Tuesday 31 December 2013

ကျနော်ဘလော့ဂါ

၈ လကျော်ဆိုတဲ့ အတိုင်းအတာတစ်ခုနဲ့ စာမျက်နှာပေါ်မေ၇ာက်ဖြစ်တော့ပါဘူး။
မိတ်ဆွေတွေ၇ဲ့ ဘလော့တွေကိုလည်း သွားမကြည့်ဖြစ်ခဲ့တော့ဘူး
ပုံမှန်မဟုတ်တဲ့ အခြေအနေနဲ့ အတက်အကျရှိနေတဲ့ လိုင်းကြောင့် လို့ထိုးချပါရစေ။
ရန်ကုန်မှာရောက်ခဲ့တဲ့နောက်ပိုင်း အချို့သောမိတ်ဆွေတွေထပ်တိုးခဲ့ရသလို မသိမသာနဲ့
ထွက်ခွာသွားတဲ့ သူတွေလည်းရှိသပေါ့။ လူ့စိတ်ဘဲလေ ဘယ်အရာမှအကြာကြီးမတည်မြဲဘူး
မဟုတ်ပါလား
စာေ၇းကောင်းပုံမှန်တင်ဖြစ်နေတဲ့ မိတ်ဆွေတွေကိုလည်းအားကျမိပါတယ်။ စာမေ၇းပုံမတင်လို့
ဘလော့ဂါ မဖြစ်တော့ဘူးဆိုရင် ကျနော်ပထမဆုံးပါ။
သတိရခြင်းဆိုတာနဲ့ပါတ်သက်ရင်တော့ ကျနော်အားလုံးကိုသတိရပါတယ်လို့ဝန်ခံပါရစေ။
အားလုံးထက်ပိုတဲ့သူတွေကိုလည်းပိုသတိရပါတယ်။
မြန်မာပြည်အကြောင်းကတော့ အရင်ထက်ထူးခြားလာတာတွေက ပထမဆုံး ရာသီဥတု
 မိုးတွင်းဆိုလို့ မိုးအေးအေးနဲ့ ကွေးရမလားမှတ်တယ် ဘယ်လောက်ရွာရွာ မိုးမအေး တော့ဘူး
ကလေးဘ၀ကလို ညဖက်ဖါးတွေအော်လို့ဆူညံတဲ့အသံနဲ့ နားဝင်ပီယံရှိလှတဲ့ မိုးတွင်းဆိုတာမရှိ
တော့ပါဘူး။ နွေမဟုတ်ဘဲနွေလိုပူပြင်းနေတာတွေ ဖေါက်ပြန်တဲ့ဥတုရာသီ၊ ပြောကြတာဘဲဗျာ
သစ်တောတွေပြုန်းကုန်လို့တဲ့ ဟုတ်မှာပါဗျာ။
လူနေမှုစနစ်တွေကတော့ေ၇ွှ့ပြောင်းစနစ်တွေများလာတယ်။ ကိုယ့်ဒေသမှာစားဖို့ထက်နေဖို့တောင်
အာမခံချက်မရှိတော့ အသက်ဘေးကိုကြောက်လို့ မြို့တက်တ၀ှမ်းတစ်ခါးရှာဖွေကြတဲ့သူတွေ များလာ
တယ်။ မြို့ပေါ်မှာ အခန်းတစ်ခန်းငှားခက အမြင့်ဆုံးရှစ်ထပ်ဆိုရင်တောင်လက်ရှိ တစ်သိန်းကျော်ပါတယ်။
ဒါတောင်အသေးအမွှားပဲရှိပါတယ်။
စီးပွားေ၇းအတွက် အဲပြောတာလွန်နေမယ် စားဝတ်နေေ၇းအတွက်ဆို ပိုမှန်မယ် လမ်းဘေးမှာ ဈေးေ၇ာင်း
သူတွေ ဈေးဆိုင်တွေပိုများလာတယ်။မြို့နဲ့မညီမျှတဲ့ကားစီးေ၇တွေကြောင့် လမ်းတွေပိတ်ဆို့ကုန်တယ်။
အရင်က နာရီဝက်ခရီးကိုကြိုမထွက်ရင်တော့ တစ်နာရီခွဲလောက်ကြာသွားမယ်။
ပြောရရင် အတော်များမယ်ဗျာ......
ကျနော်ခရီးတွေ အထွက်များနေတယ် အသိတွေက ဘာစီးပွားေ၇းတွေလုပ်နေတာလဲတဲ့
စီပွားေ၇းအတွက် ကျနော်ထွက်တဲ့ခရီးမရှိသလောက်ပါ။ ကျနော့်ဝါသနာအရ ကျနော်သွားတဲ့နေရာ
ကျနော့် ကင်မရာပါမယ်။ အချိန်မပေးနိုင်လေတော့ေ၇ာက်တဲ့နေရာမှာ ရသလိုရိုက်ရတယ်။ ပုံကောင်း
ဖို့ထက်ပုံရအောင် ရိုက်နေရပါတယ်။ စိတ်အေးချမ်းသာစွာရှိတဲ့တစ်နေ့တော့ ပုံတွေပိုကောင်းမယ်လို့ ထင်
မိပါတယ်။ ရိုက်ပြီးသားပုံတွေသိမ်းထားတာလဲများနေပါပြီ၊ ဓါတ်ပုံရိုက်ပြီး မကူးပေးဖြစ်လို့ ညိုညင်သူတွေ
လည်းရှိရဲ့၊ထားပါတော့လေ
ကဲအခု နှစ်တနှစ်ကုန်တော့မယ် ဘာတွေတိုးတက်လာလဲ၊ ဘာတွေယုတ်လျော့သွားလဲ၊စဉ်းစားရင်းအဖြေ
ရှာ၊ သင်ခန်းစာပေါ့ဗျာ။ဒီလိုလေးသာပြောချင်ပါတယ်။
ရိုက်ထားတဲ့ ပုံတွေကို အလျင်းသင့်သလို တင်ပါ့မယ်၊ အရင်လိုအားပေးကြပါလို့မေတာရပ်ခံပါတယ်။
နှစ်သစ်မှာ ကျနော်ချစ်တဲ့ မိတ်ဆွေသင်္ဂဟအပေါင်းနဲ့ ခုနှစ်ရက်သမီးခုနှစ်ရက်သားအပေါင်း
စိတ်ချမ်းသာကိုယ်ကျန်းမာစွာနဲ့ လိုရာဆနအားလုံးပြည့်ဝကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။




