
ဒီအကြောင်းလေးကိုမရေးခင်ကျနော်အများကြီး စဉ်းစားခဲ့ ပါတယ်...တခြားမဟုတ်ပါ..သံယောဇဉ်နဲ့ပါတ်သက်လို့ပါ။
အခုကျနော်ရေးတဲ့ခေါင်းစဉ်ကို..ဟိုးအရင် ဆွေမင်း(ဓနုဖြူ)...ယခုကွယ်လွန်သွားပါပြီ။သူ့ရဲ.ဇတ်ကောင် မြိုင်ရာဇာတွတ်ပီ
မှာသုံးခဲ့တာကိုလည်းအမှတ်ရမိပါတယ်။ ထားပါတော့လေ ကျနော်ပြောချင်တာက....
ကျနော်အခုနေတဲ့နေရာကိုရောက်ရှိစဉ် အချိန်ကပါ.....ကျနော်အလုပ်လုပ်တဲ့စက်ရုံ နားမှာ မလိုချင်လို.စွန့်ပြစ်ထားတဲ့တယ်ရီယာ
ခွေးမတစ်ကောင်ရှိပါတယ်။ကျနော်က သနားလို့ညနေတိုင်းထမင်းကျွေးပါတယ်။ မနက်ပိုင်းမှာစက်ရုံကကျွေးတဲ့ အနည်းငယ်သော
ထမင်းကြောင့်မကျွေးဖြစ်တာပါ။ သူဋ္ဌေးကလည်းခွေကိုအစာကျွေးတာမကြိုက်ဘူးလေ....
ဒီလိုနဲ့ခွေးမဟာ စက်ရုံနားက တဲပျက်ကြီးတစ်ခုအောက်မှာခွေးလေးတွေကိုမွေးပါတယ်။ ခွေးလေးတွေကချစ်စရာလေးတွေပါ..
အဲဒီမှာကျနော့်သူဋ္ဌေးကဇာတိပြတော့ တာပါဘဲ...ဘာဖြစ်လဲဆိုတော့ ခွေးလေးတွေကိုသွားယူခိုင်းတာပါ....
ခွေးမကြီးမရှိခင် သွားယူရတော့ ခွေးသူခိုးတွေပေါ့လေ...။ခွေးလေးတွေကိုစက်ရုံမှာ နို.တိုက်ပြီးကောင်းမွန်စွာထားခဲ့ပါတယ်။တချို.ကို
လည်းသူဋ္ဌေးကအရင်းမစိုက်ပဲ သူများကိုပေးခဲ့ပါတယ်။ အဲဒီ့အချိန်ကစတင်လို့ကျနော် ၇ဲ.ခွေးသံယောဇဉ်စခဲ့တယ်ဆိုပါစို့...
ခွေးလေးတွေကကြီးလာပြီး သောလရီ (ကိုရီးယားလို အရူး)လို့ခေါ်တဲ့ခွေးမတစ်ကောင်သာ ကျန်ခဲ့ပါတယ်....မကြာမီကျနော်တို့စက်
ရုံအ နောက်ဘက်မှာ ပန်းဆိုင်တစ်ဆိုင်လာဖွင့်ပါတယ်။ဆိုင်ရှင်က ခွေးတွေကိုချစ်တတ်တော့ ခွေးမကြီးကိုသေချာကျွေးမွေးထားပါ
တယ်...ခွေးလေးတွေနောက်ထပ်ပေါက်ပါတယ်....အဲဒီနေရာမှာသူတို့အတွက်အစာရေစာဖူလုံပါတယ်..။
သောလရီ ဆိုတဲ့ခွေးရဲ.ထူးခြားတာက လူတွေ့ရင်ကိုရီးယားထုံးစံလို ခေါင်လေးငုံ့ပြီး သနားအောင်လုပ်တတ်တာပါ..သူဋ္ဌေးအကြိုက်ပါ
နောက်သုံးလလောက်အကြာမှာ ဘေးစက်ရုံကလက်ဆောင်ပေးတဲ့“ ငုံဒိန်ငီ”ဆိုတဲ့ခွေးတစ်ကောင်ထပ်ရောက်လာပါတယ်။အဲဒီအချိန်
မှာ“သောလရီ” ကိုချောင်ထိုးထားပါတော့တယ်...ကျနော်တို့သူဋ္ဌေးဟာသူ လိုရင်ချော့မော့တတ်ပြီးမလိုရင်ကန်ကြောက်တတ်တဲ့အ
ကျင့်ရှိပါတယ်....သောလရီဟာကျနော်အပြင်ထွက်ရင်နောက်ကလိုက်လာတဲ့အကျင့်ရှိပါတယ်...
