Tuesday 30 October 2012

ကုသိုလ်ယနေ့

မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပေါ့ဗျာ....ဒီလိုအခါကြီးရက်ကြီးကို ကိုယ့်ပြည်ကိုယ့်မြေမှာမဆင်နွဲရတာ နှစ်အတော်
ကြာခဲ့ပြီပေါ့....အဝေးကနေပြီး လွမ်းသလိုအားမရသလို စိတ်ထဲတစ်ခုခုဖြစ်နေသလိုမျိုး ခံစားခဲ့ကြဘူးမှာပါ။
ဒီနေ့ဟာ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ဖြစ်ပါတယ်....
မြန်မာလူမျိုးတွေဟာကုသိုလ်သဒ္ဒါတရား မနည်းကြပါဘူး..အလှူအတန်းနဲ့ ပါတ်သတ်လို့နှမြောတွန့်တိုစိတ်
တွေနည်းကြပါတယ်...ယခုအခါ ရပ်ကွက်တွေလမ်းတွေမှာပါ စတုဓီသာ အလှူတွေကို အတော်များများပြု
လုပ်နေတာတွေကလည်း ကြည်နူးစရာပါ..ဆင်း၇ဲချမ်းသာအယုတ်အလှ အမြတ်မရွေး စေတနာထက်သန်
စွာနဲ့ သန့်သန့်၇ှင်းရှင်းနဲ့စားသောက်ဖွယ်ရာတွေကို လှူတန်းကြ...ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြနဲ့တကယ့်ကို
ပျော်စရာလို့ဆိုရမှာပါ....
ဒီနေ့ မနက် အာရုံ တက်ကတည်းကေ၇ွှတိဂုံစေတီတော်ကိုေ၇ာက်ခဲ့ပါတယ်။ ယမန်နေ့ညတည်းက ဆီး
မီးပူဇော်သူတွေ ကုသိုလ်ပြုကြသူတွေ မနည်းလှပါဘူး ကားပါကင်တွေအပြည့်အကျပ်....ဓါတ်လှေကားစီး
ဖို့စောင့်ဆိုင်းနေတဲ့ လူတန်းရှည်....အာရုံဆွမ်းပွဲေ၇ာင်းတဲ့နေရာမှာပြုံတိုးနေတဲ့သူတွေ၊ ၅၀၀ကျပ်တန်အုပ်
၁၀၀၀တန်အုပ်တွေကိုင်လို့ သံဃာတော်တွေကိုဝတ္တုလှူ တန်းသူတွေကိုလည်းအနုမောဓနာမြောက်တွေ့
ခဲ့ရတယ်။
လိုအပ်တာတွေကိုပြောရရင်တော့ ကျနော်တို့ ဆီမှာ တန်းစီပြီးစည်းနဲ့ကမ်းနဲ့ဆိုတာကတော့ အသိစိတ်မရှိတာလား...ဦးဆောင်သူမရှိလို့လား...ဓါတ်လှေကားအ၀င်မှာ ၀ါးလုံးတွေကာလို့
တန်းမစီသူတွေကိုထိန်းဖို့ကာထားတာတွေက အမြင်မသင့်ဖွယ်ရာပါ....ကားပါကင်မှာ ဖြစ်သလိုရပ်လို့
ကာအ၀င်အထွက်ပိတ် နေရာချဖို့တာဝန်ပေးထားသူမရှိ ဒါတွေကလည်းပြုပြင်ဖွယ်ရာတွေပါ။
အခြားသောကိစ္စရပ်တွေေ၇းစရာရှိပေမယ့် ကိုယ့်ပေါင်ကိုလှန်ထောင်းစရာတွေဖြစ်တဲ့ အတွက်ဒီတင်သာ
ရပ်ပြီး ဒီကနေ့ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအားလုံး ကြည်ညိုသဒ္ဒါပွားစေဖို့
ယနေ့ကုသိုလ် ပုံတွေကိုတင်ဆက်လိုက်ပါတယ်။
ကမ္ဘာကြီးတစ်ခုလုံးမှာရှိကြကုန်သော လူနတ်ဗြဟ္မာသတ္တ၀ါအပေါင်း ဘေးအမျိုးမျိုးရန်အသွယ်သွယ်မှ
ကင်းစင်ဝေးကြပါစေ..နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။






























3 comments:

  1. သီတင်းကျွတ် အင်းလေးဖောင်တော်ဦးကိုအရမ်းလွမ်းနေတာပါ
    ခုချိန်ဆိုရင် ညောင်ရွှေက ဖွားဖွားအိမ်ရှေ့စည်ကားနေမှာလေ
    မြန်မာတပြည်လုံး စည်ကားနေမယ်ထင်တာပါပဲ
    အလွမ်းပြေပုံတွေကြည့်ပြီး ပိုပြီးလွမ်းခဲ့ရတယ်
    ခင်မင်တဲ့ jasmine

    ReplyDelete
  2. ပုံလေးတွေကြည့်ပြီးဖူးမျှော်ကြည်ညိုသွားပါတယ်
    ဘုရားမှာသစ်သီးကပ်ထားတဲ့ပုံလေးတွေအရမ်းလှတယ်

    ReplyDelete
  3. ဟင့်..ပုံလေးတွေလဲ မြင်ရ၀ူး...
    စာလေးပဲဖတ်ပြီး ကြည်နူးသွားရတယ်...

    ReplyDelete

Related Posts Plugin for WordPress, Blogger...