Tuesday 2 April 2013

ပိတောက်နှင့်အတူ














တကယ်တော့ ရန်ကုန်မှာ ပိတောက်မပွင့်သေးပါဘူး...နယ်မြို. လေးတစ်နေရာမှာ ပွင့်နေတဲ့ ပိတောက် ကို
  ကျနော်ေ၇ာက်တုန်းအမှတ်တရရိုက်ခဲ့တာပါ..အချိန်ကမလုံလောက်တော့ လိုချင်သလိုလဲမရခဲ့ပါ။
ဒါလဲသဘာဝဘဲလေ......။
ပိတောက် မပွင့်ခင်ငုဝါပန်းတွေကတော့ သစ္စာရှိတယ်ပြောရမလား အချိန်မှန်လို့........
အမိမြေကိုလာလည်ကြတဲ့ ညီငယ်တွေကတော့ သင်္ကြန်အမှီပြန်လာလို့ရတဲ့သူတွေ ရှိသလို မမှီလို့ ပြန်ကြရ
တဲ့သူတွေကလည်း စိတ်တွေတစ်မျိုးပေါ့ ကိုယ့်တိုင်းပြည်က ရိုးရာေ၇သဘင်ကိုဆင်နွဲချင်ကြတာကလည်းသူ
တို့ မပြောနဲ့ဒီကသူတွေတောင်သင်္ကြန် နားနီးပြီဆိုတာနဲ့ မ၇ိုးမရွပေါ့လေ။
အဝေးမှာနေရတဲ့သူတွေ ၇ဲ့စိတ်တွေမှာ ငွေတွေလစဉ်ဘယ်လိုရတယ်ပြောပြော စိတ်အစဉ်အကျဉ်းကျနေ
တာက အဲဒီသူတွေကလွဲပြီး ဒီမှာနေကြသူတွေမသိနိုင်ပါဘူး
သင်္ကြန်လေးတော့မှီချင်လိုက်တာဗျာ....မဖြစ်လို့ပြန်ရမှာဆိုတဲ့စကားတွေ၊ ခွင့်ရအောင်ပြောကြည့်မယ်ရရင်
ပြန်လာမယ်ဆိုတဲ့ သူတွေ...ဒီအကြောင်းတွေကလည်းကိုယ်တိုင်ခံစားခဲ့ဘူးတော့ သိပါတယ်။
 ကျနော်ကတော့ ကျနော်အရမ်းနေချင်တဲ့ ပျော်တဲ့ မြန်မာနိုင်ငံမှာရှိနေပါတယ်...စိတ်စေရာတွေအလိုမကျ
နိုင်ပေမယ့် နေတတ်အောင်နေ နေပါတယ်။ ပရဟိတတွေ လူမှုေ၇းတွေနိုင်သလောက်လုပ်နေပါတယ်...
အဆင်ပြေနေတာလား အလုပ်လုပ်စရာမလိုအောင်ကြွယ်ဝနေတာလားလို့မေးရင်တော့ မဟုတ်ရပါဘူးလို့
မှန်တဲ့အတိုင်းဝန်ခံပါ့မယ်။ ကျနော်အားလုံးကိုသတိရနေပါတယ်။
များမကြာတဲ့ရက်ပိုင်းလေးမှာ အတာသင်္ကြန်ေ၇ာက်ပြီးမြန်မာ့သက္ကရာဇ် တစ်ခုအသစ်ပြောင်းတော့မယ်။
ကျနော့်ချစ်ရတဲ့မိတ်ဆွေတွေ...ကျနော့်ကို ချစ်ကြသူတွေကော....မနှစ်သက်ကြသူတွေကော အားလုံးကို
ကိုယ်စိတ်နှစ်ဖြာကျန်းမာရွှင်လန်းပြီး နှစ်သစ်မှာလိုရာဆန္ဒအားလုံးပြည့်ဝကြစေဖို့ ဆုတောင်းလိုက်ပါတယ်။
ဲ့

