Monday, 19 November 2012

ကြိုဆိုပါတယ် လူကြီးမင်း

အခုပို့စ်လေးကို မေ၇းခင် ဒီစာမျက်နှာကိုပြန်လည်ရရှိဖို့ အသက်ဆက်ရှင်ဖို့ ကူညီခဲ့ကြသော သူများကို
ကျေးဇူးစကား ဆိုပါ၇စေခင်ဗျာ....
ယခုလ ၅ရက်နေ့မှစလို့ကျနော် ၇ဲ့စာမျက်နှာကလုံးဝဖွင့်မရခဲ့ပါ..မေလ်းလည်းမ၇တော့ဘူးလို့ ပြောရမှာပါ
ဘာကြောင့်ဘယ်လိုဖြစ်သွားမှန်းမသိသော်လည်း စိတ်အတော်ထိခိုက်ခဲ့၇တာကတော့ အတော်ဖြစ်ခဲ့ပါတယ်...
အခုလိုကိစ္စပေါ်တော့ ခံစားချက်တူသူကိုယ်ချင်းစာသူ မိမိနိုင်ငံနှင့်ဝေးရာဒေသတွေ ဆီမှာ ရှိနေတဲ့
စိတ်ရောကိုယ်ပါပင်ပန်းခဲ့တဲ့ ကျနော့် တူမကြီး ၊၇ဲဘော်၇ဲဘက်ကောင်းတစ်ဦးလို ညီရင်းအကိုပမာ ကူညီခဲ့တဲ့ အေးမြတဲ့ အရပ်ဒေသတစ်ခုက ညီငယ်တစ်ဦး၊ နုတ်၏ စောင်မခြင်းဖြင့် ကူညီခဲ့သော
ကျနော့် နှမငယ် တို့အား ကျေးဇူးစကား ဒီနေရာကဆိုပါ၇စေ...။
သူတို့၇ဲ့ အမည်နာမ မဖေါ်ပြခြင်းကို ခွင့်လွှတ်ပေးနိုင်မည်ဟုလည်း ယုံကြည်မိပါတယ်။

ကဲ..အခု ကျနော်ေ၇းချင်တဲ့စာလေးေ၇းပါရစေ...လွန်ခဲ့သောနှစ်အနည်းငယ်ကတည်းကေ၇းချင်ခဲ့တဲ့
စာကြွေး လို့ပြောလည်းရပါတယ်။

ကျနော့် တို့တိုင်းပြည် နာဂစ် မုန်တိုင်းဖြစ်ပြီးလို့ မကြာသောရက်ပိုင်း အနည်းငယ်အချိန်ကပေါ့ဗျာ....
ကျနော် အလုပ်ရှင်သူဋ္ဌေးက ကျနော့်ကိုမေးပါတယ် မင်းမြန်မာပြည် ဘယ်မှာနေလဲတဲ့..ကျနော်က
ငါ ၇န်ကုန်မှာနေတယ်လို့ ဆိုလိုက်တော့ ..ဟာသွားပြီ မင်းတို့အိမ် မုန်တိုင်းထဲပါသွားပြီ လို့ပြောတယ်။
အဲဒီတော့ကျနော့် အရမ်းပြန်ချင်တဲ့အိမ်ကို သူ့ဂရုဏာနဲ့ ခွင့်တစ်လ ရခဲ့တာပေါ့...အဲဒီအချိန်က အလုပ်
ပြောင်းခါစဖြစ်တော့ ငွေကလည်းပေါပေါများများမရှိပါဘူး မိတ်ဆွေတွေကူညီမှုနဲ့ လူကြုံပစ္စည်းတွေတပွေ့
တပိုက်နဲ့ ပြန်ခဲ့ပါတယ်...အဲဒီကာလက ကိုရီးယားလေဆိပ်က မြန်မာနဲ့တရုပ် ကို မုန်တိုင်းနဲ့ငလျင်ဘေးကျ
တဲ့တိုင်းပြည်တွေဖြစ်လို့ ပေါင်ပိုတွေအတွက် ငွေမယူပါဘူး...လ၀က မှာလည်းစတစ်ကာအတွက်ငွေမပေးရ
ခဲ့ဘူး ဒီလိုနဲ့ မြန်မာပြည်မေ၇ာက်ခင် လေယာဉ်တဆင့်ထပ်စီးဖို့ ထိုင်းလေဆိပ်ကိုေ၇ာက်တယ်ပေါ့