တစ်နေ့ သောလရီ နဲ့ ဂုံဒိန်ငီ ကျနော့်နောက်လိုက်လာကြတယ်...ကျနော်မောင်းထုတ်တယ်..မ၇ပါဘူး..ဘူတာဘက်ခြမ်းထိလိုက်
လာကြပါတယ်..ကျနော်အံသြမိတာကလမးမကြီိးကိုဖြတ်ကူးတာ လူတွေနဲ့ မီးစိမ်းမှ ကူးကြတာကိုပါ...ကျနော်လဲမောင်းလို့မ၇တဲ့အ
ဆုံးတက္ကစီငှားပြီးပြန်ပို့ဖို့ လုပ်တာကားသမားက ခွေးတွေ ကိုမတင်ဘူးတဲ့လေ...။ဒါနဲ့ လမ်းကိုပြန်ကူးပေးပြီးမှ ကျနော်ခရီးဆက်ခဲ.ပါ
တယ်..ညေ၇ာက်တော့ခွေးတွေကို စိတ်မချလို့ အိပ်မက်တောင်မက်ပါတယ်...နောက်နေ့ ကျနော်စက်ရုံရောက်လို့သူတို့ပြန်ေ၇ာက်
နေတာကိုတွေ့မှစိတ်အေးခဲ့၇ပါတယ်။
နောက်တစ်လလောက်အကြာမှာ ဂုံဒိန်ငီ ဟာစက်ရုံကဂျီကတ်ချာတိုက်မိပြီးသေဆုံးခဲ့ပါတယ်...သောလရီက တော့ ဂုံဒိန်ငီ နဲ့၇တဲ.
ဗိုက်ကျန်ခဲ.တယ်လေ...။သောလရီမွေးတော့ ခွေးလေးကောင်ပါ....
နောက်သုံးလလောက်မှာကျနော်ဟာနှစ်စေ့ လို့ပြည်တော်ပြန်တဲ့ နေ့ရောက်ရှိခဲ့ပါတယ်....အဲဒီနေ့ မနက်ခင်းမှာ သောလ၇ီ ဟာ ကျ
နော်နေတဲ့ အဆောင်ပေါ်ကိုရောက်နေပါတယ်..သူဋ္ဌေးတွေ့ရင် ၇ိုက်မှာစိုးလို့မောင်ထုတ်တာမသွားပါဘူး...ပေကပ်ပြီိးဖိနပ်ချွတ်မှာနေ
ပါတယ်....။သူဋ္ဌေးလာတော့ “ခွေးကမင်းပြန်မှာကိုသိနေတယ်လေ..ဒါကြောင့်မောင်းလို့မ၇တာ...မင်းကနေ့တိုင်းအစာကျွေးတယ်”လို့
ပြောပါတယ်...ကျနော်သေတ္တာ ကိုဆွဲပြီိးအောက်ဆင်းတော့ သောလရီ ဟာကျနော်နဲ့ အောက်ကိုဆင်းလိုက်လာပါတယ်...သူ့မျက်နှာ
ကိုကြည့်တော့ခွေးမျက်ရည်လည်နေတယ်လေ..ကျနော်အပိုမပြောပါဘူး..တော်တော်လေးစိတ်မကောင်းဖြစ်ခဲ့၇ပါတယ်...။အဲဒီနေ့က
သောလရီ ကိုနောက်ဆုံးတွေ့ခဲ့ရခြင်းပါ။
ကျနော်ဟာမြန်မာပြည်မှာရက်ပေါင်း၅၀ ကျော်နေခဲ့ပါတယ်...မပြည့်စုံသေးလိုနောက်တစ်ခါဒီနိုင်ငံကိုပြန်လာခဲ့၇တယ်..စက်၇ုံေ၇ာက်
တော့ သောလရီ မ၇ှိတော့ပါဘူး။သူဋ္ဌေးကခွေးတွေများလို့ ဖမ်းပြီးတစ်နေ၇ာကိုပို့လိုက်တယ်လို့ပြောပါတယ်။ အဲဒီနေ၇ာက ခွေးသတ်
တဲ့နေ၇ာပါ...ကိုရီးယားတွေဟာအသားစားအလွန်ကျူးပါတယ်..ကို၇ီးယားမှာခွေးသားကဈေးအလွန်ကြီးပါတယ်..ကျနော့်ဘေးစက်ရုံ
ကဆို၇င်ခွေးတွေမွေးတယ်ကြီးလာရင်သတ်စားကြတယ်..မျက်မြင်ပါ....ဒီမှာခွေးကို ကို၇ီိးယားလို “ဂဲ”လို့ခေါ်ပြီးအသားကို“ဂိုဂီ”လို့ခေါ်
