Saturday 27 October 2012

အဘဆီေ၇ာက်ခဲ့တယ်

ခရီးသွား ရာသီတွေကတော့တစ်ခုပြီးတစ်ခုဆိုသလိုဆက်လို့လာနေပါပြီ သွားနိုင်ဖို့ ကိုသာဆုတောင်းရမှာလေ...ရန်ကုန်ကိုေ၇ာက်လို့ မကြာသောအချိန်မှာ အညာဘက်ကိုခရီးထွက်ပါတယ်
ပုပ္ပါးဘက်ကိုေ၇ာက်တော့လည်းနှစ်၆၀ ပြည့်အဘထွက်ပွဲကိုလည်းကြုံခဲ့တယ်ပေါ့လေ...ေ၇ာက်ခိုက်မှာမှတ်
တမ်းဓါတ်ပုံတွေ၇ိုက် ရွာအနီးအနားတွေဘက်လည်းလည် ပုပ္ပါးမြို.လေးဟာ အဘထွက်ပွဲလာတဲ့ မင်းပရိတ်
သတ်တွေနဲ့ အတော့်ကိုစည်ကားလှပါတယ်။ နှစ်စဉ်မပြတ်လာေ၇ာက်ပူဇော်သူတွေကလည်းအချိန်ကိုက်
ေ၇ာက်လာကြတယ်။ စည်ကားတဲ့ပွဲမှာ စည်းကမ်းထိန်းသိမ်းေ၇းတွေ ကိုပိုလို့ချထားပေးရင် အနယ်နယ်အ
ရပ်ရပ်ကလာကြသူတွေအတွက်ပိုလို့ အဆင်ပြေမယ်လို့ထင်မိတယ်။
အဘပွဲမတိုင်ခင်တရက် ကမမျှော်လင့်ဘဲထော်လာဂျီ မတော်တဆဖြစ်မှု ကြောင့် ပွဲလာသူတွေဒဏ်ရာရ
သေဆုံးသူတွေလဲရှိခဲ့တယ်...စည်းကမ်းမဲ့မောင်းတဲ့ ဆိုင်ကယ်ကယ်ရီတွေ ကိုလည်းကြပ်မတ်ဖို့ လိုအပ်ပါ
တယ်။ ကိုယ်ယုံကြည်ရာ ကိုးကွယ်ရာကိုတိုင်တယ်ပြီးကုသိုလ်လုပ်ဖို့ လာတဲ့သူတွေကို အကုသိုလ် မဖြစ်
စေဖို့ ကမ္ဘာလှည့် ခရီးသည်တွေပါ လာေ၇ာက်လေ့လာကြလို့ ဂုဏ်သိမ်စေမယ့် အဖြစ်တွေကိုမလုပ်မိကြ
ဖို့လိုအပ်ပါတယ်။အဘပွဲမနက်မှာ အနီးအနားရွာတွေကလာပြီးပိုက်ဆံကြဲတာကိုလုကြတာမှာ အချို.ဟာ
တံချူတွေနဲ့တောင်းတွေတပ်ပြီး အလိုရမက်ကြီးစွာလုတာတွေကလည်း ပွဲကိုအကျဉ်းတန်စေပါတယ်။
ရှမ်းအိုးစည်သံ တညံညံနဲ့ စည်ကားလှတဲ့ အဘထွက်ပွဲက ပုံတွေကို မှတ်တမ်းတစ်ခုအနေနဲ့ ဖေါ်ပြလိုက်ပါတယ်






























































1 comment:

  1. ပုပ္ပါးကအရမ်းကိုစည်ကားနေပြီနော်
    လွန်ခဲ့တဲ့ နှစ် ၂၀ကျော်အမရောက်ဖူးတယ် အဲလိုမစည်ကားနေဘူး
    ဘယ်နေရာကြည့်ကြည့် မျောက်တွေတော့ပေါတယ်
    အလွမ်းပြောပုံလေးတွေအတွက်ကျေးဇူးပါ
    ခင်မင်တဲ့ sis jasmine

    ReplyDelete

Related Posts Plugin for WordPress, Blogger...