ထိုင်းလေဆိပ်ကနေပြီး လေယာဉ်ထွက်တော့ ကျနော့်ခုံဘေးက ခရီးသည်အမျိုးသားကြီးနဲ့ စကားပြောဖြစ်
ပါတယ်..သူက မောင်ရင်ဘယ်ကလာလဲ ဟိုမှာငွေဘယ်လောက်ရလဲ အခုပြန်လာလည်တာလား စတာတွေ
ကိုမေးပါတယ် ကျနော်ကလည်း အကြောင်းစုံပြောပြပြီးချိန်မှာတော့ သူ့ကိုယ်သူစတင်မိတ်ဆက်ပါတယ်
သူက ဋ္ဌာနဆိုင်ရာတစ်ခုမှ အရာထမ်းတစ်ဦးဖြစ်ကြောင်း နာဂစ်မုန်တိုင်းကိစ္စနဲ့ ဘန်ကောက်မှာ အလုပ်ရုံ
ဆွေးနွေးပွဲတစ်ခုလာတက်တာ လို့ပြောပါတယ်..ပြီးတော့ သူက အခုလိုစကားစပါတယ်....

မောင်ရင် အမေရိကန် ကိုဘယ်လိုမြင်လဲတဲ့....ကျနော်က ဘာဖြစ်လို့လဲဘာအတွက်လဲပေါ့
အဲဒိတော့ သူက အခုကိုယ်တို့တိုင်းပြည်မှာမုန်တိုင်းကြောင့် မြစ်ဝကျွန်းပေါ်ဘက်မှာ ပျက်ဆီးဆုံးရှုံးမှုတွေ
များတယ် ဒါကိုအခုအမေရိကန်က ကူညီဖို့ဆိုပြီးစစ်သင်္ဘောကြီးတွေ၊ လေယာဉ်ကြီးတွေနဲ့ ကူမယ်ဆိုပြီး
ပြောလာတယ်...ဒါကို မောင့်ရင်အနေနဲ့ မြင်တဲ့အမြင်ကို ပြောဖို့ပါတဲ့

