Sunday 3 February 2013

မိုင်တိုင်၂၀


















(မည်သူမဆို ရှည်လျားသော ဘ၀တစ်ခုကို ဖြတ်သန်းကြရာတွင် မိုင်တိုင်းပေါင်းများစွာ ရှိခဲ့ကြမည်မှာ
  မလွဲဧကန်ပင်။ ဖြတ်သန်းခဲ့ပြီးသော မိုင်တိုင်များစွာတွင် အချို.သည် အမှတ်တမဲ့မျှဖြင့် မေ့မေ့လျော့
လျော့နှင့် ကွယ်ပျောက်သွားတတ်ကြပြီး၊ အချို.သည်အထင်ကရ ဖြစ် ဘ၀တွင်ထင်ထင်ရှားရှား ကဗ္ဗည်း
တွင် ကျန်ရစ်နေတတ်ကြသည်။)

အထက်ပါစာပိုဒ်လေးကတော့  မိုင်တိုင်၂၀ စာအုပ်ကို ထုတ်ဝေသည့် စာေ၇းသူ ဘလော့ဂါ အိန်ဂျယ်လှိုင်
ေ၇းသည့် အမှာစာမှ ပထမဆုံးအပိုဒ်ပင်ဖြစ်သည်။ ကျနော်နှစ်သက်သောစာပိုဒ်ဆိုလျှင်လည်း မှန်ပါသည်။
အွန်လိုင်းတွင်စာေ၇းသည် ဟုပြောလျှင်အချို.သောသူတွေက ဝေဖန်သည် အထင်သေးကြသည်။ယခုစာ
အုပ်တွင် အွန်လိုင်းစာေ၇းဆရာ များေ၇းသော ၀တ္တုတိုများကတော့ သူတို့အစွမ်းနှင်သူတို့ေ၇းသည့်စာတွေ
ကဖတ်ချင်စဖွယ်ဖြစ်ခဲ့၏။
ကျနော် အခုစာအုပ်အတွက်အေ၇ာင်းမြှင့်တင်ခြင်းမဟုတ်ပါ၊ ကိုယ်တိုင်လည်းယခုစာအုပ်ကို ပြီးဆုံးအောင်
မဖတ်နိုင်သေးပါ။ ကျနော်စာဖတ်လွန်စွာနှေး၏ ထိုအကြောင်းအရာကိုလည်း လွန်ခဲ့သောနှစ်အတန်ကြာက
ကျနော့်အတွက်ခွန်အားတွေဖြစ်စေခဲ့သော စာများကိုေ၇းသားသူ တစ်ဦးထံတွင်ဖွင့်ဟ၀န်ခံခဲ့ဘူး၏။
ထပ်ပြောရလျှင် အမိနိုင်ငံနှင့်ဝေးကွာသည့် နေ့ရက်အချိန်များသည် စိတ်ခံစားမှု များကိုလွန်စွာဖြစ်စေခဲ့၏။
လွမ်ဆွတ်တမ်းတမှုများနှင့်အတူ ဝေးမှသိသည့် ဆာလောင်မွတ်သိပ်မှုများ ဆိုသည့် အရသာများကို ခံစား
သိရှိ နားလည်ခဲ့ရ၏။
  ကိုယ့်အကြောင်းနဲ့ကိုယ် နိုင်ငံရပ်ခြားတွင်ေ၇ာက်ရှိနေထိုင် အလုပ်လုပ်ကိုင်ကြရင်း ရင်တွင်းဖြစ်ဝါသနာ
နှင့် ခံစားမှုတွေကို ထုတ်ဖေါ်ေ၇းသားသော အွန်လိုင်းဘလော့ဂါ များကို လေးစားမိခြင်းကြောင့် မိုင်တိုင်
၂၀ ကိုအားပေးမိပါသည်ဟု ပြောရင်လည်းရပါသည်။
မည်သည့်နိုင်ငံေ၇ာက်ရှိနေသည်ဖြစ်စေ အေ၇ှ့ပင်ဖြစ်စေ၊အနောက်ပင်ဖြစ်စေ မိမိမြန်မာနိုင်ငံသားဆိုလျှင်
အားပေးကူညီရိုင်းပင်းဖို့ လိုအပ်ပါသည်ဟုဒီနေရာမှပြောချင်ပါ၏။ နိုင်ငံတစ်ခုေ၇ာက်ရှိဖို့ ကိုယ့် ဘ၀နှင့်
ကိုယ်အကြောင်းအရာများကို ခေတ္တမေ့ထားပြီး အရင်းပြုထားသူတွေလည်းရှိနေပါသည်ဟုကျနော်ပြော
ပြလိုပါသည်။ဒေါင်ကျကျပြားကျကျ အထီးသတ္တ၀ါတွေထက် အမသတ္တ၀ါများမှာမှု ဘ၀နှင့် အချို.ရင်းခဲ့
ကြပါသည်။ ပြေလည်မှုလမ်းလျှောက်ကြရသလို စမ်းတ၀ါးဝါးနှင့်ပြေလည်ဖို့လည်းကြိုးစားနေဆဲရှိကြပါ
သည်။ ထို့ကြောင့် စိတ်ဆန္ဒအပေါ်ယံတစ်ခုအတွက် သူတို့၏လမ်းကိုပိတ်ဆို့တားဆီးဖို့ မပြုလုပ်သင့်ပါ
ဟု ဆန္ဒပြုအပ်ပါသည်။
မကြေလည်သောအရာများ၊ မခံစားနိုင်သော ဒေါသများရှိနေပါကလည်း၊ပြေလည်ဖို့ရာတွေးတောရင်း
သင်းပုန်းချေနိုင်ကြပါစေဟု မေတ္တာေ၇ှ့ထားအပ်ပါသည်။
ကျနော်သည်လည်း လူထဲမှလူတစ်ဦးဖြစ်ပါသည်..မည်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်နစ်နာလိုခြင်း
မရှိပါ..မိမိကိုယ်တိုင်အမှားတွေလုပ်ဖူးသလို ကြုံခဲ့ရသောသင်ခန်းစာဗဟုသုတနည်းနာ များအပေါ်မှီတည်
ပြီး၊ အထက်ပါစာစုကိုေ၇းသားမိပါသည်။ သဘောထားလွတ်လပ်စွာကွဲပြားနိုင်ပါသည်ဟုလည်းပြောကြားအပ်
ပါသည်။
မည်သို့ပင်ဆိုစေကာမူ ကျနော်သည် အထက်ပါ မိုင်တိုင်၂၀ ဟုအမည်ရှိသောစာအုပ်လေးဝယ်မိ၏။
မကြာခဏဆိုသလို ထုတ်ဝေသူ အိန်ဂျယ်လှိုင်၏ ကဗျာနှင့်စာများကိုဖတ်မိ၏ သူ၏အေ၇းအသားများသည်
အွန်လိုင်းတွင်ေ၇းနေစေကာမူ လက်ခံနိုင်စွမ်း၊ ဘမ်းစကားဖြင့်ပြောရလျှင် ဟတ်ထိပါ၏။
ထိုစာအုပ်တွင်ပါဝင်သော အွန်လိုင်းစာေ၇းသူများအား ဦးညွတ်ပါ၏၊ သူတို့၏လိုရာဆန္ဒအားလုံးပြည့်စုံပါစေ
ကြောင်းဆုမွန်ကောင်းတောင်းရင်း၊
နိုင်ငံရပ်ခြားေ၇ာက်ရှိကုန်ကြသော၊အွန်လိုင်းတွင် စာေ၇းသားနေကြသော၊ပြီးပြည့်စုံသောဘ၀တစ်ခု ထူ
ထောင်ဖို့ ကြိုးစားနေကြသူအားလုံး လိုရာဆန္ဒတစ်လုံးတစ်ဝဖြင့် ပြည့်ဝကြပါစေကြောင်းဆုတောင်းရင်း
နိဂုံးချုပ်အပ်ပါသည်။