Monday 18 March 2013

ဦးခိုက်ဖူးမျော်ေ၇ွှစက်တော်

ေ၇ွှစက်တော် မေ၇ာက်တာအနှစ်၂၀လောက်ကြာခဲ့ပါပြီ...ယခုတဖန်ပြန်ေ၇ာက်ခဲ့ပြန်ပါပြီ။တိုးတက်ပါတယ်
  လို့ပြောရမလောက်အောင် ဘုရားဖူးတွေအလွန်များလို့ တည်းခိုဖို့အတွက်ဝါးတဲတွေဟာ အလွန်အမင်း
များလာပါတယ်.....ဘေးပါတ်ဝင်းကျင်ကြည့်တော့ တောတောင်တွေဟာ တောင်ကတုံးတွေဖြစ်လို့ စည်း
မဲ့ကမ်းမဲ့ ထင်းခုတ်မှုတွေကြောင့် ဂေဟစနစ်တွေလည်းပျက်ဆီးလာပါတယ်။ ဘုရားပွဲအတွက် ၀ါးလုံးေ၇
သုံးလေးသိန်းနီးပါး သုံးခဲ့တယ်လို့သိရပါတယ်....
အေးမြကြည်လင်စွာစီးဆင်းနေတဲ့ မန်းချောင်းေ၇ကတော့ ဒူးမြုတ်တယ်ဆိုရုံပါ...ဟိုးယခင်ကာလတွေကို
သတိရတမ်းတ မိတော့...ခါးလောက်ရှိတဲ့ေ၇အနက်နဲ့ေ၇စီးကလည်းမြန်ပါတယ်....အထက်စက်တော်ရာ
ကိုတက်တော့ ပါတ်ဝင်းကျင်ကစိမ်းစိုလို့ ညဘက်ဆို ဒေါ်မာမာအေးသီချင်းသံက တိုက်ခတ်လာတဲ့နွေလေ
အေးနဲ့ အတူစီးမျောလို့။
ခတ်တွေကပြောင်းတာ့ စနစ်တွေကလည်းပြောင်းတယ်ပေါ့ ယခင်ကေ၇ွှစက်တော်သွားဖို့ ပြည်ကနေတ
ဘက်ကမ်းဆင်တဲကနေ သွားရတယ်အခုတော့ အဝေပြေး လမ်းမကြီးမိုင်တိုင် ၂၂၀ကနေ နေပြည်တော်
တောင်ညို ဖြတ်လမ်းဘက်ကသွားပါတယ်...မကွေးမြသလွန်စေတီတော်ကို အရင်ဖူးရပါတယ်။ အဲဒီက
တဆင့် စက္ကိန်းတဲစေတီ၊နဂါးပွက်တောင်၊ကျောင်းတော်ရာစေတီတို့ကိုဖူးပြီးေ၇ွှစက်တော်ကိုေ၇ာက်တယ်။
  ခတ်မှီလာတဲ့ အကောင်းစားအဝေးပြေးယာဉ်ကြီးတွေ ရှိလာပေမယ့် မိုးမများဘဲ ပြင်ဆင်မပြီးနိုင်တဲ့ အဲဒီ
ဒေသဘက်က တံတားကြီးငယ်တွေကတော့ အစဉ်အဆက် လက်ဆင့်ကမ်းအမွေတွေလိုပါ။ တံတားတွေပြင်နေလို့ ဘေးကသွားရတဲ့ ဘေလီသံဘောင်တံတားတွေကလည်း ခိုင်ခံမှု အာမမခံနိုင်လေ
တော့ ကိုယ်အသက်ကိုတန်ဖိုးထားလို့ လမ်းဆင်းလျှောက်ကြရပါတယ်။ လမ်းတလျှောက် တဖက်နိုင်ငံကို
ပို့တဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကလည်းအားရစ၇ာ..ပိုက်လိုင်းဖြတ်တဲ့ရွာလေးတွေကတော့အ
မှောင်ထဲမှာဘဲ ကျင်လည်နေသားကျလို့......
ေ၇ွှစက်တော်မှာပြောချင်တာက မြတ်စွာဘုရားခြေတော်ရာအစုံကိုဖူးဖို့ အတွက်အနယ်နယ်အရပ်ရပ်ကဘု
ရားဖူးတွေ လာကြတဲ့ဘုရားပွဲဖြစ်ပါတယ်....ချောင်းထဲမှာေ၇ချိုးဖို့သတ်သတ်လုပ်တဲ့ပွဲမဟုတ်ပါ။ အရက်သေ
စာသောက်စားမူးယစ်ပြီး ဂစ်တာတီးဆူညံနေတဲ့ သူတွေကိုလဲတွေ့ရပါတယ်။ဘုရားဖူးဖို့လာပြီး ညလုံးပေါက်
အရက်သောက် မနက်ချောင်ထဲေ၇ချိုးပြီးေ၇နစ်သေတဲ့ သူလဲရှိခဲ့တယ်။အရက်သေစာမသောက်ရလို့ ဆိုင်း
ဘုတ်ထောင်ထားရုံနဲ့မပြီးပါဘူး လိုက်နာဖို့လိုသလို ကြပ်ကြပ်မတ်မတ်ထိန်းသိန်းဖို့လိုပါတယ်။
ေ၇ွှစက်တော်ဘုရားပွဲဟာ ကျိုက်ထီးရိုးဘုရားပွဲပြီးရင် ဒုတိယလေလံကြေးအမြင့်ဆုံးဘုရားပွဲလို့သိခဲ့ပါတယ်။
မနက်အာရုံတက်မှာ တဲကျောင်းတွေကြားကနေ အာရုံဆွမ်းအလှုခံတဲ့ သံဃာတွေအပါးရာချီရှိပါတယ်။၇ရှိ
တဲ့ ဆွမ်းတွေကိုကျောင်းမှာနေချောက်လှမ်းပြီး မိုးအခါမန်းချောင်းေ၇ကြီးလို့ ဆွမ်းခံထွက်မရတဲ့ အခါမှာ
ဆွမ်းအတွက် ပြန်သုံးကြပါတယ်။အချို့သောအခြောက်ထားလို့ရတဲ့ ဆွမ်းဟင်းတွေကိုလည်းအခြောက်ခံပြီး
သိမ်းထားတယ်လို့ဆိုပါတယ်။ ၀တ္တုငွေ လှူချင်ရင်လည်း ၅၀၊၁၀၀၊၂၀၀ တန်တွေကို ၁၀၀၀၀ဖိုးလဲရင်၉၀၀၀
နှုန်းနဲ့ တဲတွေအထိအကြွေလာလဲပေးတဲ့သူတွေရှိပါတယ်။ဆွမ်းကွမ်း အတွက်တကယ်လိုအပ်တဲ့နေရာမှာ
လှူရတာတကယ့်ကို ကုသိုလ်ပီတိဖြစ်ရပါတယ်။
ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်းအားလုံး ဖူးမျော်ဖို့ ရိုက်ကူးလာတဲ့ပုံတွေ တင်ဆက်လိုက်ပါတယ်။















