Friday 2 March 2012

ဘာတဲ့ ကိုရီးယား

ပြီးခဲ့တဲ့အပါတ်က ကျနော်စာဖတ်ပရိတ်သတ်တစ်ဦးကကိုရီးယားမှာနေရတာဘယ်လိုရှိသလဲတဲ့
နောက်ပြီးတော့ ငွေဘယ်လောက်ရလဲ..သူလဲလာဖို့လုပ်နေတာ..စာမေးပွဲလည်းအောင်ပြီ....
ကောလင်းကိုစောင့်နေပါတယ်တဲ့...အဲဒီတော့ကျနော်လဲသူ့ကို ဒီမှာနေရစားရကြုံရတာတွေ
မတူညီတဲ့စရိုက်ရှိတဲ့ သူတွေနဲ့အဆင်ပြေစွာနေနိုင်ေ၇းကစလို့ အသေးစိတ်တွေကို သူ့ကိုရှင်းပြ
ရပါတယ်...အဲဒီတော့မှသူက..အကို တို့ဆီကဒီလိုကိုးတဲ့ ကျနော်ကသူများတွေအပြောအ၇ကိုရီး
ယားကိုေ၇ာက်ရင်ဆိုလ်းမြို့ မှာအလုပ်လုပ်နေရမယ်ထင်တာပါတဲ့ ကဲမခက်ဘူးလားခင်ဗျာ။
ဒါကြောင့် မသိသူတွေသိရအောင်ကျနော်ဒီပိုစ့် ကိုေ၇းလိုက်ပါတယ်။ အဆင်ပြေသူတွေနဲ့မပြေ
သူတွေကြားမှာလွပ်လတ်စွာကွဲပြားနိုင်ပါတယ်။

ကိုရီးယား ကိုအလုပ်လုပ်ဖို့ေ၇ာက်တာနဲ့ သက်ဆိုင်ရာအလုပ်ရှင်တွေကသင်တန်းကျောင်းကနေ
လာေ၇ာက်ခေါ်သွားပြီးမိမိတို့အလုပ်လုပ်ရမယ့်နေရာမှာနေထိုင်ကြရတာများပါတယ်။စက်ရုံမှာဘဲ
အခန်းဖွဲ့လို့နေရသလိုအပြင်မှာအခန်းငှားပေးပြီးနေရတာလည်းရှိကြပါတယ်။ သဘောကောင်းတဲ့
အလုပ်ရှင်နဲ့တွေ့ရင်တော့ အဆောင်ခေ၇ဖိုးမီးဖိုးမနုတ်ပါဘူး။စိတ်မကောင်းတဲ့သူဋ္ဌေးနဲ့တွေ့ရင်
တော့သောက်ဖို့ေ၇တောင်ဝယ်သောက်ရမှာဖြစ်သလို့ အချို.သောညီတော်မောင်တွေစက်ရုံမှာ
တော့ ၀ယ်ဖို့တောင်ဝေးကွာတဲ့အတွက် အနားကတောင်ကျချောင်းေ၇ကိုသွားေ၇ာက်သယ်ရတဲ့
အဖြစ်တွေလဲ၇ှိပါတယ်။ထမင်းစားဖို့အတွက်ကတော့ ၃နပ်လုံးကြွေးတဲ့စက်ရုံရှိသလို နေ့လည်စာ
တစ်နပ်သာကြွေးပြီးအိုဗာတိုင်လုပ်ရရင်တော့ထမင်းကြွေးတယ်ပေါ့ဗျာ...အချို.စက်ရုံတွေကလည်း
ထမင်းမကြွေးဘဲထမင်းဖိုးတစ်လကိုဥပမာ ၀မ်တသိန်းခွဲ၊၂သိန်းစသည်ဖြင့်ပေးပါတယ်။များတယ်
မထင်ပါနဲ့အလောတော်ပါဘဲ။