ပါတယ်..ခွေးသားဆိုတော့“ဂဲဂိုဂီ”ပေါ့လေ...။သူဋ္ဌေးကခွေးသားမကြာခဏစားပါတယ်..ညာပြီးကျနော့်ကိုခွေးသားဆိုင်ခေါ်ကျွေးပါတယ်။
အတန်တန်ငြင်းပြီးမစားပါဘူး...အရမ်းအေးတဲ့ အခုလိုရာသီမှာခွေးသားဟာသူတို့ ဓါတ်စာဖြစ်နေတယ်လေ....။
ဒါနဲ့ ဆက်ပြောရ၇င်စက်ရုံမှာခွေးအသစ်လေးတစ်ကောင်ထပ်ရောက်နေပါတယ်..လက်ဆောင်၇တာတဲ့ ဈေးကြီးတဲ့ခွေးမျိုးဖြစ်လို့
၇ယ်ဒီမိတ်အစာ နဲ့ထားပါတယ်..သူ့နာမည်က“ ဂျူလီယာ”တဲ့လေ...အင်မတန်လိမ္မာပြီးလူနဲ့အရောတ၀င်နေတတ်ပါတယ်...စက်ရုံထဲမှာ
သူ့ကိုစလိုက်နောက်လိုက်နဲ့ ခွေးကိုတစ်နေ့လုံးစနေကြတာပါ။
နောက်ငါးလလောက်အကြာမှာခွေးကိုသန်းပြန့်စွာမထားလို့ဂျူလီယာဟာအမွှေးတွေကျွတ်ပြီးမလှမပဖြစ်လာပါတယ်..ဒါတောင်ကျနော်က
အားရင်အားသလိုရေချိုးပေးတာပါ..အဲဒီလိုဖြစ်တာနဲ့ခွေးကို စက်ရုံထဲပေးမ၀င်တော့ပါဘူး..၀င်လာရင်မောင်းထုတ်ပြောမ၇၇င်၇ိုက်ပါတယ်။
သူတို့လိုတုန်းကတစ်မျိုးမလိုတော့တစ်မျိုးလေ တရား၇စရာပါ။ကျနော်ညဆိုင်းအလုပ်လုပ်ရတဲ့အချိန်တွေမှာ ဂျူလီယာ ဟာကျနော့်အဖေါ်ပါ
ညဆိုင်းကိုကျနော်တစ်ယောက်တည်းမိုးလင်းတဲ့အထိလုပ်၇တာပါ...တစ်ခါတစ်လေချောက်ခြားတာပေါ့လေ....ဂျူလီယာဟာသူဋ္ဌေးကား
ထွက်သွားတာနဲ့စက်ရုံထဲရောက်လာပြီးကျနော့်နားမှာနေပါတယ်...မိုးလင်းသူဋ္ဌေးမလာခင်သူ့ကိုအပြင်ထုတ်ထား၇ပါတယ်...နောက်ကြာလာ
တော.ဂျူလီယာဟာ ရယ်ဒီမိတ်အစာကိုမစားတော့ဘဲ ကျနော်တို့ချက်တဲ့ထမင်းဟင်းကိုသာခံတွင်းတွေ့နေပါတော့တယ်...။သူဋ္ဌေးကလည်း
ငြိုညင်လာပါတယ်။
နောက်ခုနှစ်လလောက်အကြာမှာမြန်မာပြည်ကိုကျနော်တစ်ခေါက်ပြန်ခဲ့ပါတယ်..မနက်အစောကြီးလေဆိပ်ကိုသွားမယ့်ဘစ်ကားမှီအောင်
အစောကြီးထခဲ့၇တယ်..သေတ္တာကိုဆွဲအချိန်လုပြီးကားဂိတ်ကိုသွားခဲ့တယ်...မနိုင်မနင်းနဲ့ဂျူလီယာလိုက်လာတာကိုကျနော်မသိခဲ့ဘူးကား
ဂိတ်ရောက်တော့မှကျနော့်နောက်မှာပါလာတဲ့ ဂျူလီယာကိုတွေ့ပါတယ်...သူကကားမကြောက်တတ်လို့စိုး၇ိမ်ပါတယ်...မောင်းထုတ်တော့
ပြန်လှည့်သွားပြီးနောက်တဖက်ကနေပြန်လာပါတယ်....ဘေးကကားစောင့်တဲ့သူတွေကခွေးကိုချစ်ကြတယ်..ကျနော်လဲ မုန့်ဝယ်ကျွေးပြီး
လေဆိပ်သွားမယ့်ကားလာတော့စိတ်မဖြောင့်စွာနဲ့ ဂျူလီယာကိုထားခဲ့ရပါတယ်......
