Wednesday 28 December 2011

သဒ္ဒါ ကြေးသာဖြစ်ပါစေ



နောက်၃ရက် နေရင် ၂၀၁၂ ဆိုတဲ့ နှစ်သစ်တစ်ခုကိုေ၇ာက်တော့မှာပါ...

၂၀၁၂ ဆိုရင် ကမ္ဘာပျက်တော့မယ် ဆိုဘဲ....၂၀၁၂ ဆိုတဲ့ ဇတ်ကားဟာ မကြာခဏဆိုသလို...

တီဗီမှာလာနေတော့တာဘဲ...စိတ်တောင်ပျက်လာတယ်...တကယ်ဘဲပျက်တော့မှာလား...အော် လူတွေလေ

တကယ်တော့...ကပ်ဘေးတွေဟာ ကမ္ဘာကို..လာနေတာဂျပန်ဆူနာမီ...တခြားနိုင်ငံတွေက ငလျင်ကြီးတွေ...

လူတွေအတိဒုက္ခေ၇ာက်ကြရ.....တစ်ဖြေးဖြေးနဲ့ ဟိုနားပျက်ဒီနားပျက်နဲ့ ကမ္ဘာဟာ..မသိမသာပျက်နေတာပါ။

၂၀၁၂ ရုပ်ရှင်က လူကြီးတွေသာမက ကလေးတွေရဲ့ စိတ်တွေကိုပါ..ထိခိုက်နိုင်ခဲ့တယ်ဆိုတာ...တစ်ခြားသူ

တွေတော့မသိပါ..ကျနော့်အိမ်က..ကလေးတွေ..ကျနော့်သမီးတွေက..သူ့အမေကို ပြောတာကတော့

“မေကြီး ၂၀၁၂ ဆိုရင်ကမ္ဘာ ပျက်တော့မယ်ဆို....ဖေကြီးကိုပြန်ခေါ်တော့လေ” တဲ့...အတော့်ကို ကျနော်စိတ်

ထထဲမကောင်းဖြစ်ရပါတယ်...သမီးတွေရဲ့ အဖေ ကိုချစ်စိတ်..သူတို့ရဲ့ ရင်ထဲမှာ ကမ္ဘာပျက်တော့မယ် ဆိုတဲ့

အသိကစွဲနေတာကိုး.....မကြာခဏ ဆိုသလို..ကလေးတွေကို..ဖျောင်းဖျရပါတယ်.....

၂၀၁၁ ခုနှစ်မှာ..အကောင်းတွေအဆိုးတွေ ဒွန့်တွဲနေသလိုရှိခဲ့တာပါဘဲ..နိုင်ငံအတော်များများမှာ...နှစ်ပေါင်း

များစွာကြီးစိုးပြီးလူထုကို အုပ်ချုပ်နေတဲ့..အာဏာရှင်တွေကို...တော်လှန်ကြတာတွေ....မကောင်းသူတွေဟာ

လွှင့်ပါးသွားတာကိုလဲ..တွေ့မြင်ရပါတယ်....

ကျနော် တို့ မြန်မာပြည်မှာတော့...ဒီမိုကရေစီ ဆိုတဲ့ စနစ်တစ်ခုဖြစ်လာတယ်လို့ပြောရမလားဘဲ...

အုပ်ချုပ်သူတွေပြောင်းလို့..သူ့ဟာနဲ့သူ...စနစ်တွေပြောင်းပြီး..ခတ်တွေကောင်းလာမယ်လို့ ကျနော်ယုံ   

ကြည်မိပါတယ်....တစ်လောက...ဘလော့ေ၇းတဲ့...ဆရာဦးဟန်ကြည်က...သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ

ယာဉ်ထိန်းရဲက ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်မောင်းသူကို ချေထောက်နဲ့ ကန်ပြီးဖမ်းတာကို ဘ၀င်မကျလို့

တင်ပြထားတာကိုလည်းတွေ့မိတော့..ကျနော်လည်း..ကိုယ်တွေ့လေးတစ်ခုကိုပြန်မြင်မိပါတယ်...