ကို၇ီးယားမှာဒေသတွေကိုခရိုင်တွေအဖြစ်ခွဲထားပြီး ဂယောင်ဂီခရိုင်၊ချွန်ချောင်းတောင်/မြောက်၊
ဂျော်န်လာတောင်မြောက်၊ဂယာင်ဆန်းတောင်/မြောက်၊ဒါ့အပြင်မြောက်ကိုရီးယားပိုင်နက်ထဲ
အချို့ေ၇ာက်နေတဲ့ဂါဝန်းခရိုင်၊နောက်...ဂျဲဂျူးကျွန်းဆိုပြီးရှိပါတယ်။ လာတုန်းကအတူတူဖြစ်ပေ
မယ့် ဒီလည်းေ၇ာက်ကော တစ်ယောက်နဲ့တစ်ယောက်နေရာဒေသတွေကွာဝေးပြီးကျရာဒေသ
မှာအလုပ်လုပ်ကြရမှာပါ။မြန်မာပြည်မှာလိုပြောရရင်တော့ရန်ကုန်၊မန္တလေး၊မြစ်ကြီးနား၊မြိတ်၊
ဘားအံ၊စစ်တွေလိုဒေသတွေကွာပါတယ်။အချို.လဲအပေါင်းအဖေါ်တွေနဲ့အတူအလုပ်လုပ်ရသလို
အချို.လဲဝေးကွာလွန်းတဲ့ဒေသတွေမှာ တစ်ဦးတည်းသာအဖေါ်မရှိဘဲလုပ်နေကြရတာလည်းရှိ
ပါတယ်။ “အလုပ်တော့အဆင်ပြေပါတယ်ဗျာ...အဖေါ်မရှိလို့ပြောင်းချင်တာပါတဲ့”ဒီလိုမျိုးတွေ
လည်းကြုံရပါတယ်။

တစ်ခုပြောချင်တာက လာဖို့လုပ်တာလဲကြာပြီမို့လာချင်လွန်းလို့ အလုပ်မရွေးဘဲဖြစ်ချင်တာဖြစ်
ေ၇ာက်ရင်ပြီးေ၇ာမတွက်ကြဖို့ပါ...အခုဆိုေ၇လုပ်ငန်းနဲ့ စိုက်ပျိုးေ၇းအတွက်မြန်မာတွေကိုမခေါ်
ဖို့ညွှန်ကြားထားတာကိုလည်းသိရပါတယ်။ဒီလုပ်ငန်းတွေဟာအဆင်မပြေသူများပါတယ်။မလုပ်
နိုင်လို့ထွက်ပြေးတဲ့သူတွေလည်းများပါတယ်။အလုပ်ပြောင်းရင်လည်းကုန်ထုတ်လုပ်ငန်းတွေကို
ပြောင်းလို့မရသလိုဒီလုပ်ငန်းတွေမှာသာနေရာပြောင်းလို့သာရပါတယ်။မနက်ကို ၄နာရီလောက်
ထပြီးသင်္ဘောပေါ်မှာငါးဖမ်းပိုက်ချ၊အလုပ်ချိန်အတည်တကျမရှိဘူးပေါ့။စိုက်ပျိုးေ၇းဆိုလည်းတစ်
နေကုန်စိုက်ကွင်းထဲမှာေ၇လောင်းပေါင်းသင်၊အသီးခူး၊အရွက်ဖြတ်စသည်ဖြင့်ပေါ့။အချို.ဆိုရင်အ
လုပ်ရှင်က သီနှံရာသီပေါ်မှလစာပေးမယ်ဆိုလို့ ပြဿနာတွေဖြစ် ငွေလိုချင်လို့လာလုပ်ပါတယ်
အကြွေးနဲ့ တိုးနေပါလား။