ခွင့်၁၅ရက်သာရလို့မကြာခဲ့ပါဘူး....ဂျူလီယာမှရှိသေးရဲ.လားလို့ပြန်ရောက်တော့ဂျူလီယာရှိနေဆဲပါ...မကြာခင်ခွေးလေးတွေပေါက်တော့
မယ်လေ...သူဋ္ဌေးကမျိုးတူခြင်းစပ်မယ်ဆိုပြီး ခွေးကိုလှောင်ထားတယ်လေ...ပြီးတော့တတ်နိုင်တာမဟုတ်ပါဘူး....သဘာဝကိုလွန်ဆန်လို့
မှမရတာ...ဂျူလီယာခွေးလေးတွေပေါက်တာအခု ဆို၂သားရှိပါပြီ။ခွေးလေးတွေကိုသူများပေးတာသေသွားတာနဲ့ ၁ကောင်သာကျန်ပါတယ်။
အခုဒီစာရေးနေတဲ့အထိကျနော့်ဘေးမှာဂျူလီယာရှိနေပါတယ်။
ပြီးခဲ့တဲ့၂ပါတ်ကကျနော်အပြင်ထွက်တယ် ရထားအချိန်မှီအောင်သုတ်ချေတင်ပေါ့..ဘူတာစင်္ကြန်ရောက်၇ထားလာခါနီးမှာဘေးက လူကမင်း
ခွေးလားမေးတော့မှ အနောက်မှာဂျူလီယာပါလာတယ်ဆိုတာ သိရတယ်...မောင်းလို့မရ..ရထားလာတော့ကျနော်၇ထားပေါ်တက်ဂျူလီယာ
လိုက်ဝင်လာကျနော်ကမောင်းထုတ်နဲ့ဘေးကလူတွေကလည်းရီကြ တာမပြောပါနဲ့တော့....ရထားထွက်တော့ဂျူလီယာကျန်ခဲ.တယ်လေ..
ဘယ်လိုပြန်မလဲသူများတွေဖမ်းသွားမှာစိုးလို့ ပြီးတော့မှ စက်ရုံမှာကျန်ခဲ့တဲ့တစ်ယောက်ကို ဖုံးဆက်ပြီးဂျူလီယာကိုဘူတာမှာသွားခေါ်ခိုင်းဖို့
ပြောရပါတယ်...ဂျူလီယာကိုတွေ့ ပြီဆိုတော့မှ စိတ်အေးရပါတယ်..
ကျနော်နေ့စဉ်ဖြတ်သန်းနေရတဲ့ ကျနော်မပိုင်တဲ့ အချိန်တွေမှာအဟိတ်တိရိစ္ဆာန် တွေနဲ့ ကျနော်ဟာမမြင်နိုင်တဲ့သံယောဇဉ်တွေဖြစ်ခဲ့တယ်
ကျနော်ဒီနိုင်ငံကအပြီးပြန်တဲ့ အချိန်မှာသူဋ္ဌေးခွင့်ပြုချက်ရရင် ဂျူလီယာကိုခေါ်သွာဖို့ဆုံးဖြတ်ထားပါတယ်...
သံယောဇဉ်ကြိုးဟာချည်နှောင်ပြီးရင်ဖြတ်ဖို့၇ာ အင်မတန်ခက်ပါတယ်...သံယောဇဉ်မထားမိအောင်ကြိုးစာနေထိုင်ဖို့ရာကလည်းအပြော
လွယ်သလောက်......တကယ်တော့...ဒါကြောင့် လူတစ်ယောက်နဲ့တစ်ယောက်..တစ်ဦးနဲ့တစ်ဦး ဖြစ်တည်ကြတဲ့သံယောဇဉ်တွေဟာအ
နှောင်အဖွဲ့ နဲ့ ကင်းဝေးပြီးသံယောဇဉ်ဘေးမှ လွတ်ကင်းကြပါစေလို့ဆန္ဒပြု၇င်း ကျွန်ုပ်နှင့်သံယောဇဉ်ကိုနိဂုံးချုပ်လိုက်ပါတယ်.....
