Tuesday 7 December 2010

ကုသိုလ်စိတ်






ဒီအပါတ် တနင်္ဂနွေ ကတော့ဟိုဟိုဒီဒီမသွားဖြစ်ပေမယ့်
ကျနော်တို့နေထိုင်ရာ နိုင်ငံကိုကြွရောက်လာတဲ့ ဆရာတော်ဓမ္မဒူတ အရှင်ဆေကိန္ဒ ဆရာတော်
ရဲ.တရားပွဲကိုတော့ဖြင့် ရောက်အောင်သွားမယ်..လို့စိတ်ထဲရှိခဲ့ပါတယ်.......
နေ့တစ်လူ..အပူသောကတွေနဲ့ လုံးချာလည်လိုက်နေတဲ့ စိတ်တွေဟာ ဆရာတော်ရဲ.တရားတော်
ကိုနာလိုက်ရတာနဲ့ အေးချမ်းခဲ့ပါတယ်.....
တရားနာပရိတ်သတ်များလှပါတယ်......ဆရာတော်ဟာဒီဇင်ဘာ၎ရက်နေ့ ကကြွရောက်ခဲ့ပြီး
ဒီဇင်ဘာ၅ရက်နေ့လည်မှာတရားဟောကြားတော်မူပြီး ညပိုင်းမှာမြန်မာနိုင်ငံကို ပြန်လည်ကြွချီ
သွားပါတယ်.....ကျနော်ဒီနိုင်ငံမှာအရှင်ဆေကိန္ဒ တရားပွဲကို ၃ကြိမ်တိုင် နာခဲ့ပြီးပါပြီ.....ဆရာတော်
ဟောကြားခဲ့တဲ့ မြတ်စွာဘုရားရဲ့အဆုံး အမ တွေဟာ အင်မတန်မှ တန် ဖိုးရှိလှပါတယ်......
ဒီိတစ်ခါဟောကြား ခဲ့တဲ့ တရားတော်ကတော့ “ မ တူ ပေ မယ့် တူ ပါ တယ်” ဆိုတဲ့ တရားတော်ပါ။
တရားကိုတစ်ထိုင်တည်းနာပြီး သောတပန် မဖြစ်ခဲ့ပေမယ့်........“ကုသိုလ်စိတ်”တွေများစွာ ဖြစ်
ခဲ့ရပါတယ်.....ဆရာတော်ဘုရားသက်တော်ရာကျော် ရှည်ပြီး သာသနာ့အကျိုးမြောက်များစွာ
သယ်ပိုးနိုင်ပါစေလို့ တပည့် တော် ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ဘု၇ား....။

1 comment:

  1. ဘုရားပုံတော်ကို ညီမ ဘလော့မှာတင်ချင်လို့ ယူသုံးခွင့်ပြုစေချင်ပါတယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...