အကြောင်းသင့်လို့ပြောရရင်တော့ပြီးခဲ့တဲ့နှစ်က မြန်မာအလုပ်သမားနှစ်ဦးပေါ့စိုက်ပျိုးေ၇းကနေ
သူဋ္ဌေးကိုမလုပ်ချင်လို့ထွက်ဖို့ပေါ့ပြောပါတယ်...ထွက်မရတော့နောက်ဆုံးအကြံကပြေးဖို့ပေါ့ဗျာ
သူတို့ဒေသကမြို.ကိုေ၇ာက်အောင်သွားဖို့အတော်ခက်ပါတယ်။ကားဂိတ်ကိုအချိန်မှီဖို့သူတို့စိုက်
ခင်ကနေဘယ်လိုပြေးသလဲဆိုတော့ ပိတ်ရက်မှာစိုက်ခင်းကားကိုယူမောင်းပြီး အိတ်တွေတင်လို့
ကားဂိတ်နဲ့အနီးဆုံးေ၇ာက်မှကားကိုထားပြီးပြေးကြတာပါ။အဲဒီမှာသူဋ္ဌေးကားခိုးပါတယ်ဆိုပြီးရဲ
ကိုတိုင်ပါလေရာဗျာ...သက်ဆိုင်ရာမြန်မာရုံးကိုသတင်းေ၇ာက်တော့မှအဲဒီအလုပ်သမားတွေ
ကိုတွေ့ပြီးဖြစ်ကြောင်းကုန်စင်ရှင်းပြတော့မှ ကိစ္စကပြီးပါတယ်။အဲဒီလူနှစ်ယောက်လည်းတစ်
ယောက်ကမြန်မာပြည်ပြန်သွားပြီးတစ်ယောက်ကတော့အခု အိုဘ၀ပေါ့ဗျာ။နောက်တစ်ဦးက
တော့ေ၇လုပ်ငန်းကသူတစ်ဦးပါ။အလုပ်ပင်ပန်းလို့မလုပ်နိုင်သူဋ္ဌေးကလဲနေတိုင်းဆဲဆိုတော့
သူ့ခမျာအတော်ကိုဒုက္ခေ၇ာက်ပါတယ်။ပြောင်းလို့ကလဲမရထွက်ပြေးဖို့ကလဲေ၇ပါတ်လည်ဝိုင်း
နေတော့ သူနဲ့အတူလုပ်တဲ့ကကြီးသားအဖိုးကြီးကသနားပြီး ထွက်ပြေးဖို့လှေနဲ့လိုက်ပို့တဖက်
ကမ်းေ၇ာက်တော့မှကားလက်မှတ်ဝယ်ပေးပြီးကားပေါ်ပါတင်ပေးလိုက်ပါသတဲ့။ ဒီထက်မက
ဖြစ်စဉ်တွေအများကြီးပါ။

အခုအခါကိုရီးယားကိုလာသူတွေကိုစက်ရုံတွေက ၃နှစ်စာချုပ်တာများပါတယ်။လစာမကောင်း
တဲ့စက်ရုံကျတဲ့သူတွေဟာတနှစ်စာချုပ်ပြည့်ရင်ထွက်ကြတာများလို့ပါ။သဘောကောင်းတဲ့အ
လုပ်ရှင်တွေကြတော့လဲ တနှစ်မပြည့်ဘဲထွက်ချင်တဲ့သူကိုအခြေနေအရပေးထွက်ပေးသလိုအ
ချို.လဲထွက်ဖို့အကြောင်းရှာရန်ဖြစ်ခါးနာစသည်ဖြင့်ထွက်လို့ရအောင်ကိုယ်နည်းကိုယ့်ဟန်နဲ့ကြိုး
စားသလိုကူညီပေးတဲ့အဖွဲ့တွေကလည်းအလုပ်ရှင်နဲ့အလုပ်သမားကြားမှာညှိုပေးတာတွေရှိပါတယ်
 