ရန်ကုန်မြို.မှာ ဆိုင်ကယ်စီးလို့ရတဲ့ အချိန်ကပေါ့လေ...တစ်ရက်ကျနော့် လမ်းထဲမှာဆိုင်ကယ်စီးလာတဲ့ လူ

ငယ်တစ်ယောက်ကို...လှည့်ကင်းလို့ခေါ်တဲ့...ကားနဲ့လိုက်ဖမ်းတဲ့ယာဉ်ထိန်းက....ကားနောက်ကနေတွယ်ပြီး

ကောင်လေးကိုချေထောက်နဲ့လှမ်းကန်တာကို..ကျနော့်ေ၇ှ့မှာတင် မြင်လိုက်ရပါေ၇ာ...ကောင်လေးကလဲ

ကျသွားပါတယ်...လူလဲအတော်နာသွားပါတယ်...ရဲက..အဒီတော့မှကားကိုရပ်ပြီးဆိုင်ကယ်ကို..ကားပေါ်တင်

ပါတယ်..ဘာပြောကောင်းမလဲ...ကျနော်ကသွားပြီးမေးတာပေါ့..ဘာလို့ဖမ်းတာလဲလို့...အုပ်ထုပ်မဆောင်း

လို့တဲ့လေ...ကောင်လေးမှာ...ချေထောက်တွေလဲစုတ်ပြဲ...အတော့ကိုနာနေပါတယ်...အဲဒီမှာ..ကျနော်က

ရဲကို..“မင်းကို ချေထောက်နဲ့ကန်ပြီးဖမ်းဖို့ ဘယ်သူကပြောထားသလဲလို့ မေးတော့..ခင်ဗျားကဘယ်ကလဲ

လဲတဲ့...အေးငါကဒီလမ်းထဲက..ခုနမင်း..ဘာလိုလုပ်သလဲဆိုတာအကုန်မြင်တယ်...ငါတစ်ယောက်တည်းမ

ဟုတ်ဘူး..ဘေးကလူတွေလဲမျက်မြင်သက်သေရှိတယ်”လို့ပြောတော့..သကောင့်သားက...တာဝန်အရတဲ့

“အေးမင်းလဲတာဝန်အရ ဆိုတော့ငါတို့ကလဲ...အမှန်အတိုင်းရှင်းရတာပေါ့ ”ဆိုတော့မှ..သည်ကောင်လေသံ

လျော့သွားခဲ့တယ်...သိပ်မကြာဘူးဆိုင်ကယ်စီးတဲ့ကောင်လေး..အိမ်ကလိုက်လာပြီးသူတို့ ကလေးကို စိုးရိမ်

ပြီး...ဘယ်လောက်ပေးလိုက်လဲမသိဘူး....ဒီကောင်တွေပြန်ထွက်သွားတော့တယ်...ကောင်လေးမိဘတွေက

ဈေးဝယ်ခိုင်လိုက်တာဖြစ်ကြောင်း...ဈေးနားတင်ဖြစ်လို့ဦးထုပ်မဆောင်းတာလို့..ပြောပြပါတယ်...အခုလိုကူ

ညီတာကျေးဇူးတင်ပါတယ်လို့ပြောပြီးသူတို့ ကလေးကိုအနားကဆေးခန်းမှာပြပြီးပြန်သွားကြပါတယ်။

တစ်ခါကအဖြစ်အပျက်လေးတစ်ခုပါ...နေ့စဉ်အောက်ဆိုက်ဝင်ငွေရှာတဲ့ မြန်မာပြည်က...အခုလို ၀န်ထမ်း

တွေကြောင့်..နစ်နာသူတွေမှာ..ထုနဲ့ဒေးပါ....မီးပွိုင့်မှာ...အရှိန်နဲ့ မီးစိမ်းမောင်းလာတဲ့ကားကို ရဲက မီးဝါ

ခလုတ်နှိပ်ပြီးမီးပွိုင့် အကျော်မှာစောင့်ဖမ်းတာတွေ...အမှုဆင်တာတွေကလည်းပေါမှပေါ...

အခုဂုံးကျော်တံတားတွေဆောက်တော့မယ်ဆိုတဲ့ ယာဉ်ကြောပိတ်တဲ့ မီးပွိုင့်တွေမှာ လိုင်းကာတွေဟာ အ

ချိန်လုမောင်းရဖို့ သူတို့ကားတွေကိုမဖမ်းဖို့...ပွိုင့်ကိုဖြတ်တိုင်း စပါယ်ယာက ပိုက်ဆံကိုပြစ်ချပေးတာတွေ

လဲရှိပါတယ်...လိုင်းကားတွေရာနဲ့ချီတော့တစ်နေ့ဝင်ငွေဘယ်လောက်လဲဆိုတာ....အခုအခါဒီလိုပိုက်ဆံပြစ်ချ

တာကိုကောက်ဖို့ပွိုင့်မှာကလေးငယ်တွေကိုကွမ်းယာဆေးလိပ်ရောင်းသလိုနဲ့ မွေးထားနေပါပြီ..ဘယ်ကားက

ပေးတယ်ဘယ်ကားကမပေးဘူး...ဒီကောင်လေးတွေစာရင်းအတိအကျသိတယ်.. ဒီစနစ်တွေ ဘယ်တော့မှ

ပျောက်မလဲဗျာ....ဒါက ကားနဲ့ပါတ်သတ်တဲ့ဟာဘဲရှိပါသေးတယ်...အချို့သောရုံးတွေအခြားကိစ္စတွေမှာလဲ

ဒီလိုစနစ်တွေဟာ...သူ့နေရာနဲ့သူ ကျင်လည်နေတာနှစ်ချို့နေပါပြီ.....

