၉လပိုင်းဆိုတဲ့ စက်တင်ဘာလဟာလည်းပြီးခဲ့ပြန်ပြီလေ
မှတ်မှတ်ရရ ၉လပိုင်းရဲ့ ၁၉ရက်နေ့ကစလို့ ဆောင်းဥတုအစပြုလို့ လေအေးတွေ တိုက်စပြု
ခဲ့ပါတယ်...နေ့အပူချိန်ဟာလည်းကျဆင်းခဲ့သလို...ညဘက်မှာလည်း ချမ်းတယ်ပြောလို့ရနေ
ပါပြီ...အနေကြာလို့အေးတာဟာမထူးဆန်းတော့ပေမယ့် ဒီနှစ်လူက ကျန်းမာေ၇းမကောင်းလို့
ဆေးကိုအဖေါ်ပြုနေရပြီလေ....၉လပိုင်းအစပိတ်ရက်တွေမှာ...နိဟွန်းပြည်က လာလည်တဲ့
မိတ်ဆွေ ကိုလိုက်ပို့ရင်း ဆိုလ်းရဲ့ ဟန်မြစ်နဘေးကိုေ၇ာက်ခဲ့ပြန်တယ်....ဟန်မြစ် မှာသင်္ဘောစီး
ပြီး လေညှင်းခံ...ဘီယာသောက်..ရှုခင်းတွေဓါတ်ပုံရိုက်ပေါ့.....ရာသီဥတုက မအေးသေးလို့အဲဒီ
ရက်က တော်သေးတယ်...နောက်မကြာတော့တဲ့ ၃လဆိုရင်၂၀၁၁ဆိုတာကလည်း ကုန်ပြီလေ။
အချိန်တန်လို့အိမ်ပြန်သူတွေလဲ ရှိသလို....ဘယ်အချိန်မှအချိန်တန်မလဲ ဆိုတာနေ့စဉ်တွေးရင်း
စက်တင်ဘာကိုနုတ်ဆက်လိုက်တယ်.........

ပုံလေးတွေက အကုန်လှပါတယ်။ နောက်လည်း အဲ့ဒီ့လို ပုံလေးတွေ တင်ပေးပါနော်.. မမြင်ဘူးတာလေးတွေ မြင်ရလို့ ပါ။ ပို့ စ်လေးတွေက ရေးတာ နဲနဲကျဲတယ်နော်။ ညီမအမြဲလာဖတ်ဖြစ်ပါတယ်။ comment ပေးလို့ ရတာ အဆင်ပြေသွားလို့ ကျေးဇူးတင်ပါတယ်ရှင်။
ReplyDeleteDecember
လှလိုက်တာအကို မြင်ကွင်းလေးတွေက လည်ချင်စရာ အပြည့်ပဲ :)
ReplyDelete