                                                အထက်ခြေတော်ရာ

                                                   အောက်ခြေတော်ရာ















                                                  



                                                     အရေးကြီးပုဂ္ဂိုလ်များအတွက်

                                                              





                                                       


                                                                

                                                             

                                             ဘောေ၇ာင်းသူများ

                                      အကြောပြင်သူတွေ (တစ်နာရီ ၂၀၀၀)

                                            အာရုံဆွမ်းပွဲတွေ

                                   ဒေသထွက် မျစ်ခြောက်၊ချဉ်ပေါင်ခြောက်၊အခြောက်စုံ

                                                  

                                                      













Sunday 3 February 2013

မိုင်တိုင်၂၀


















(မည်သူမဆို ရှည်လျားသော ဘ၀တစ်ခုကို ဖြတ်သန်းကြရာတွင် မိုင်တိုင်းပေါင်းများစွာ ရှိခဲ့ကြမည်မှာ
  မလွဲဧကန်ပင်။ ဖြတ်သန်းခဲ့ပြီးသော မိုင်တိုင်များစွာတွင် အချို.သည် အမှတ်တမဲ့မျှဖြင့် မေ့မေ့လျော့
လျော့နှင့် ကွယ်ပျောက်သွားတတ်ကြပြီး၊ အချို.သည်အထင်ကရ ဖြစ် ဘ၀တွင်ထင်ထင်ရှားရှား ကဗ္ဗည်း
တွင် ကျန်ရစ်နေတတ်ကြသည်။)