မြန်မာပြည်ပြန်လို့ လေဆိပ်ေ၇ာက်တာနဲ့ နိုင်ငံကူးလက်မှတ်ကြားမှာ....ဒေါ်လာငွေကို...တစ်ဆယ်..နှစ်ဆယ်

ကြားညှပ်ပေးမှအဆင်ပြေတာတွေ....မပါရင်..အခွန်ဆောင်စာရွက်မပါဘူးလား...စတဲ့ မေးခွန်းတွေနဲ့အရစ်

ထုတ်တော့တာပါဘဲ...လေဆိပ်အပြင်ေ၇ာက်တော့လဲလှည်းကိုဝိုင်းဆွဲ....ကူသယ်ပေးမယ်...အိတ်ကိုဝင်လု

ဗြောင်းဆန်လို့...ကားပေါ်တက်တဲ့အထိ...မုန်ဖိုးလေးပေးပါအုံး...ကျနော်လဲသယ်ပေးတယ်လေ..ပေးပါအုံး

စတဲ့သူတွေ...

ေ၇းရမယ်သာဆိုရင်ကိုထီးဆိုင် သီချင်ခေါင်းစဉ်လို “နေရာတိုင်းမှာ” လို့ပြောရမလောက်ပါဘဲ...ပျက်ဆီးနေ

ပြီဖြစ်တဲ့ ခတ်နဲ့စနစ်ထဲက လာခဲ့တဲ့ ကျနော့်မှာလဲ..ဒီနိုင်ငံေ၇ာက်တော့....အခန်းမှာ အင်တာနက်တပ်တဲ့

သူတွေ လာရင်လဲ...အအေးဗူးတွေထုတ်တိုက်...ကော်ဖီတွေ..ဖျေုာ်တိုက်နဲ့..သူတိုက အထူးအဆန်းနဲ့

ကျနော့်ကိုကြည့် နေတာပါဘဲ....ကျနော်တို့နိုင်ငံမှာ...ဒီလိုလေးတွေလုပ်ပေးမှ..ကိုယ့်ကိုကောင်းကောင်းဝန်

ဆောင်မှုပေးအောင်လေ...စက်ရုံထဲထမင်းစားချိန်မှာ..စက်ပြင်ဖို့လာသူတွေကိုလဲသူဋ္ဌေးက ထမင်းစား

တောင်မခေါ်တော့အော် လူမှုေ၇းတောင်မရှိပါလားလို့...စိတ်ထဲမှာဖြစ်မိတာ..သူတို့မှာကတော့သူတို့ စနစ်

လေ...ရုံးတွေဘဏ်တွေ..သွားရင်လဲ ချိုသာတဲ့အပြုံး..ကျေနပ်အောင်ဝန်ဆောင်မှုတွေပေးတာ...ရထား

တွေ..ကားတွေစီးလဲ..အချိန်တိကျ...မတော်တဆနောက်ကျရင်လဲဘာကြောင့်ဘယ်နေရာမှာဘာဖြစ်တယ်

ခရီးသည်ကိုလေးစားလို့..ကားပေါ်တက်တဲ့ခရီးသည်ကိုခေါင်းလေးညွတ်ပြီးနုတ်ဆက်တာတွေ...စပါယ်ယာ

မလိုတဲ့ ဘတ်စ်ကားတွေ..စီးပြီး အော်ငါတို့နိုင်ငံလဲဒီလိုဖြစ်ရင်ကောင်းမှာလို့...

တစ်ရက်..ဘတ်စ်ကားစီးတော့ ဈေးတက်တယ်လို့ပြောလို့ တစ်ထောင်တန်ကိုပိုက်ဆံပုန်းထဲထည့်ပြီးစီးခဲ့

တယ်...သိပ်မကြာပါဘူး...ကားမောင်းသူက...မီးပွိုင့်မိနေတဲ့အချိန်...ကျနော့်ကိုအကြွေ ၅၀ပြန်လာပေးပါ

တယ်...ကျနော်ကဘာလို့လဲဆိုတော့...ဈေးတက်တာအခြားလိုင်းတွေပါတဲ့...စိတ်ထဲကျေနပ်မိတာနဲ့အတူ

ကျနော်တို့ဆီမှာ...အကြွေမအမ်းဘဲမေ့ချင်ေ၇ာင်ဆောင်တာ...ခရီးသည်ကိုမချေမငံဆက်ဆံတာတွေမြင်

ေ၇ာင်မိပြန်ပါတယ်...

