မကြာသေးတဲ့ကာလက နိုင်ငံေ၇းအကျဉ်းသားတွေ ယုံကြည်ချက်ကြောင့်အကျဉ်းကျသူတွေကို
လွှတ်ပေးလိုက်ပြီဆိုတော့ တကယ့်ကိုရင်ထဲပျော်မိပါတယ်ကာယကံရှင်တွေ ကတော့တိုင်းထက်
အလွန်ပေါ့လေ....များမကြာတဲ့ကာလတစ်ခုမှာဒို့နိုင်ငံဟာ အလွန်အဆင်ပြေမယ့်နိုင်ငံဖြစ်တော့
မှာဘဲလို့လဲစိတ်ထဲ ထင်မိပါရဲ့....ဒီလူတွေကိုအမိန့်ချတုန်းက ၆၅နှစ်ထောင်ထဲမှာဆိုတော့
သူတို့ ဘယ်တော့မှလွှတ်မှာလဲ ဘ၀တစ်ခုလုံးဒီအထဲမှာဘဲပြီးသွားကြတော့မှာလား လို့ပေါ့....
စာေ၇းသူ ရဲ့ မိတ်ဆွေတွေထဲမှာ နိုင်ငံေ၇းကြောင့်အကျဉ်းကျသူတွေရှိသလို လာဘ်စားလို့ အပြစ်
ဒဏ်ခံရသူတွေလည်းရှိပါတယ်....ဘယ်လိုဘဲပြောပြော ထောင်ထဲေ၇ာက်နေရတာတော့မကောင်း
ဘူးပေါ့...
သူတို့တွေရဲ့ မိသားစုတွေမှာဘယ်လောက်ဗျာများရသလဲ အချိန်တန်ထောင်ဝင်စာတွေ့ဖို့၊ အပြစ်
ဒဏ်ကအမြန်လွတ်အောင် ယတြယာချေ၊လွတ်မြောက်ေ၇းအတွက်နည်းစုံကြိုးပမ်းကြရတာပါဘဲ
တတ်နိုင်တဲ့သူတွေအတွက်တော့ ပြသနာမရှိပေမယ့် ချို.တဲ့သူတွေမှာ ၀န်အတော်ကြီးပါတယ်။
အထဲမှာနေတဲ့သူ အဆင်ပြေနေရဖို့ ငွေကြေးအစားအသောက်ကအစပံပိုးဖို့ အပြင်ကမိသားစုအ
ဆင်ပြေဖို့ရှာရဖွေရနဲ့ အခက်အခဲတွေ၇ှိကြပါတယ်..
တစ်ခုစဉ်းစားမိတာကငါ ဒို့နိုင်ငံဟာ အမှန်တရားဘက်ကရပ်ရင်အဆင်မပြေတော့ဘူးလားလို့
တောင်ထင်မိတယ်...မှားတာကိုမှားတယ်ပြောမိရင်ဒုက္ခေ၇ာက်တော့မှာလား...အော်အမှန်တရား
အတွက်အသက်ကိုတောင်စွန့်သွားကြရတဲ့ မွန်မြတ်တဲ့ ပုဂ္ဂိုလ်တွေတောင်ရှိသေးတာဘဲလေ။
တစ်ချိန်ချိန်မှာ အမှန်တရားဆိုတာဖြစ်လာမှာပါဘဲ...ဆွေမကင်းမျိုးမကင်းထဲက သူတစ်ဦးဆို
ရင် သူ့ဘ၀မှာထောင်သက်တမ်း၂၈နှစ် ခုအရွယ်ထိလည်းသံမဏိစိတ်ဓါတ်ပြင်းသူတစ်ဦး
ပါ။ကျနော်ငယ်စဉ်က သူ့အိမ်သွားလည်တော့မကြာခဏဆိုသလို နိုင်ငံေ၇းစာပေတွေ ပေးဖတ်
ပါတယ်...သူ့အိမ်မှာ နယ်ကလူမမာသည်အဖေဆေးလာကုနေတုန်းတစ်ညမှာ ခဏဆိုပြီးလာ
ခေါ်သွားတာ..သူ့အဖေလူမမာသည်လည်းသား စိတ်နဲ့ မကြာခင်ဆုံးရှာပါတယ်။
ဒီအကြောင်းတွေပြန်ပြောင်း ပြောရရင်ပြောလို့လည်းကုန်ဖွယ်မရှိပါ...သားတကွဲ မယားတကွဲ