ကျနော်က အမေ၇ိကန် ကိုကျနော်ဘယ်လိုမြင်မလဲ လက်ရှိအမြင်က ကျနော်တို့ပြည်ဘာဖြစ်နေလဲ အတိ
ဒုက္ခေ၇ာက်နေတာ ဘယ်သူတွေလည်း ပြည်သူတွေ အဆင်ပြေဖို့ နိုင်ငံတိုးတက်ဖို့ ဆိုရင် လက်ခံသင့်ရင်
လက်ခံရမှာဘဲလို့ တခြားနိုင်ငံေ၇းကိစ္စတွေ ဘာတွေညာတွေ ကျနော်မသိဘူးလို့ ပြောလိုက်တယ်
အဲဒီမှာ အဲဒီအရာရှိကြီးက အခုလိုစပြောပါတယ်....
မောင်ရင့်ကို ကိုယ်တစ်ခုပြောပြမယ်...အမေရိကန် ဆိုတဲ့ သတ္တ၀ါဟာ ၀င်ပြီးရင် ပြန်ထွက်ရိုးထုံးစံ မရှိ
တဲ့ သတ္တ၀ါပါတဲ့ နောက်ပြီး သူကအကိုးအကားတွေနဲ့ သက္ကရာဇ် မှတ်တမ်းတွေနဲ့ ဘယ်နိုင်ငံကို ဘယ်
အချိန်မှာဘယ်လိုဝင်တယ် နောက်အကြောင်းပြချက်တွေနဲ့ ပြန်မထွက်ဘူး ဒီလိုနဲ့ စစ်စခန်းတွေ ဆောက်
ပြီး အင်အားချဲ.တယ်ပေါ့..သူပြောတာတွေ နားထောင်ပြီးကျနော်က
စကားရိုင်းသွားရင်တော့ ခွင့်လွတ်ပေါ့ဗျာ လို့အစချီပြီး ကျနော်တို့ငယ်စဉ်က လူကြီးတွေ စကားပုံတစ်ခုကို
ခဏခဏ နားထောင်ရတယ်ပေါ့အဲဒါက...နင်တို့တွေ ကိုယ့်ဖင်ကိုလျှက်ပါဆိုတော့လည်း မမှီဘူး သူများ
ဖင်ကိုလျှက်ပါဆိုတော့လည်ရွံ .....ဆိုတာမျိုးအခုဖြစ်နေပြီလို့ ပြောလိုက်တယ်....သည့်နောက်မှာတော့
ထွေရာလေးပါး ခုန အမေရိကန်နဲ့ ကိစ္စမပါဘဲ ဆက်ပြောပြီးခေတ္တနုတ် ဆိတ်နေလိုက်ကြပါတယ်
ရန်ကုန်လေဆိပ်ေ၇ာက်တော့သူလည်း နိုင်ငံကူးလက်မှတ် အစိမ်းေ၇ာင်ကိုကိုင် ကျနော်လဲ အနီေ၇ာင်ကို
ကိုင်လို့ လက်ဆွဲနုတ်ဆက်ပြီး ကိုယ့် ခရီးကိုယ်ဆက်ခဲ့ ကြတယ်။
ကျနော် စိတ်ထဲတစ်ခုဖြစ်တာက အခု အမေရိကန်နဲ့ မြန်မာ သံခင်းတမန်ခင်းကိစ္စတွေ နှစ်နိုင်ငံခေါင်း
ဆောင်တွေ အပြန်အလှန် လာတဲ့အချိန်မှာ ..၀င်ပြီးရင်ပြန်ထွက်ရိုးထုံးစံ မရှိတဲ့သတ္တ၀ါ အကြောင်းကိုပါ
သူ့နိုင်ငံ ကပြည်သူတွေကြိုက်လို့ ၂ကြိမ်တိုင်ေ၇ွးခံခဲ့ရတဲ့ ခေါင်းဆောင်တစ်ဦးလာချိန် ပြည်သူတွေစိတ်
တွေ တက်ကြွနိုးကြားနေတဲ့ အခုလိုအချိန်မှာ ဆွမ်းဆန်ထဲမှာရှိတဲ့ ကြွက်ချေးတွေမရှိသင့်တော့ပါဘူး
ရှိလာရင်လဲ မသိချင်ေ၇ာင်မဆောင်ဘဲ ဖယ်ရှားပြစ်ရမှာပါ။
ဘယ်သူကမှ ကိုယ့်အကျိုးမြတ် မရှိရင်မလာဘူးဆိုပေမယ့် အိမ်လာလည်သူချင်းအတူတူ ဘေးကကပ်နေတဲ့ အိမ်ကြောင့် ခုထိဘယ်လောက်အရာေ၇ာက်ခဲ့ လို့လဲ
ဒါဆိုရင် အဝေးက လာလည်သူကိုဦးစားပေးသင့် ရင်ပေးရမှာပါ။
နာရီပိုင်းလောက် အချိန်လေး လာတာကို ဒီလောက်ကြီးကျယ်ခန်းနားနေခြင်းဟာ အဲဒီလူဟာ ဘယ်လို
အေ၇းပါအရာေ၇ာက်နေ လို့လဲဆိုတာကို ပြောပြနေစရာမလိုလောက် အောင်ပါဘဲ......
 မြန်မာ..အမေရိကန် ချစ်ကြည်ေ၇း အဓွန့် ရှည်တည်တံ့ ပါစေ.....
မြန်မာ ပြည်သူပြည်သား အပေါင်းအခက်အခဲကိစ္စမှန်သမျှမှ အမြန်လွတ်ကင်းကြပါစေ။