အထက်ပါစာပိုဒ်လေးကတော့  မိုင်တိုင်၂၀ စာအုပ်ကို ထုတ်ဝေသည့် စာေ၇းသူ ဘလော့ဂါ အိန်ဂျယ်လှိုင်
ေ၇းသည့် အမှာစာမှ ပထမဆုံးအပိုဒ်ပင်ဖြစ်သည်။ ကျနော်နှစ်သက်သောစာပိုဒ်ဆိုလျှင်လည်း မှန်ပါသည်။
အွန်လိုင်းတွင်စာေ၇းသည် ဟုပြောလျှင်အချို.သောသူတွေက ဝေဖန်သည် အထင်သေးကြသည်။ယခုစာ
အုပ်တွင် အွန်လိုင်းစာေ၇းဆရာ များေ၇းသော ၀တ္တုတိုများကတော့ သူတို့အစွမ်းနှင်သူတို့ေ၇းသည့်စာတွေ
ကဖတ်ချင်စဖွယ်ဖြစ်ခဲ့၏။
ကျနော် အခုစာအုပ်အတွက်အေ၇ာင်းမြှင့်တင်ခြင်းမဟုတ်ပါ၊ ကိုယ်တိုင်လည်းယခုစာအုပ်ကို ပြီးဆုံးအောင်
မဖတ်နိုင်သေးပါ။ ကျနော်စာဖတ်လွန်စွာနှေး၏ ထိုအကြောင်းအရာကိုလည်း လွန်ခဲ့သောနှစ်အတန်ကြာက
ကျနော့်အတွက်ခွန်အားတွေဖြစ်စေခဲ့သော စာများကိုေ၇းသားသူ တစ်ဦးထံတွင်ဖွင့်ဟ၀န်ခံခဲ့ဘူး၏။
ထပ်ပြောရလျှင် အမိနိုင်ငံနှင့်ဝေးကွာသည့် နေ့ရက်အချိန်များသည် စိတ်ခံစားမှု များကိုလွန်စွာဖြစ်စေခဲ့၏။
လွမ်ဆွတ်တမ်းတမှုများနှင့်အတူ ဝေးမှသိသည့် ဆာလောင်မွတ်သိပ်မှုများ ဆိုသည့် အရသာများကို ခံစား
သိရှိ နားလည်ခဲ့ရ၏။
  ကိုယ့်အကြောင်းနဲ့ကိုယ် နိုင်ငံရပ်ခြားတွင်ေ၇ာက်ရှိနေထိုင် အလုပ်လုပ်ကိုင်ကြရင်း ရင်တွင်းဖြစ်ဝါသနာ
နှင့် ခံစားမှုတွေကို ထုတ်ဖေါ်ေ၇းသားသော အွန်လိုင်းဘလော့ဂါ များကို လေးစားမိခြင်းကြောင့် မိုင်တိုင်
၂၀ ကိုအားပေးမိပါသည်ဟု ပြောရင်လည်းရပါသည်။
မည်သည့်နိုင်ငံေ၇ာက်ရှိနေသည်ဖြစ်စေ အေ၇ှ့ပင်ဖြစ်စေ၊အနောက်ပင်ဖြစ်စေ မိမိမြန်မာနိုင်ငံသားဆိုလျှင်
အားပေးကူညီရိုင်းပင်းဖို့ လိုအပ်ပါသည်ဟုဒီနေရာမှပြောချင်ပါ၏။ နိုင်ငံတစ်ခုေ၇ာက်ရှိဖို့ ကိုယ့် ဘ၀နှင့်
ကိုယ်အကြောင်းအရာများကို ခေတ္တမေ့ထားပြီး အရင်းပြုထားသူတွေလည်းရှိနေပါသည်ဟုကျနော်ပြော
ပြလိုပါသည်။ဒေါင်ကျကျပြားကျကျ အထီးသတ္တ၀ါတွေထက် အမသတ္တ၀ါများမှာမှု ဘ၀နှင့် အချို.ရင်းခဲ့
ကြပါသည်။ ပြေလည်မှုလမ်းလျှောက်ကြရသလို စမ်းတ၀ါးဝါးနှင့်ပြေလည်ဖို့လည်းကြိုးစားနေဆဲရှိကြပါ
သည်။ ထို့ကြောင့် စိတ်ဆန္ဒအပေါ်ယံတစ်ခုအတွက် သူတို့၏လမ်းကိုပိတ်ဆို့တားဆီးဖို့ မပြုလုပ်သင့်ပါ
ဟု ဆန္ဒပြုအပ်ပါသည်။
မကြေလည်သောအရာများ၊ မခံစားနိုင်သော ဒေါသများရှိနေပါကလည်း၊ပြေလည်ဖို့ရာတွေးတောရင်း
သင်းပုန်းချေနိုင်ကြပါစေဟု မေတ္တာေ၇ှ့ထားအပ်ပါသည်။
ကျနော်သည်လည်း လူထဲမှလူတစ်ဦးဖြစ်ပါသည်..မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်နစ်နာလိုခြင်း
မရှိပါ..မိမိကိုယ်တိုင်အမှားတွေလုပ်ဖူးသလို ကြုံခဲ့ရသောသင်ခန်းစာဗဟုသုတနည်းနာ များအပေါ်မှီတည်
ပြီး၊ အထက်ပါစာစုကိုေ၇းသားမိပါသည်။ သဘောထားလွတ်လပ်စွာကွဲပြားနိုင်ပါသည်ဟုလည်းပြောကြားအပ်
ပါသည်။
မည်သို့ပင်ဆိုစေကာမူ ကျနော်သည် အထက်ပါ မိုင်တိုင်၂၀ ဟုအမည်ရှိသောစာအုပ်လေးဝယ်မိ၏။
မကြာခဏဆိုသလို ထုတ်ဝေသူ အိန်ဂျယ်လှိုင်၏ ကဗျာနှင့်စာများကိုဖတ်မိ၏ သူ၏အေ၇းအသားများသည်
အွန်လိုင်းတွင်ေ၇းနေစေကာမူ လက်ခံနိုင်စွမ်း၊ ဘမ်းစကားဖြင့်ပြောရလျှင် ဟတ်ထိပါ၏။
ထိုစာအုပ်တွင်ပါဝင်သော အွန်လိုင်းစာေ၇းသူများအား ဦးညွတ်ပါ၏၊ သူတို့၏လိုရာဆန္ဒအားလုံးပြည့်စုံပါစေ
ကြောင်းဆုမွန်ကောင်းတောင်းရင်း၊
နိုင်ငံရပ်ခြားေ၇ာက်ရှိကုန်ကြသော၊အွန်လိုင်းတွင် စာေ၇းသားနေကြသော၊ပြီးပြည့်စုံသောဘ၀တစ်ခု ထူ
ထောင်ဖို့ ကြိုးစားနေကြသူအားလုံး လိုရာဆန္ဒတစ်လုံးတစ်ဝဖြင့် ပြည့်ဝကြပါစေကြောင်းဆုတောင်းရင်း
နိဂုံးချုပ်အပ်ပါသည်။