လာရောက်ဖတ်ရှုတဲ့မိတ်ဆွေများအားလုံး စိတ်ချမ်းသာပြီးကိုယ်ကျန်းမာကြပါစေ.......
ကျွန်တော် ငယ်ငယ် အိမ်မှာ ဂျက်ကီကြီး က ဒဲဒီလိုပဲ ကားနဲ့ သွားရင် မိုင်ဝက်လောက် နောက်က ပြေးလိုက်လို့  နောက်ဆုံး ကားပေါ်တင်ခေါ်သွားရတယ် ကျောက်ပေါက်လို့ ဆုံးတာကြာပါပြီ
ReplyDeleteဖတ်လို.ကောင်းပါတယ်။ ကိုယ်တိုင်လည်းကြုံဖူးပါတယ်။ အိမ်မှာ ကြောင်တွေ တော့ မွေးတယ်။ ကြောင်တွေလဲ အလွန်မှတ်ဥာဏ်ကောင်းတယ်။ အရိပ်အကဲ အရမ်းသိတယ်။ တခါအိမ်နားမီးလောင်လို. ကြောင်တွေ ချီးပြီးပြေးတာ တစ်ကောင် လမ်းမှာ ပျောက်သွားတယ်။ မိုင်ဝက်လောက် ဝေးပါတယ်။ နောက်နေ. အိမ်ပြန်ရောက်လာလို. အင်မတန်မှ အံ့အားသင့်ခဲ့ဖူးတယ်။ ကြောင်က လ သမီးပဲ ရှိသေးတာ။ အိမ်ထဲက အိမ်ပြင် မထွက်ကြောင် ဘယ်လို ပြန်လာတယ် ဆိုတာ မတွေးတက်တော့ဘူး။
ReplyDeleteခွေးတော့ မမွေးတာကြာပြီ။ လမ်းဘေးတွေက ခွေးတွေကို ကျွန်တော် အိမ်ရှေ.မှာ ထမင်းကျန်တွေ ချကျွေးတယ်။ မြန်မာပြည်က ခွေးတွေ အင်မတန်မှ သနားစရာကောင်းပါတယ်။ လမ်းမှာ ကျနေတဲ့ အမိုတ် သရိုက် တွေက အစ အကုန်စားတယ်။ ဥပမာ- ငှက်ပျော်သီးအခွံ။ ကျွတ်ကျွတ်တွေဆို လျှာနဲ.လျှက်နကျတယ်။ အင်မတန်မှ သနားဖို.ကောင်းပါတယ်။ လူတွေ က ခက်တယ် ကိုယ်ကျွေးလို. စားနေတဲ့ ခွေးတွေကိုကောင် ဘေးက ခဲနဲ.ပေါက်ချင်ကျတယ်။ တကောင်ပြီး တကောင်ပျောက်ပျောက်သွားတယ်။ တခါ စည်ပင်က အိပ်နေတဲ့ ခွေးကို အိတ်နဲ.စွပ်ပြီး ဖမ်းသွားတာ မြင်ဖူးတယ်။ အိမ်က အမေ မနက်မိုးမလင်း ခင်လမ်းလျောက်ထွက်ရင် ခွေးနှစ်ကောင် နောက် က လိုက်တယ်။ ၂ မိုင်လောက် ဝေးပါတယ်။ မနက်ခင်း လူပျက်တော့ အင်မတန် မှ အားကိုးရပါတယ်။ ကျုံးဘေးလေ့ကျင့်ခန်းလုပ်ရင် ထိုင်စောင့်တယ်။ ပြီးရင် အိမ်ပြန်လိုက်တယ်။ တခါတလေ မနက်စာ စားချင်ရင် ခွေးတွေ ပါလာလို. ၀င်စားလို.မရဘူး။
ပြီးခဲ့တဲ့ နှစ် ပု၈ံသွားတုန်းက စားသောက်ဆိုင်က ထမင်းကြော်အင်မတန်မှ ညံ.ပါတယ်။ ခွေး တကောင်းဘေးမှာ လာတောင်းနေတော့ ဆိုင်ရှင်က မောင်းထုတ်တယ်။ ဒါနဲ. ထမင်းကြော် ကို ခွေးချကျွေးခဲ့တယ်။ ကိုယ်က ဒါမစားရလို. ငတ်မသွားပါဘူး။
ဒီတခါမြန်မာပြည်ပြန်ရင် ခွေးတွေ ကို တက်နိုင်သလောက် ကျွေးခဲ့ဦးမယ်။