Thursday 30 December 2010

သို့ ၂၀၁၁ မှ၂၀၁၀


မကြာခင်မှာဘာလိုလိုနဲ့ ၂၀၁၁ခုနှစ် ဆိုတဲ့နှစ်တစ်နှစ် ကိုကူးပြောင်းတော့မယ်...။
ဒီဇင်ဘာ၂၀၁၀ရဲ့ နောက်ဆုံးလ....ရာသီဥတုကလည်း ဒီနှစ်ပိုအေးပါတယ်တဲ့......လက်ရှိ
နေတဲ့ အရပ် ပါတ်ဝင်းကျင်က အဖြူရောင်တွေကြီးစိုးလို့ နေပါတယ်..နှင်းတွေကျထားလို့လေ..
ကျနော်တို့၂၀၁၀ မှာဘယ်လိုအကျိုးအမြတ်တွေရရှိခဲ့ပါသလဲ...ဘယ်လိုအတွေ့အကြုံ တွေ ရရှိ ခဲ့သလဲ
မေးစရာတွေတွေးစရာတွေ.......ကျနော်တို့ဘာပြောရမလဲ......လောကကြီးမှာ အားလုံးကောင်းဖို့ဆိုတာမဖြစ်နိုင်သလို..အဆိုးတွေကိုလဲဝေမျှခံစား ဖို့ဆိုတာ ကတော့ဖြစ်သမျှကို
ရင်ဆိုင်လိုက်ယုံဘဲလို့ ပြောရုံနဲ့ပြီးမှာလား.....ဖြစ်ချင်တာတွေလဲ မဖြစ်သလို..မဖြစ်ချင်တာတွေကလည်း ဖြစ်ချင်ဖြစ်လာတာပါဘဲ..တရားဓမ္မ အဆုံးအမနဲ့ နှလုံးသွင်း
ပြီး စိတ်အေးချမ်းသာဖို့ ဆိုတာကို လက်တွေ့ လုပ်ယူဖို့က ကိုယ်တိုင်ကိုယ်ကျအသိစိတ်နဲ့ လုပ်ယူမှ
ဖြစ်မှာပါလေ.....
သက္ကရာဇ် ကသူဘာသာသူနေတာပါ..ဘယ်သူ့ကိုမှရန်မရှာဘူး..ဘယ်သူတွေဘာဖြစ်စေ....ဘယ်
သူဘယ်ဝါတွေ ညာဖြစ်စေမပြောဘူး....တနှစ်သူ့ဘာသာသူပြောင်းသွားတာပါ..လူတွေကသာ...
မနှစ်ကပေါ့...ဟိုတနှစ်ကလေ..၂၀၁၀တုန်းကအစရှိသဖြင့် ကောင်းတာတွေကော ဆိုးတာတွေပါ..
သက္ကရာဇ်ကိုဆွဲထည့်ကြတာပါ....
၂၀၁၀ မရောက်ခင်က ပြောကြတယ်၂၀၁၀ေ၇ာက်ရင်ဘာဖြစ်မှာတဲ့.....ဘာပွဲတွေပြီးရင်.....
ဘာတွေဖြစ်မှာတဲ့ စုံနေအောင်ပြောကြ....လူတွေမှာ..ဟိုဟာလုပ်ရနိုးနိုး..ဒီဟာကောင်းနိုးနိုး..အမျိုး
မျိုးတွေကို..စုံနေအောင်တွေ့ကြုံရတယ်.....တွက်ချေကိုက်အောင်လုပ်ကြတယ်..တွက်ချေမကိုက်
တော့ သည်းချေခိုက်ပြီး ရူးမတတ်ခံစားကြ၇တယ်..အချို.လည်းဝိဥာဉ် ပျောက်ကြတယ်.....
ဘ၀ကူးလေးကောင်းအောင်....လက်ရှိမှာအဆင်ပြေအောင်....ဗေဒင်ကိန်းခန်းတွေကြည့်..ယတြယာ
ချေလိုချေ။ ထီလေးပေါက်ရင် အကျပ်အတည်းကလွတ်ပြီဆိုပြီး ကံကိုယုံကြ....ဆူးပုံမနင်းနဲ့ ဆိုတာတောင်..နင်းချင်သေး.....ထွက်ပေါက်မတွေ့လို့..ဒီသံသရာထဲမှာ..နေကြရသူတွေအဖို့စိတ်အေး
ချမ်းသာရှိဖို့ ဆိုတာ.....ဘယ်လိုရှိကြမလဲ...သူ့ဟာနဲ့သူ....သူ့အပြစ်နဲ့သူ..သူ့အကြောင်းနဲ့သူ လို့သာ
ပြောလိုက်တော့မယ်.....ကဲလာမယ့်၂၀၁၁...မင်းဘက်ကိုတစ်ခါလှည့်ပြောလိုက်မယ်.....မင်းတာဝန်
ရှိတဲ့အချိန်..ငါ.တို့ နိုင်ငံသူနိုင်ငံသားတွေ...ေ၇လိုအေးပြီး..ပန်းလိုမွှေးအောင်....ကပ်ကြီးသုံးပါးကလွပ်
ကင်းအောင်....ရန်သူမျိုးငါးပါးဘေးမှကင်းဝေးအောင်..ရှင်းအောင်ပြောလိုက်မယ်....
မရှိသတင်း..မကောင်းသတင်းနားမှလေသံ မကြားရအောင်..မျှမျှတတနဲ့လူသားအားလုံးကိုစိတ်အေး
ချမ်းသာစွာနေနိုင်အောင်ကြိုးစားပြီးလုပ်ပေးလိုက်ပါ.......

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...