Friday 12 February 2010

လပြည်.ကျော်ည

လွမ်းလို့သေတဲ့ သစ်ပင်မရှိပါဘူးကွာ

မင်းမရှိလို့ မသင်းပျံနိုင်တဲ့ ပန်းတပွင့်အတွက်

ငါ့ရဲ့မိုးရာသီဟာ နောက်ကျနေခဲ့ပါပြီ။

သက်ပြင်းတွေခဏခဏ ချတာတောင်

အာရုံမတတ်နိုင်တဲ့ ညအတွက်တော့

ခေါက်ရိုးကြိုးအတွေးနဲ့

ဆင်ခြေတွေဘဲရရလာတယ်

လပြည့်ကျော်တဲ့ ည အတွက်

အချစ်ကခါး အရက်ကတော့ ချို နေတုန်းဘဲ။ ။

အခုဖေါ်ပြထားတဲ.ကဗျာလေးကိုရေးသားသူကိုဇော်ဇော် ထံမှခွင်.ပြုချက်ရယူထားပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...