Thursday 31 January 2013

ကျိုက်ထီးရိုး

ဆံတော်ရှင်ကျိုက်ထီး၇ိုး စေတီတော်ကိုဖူးဖို့ အခွင့်ကြုံခဲ့ပြန်ပါပြီ..ဒီတစ်ခါတော့ လူနည်းစု နဲ့သွားဖြစ်ခဲ့တယ်။ သွားတဲ့ညက နောက်တစ်နေ့ဆို ရုံးပိတ်ရက်နဲ့ တိုက်နေတော့ လမ်းမှာကားတွေအလွန်
အမင်းကြပ်မှာစိုးတဲ့အတွက် ည၉နာရီလောက်တည်းကထွက်လာခဲ့တယ်။ ဒါတောင်လမ်းမှာ ဘုရားဖူးကား
ကြီးကားငယ်အသွယ်သွယ် ကိုကျော် ဖြတ်ပြီး မောင်းခဲ့လို့ မနက် ၁နာရီကတည်းက ကင်ပွန်းစခန်းကိုရောက် ခဲ့ ပါတယ်။မနက်၆နာရီမှ တောင်တက်ကားတွေ ထွက်မယ်လို့ကြေငြာ ထားပေမယ့် ဘုရားဖူးတွေများလွန်းလို့ မနက်၃နာရီခွဲလောက်တည်းက ဂိတ်ကနေလွတ်ပေးပါတယ်။ရင်ပြင်
ပေါ်ထိတက်တဲ့ကားဖြစ်လို့ကြောက်စိတ်တော့ဝင်မိပါတယ်။ ကားေ၇ှ့ခန်းကနေစီးရင် အမည်နဲ့ နေရပ်လိပ်စာကိုအတိအကျပေးရပါတယ်။ နောက်ခန်းကတော့ တစ်တန်းကို ၇ယောက်တင်ပါတယ်။ ထိုင်ခုံမှာမထိုင်ဘဲ မိဘချီထားတဲ့ကလေးတွေကိုပါ ကားခတောင်းတာကိုလဲသိခဲ့ရပါတယ်။ ဒီလိုနဲ့ ဘုရားစာရွတ်ပြီးမတ်စောက်တဲ့တောင် တွေကိုကျော်ဖြတ်လို့
ရင်ပြင်တော်ပေါ်ကို မနက်၅နာရီမှာေ၇ာက်ခဲ့ပါတယ်။ တည်းခိုခန်းတွေ စုံစမ်းတော့ ၅ယောက်ခန်းကို ၉သောင်း၊ တစ်သိန်း၂သောင်းစသည်ဖြင့် အဆမတန် ဈေးတွေဖြစ်နေတယ်။လူကျပ်ချိန်ဖြစ်လို့ သူတို့တောင်းတဲ့ဈေးကိုပေး ဒါတောင်တချို.ဆိုမနက်မှအခန်းရမှာဖြစ်လို့ထိုင်စောင့်ကြတယ်။မနက်ကျတော့
ဘုရားဦးချ မေတ္တာပို့အမျှဝေပြီး ဓါတ်ပုံရိုက်ဖို့စပါတော့တယ်။ ဘုရားဖူးတွေကလဲ တဖြည်းဖြည်းများလာပြီး
ရင်ပြင်တစ်ခုလုံးပြည့်လာပါတယ်။ အခမဲ့တည်းခွင့်ပေးတဲ့ဓမ္မာရုံတွေမှာလည်း နေရာမရှိတော့ပါဘူး။ ဘုရား
ေ၇ွှသင်္ကန်းကပ်ဖို့ကိုတောင်လူများလွန်းလို့ တန်းစီရတဲ့အထိပါ။ မနက်၁၀နာရီလောက်ကျတော့ မုဆိုးတောင်နဲ့ ကျီးကန်းပါးစပ်ဘက်ကို သွားပြီးပါတ်ဝန်းကျင်လေ့လာတယ် လမ်းတစ်လျှောက် ဈေးဆိုင်
ဈေးသည်တွေကလည်းအများသား တောကောင်သားတွေ တောင်ဆိတ်ဆီတွေကလည်းပေါမှပေါ စစ်
မစစ်ကတော့ မပြောတတ်ဘူးပေါ့ဗျာ..ကျီးကန်းပါးစပ်ေ၇ာက်တော့ ရှာပါးနေတဲ့ ကျပ်စေ့ငါးမူးစေ့ အကြွေ
ကို ပိုပေးရတဲ့ဈေးနဲ့ လဲပြီး ကျီးကန်းပါးစပ်ထဲပြစ်ကြပေါ့ ဆုတောင်းပြည့်တယ်ဆိုပါတယ်။ အဲဒီကနေ
ေ၇ှ့ဆက်တော့ေ၇တံခွန်သို့ ဆိုပြီးဗီနိုင်းနဲ့ ကြော်ငြာကပ်ထားတဲ့ဆိုင်ကိုတွေ့ရတယ်။သူ့ဆိုင်ကို လူလာဖို့
မုသားသုံးပြီးလူခေါ်ပါတယ်။ဆိုင်ထဲေ၇ာက်မှေ၇တံခွန်ဆိုတာကို မမြင်ရဘဲ အပင်တွေအုပ်ဆိုင်းနေတဲ့နေ
ရာကို လက်ညှိုးထိုးပြီးေ၇တံခွန်ကိုသွားဖို့ အသွားအပြန်၃နာရီလောက်ကြာတယ်လို့ပြောပါတယ်။ အဲဒီကနေ
ရင်ပြင်တော်ပေါ်ကိုပြန်ေ၇ာက်ပြီး အခန်းမှာခဏအိပ်ညနေမှ အပြင်ပြန်ထွက်တယ်။ ညနေပိုင်းရင်ပြင်တော်
