတ် နေရာချဖို့တာဝန်ပေးထားသူမရှိ ဒါတွေကလည်းပြုပြင်ဖွယ်ရာတွေပါ။
အခြားသောကိစ္စရပ်တွေေ၇းစရာရှိပေမယ့် ကိုယ့်ပေါင်ကိုလှန်ထောင်းစရာတွေဖြစ်တဲ့ အတွက်ဒီတင်သာ
ရပ်ပြီး ဒီကနေ့ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအားလုံး ကြည်ညိုသဒ္ဒါပွားစေဖို့
ယနေ့ကုသိုလ် ပုံတွေကိုတင်ဆက်လိုက်ပါတယ်။
ကမ္ဘာကြီးတစ်ခုလုံးမှာရှိကြကုန်သော လူနတ်ဗြဟ္မာသတ္တ၀ါအပေါင်း ဘေးအမျိုးမျိုးရန်အသွယ်သွယ်မှ
ကင်းစင်ဝေးကြပါစေ..နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။






























Saturday 27 October 2012

အဘဆီေ၇ာက်ခဲ့တယ်

ခရီးသွား ရာသီတွေကတော့တစ်ခုပြီးတစ်ခုဆိုသလိုဆက်လို့လာနေပါပြီ သွားနိုင်ဖို့ ကိုသာဆုတောင်းရမှာလေ...ရန်ကုန်ကိုေ၇ာက်လို့ မကြာသောအချိန်မှာ အညာဘက်ကိုခရီးထွက်ပါတယ်
ပုပ္ပါးဘက်ကိုေ၇ာက်တော့လည်းနှစ်၆၀ ပြည့်အဘထွက်ပွဲကိုလည်းကြုံခဲ့တယ်ပေါ့လေ...ေ၇ာက်ခိုက်မှာမှတ်
တမ်းဓါတ်ပုံတွေ၇ိုက် ရွာအနီးအနားတွေဘက်လည်းလည် ပုပ္ပါးမြို.လေးဟာ အဘထွက်ပွဲလာတဲ့ မင်းပရိတ်
သတ်တွေနဲ့ အတော့်ကိုစည်ကားလှပါတယ်။ နှစ်စဉ်မပြတ်လာေ၇ာက်ပူဇော်သူတွေကလည်းအချိန်ကိုက်
ေ၇ာက်လာကြတယ်။ စည်ကားတဲ့ပွဲမှာ စည်းကမ်းထိန်းသိမ်းေ၇းတွေ ကိုပိုလို့ချထားပေးရင် အနယ်နယ်အ
ရပ်ရပ်ကလာကြသူတွေအတွက်ပိုလို့ အဆင်ပြေမယ်လို့ထင်မိတယ်။
အဘပွဲမတိုင်ခင်တရက် ကမမျှော်လင့်ဘဲထော်လာဂျီ မတော်တဆဖြစ်မှု ကြောင့် ပွဲလာသူတွေဒဏ်ရာရ
သေဆုံးသူတွေလဲရှိခဲ့တယ်...စည်းကမ်းမဲ့မောင်းတဲ့ ဆိုင်ကယ်ကယ်ရီတွေ ကိုလည်းကြပ်မတ်ဖို့ လိုအပ်ပါ
တယ်။ ကိုယ်ယုံကြည်ရာ ကိုးကွယ်ရာကိုတိုင်တယ်ပြီးကုသိုလ်လုပ်ဖို့ လာတဲ့သူတွေကို အကုသိုလ် မဖြစ်
စေဖို့ ကမ္ဘာလှည့် ခရီးသည်တွေပါ လာေ၇ာက်လေ့လာကြလို့ ဂုဏ်သိမ်စေမယ့် အဖြစ်တွေကိုမလုပ်မိကြ
ဖို့လိုအပ်ပါတယ်။အဘပွဲမနက်မှာ အနီးအနားရွာတွေကလာပြီးပိုက်ဆံကြဲတာကိုလုကြတာမှာ အချို.ဟာ
တံချူတွေနဲ့တောင်းတွေတပ်ပြီး အလိုရမက်ကြီးစွာလုတာတွေကလည်း ပွဲကိုအကျဉ်းတန်စေပါတယ်။
ရှမ်းအိုးစည်သံ တညံညံနဲ့ စည်ကားလှတဲ့ အဘထွက်ပွဲက ပုံတွေကို မှတ်တမ်းတစ်ခုအနေနဲ့ ဖေါ်ပြလိုက်ပါတယ်






























































Related Posts Plugin for WordPress, Blogger...