Friday 1 July 2011

ဆိုလ်းမှာမိုးတွေသည်းနေတယ်

ဇွန်လကုန်လို့ ဂျူလိုင်လေ၇ာက်ခဲ့ပြန်ပြီ...ရာသီဥတုကပူလို့ နေလည်အလုပ်ထဲချွေသံတရွဲရွဲ

နဲ့အပူဒဏ်ကာကွယ်ဖို့ ပန်ကာအကြီးတွေကလေတွေက အမြဲမပြတ်ပေါ့....ချွေးအအေးပါတ်လို့

ဖျားပါတော့တယ်...နေမကောင်းလို့ အခန်းအောင်းမနေရပါဘူး..အလုပ်ထဲမှာဆေးသောက်အိပ်

ချင်တဲ့စိတ်ကိုဖျောက်ပြီး...ဝေဒနာသက်သာအောင်ကိုယ့်ဘာသာနေရတယ်လေ..များမကြာခင်မှာ

မိုးရွာပါစေဆိုတဲ့ဆုတောင်းကပြည့်ပြန်တယ်...ရွာလိုက်တာ..လေေ၇ာမိုးေ၇ာ...ဘာလို့ဒီလောက်ရွာ

လည်းဆိုတော့..မုန်တိုင်းရှိလို့ပါသတဲ့....မိုးရွာလို့မြေသင်းရနံ့ ကလည်းမွှေးပြန့်ပြန့်ပေါ့....ပါတ်ဝန်း

ကျင်မှာလည်းစိမ်းစိမ်းလန်းလန်းနဲ့....သတိရလိုက်တာမြန်မာပြည်...ဒီမှာကမိုးအေးလို့ကွေးရတာ

မရှိပါဘူး..မြန်မာပြည်မှာမိုးညတွေဆို..ဖါးအော်သံတွေ..အိမ်ခေါင်မိုးပေါ်မိုးစက်တွေကျသံတွေက

နားဝင်ပီယံရှိလို့...မရတော့တဲ့နေရာေ၇ာက်မှရခဲ့တာတွေကိုလွမ်းမိနေတာတွေကအပြစ်တွေလား

တစ်ရက်သာနားပြီးအခုမိုးတွေထပ်ရွာနေပြန်ပြီ...မစဲအောင်ရွာပါ....အေးချမ်းသွားအောင်ရွာပါမိုး

ကျနော့်မိတ်ဆွေေ၇းတဲ့ကဗျာထဲကလို...

“ ခဏတာစဲ..ပြန်ကာသည်းပြီး...ညှိုးကာမစဲ ဆိုလ်းမှာ မိုးတွေသည်းနေတယ်..တစိမ့်စိမ့်နဲ့အေး

လွမ်းဆွေးကာတွေးရင်း..အပြင်မှာလည်းမိုးမစဲ..ငါ့ရင်မှာလည်းမိုးသည်းတယ်”

2 comments:

  1. အင်းး....မိုးတွေရွာရင်အိမ်မှာ..
    ဇိမ်နဲ့ကွေးခဲ့တာကိုသတိအရဆုံးပဲဗျိုးးး.
    ခုတော့လဲ...း(

    ခင်မင်လျှက်.
    ချစ်ခြင်းအလကာင်္

    ReplyDelete
  2. ကျေးဇူးတင်ပါတယ်ချစ်ခြင်းအလင်္ကာ ဘယ်ကိုလာလည်ရမှန်းမသိလို့....
    လင့်လေးထားပေးခဲ့ပါလို့မေတ္တာရပ်ခံပါတယ်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...