ပေါ်မှာ ပြည့်ညှပ်နေတဲ့ ဘုရားဖူးတွေက ညအိပ်ဖို့ အတွက်ဖျာကြမ်းတွေခင်း လမ်းဝယ်လာတဲ့ တောင်ဝှေးတွေနဲ့ အအေးဒဏ်သက်သာဖို့ ခြင်ထောင် ထောင်ဖို့ အတွက်မြန်မာ့ နည်းမြန်မာ့ဟန်နဲ့ ပြင်နေကြပါပြီ။ တချို.မိသားစုတွေဆိုရင် တောင်ချေကနေ လမ်းလျှောက်တက်ကြပါတယ်သက်ကြီးရွယ်အိုတွေလဲပါကြပါတယ်။နို့စို.လသားကလေးတွေလည်းပါလို့
သူတို့က နှစ်တိုင်း လာကြပါတယ်တဲ့ ညမအိပ်ဘဲဘုရားဖူးပြီး တောင်ချေကိုပြန်ဆင်းသွားတဲ့သူတွေလည်း
ရှိပါတယ်။နောက်တစ်နေ့မနက်မှာ ကျနော်တို့လည်းမနက်၉နာရီလောက် ဘု၇ားရင်ပြင်ကနေပြန်ဆင်းခဲ့
ပါတယ်။အပြန် လည်းအသွားလိုပါဘဲ အလုအယက်ကားကိုတက်ကြရပါတယ်။ တန်းစီဖို့ ကိစ္စအဆင်မပြေတဲ့ ကျနော်တို့ နိုင်ငံကတော့ ဒီပုံစံနဲ့သာအသားကျနေတာပေါ့ လေ။ရင်ပြင်တော်ပေါ်ထိ
ကားတွေ ဆွဲပေးလို့ ဘုရားဖူးတွေ စိတ်ချမ်းသာ ကြတာတွေကလည်းကောင်းလှပါတယ်။ လမ်းတွေလည်း
အရင်ထက် ကောင်းပါတယ်။အဆင်းလမ်းတ၀က် မှာ အတက်ကားတွေကိုစောင့်ရတဲ့အချိန် အနည်းငယ်
ရှိလို့ အချိန်မပေးနိုင်ကြရင်တော့ မနက်စောစော တောင်းပေါ်ကဆင်းဖို့ လိုပါမယ်။နေပူလည်းသက်သာတာပေါ့။ အထမ်းသမား အချို.နဲ့ ဈေးသည်တွေက တော်ပေါ်ထိကားတွေတက်နေလို့ သူတို့ ဈေးမေ၇ာင်းရဘူး စီးပွားေ၇းအဆင်
မပြေဘူးဆိုပေမယ့် ရပ်ဝေးရပ်နီးက ဘုရားဖူးတွေ အဆင်ပြေစွာ ဘုရားဖူးနိုင်တာက မုဒိတာပွားစရာမ
ဟုတ်ဘူးလားဗျာ...ကျနော်နဲ့ စကားပြောဖြစ်တဲ့ အထမ်းသမားတစ်ဦးကတော့ ငွေအရ နည်းပေမယ့်
တောင်ပေါ်ကိုအခုလို ကားတွေပြေးလို့ သူ့အနေနဲ့ပြောရရင်ပျော်ပါတယ် လမ်းဖေါက်တော့လည်းသူလုပ်
အားပေးခဲ့သေးတယ်ဆိုပါတယ်။ ကုသိုလ်အတွက်ဘဲကြည့်ပါ အကုသိုလ် မဖြစ်ပါစေနဲ့တဲ့။ လူတိုင်းကား
နဲ့တက်နေကြတာမဟုတ်ပါဘူး အချို.ကလည်းလမ်းတ၀က်ကနေလမ်းလျှောက်ကြတာပါ။အထမ်းနဲ့တက်
သူတွေလည်းရှိနေဆဲပါ။ 
တစ်လောကအင်တာနက်မှာ ရင်ပြင်ပေါ်မှာ ကြိမ်လုံးကိုင်ပြီး စည်းကမ်းထိန်းသိမ်းနေတဲ့ဦးဇင်းကိုလည်းတွေ့
ခဲ့ပါတယ်။ဦးဇင်းက အခုလိုမိန့်ပါတယ် ညဘက်ရင်ပြင်တော်ပေါ်မှာစုံတွဲတွေ၊ဂစ်တာတီးသူတွေ၊မပေါ့တပေါ်
ဝတ်သူတွေကို အတော်များလာကြောင်းအခုလိုကိစ္စတွေကို ထိန်သိမ်းဖို့ တာဝန်ရှိကြောင်း၊နိုင်ငံခြားသားတွေတောင် ချေအိတ်မ၀တ်ဘဲ သွားနေတာကိုတောင် စာတွေေ၇းထားပါရက်နဲ့ အခုလို ဖြစ်ချင်တိုင်းဖြစ်နေတဲ့အတွက် လုပ်ရခြင်းဖြစ်တယ်လို့မိန့်ပါတယ်။
လူတွေကလည်းအခက်သားဗျာ...ဘုန်းကြီးကနာအောင်မရိုက်ပါဘူး ထိတယ်ဆိုရုံဆတ်ဆတ်လေးပါ။
ဘာသာတရားအရ ဆင်ဆင်ချင်ချင်နေသင့်ပါတယ်။စည်းကမ်းလိုက်နာဖို့လဲလိုအပ်ပါတယ်။အခုဆိုရင်
လမ်းတွေကလည်းကောင်းနေပါပြီ၊စစ်တောင်းတံတားအသစ်ဘက်ကမောင်းရင်လည်းအချိန်သက်သာနေပါပြီ။
ကျနော့်မိတ်ဆွေ များလည်း အချိန်ရမယ်ဆိုရင်သွားေ၇ာက်ဖူးမျှော်ဖို့ တိုက်တွန်းပါတယ်။တစ်ခုရှိတာကဇန်န
ဝါရီ၂၅ တည်းက ၃နှစ်တကြိမ်ပြုလုပ်တဲ့ လုံးတော်ပြည့်ေ၇ွှသင်္ကန်းကပ်လှုဖို့အတွက် စေတီတစ်ဆူလုံး အကာအရံများပြုလုပ်ထား တယ်ဆိုတာပါ။ ကျနော်ရိုက်ခဲ့တဲ့ ပုံတွေကိုမျှဝေလိုက်ပါတယ်။