Tuesday, 30 October 2012

ကုသိုလ်ယနေ့

မင်္ဂလာရှိတဲ့ နေ့တစ်နေ့ပေါ့ဗျာ....ဒီလိုအခါကြီးရက်ကြီးကို ကိုယ့်ပြည်ကိုယ့်မြေမှာမဆင်နွဲရတာ နှစ်အတော်
ကြာခဲ့ပြီပေါ့....အဝေးကနေပြီး လွမ်းသလိုအားမရသလို စိတ်ထဲတစ်ခုခုဖြစ်နေသလိုမျိုး ခံစားခဲ့ကြဘူးမှာပါ။
ဒီနေ့ဟာ သီတင်းကျွတ်လပြည့်နေ့ အဘိဓမ္မာအခါတော်နေ့ ဖြစ်ပါတယ်....
မြန်မာလူမျိုးတွေဟာကုသိုလ်သဒ္ဒါတရား မနည်းကြပါဘူး..အလှူအတန်းနဲ့ ပါတ်သတ်လို့နှမြောတွန့်တိုစိတ်
တွေနည်းကြပါတယ်...ယခုအခါ ရပ်ကွက်တွေလမ်းတွေမှာပါ စတုဓီသာ အလှူတွေကို အတော်များများပြု
လုပ်နေတာတွေကလည်း ကြည်နူးစရာပါ..ဆင်း၇ဲချမ်းသာအယုတ်အလှ အမြတ်မရွေး စေတနာထက်သန်
စွာနဲ့ သန့်သန့်၇ှင်းရှင်းနဲ့စားသောက်ဖွယ်ရာတွေကို လှူတန်းကြ...ပျော်ပွဲရွှင်ပွဲတွေ ကျင်းပကြနဲ့တကယ့်ကို
ပျော်စရာလို့ဆိုရမှာပါ....
ဒီနေ့ မနက် အာရုံ တက်ကတည်းကေ၇ွှတိဂုံစေတီတော်ကိုေ၇ာက်ခဲ့ပါတယ်။ ယမန်နေ့ညတည်းက ဆီး
မီးပူဇော်သူတွေ ကုသိုလ်ပြုကြသူတွေ မနည်းလှပါဘူး ကားပါကင်တွေအပြည့်အကျပ်....ဓါတ်လှေကားစီး
ဖို့စောင့်ဆိုင်းနေတဲ့ လူတန်းရှည်....အာရုံဆွမ်းပွဲေ၇ာင်းတဲ့နေရာမှာပြုံတိုးနေတဲ့သူတွေ၊ ၅၀၀ကျပ်တန်အုပ်
၁၀၀၀တန်အုပ်တွေကိုင်လို့ သံဃာတော်တွေကိုဝတ္တုလှူ တန်းသူတွေကိုလည်းအနုမောဓနာမြောက်တွေ့
ခဲ့ရတယ်။
လိုအပ်တာတွေကိုပြောရရင်တော့ ကျနော်တို့ ဆီမှာ တန်းစီပြီးစည်းနဲ့ကမ်းနဲ့ဆိုတာကတော့ အသိစိတ်မရှိတာလား...ဦးဆောင်သူမရှိလို့လား...ဓါတ်လှေကားအ၀င်မှာ ၀ါးလုံးတွေကာလို့
တန်းမစီသူတွေကိုထိန်းဖို့ကာထားတာတွေက အမြင်မသင့်ဖွယ်ရာပါ....ကားပါကင်မှာ ဖြစ်သလိုရပ်လို့
ကာအ၀င်အထွက်ပိတ် နေရာချဖို့တာဝန်ပေးထားသူမရှိ ဒါတွေကလည်းပြုပြင်ဖွယ်ရာတွေပါ။
အခြားသောကိစ္စရပ်တွေေ၇းစရာရှိပေမယ့် ကိုယ့်ပေါင်ကိုလှန်ထောင်းစရာတွေဖြစ်တဲ့ အတွက်ဒီတင်သာ
ရပ်ပြီး ဒီကနေ့ကမ္ဘာအရပ်ရပ်မှာရှိကြတဲ့ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးအားလုံး ကြည်ညိုသဒ္ဒါပွားစေဖို့
ယနေ့ကုသိုလ် ပုံတွေကိုတင်ဆက်လိုက်ပါတယ်။
ကမ္ဘာကြီးတစ်ခုလုံးမှာရှိကြကုန်သော လူနတ်ဗြဟ္မာသတ္တ၀ါအပေါင်း ဘေးအမျိုးမျိုးရန်အသွယ်သွယ်မှ
ကင်းစင်ဝေးကြပါစေ..နှလုံးစိတ်ဝမ်းငြိမ်းချမ်းကြပါစေ။






