1 comment:

  1. ဟင်...လူတွေက လိုင်းပေါ်မှာ စာရေးနေကြတဲ့သူတွေကို
    အဲလိုပဲမြင်လားဟင်.....မိုးနတ် တကယ်ပဲ မသိခဲ့ပါဘူးး
    ပြောကြတယ်လေ...စာရေးဆရာထက် ကဗျာဆရာဆိုရင်
    အလကား အားတိုင်းစိတ်ကူးယဉ်နေတတ်တဲ့သူတွေ
    လက်တွေ့မှာ ဘာမှဖြစ်ဖြစ်မြောက်မြောက်အောင်မြင်အောင်
    မလုပ်နိုင်တဲ့သူတွေလို့ ဝေဖန်တတ်ကြတာကိုတော့ သိထားတယ်လေ
    ဒါပေသိ ခုလို လိုင်းပေါ်မှာ စာရေးကြတဲ့သူတွေကို ဝေဖန်ကြလိမ့်မယ်လို့
    မိုးနတ် တခါမှကို မတွေးမိခဲ့ဘူးးးးးးးးး ကိုယ်တိုင်လဲ စာတွေ ကဗျာတွေကို
    နှစ်သက်တယ် ....ရေးလဲ ရေးဖြစ်တယ်...သူများတွေရေးထားတာ
    လေးတွေကိုလဲ မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားပြီး ဖတ်ဖြစ်တယ်...
    အနုပညာကို ခုတုံးလုပ်ပြီး အမြတ်ထုတ်ချင်တဲ့ လူတစ်ချို့တော့ မသိဘူးလေ....လိုင်းပေါ်မှာ စာရေးနေကြတဲ့ မျှဝေနေကြတဲ့ ဘလော့ဂါ
    မောင်နှမတွေ အများစုကတော့ မိုးနတ်နဲ့ တသဘောထဲပဲ ဖြစ်ကြမှာပါ...
    အံ့သြစရာနော်....လူတွေဟာ ဘာကြောင့်များ အလွယ်တကူ အပြစ်တင်
    တတ်ကြတာပါလိမ့်...ဟုတ်ပါတယ်ရှင် ...ကိုကိုစိန်ကလဲ ကိုယ့်အမြင်ကို
    ကိုယ်ထုတ်ဖော်ပြောပြတာ ဖြစ်သလို မိုးနတ်ကလဲ ကိုယ့်အမြင်နဲ့ကိုယ်
    လွတ်လပ်စွာ သဘောထားကွဲလွဲခဲ့ကြောင်းပါ :)
    တကယ်က အတူတူပါပဲနော် :P
    မိုးနတ်လဲ မိုင်တိုင်နှစ်ဆယ်ကို အားပေးခဲ့တယ် ....
    ရင်နဲ့ရင်းပြီးတော့ပေါ့...အားလုံးကိုလဲ ချစ်ခင်လေးစားပါတယ်...
    ဘလော့ဂါ မအိန်ဂျယ်လှိုင်ကိုလဲ အားလုံးအပေါ်ထားတဲ့
    စေတနာနဲ့ သူ့ရဲ့တန်ဖိုးထားတတ်မှုကို လေးလေးနက်နက်
    အသိမှတ်ပြုမိပါတယ် :)

    ReplyDelete

Related Posts Plugin for WordPress, Blogger...