Monday 10 October 2011

ဆိုလ်း မီးပန်းပွဲတော်

မြန်မာပြည်မှာတော့ သီတင်းကျွတ်ရာသီဖြစ်နေပြီ..ဒီနှစ်မှာတော့ဗျောက်အိုးဖေါက်တာတွေ

မီးပန်းလွတ်တာတွေကို တားမြစ်တာမတွေ့ ရပါဘူး...လွတ်လပ်စွာဘဲ လုပ်ခွင့်ပေးထားလား

ဒီမိုကေ၇စီရနေပြီဖြစ်လို့လားတော့ မပြောတတ်ပါ....သီတင်းကျွတ်ပွဲတော် နဲ့ဝေးခဲ့တာကြာ

ပေမယ့် နှစ်စဉ်လူကြီးသူမတွေကိုကန်တော့ဖို့ ဆရာသမားတွေလည်း ပါတာပေါ့ ဒီအစဉ်အလာကို

ကိုယ်တိုင်မလုပ်နိုင်လို့ ကလေးတွေ ကိုသာလုပ်ခိုင်းခဲ့ရပါတယ်..ကိုယ်ကအဝေးမှာလေ..ရည်မှန်း

ပြီးကန်တော့ရုံပါဘဲ....

၁၀လပိုင်းရဲ့ ၈ရက်နေ့မှာတော့ ကိုရီးယား သီတင်းကျွတ်လို့ပြောရမလောက်ဖြစ်ရတဲ့

မီးပန်းပွဲတော်ကို ဟန်မြစ်မှာ ပြုလုပ်ခဲ့ပါတယ်..မြစ်ကမ်းဘေးက နေရာတွေအားလုံးမှာ ည၇နာရီ

ကနေ၉နာရီထိ ပြုလုပ်မယ့် မီးပန်းလွတ်ပွဲကိုနေရာကောင်းကနေကြည့်ဖို့ လူအများကနေ့လည်

ကတည်းက နေ၇ာဦးထားကြပါတယ်...ဓါတ်ပုံသမားအများစု ကတော့ ကမ်းစပ်မှာတန်းစီလို့

ညနေ၆နာရီအကျော်မှာ လူတွေကတံတားတွေပေါ်နဲ့ မြစ်ဘေးကလမ်းမကြီးပေါ်တွေမှာပါ ပိတ်ဆို့

ကုန်ပါတယ်...ကျနော်လည်းေ၇ာက်တာနောက်ကျလို့ မီပန်းလွတ်တဲ့ နေရာနဲ့မျက်နှာခြင်းဆိုင်

ကိုေ၇ာက်အောင်...တိုးဝှေပြီးနေရာဦးပါတယ်..ကင်မရာဒေါက်မပါတဲ့အတွက် ပုံကောင်းတွေ

မရလိုက်တာက...စိတ်ထဲအတော်မကျေမလည်ပါ..ကိုယ့်အပြစ်နဲ့ကိုယ်လေ...ဗီဒီယိုမှတ်တမ်း

မိနစ်အနည်းငယ်မှတ်တမ်းလေးလုပ်ခဲ့ပါတယ်...လူတွေကြိတ်ကြိတ်တိုးနေပေမယ့် အမှိုက်ကို

တွေ့ကရာမပြစ်ဘဲသတ်မှတ်တဲ့နေရာမှာသာစုပုံတာ...ရာသီဥတုအေးလို့ အပေါ့သွားချင်တာကို

လမ်းဘေးကော့မပန်းဘဲ..မိန်းမယောက်ကျား..မိုဘိုင်းအိမ်သာတွေမှာလူတန်းရှည်ကြီးစောင့်ပြီး

မှပေါက်ကြတာကလဲ..ဒီိမိုကေ၇စီနိုင်ငံက စည်းကမ်းရှိသူတွေလို့ပြောရမလောက်ပါ...မြစ်ဘေး

ကကိုင်းတောတွေမှာ အပေါ့အလွယ်တကူစွန့်လို့ရပေမယ့်ထင်သလိုမလုပ်ကြဘူး..အစိုးရကလဲ

မြစ်အတွင်းမှာေ၇ာကမ်းဘေးနေရာလွတ်မကျန် ကောင်းမွန်တဲ့ အစီအစဉ်နဲ့ လုံခြုံေ၇းကအစ

လိုလေသေးမရှိစီစဉ်ထားပါတယ်...ကဲမီးပန်းပွဲတော် ကမှတ်တမ်းတွေအားပေးကြပါအုံး...












3 comments:

  1. မီးပန်းပွဲတော်ကို အားပေးသွားပါတယ်ရှင်။ မီးပန်းလေးတွေ က လှလိုက်တာနော်။ ဆက်တိုက်ဖေါက်တာနော်။ ကင်မရာ ဒေါက်မပါလည်း ဓါတ်ပုံရိုက်တဲ့ သူကတော်လို့ ပုံတွေ အကုန်လုံးက အသက်ဝင်တယ်လို့  ခံစားမိပါတယ်။

    December

    ReplyDelete
  2. ၀ါးးးးးးးးလှတယ်အကိုရေ ..
    နောက်နှစ်ကျရင်ဒေါက်တိုင်မမေ့နဲ့း)

    ခင်တဲ့
    ညီမ
    မဒိုးကန်

    ReplyDelete
  3. သူတို့ကြည့်နေပုံကတောင်ကြီးတန်ဆောင်တိုင်အတိုင်းပဲနော်
    လူတိုင်းအနွေးထည်တွေနဲ့(အေးတာကိုး)
    အခင်းတွေဘာတွေနဲ့....

    ReplyDelete

Related Posts Plugin for WordPress, Blogger...