မုဆိုးတောင်












































Monday 21 January 2013

ကမ်းခြေမှာခဏတာ


နှစ်မကုန်ခင်မှာ ကမ်ခြေ ကိုသွားဖို့အကြောင်းဖန်လာတာနဲ့ေ၇ာက်ခဲ့ပြန်ပါတယ်.....လမ်းတွေကောင်း
လာတယ်..ကမ်းခြေမှာ တိုးတက်မှုပြယုဒ်အချို.တွေကတော့ရှိလာပါတယ်..နှစ်ကူးခါနီးဆိုတော့ လူလည်း
စည်တဲ့အချိန်ဖြစ်နေပါတယ်။ ထုံးစံအတိုင်း ၀မ်းေ၇းအတွက် ဈေးေ၇ာင်းသူ ကလေးငယ်တွေနဲ့ အမောင်း
ကြမ်းတဲ့ဆိုင်ကယ် ကယ်ရီတွေ ကလည်းအများသား ၊ အေးဆေးစွာနေလိုတဲ့ နိုင်ငံခြားသားဧည့်သည်တွေ
ကတော့ ချောင်းသာကမ်းခြေမှာသိပ်မရှိဘဲ၊ ကျောက်မောင်နှမ သွားတဲ့လမ်းဘက်ကေ၇ပြာပြာအနက်ပိုင်း
ကမ်းခြေမှာ အနာက်တိုင်းဆန်ဆန် ရှိနေတာကိုတွေ့ခဲ့ပါတယ်။
နေ့လည်၂နာရီလောက်မှာတော့ ပုသိမ်-ချောင်းသာသွားတဲ့ခရီးသည်တင်မှန်လုံယာဉ်တံတားဘေးကျတဲ့
သတင်း ၀င်လာပြီး ချောင်းသာက မြို.ခံတွေထူထောင်ထားတဲ့ လူနာတင်ယာဉ်သွားတာကိုလည်း တွေ့ရ
တယ်။ တစ်ဦးသေဆုံးပြီး ခရီးသည်အချို.ဒဏ်ရာရတယ်လို့ပြောပါတယ်။
မိတ်ဆွေ ညီငယ်၇ဲ့ကူညီမှုနဲ့ သူ့ အိမ်နဲ့အဆက်သွယ်ရလို့ ကမ်းခြေမှာလိုအပ်တာ ကိုကူညီဖို့ပြောပေမယ့်
လည်း အချိန်မလောက်ငမှုနဲ့မတွေ့ ဖြစ်ပါဘူး...နယ်သူနယ်သားတွေ၇ဲ့ ဧည့်ဝတ်ကြေမှု ကိုကျေးဇူးတင်ပါ
ကြောင်း ဒီနေရာကဆိုပါရစေ။
ချောင်းသာမြို.လေးမှာ သတင်းကောင်းတစ်ခုက နှစ်လုံးထီနဲ့ချဲထီကိုတင်းကျပ်
စွာနှိမ်နင်းထားလို့ ပြောရ
ရင်ထိုးစရာဒိုင်မရှိလို့ နွမ်းပါးသူ ဈေးေ၇ာင်းသူတွေဟာ မိမိတို့၇ဲ့ လုပ်အားခကို စုမိဆောင်းမိကြကြောင်း
ဘောလုံးပွဲကတော့ အနည်းငယ်ရှိကြောင်း သိခဲ့ရတယ်။
ကမ်းခြေ မှာအိပ်စက်ခြင်းမပြုခဲ့ဘဲ နေ၀င်ချိန်မှာ မြို.ရန်ကုန်ကိုလှမ်းခဲ့ပါတော့တယ်။


























Related Posts Plugin for WordPress, Blogger...