မိဘတကွဲ..သေသူကသေ..စီပွားပျက်သူကပျက်...ဒီလိုစနက်တွေ နဲ့ ခံစားခဲ့ရသူတွေမှာ ပေဖြစ်
တုန်းကခံ တူဖြစ်ရင်လှန်မယ်ဆိုရင်တော့ သွေးချောင်းစီးမှာမြင်ယောင်မိပါသေးတယ်။
ကျနော်တို့မြန်မာပြည် ဘာသာတရားအဆုံးအမနဲ့နေသူတွေဖြစ်လို့ သီးခံခွင့်လွှတ်ပါတယ်ဆိုတဲ့
စိတ်ထားက မွန်မြတ်လှပါတယ်...အမှားလုပ်ခဲ့သူတွေကလည်းရှုးချင်ယောင်ဆောင်မနေဘဲဝန်
ချတောင်းပန်သင့်ပါတယ်။ မတရားစွပ်စွဲခံရပြီး အကျဉ်းချခံရသူတွေကိုလည်းအခုအချိန်မှာပြန်
လွှတ်ပေးသင့်ပါပြီ...တရားရသလိုအပြောမျိုးတွေနဲ့ “ ဖြစ်ပြီးရင်ပျက်မယ်..ကံကံ၏အကျိုး”ဆိုပြီး
ဘုရားဟောတွေနုတ်ကထွက်နေပေမယ့် ကိုယ့်ကြောင့် ခံခဲ့ရတဲ့သူတွေဘ၀တွေကို ပြန်ကြည့်ပါ။
အောက်လက်ငယ်သားတင်ပြမှုတွေနဲ့ သေချာမလေ့လာဘဲလုပ်ခဲ့မိတဲ့ အရာတွေကြောင့်ခံရသူ
တွေကိုစာနာပါ...လူသားချင်းစာနာပြီးလွတ်လပ်စွာပျံသန်းဖို့ လုပ်ဆောင်ပေးပါ။
လှောင်အိမ်ထဲကငှက်လေးတွေကိုတောင် ငွေပေးဝယ်ပြီးလွှတ်ကြသေးတာဘဲ...ပြောလိုက်သေး
တယ် “နင့်အသက်တစ်ခါလွှတ် ငါ့အသက် ဆယ်ခါလွှတ်” လို့လေ...အခုဟာက ပုထုစဉ်လူသား
တွေပါ။
ခတ်ပြောင်းလို့ အကျဉ်းကျနေတဲ့သူတွေလွှတ်ပေးတဲ့ မင်းအစိုးရဟာလည်း ဒီလူတွေလွှတ်ပေး
လို့ သူတို့ရဲ. မိဘဆွေမျိုးသားမယားတွေနဲ့ပြန် ဆုံတွေ့ရတဲ့ပျော်ရွှင်တဲ့ မျက်နှာတွေ၊သူတို့ရရှိ
တဲ့ ပျော်ရွှင်မှုတွေ၊အပြုံးတွေဟာ နတ်လူသာဓုခေါ်စရာကောင်းတဲ့ကုသိုလ်ပါ။
အကျဉ်းကျသူတွေကို လွှတ်ပေးဖို့ အမိန့်ထုတ်သူတွေ နဲ့ တကွ
အမြန်လွတ်မြောက်ဖို့ ဆုတောင်းပေးသူတွေ၊အာတက်သေ၇ာကြိုးစားခဲ့ကြသူတွေအားလုံး
ဟာ တစ်နေ့ကျရင် တူသောအကျိုးပေးပါတယ် လို့သာ.............။
သူ့အစီအမံနဲ့သူ ရှိထားပီးသားအရာတွေပါ..လက်ဝင်မလျှိကြတာ အကောင်းဆုံးပါပဲ..အေးချမ်းကြပါစေ
ReplyDeleteလွတ်သင့်တဲ့သူတွေ အားလုံးလွတ်မြေက်ကြပါစေလို့ပဲဆုတောင်းပါတယ် .
ReplyDeleteဘာပဲပြောပြော ဘယ်သူကဘာပဲလုပ်နေနေ အချိန်တန်ရင်တော့ တဖန်ပြန်ခံကြရစမြဲပါ
သံသရာစက်ဝန်းက တပတ်လည်နေတာဘဲလေ အကိုရေ
ညီမငယ်
မဒိုးကန်