



ကိုရီးယားနိုင်ငံရဲ့ နှစ်သစ်ကူး ပိတ်ရက်တွေမှာ...ကျနော်တို့မြန်မာအလုပ်သမားတွေ အများစုဟာ
မိမိတို့ ရှာဖွေစုဆောင်းထားတဲ့ အထဲကမှအချို.ကိုစုပေါင်းလို့ အလှုအတန်း တွေပြုလုပ်ခဲ့ကြပါတယ်။
ဟိုး အောက်ဘက်ဝေးလံတဲ့ နေရာ ကနေလာရောက်ကြ တဲ့သူငယ်ချင်း မိတ်ဆွေတွေ နဲ့တွေ၇ဆုံရလို့
ပျော်ရွှင်ကြ၇တယ်....အခုလိုပိတ်၇က်ရှည်၇ှိမှသာ ဆုံဖြစ်ကြတာလေ....ဒီနှစ်ပိတ်ရက်မှာလည်း
နေ့စဉ်ဆိုသလို မြန်မာဘုန်းကြီးကျောင်းတွေမှာ..အလှူတွေ...ရှိပါတယ်...အကျွေးအမွေးတွေကလည်း
စုံလှပါတယ်....မြန်မာထမင်းဟင်းတွေအလျှံအပါယ်ကိုစားခဲ့ရတယ်....ယခုပိတ်ရက်မှာ ဆရာတော်
အရှင်ဆေကိန္ဒ ချီးမြှင့်တဲ့တရားတော် ကိုလည်းနာယူခဲ့ရပါတယ်.....တိုင်းတပါးကိုရောက်ရှိနေချိန်မှာ
ဆရာတော်သံဃာတော်တွေဆီက တရားနာယူဖို့ဆိုတာအင်မတန်မှ ခက်ပါတယ်....တရားဓမ္မ အဆုံး
အမ တွေနဲ့မိမိတို့ကျင်လည်ရာ ခရီးမှာအဆင်ပြေစွာနေနိုင်ဖို့နေထိုင်တတ်ဖို့ ကြိုးစားကြရမှာပါ။
ကဲ ပိတ်၇က်ရှည်တစ်ခုပြီးခဲ့ ပြန်ပြီလေ.....ကျနော်တို့အားလုံးဟာ...ကြိုးမပါတဲ့ ချည်တိုင်တွေ ဖြစ်တဲ့
ကိုယ်အလုပ်လုပ် နေထိုင်ရာ နေရာအသီးသီးကို ပြန်ကြ မိတ်ဆွေတွေနဲ့ ခဏတာခွဲခွာပြီး နောက်များကြရင်လည်း အခုလိုအလှူေ၇စက်လက်နဲ့မကွာ လှူနိုင်တန်းနိုင်ကြပါစေလို့ ဆန္ဒပြု ရင်း
ပြုခဲ့သမျှ ကုသိုလ် အစုစု ကိုအမျှပေးဝေလိုက်ပါတယ်........
သာဓု သာဓု သာဓု ပါရှင်။ သာဓုသုံးကြိမ် ခေါ်ဆိုသွားပါတယ်။
ReplyDelete