Saturday, 27 October 2012

အဘဆီေ၇ာက်ခဲ့တယ်

ခရီးသွား ရာသီတွေကတော့တစ်ခုပြီးတစ်ခုဆိုသလိုဆက်လို့လာနေပါပြီ သွားနိုင်ဖို့ ကိုသာဆုတောင်းရမှာလေ...ရန်ကုန်ကိုေ၇ာက်လို့ မကြာသောအချိန်မှာ အညာဘက်ကိုခရီးထွက်ပါတယ်
ပုပ္ပါးဘက်ကိုေ၇ာက်တော့လည်းနှစ်၆၀ ပြည့်အဘထွက်ပွဲကိုလည်းကြုံခဲ့တယ်ပေါ့လေ...ေ၇ာက်ခိုက်မှာမှတ်
တမ်းဓါတ်ပုံတွေ၇ိုက် ရွာအနီးအနားတွေဘက်လည်းလည် ပုပ္ပါးမြို.လေးဟာ အဘထွက်ပွဲလာတဲ့ မင်းပရိတ်
သတ်တွေနဲ့ အတော့်ကိုစည်ကားလှပါတယ်။ နှစ်စဉ်မပြတ်လာေ၇ာက်ပူဇော်သူတွေကလည်းအချိန်ကိုက်
ေ၇ာက်လာကြတယ်။ စည်ကားတဲ့ပွဲမှာ စည်းကမ်းထိန်းသိမ်းေ၇းတွေ ကိုပိုလို့ချထားပေးရင် အနယ်နယ်အ
ရပ်ရပ်ကလာကြသူတွေအတွက်ပိုလို့ အဆင်ပြေမယ်လို့ထင်မိတယ်။
အဘပွဲမတိုင်ခင်တရက် ကမမျှော်လင့်ဘဲထော်လာဂျီ မတော်တဆဖြစ်မှု ကြောင့် ပွဲလာသူတွေဒဏ်ရာရ
သေဆုံးသူတွေလဲရှိခဲ့တယ်...စည်းကမ်းမဲ့မောင်းတဲ့ ဆိုင်ကယ်ကယ်ရီတွေ ကိုလည်းကြပ်မတ်ဖို့ လိုအပ်ပါ
တယ်။ ကိုယ်ယုံကြည်ရာ ကိုးကွယ်ရာကိုတိုင်တယ်ပြီးကုသိုလ်လုပ်ဖို့ လာတဲ့သူတွေကို အကုသိုလ် မဖြစ်
စေဖို့ ကမ္ဘာလှည့် ခရီးသည်တွေပါ လာေ၇ာက်လေ့လာကြလို့ ဂုဏ်သိမ်စေမယ့် အဖြစ်တွေကိုမလုပ်မိကြ
ဖို့လိုအပ်ပါတယ်။အဘပွဲမနက်မှာ အနီးအနားရွာတွေကလာပြီးပိုက်ဆံကြဲတာကိုလုကြတာမှာ အချို.ဟာ
တံချူတွေနဲ့တောင်းတွေတပ်ပြီး အလိုရမက်ကြီးစွာလုတာတွေကလည်း ပွဲကိုအကျဉ်းတန်စေပါတယ်။
ရှမ်းအိုးစည်သံ တညံညံနဲ့ စည်ကားလှတဲ့ အဘထွက်ပွဲက ပုံတွေကို မှတ်တမ်းတစ်ခုအနေနဲ့ ဖေါ်ပြလိုက်ပါတယ်






























