ကိုရီးယားမှာအလုပ်လာလုပ်ရင်တော့ သီးခံစိတ်လေးမွေးဖို့ကလည်းလိုအပ်ပါတယ်။ဘာသာစ
ကားအခက်အခဲနဲ့သူပြောတာနားမလည်ကိုယ်ပြောတာသူမသိအဆင်မပြေတာတွေလည်းရှိတယ်
အခုလာတဲ့သူအတော်များများဟာစာေ၇ာစကားပါအတော်သိတဲ့သူတွေများလို့ဝမ်းသာစရာပါ။
သို့သော်လည်းကိုရီးယားအတော်များများဟာနိုင်ငံခြားသာဆိုရင်နှိမ်ချင်စိတ်ရှိသူတွေဖြစ်လို့သူ
တို့ပြောတာတွေအကုန်သိတဲ့ မြန်မာကပြန်ပြောတော့မခံနိုင်ဖြစ်ပြီးထိုးပွဲတွေဖြစ်လက်လွန်ပြီး
ဆေးရုံေ၇ာက်အမှုဖြစ်ခံရတဲ့သူလျော်ကြေးပေးရစတာတွေ လည်းရှိပါတယ်။ခံရတဲ့သူပိုက်ဆံရ
တယ်ဆိုလို့များအားမကျလိုက်ပါနဲ့ ကိုယ်တွေခံရရင်မပြည့်အ၀မရှိပါဘူးသူတို့နိုင်ငံသားအတွက်
သာဘက်လိုက်ပါတယ်။တတ်နိုင်သလောက်သီးခံပေါ့ဗျာ။

အခုငွေဈေးငွေလဲနှုန်းအ၇ကိုရီးယားငွေဝမ်တစ်သိန်းလေးသောင်းကျော်ရှိမှမြန်မာငွေတစ်သိန်း
ဖြစ်ပါတယ်။ တစ်ခုပြောချင်တာကမြန်မာပြည်ကသူတွေကိုပါနေရာဒေသအလုပ်ပေါ်မူတည်ပြီး
လစာအရကွာပါတယ်...ကံပေါ့လို့ဆိုရမှာပေါ့...အလုပ်သက်သာပြီးတစ်လကို၁၅သိန်းအနည်းဆုံး
ရသူတွေရှိသလိုအလုပ်မကောင်းလို့တစ်လကို ၁၁သိန်း၁၂သိန်းလောက်နဲ့ရနေသူတွေလည်းရှိပါ
တယ်။လစာကောင်းတယ်ဆိုတာကအချိန်တိုလေးလုပ်နေရတာမဟုတ်ပါဘူးမနက်၈ခွဲကနေ၅ခွဲ
ကပုံမှန်ချိန်ဖြစ်ပြီးအချိန်ပိုကိုည၁၀နာရီ၁၂နာရီထိလုပ်မှလစာကောင်းရတာပါ။အလုပ်ပြီးအိပ်၊မ
နက်နိုးရင်အလုပ်ပေါ့။နေ့ဆိုင်းညဆိုင်းစက်ရုံတွေလဲရှိပါတယ်။လစာပုံမှန်မရတဲ့ရုံတွေလဲရှိပါတယ်။
“သူများတွေတလအိမ်ကိုဘယ်လောက်ပို့နေတယ်နင်ကမပို့ဘူလား ..ပိုက်ဆံတွေဘယ်ေ၇ာက်
ကုန်လဲသုံးဖြုန်းနေသလားစသည်ဖြင့် အထင်လွဲမှုတွေကလည်း ရှိတော့လစာပိုလိုချင်လို့စက်
ရုံပြောင်းပင်ပန်းပြီးအန္တရယ်ရှိတဲ့အလုပ်ဖြစ်တော့ထိခိုက်ဒဏ်ရာရအချို.လဲကိုယ်ခန္ဓာအစိတ်အပိုင်း
တွေကိုငွေနဲ့လဲခဲ့ရသလို အသက်ပါဆုံးခဲ့ရသူတွေလည်းရှိပါတယ်။