အခု...သူတို့ပြောတဲ့.....ဒီမိုကေ၇စီဖြစ်နေပြီဆိုတဲ့ ကျနော်တို့နိုင်ငံမှာ....ကောင်းတဲ့ အစိုးရ....သန့်ရှင်းတဲ့

အစိုရ...ဖြစ်ဖို့....အခုလိုဖြစ်တာတွေဖြစ်နေဆဲ...ဖြစ်နေတုန်းကိစ္စတွေကိုပြင်ဖို့လိုပါပြီ...နှစ်ကြာလို့ အသား

မာတက်နေတဲ့ နေရာတွေကို လှီးထုတ်ပြီးအသားနုတက်အောင်...လုပ်ရပါမယ်....

မြန်မာတွေဟာသဒ္ဒါစိတ်ပြင်းပါတယ်...မတန်မရာတွေတောင်းပြီးစိတ်ဆင်းရဲအောင်၊မပေးနိုင်ရင် မရဘူး

မလုပ်ပေးဘူးဆိုတာတွေဖျောက်ကြပါတော့...ရင်ထဲက နေဖြစ်တဲ့ ကျေနပ်ပြီးဝမ်းသာပြီးမယူရင်တောင်မှ

အတင်းပေးမယ့် သဒ္ဒါကြေးလေးတွေကိုယူ ပြီးပြည်သူကိုစိတ်ချမ်းသာစေဖို့ နှစ်သစ်မှာစိတ် သစ်တွေမွေးဖို့

ဒီနေရာလေးကနေ ပြောလိုက်ပါတယ်......

ပြည့်စုံသူတွေကောမရှိဆင်းရဲ နွမ်းပါသူတွေပါအားလုံးကိုယ်ေ၇ာစိတ်ပါကျန်းမာချမ်းသာကြပါစေ။


7 comments:

  1. အချိန်တော့ကြာမယ်နော် ခုလက်ရှိကတော့
    တစ်ခြားမကြည့်ပါနဲ့ ထိုင်းနဲ့မလေးလောက်ပဲကြည့်နိုင်ရင်ရပြီ
    မြန်မာပြည်ကလက်လုပ်လက်စားနဲ့ မလေးရှားက လက်လုပ်လက်စားရဲ့
    ဘ၀က အတော်ကြီးကိုကွာနေတယ်
    နှစ်သစ်မှာပျော်ရွှင်မှု အောင်မြင်မှုတွေ အပြည့်အ၀ရရှိပါစေ

    ReplyDelete
  2. အင်းးး အင်းး ပြောချင်တာတွေအကုန်ပါနေပြီ အကိုရေ

    2012 ကိုတော့တကယ်လန့်နေမိတယ်း(
    ဘာပဲပြောပြောလူသားတွေအားလုံးအတွက် အကောင်းတွေများများလာနိုင်ပါစေ
    ငါ့အကိုလဲ ဒီဇင်ဘာနေ့ရက်များကိုလှပပျော်ရွှင်စွာကျော်ဖြတ်နိုင်ပါစေး)

    ညီမငယ်

    မဒိုးကန်

    ReplyDelete
  3. ဒီဇင်ဘာ31 December 2011 at 17:50

    ရေးထားတာ အားလုံး အမှန်တွေပါဘဲရှင်။ 2012 ကို ကြောက်တာ ညီမက ထိပ်ဆုံးက ပါမယ်ထင်ပါတယ်။ အထူးသဖြင့် ရန်ကုန်မှာ ငလျှင်လှုပ်မှာကို အစိုးရိမ်ကြီးပြီးတော့ ကြောက်တာပါ။

    2012 နှစ်သစ်မှာ ပျော်ရွှင် ချမ်းမြေ့စွာနဲ့ အစစအရာရာ အဆင်ပြေ အောင်မြင်ပါစေလို့ 

    ReplyDelete
  4. Wishing you a Happy New Year 2012 Bro

    ReplyDelete
  5. မဒမ်ကိုး၊ စပါယ်ချို၊ သိင်္ဂါ ကျော်၊ ဒီဇင်ဘာနဲ့
    အေအမ်ကေ တို့ အားလုံးနှစ်သစ်မှာ
    ကျန်းမာရွှင်လန်းကြပါစေ......

    ReplyDelete
  6. ဟန်ကြည်5 January 2012 at 02:53

    အေးဗျာ နေရာတိုင်းမှာ ဖြစ်နေတော့တာပါပဲ...ကြာလာတော့ ဒီကောင်တွေကိုမြင်တိုင်း လူကောင်းလို့ကို မသတ်မှတ်ချင်တော့ဘူး ဖြစ်လာတယ်...

    ReplyDelete

Related Posts Plugin for WordPress, Blogger...