Tuesday, 11 September 2012

ပြောပါရစေ

မြန်မာပြည် ပြန်ေ၇ာက်တာ တစ်လပြည့်ပါတော့မယ်....လောလောဆယ်အထွေအထူးဘာမှ မစီစဉ်
၇သေးပါဘူး....နေမကောင်းတာကခံ သွားတော့ကျန်းမာေ၇း ဘက်ကိုလည်းဦးစားပေးရသေးတယ်။
ရန်ကုန်၇ဲ့ မိုးရာသီကတော့ အရင်အတိုင်းပေါ့လေ...ကျောင်တက်ချိန် ကျောင်းဆင်းချိန်တွေ ဆိုကြို
တိုင်ပင်ထားသလားမှတ်ရတယ် ရွာလိုက်တာမှအသဲအမဲ....သူ့အချိန်သူ့ရာသီ ဖြစ်လို့ တားမရဘူး
လေ...အအေးမမိအောင် အပြင်ထွက်ရင်ထီးဆောင်...ဆေးကြိုသောက် ဒါဘဲပေါ့
ရန်ကုန်မှာကားတွေ အရင်ကထက်များပါတယ်..ကားဈေးတွေကျလို့ မော်ဒယ်မြင့်ကားတွေပေါလာ
တယ်....မုဒိတာပွားစရာ ၀ယ်နိုင်သူတွေဝယ်စေပေါ့
ကားတွေပေါလာတာနဲ့ အမျှ လမ်းတွေလမ်းပိတ်တာက လွန်ပါတယ်..အရင်လိုမဟုတ်တာကတော့
ထူးလာတယ်....ကြီးမားတဲ့ ချိုင့်ခွက်တွေေ၇ှာင်မရအောင်ဖြစ်နေလို့ တဘီး ချင်းလှိမ့် မောင်းလို့ခရီး
မတွင် မြန်မြန်မောင်းရင် တိုက်ေ၇ာ့ ဘောဂျွိုင်းတွေ ပြုတ်ကုန်ရင်မခက်လား။
လိုင်းကားတွေကို စည်းကမ်းကြပ်မပ်နေတယ်ပြောနေပေမယ့် တရက်ကျနော်လိုင်းကား စီးလိုက်
တယ်...အရင်အတိုင်း မထူးပါဘူးလေ......သူတို့ပြောတဲ့ နတ်ပိုက်ဆံ အိုင်ပေးကတ်တဲ့ ယာဉ်နောက်
လိုက်က အဲဒီကတ်ကဖြတ်တဲ့ စက်ကိုလွယ်ထားတယ် ကျနော်စီးတဲ့ တစ်နာရီမရှိတစ်ရှိအချိန်မှာ
ကဒ်နဲ့ စီးတဲ့ခရီးသည်တစ်ယောက်မှမတွေ့ရပါဘူး....လက်ငင်းပေးစီးတာကအဆင်ပြေကြတယ်လေ
ကျနော်တို့နိုင်ငံ ကလိုင်းကားတွေမှ စပယ်ယာမပါဘဲ....ယာဉ်မောင်းတစ်ဦးထဲ ဘယ်လိုမှ အဆင်
မပြေနိုင်ပါဘူး။ မိုးရွာလို့ ဘေးတံခါးပိတ်မရ ပိတ်ပေးပါဆိုတော့ တံခါးပျက်နေတယ် မိုးကပက်လို့
လုံချည်တွေေ၇စို ပြီးအလုပ်သွားရတဲ့ မိန်းကလေးတွေ....ဒီလိုနဲ့ ၀မ်းေ၇းအတွက် တစ်နေ့တာ ကျော်
ဖြတ်နေ၇တဲ့ ပြည်သူပြည်သားတွေ အပူကိုယ်စီနဲ့ ပါလေ။