သူတို့နိုင်ငံသားတွေကို သူတို့ခိုင်းချင်သလိုလိုသလိုခိုင်းမရလို့ဈေးသက်သာပြီးခိုင်းကောင်းလို့
ကျနော်တို့ကိုခေါ်ခိုင်းတာပါ။တရားဝင်စာချုပ်ထဲကအတိုင်းအလုပ်သမားရပိုင်ခွင့်တွေကိုအပြည့်
ပေးတဲ့စက်ရုံဆိုတာအင်မတန်ရှားပါတယ်။စာနာမှုနားလည်မှုဆိုတာသူတို့လူမျိုးအတွက်ပါ။
နိုင်ငံခြားသားအလုပ်သမားတစ်ယောက်ကိုဘယ်လိုအသုံးချရမလဲဆိုတာသူတို့စိတ်ထဲမှာအချိန်
ပြည့်တွေးနေတာပါ။ကိုရီးယားကိုလာချင်လို့လာကြသူတွေများသလိုမခံနိုင်လို့မလုပ်နိုင်လို့ပြန်ကြ
သူတွေလည်းအတော်များပါတယ်....လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကဒီကိုလာဖို့မြန်မာငွေသိန်း၆၀/၇၀
ရင်းခဲ့ကြရတာပါအဲဒီအချိန်ကငွေကတန်ဖိုးကြီးပါတယ်။အဆင်မပြေလို့ပြန်မယ်ဆိုရင်တောင်ပိုက်
ဆံချေးပြီးလာခဲ့ကြရလို့အတိုးတွေအတွက်စိတ်တွေကျဉ်းကျပ်ပြီအကျပ်ရိုက်ပြီးအောင့်အင်းသီးခံ
လို့အကြွေးလေးကြေဖို့အတွက်အမြတ်လေးထွက်ဖို့အတွက် သီးခံပြီးလုပ်ခဲ့ကြရတာပါ။
အခုအချိန်မှာတော့ဒီကိုလာဖို့အတွက် လေယာဉ်စရိတ်မျှသာကုန်ကြတော့အချို.ပါ။လွယ်လွယ်
လာကြကိုရီးယားဒဏ်မခံနိုင်တော့ အမြန်ပြန်ကြတာပေါ့။

နှင်းလေးတွေကျလို့နှင်းဖွေးဖွေးမှာဇိမ်ရစ်နေကြရတာမဟုတ်ပါဘူးနှင်းကျရင်နှင်းကျုံးအအေးဒဏ်
ကြံကြံခံ၊ပူရင်လဲမတရားပူ။ ရာသီဥတုဒဏ်၊အလုပ်ပိတဲ့ဒဏ်၊လူမျိုးေ၇းဒဏ်တွေခံပြီးလုပ်နေကြ
ရတာပါ။အားလုံးသိအောင်ပြောချင်တာက ရုပ်ရှင်ထဲမှာကြည့်ရသလိုကိုရီးယားမဟုတ်ပါဘူး
မကောင်းတာတွေချည်းဘဲေ၇းနေတာမဟုတ်ပါဘူး။ လာတဲ့သူအတော်များများက ဒီလိုမှမထင်
လို့လေဆိုတာမကြာခဏကြားနေရလို့ပါ။ကိုရီးယားကိုလာတိုင်း ချမ်းသာမယ်လို့လဲမထင်ဖို့ကိုလဲ
ပြောပါရစေ။အခုေ၇းခဲ့တာတွေက တစိတ်တစ်ဒေသသာရှိပါသေးတယ်။
ဒီထက်မကအကြောင်းအရာတွေကိုအလျင်းသင့်သလိုထပ်ေ၇းသွားပါ့မယ်။
ေ၇ာက်ဖို့အေ၇းကြီးတယ်ဒီေ၇ာက်မှအဆင်မပြေရင် အို လိုက်ပေါ့ကွာ။ဆိုတာတွေကိုနားမ
ယောင်ကြပါနဲ့..အို တဲ့ခတ်ကလည်းကုန်သလောက်ဖြစ်နေပါပြီ။ အိုဗာစတေးဖြစ်ဖို့အင်မတန်
လွယ်ပေမယ့် တရားဝင်ဖြစ်ဖို့ဆိုတာခက်ခဲပါတယ်။
 
ကိုရီးယားကိုေ၇ာက်လာသူတိုင်းအခက်အခဲအလုံးစုံမှကင်းလွတ်ငြိမ်းပြီးမိမိတို့အလိုရှိရာ
ဆန္ဒအားလုံးပြည့်စုံကြွယ်ဝမျက်နှာပန်းလှကြပါစေ။
 







10 comments:

  1. စိတ်မောသွားတယ်အကိုရေ

    နိုင်ငံတိုင်းမှာအဲလိုချည်းပါပဲး((((

    ReplyDelete
    Replies
    1. ဟုတ်ပါတယ်ညီမ..ကျေးဇူးကွယ်

      Delete
  2. နိုင်ငံတိုင်းက သူ့ဒုက္ခနဲ့သူပါလားနော်

    ReplyDelete
    Replies
    1. မှန်ပါတယ်ခင်ဗျာ...ဒါတောင်အနည်းအကျဉ်းဘဲေ၇းထားတာပါ

      Delete
  3. ကိုကြီးစိန် ရေးပြတော့မှ ကျွန်တော် တောင် လာရမှာ ကြောက်သွားပြီ အီး....
    ချမ်းမြေ့
    ( စကားမဆက် အာဂါရှီးလေးတွေ အကြောင်း ထည့်ရေးလေဂျာ ဟီး)

    ReplyDelete
    Replies
    1. အကိုရှိတုန်းလာခဲ့ညီလေး
      ကောင်မလေးတွေအကြောင်းထပ်ေ၇းပေးမယ်။

      Delete
  4. ကိုစိန်ရေ
    သေချာရှင်းပြထားလို့ အားလုံးနီးပါးသိလိုက်ရတယ်
    ခင်မင်တဲ့ jasmine

    ReplyDelete
    Replies
    1. ကျေးဇူးပါစပါယ်ချို
      နေကောင်းအောင်နေအုံး။

      Delete
  5. ဟန်ကြည်6 March 2012 at 21:37

    အခုလိုရေးပြတာ ကောင်းတယ်ဗျ...အဲဒီလိုမှမဟုတ်ရင် ဒီကကလေးတွေက ကိုစိန်ပြောသလို ကိုရီးယားရောက်တာနဲ့ တစ်ခါတည်း အဆင်ပြေရော အောက်မေ့နေကြတာ...ဟိုရောက်မှ မထွေးနိုင် မအန်နိုင်ဖြစ်ပြီး ဇွတ်မှိတ်ရတာထက်စာရင် ဆောင်ရန်၊ ရှောင်ရန်တွေ အခြေအနေတွေကို ကြိုသိသွားတော့ ပြင်ဆင်နိုင်တာပေါ့...

    နောက်ထပ်လည်း ဒါမျိုးတွေ ထပ်ရေးပါဦး...ကိုရီးယားသွားဖို့ စိုင်းပြင်းနေကြတဲ့ တပည့်လေးတွေကို လမ်းညွန်ရအောင်လို့...

    ReplyDelete
  6. အခုလိုရှင်းရှင်းလင်းလင်းလေး ပို့စ်တင်သွားတာ ကောင်းတယ် ကိုကိုစိမ်းရေ။
    တစ်ချို့က စိတ်ကူးယဉ်အိပ်မက်နဲ့တင် အစစအရာရာ အဆင်ပြေတဲ့နေရာလေး တစ်နေရာလို့ မှတ်နေကြတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

Related Posts Plugin for WordPress, Blogger...