မိုးသည်ထန်လိုက်တာနဲ့ တစ်နာရီနီးပါမရွာလိုက်နဲ့ လမ်းတွေပေါ်ရေတွေ ဖွေးပြီး ခြေကျင်လျှောက်သူတွေကလည်းမြောင်းပေါက် ကျွံ မှာစိုးလို့လမ်းပေါ်
ေ၇ာက်ကုန်တယ်...ကားတွေကလည်းေ၇မ၀င်အောင်တအိအိမောင်းကြတယ်.....လိုင်းကားတွေက
လမ်းလည်ကောင်ရပ်လူတွေတင် ဒါနဲ့ လမ်းပိတ်ဆို့တာတွေက နာရီအတော်ကြာဖြစ်တော့တာဘဲ
လမ်းရှင်းမယ့်ယာဉ်ထိန်း မရှိဘူးလားမေးရင် ရှိတာပေါ့ဗျာ...သူတို့တွေလဲ ရှင်းပေးတာဘဲ ဒါပေမယ့်
လူကြီးလာမယ့် အချိန်မဟုတ်လေတော့ ရှိတဲ့ နှစ်ယောက်သုံးယောက်အင်အားလေးနဲ့ ဘယ်နိုင်ပါ့
မလဲဗျာ...
တစ်လော ကတရုတ် ပြည်မှာ မုန်တိုင်းဖြစ်လို့ ရေကြီးတယ်မြို့တော်ဝန်က သူ့တာဝန်မကင်းဘူးဆို
ပြီး နုတ်ထွက်တယ်တဲ့လေ စာစောင်မှာဖတ်ရတာပါ....မုန်တိုင်းကျလို့ေ၇ကြီးတာနော် 
ကျနော်တို့ဆီမှာကတော့ မိုးရွာလို့ေ၇လျှံတာ ဖြစ်ရိုးဖြစ်စဉ်ပါတဲ့ မောင်မင်းကြီးသား ဘုန်းကြီးလို့
သက်ရှည်ပါစေ မေတ္တာပို့ပါတယ်။
မြို.တော်တစ်ခွင်မှာ ချိုင့်ကြီးချိုင့်ငယ်အသွယ်သွယ်နဲ့ နောက်ဆုံးကုန်ကုန်ပြောမယ်ဗျာ
ဧရာဝတီတိုင်းနဲ့ ဆက်သွယ်တဲ့ ဘုရင့်နောင်တံတားလိုနေရာမျိုးမှာ ဘုရင့်နောင်လမ်းဆုံနေရာကစလို့
ပျက်ထားလိုက်တဲ့လမ်း ..တော်ရုံတန်ရုံ တက္ကစီသမား ၇တဲ့ပိုက်ဆံနဲ့ မတန်လို့မလိုက်ပါဘူး
တံတားထိုးဖို့တော့ လုပ်နေတာပါဘဲ .....အချိန်နှစ်နာရီလောက်တန်စီရတံတားဖြတ်ဖို့ မစောင့်နိုင်လို့
လမ်းပြောင်းပြန်ကျော်တက်.....ခေါင်းထိုးခွဝင်တဲ့ လိုင်းကားတွေ မီးကြီးဖွင့် စတစ်ကာအပြည့်တပ်
ထားတဲ့ ကားတွေဒါတွေကလည်းတမှောင့်ပေါ့ စည်းကမ်းမရှိဘူး ဘာကြောင့်လဲ အဖြေရှိပါတယ်
ဒါတွေက မြို.တော်မှာ ဖြစ်နေတဲ့ အကြောင်းရင်းများစွာထဲက တစ်ခုပါဘဲ
လမ်းတွေကောင်းပြီး ကားတွေများလို့ယာဉ်ကြောပိတ်တာက နိုင်ငံတကာမှာဖြစ်ပါတယ်
လမ်းတွေဆိုးပြီးကားတွေများလို့ ..ဆိုတာကတော့...............

















                                    ဖိနပ်မ၀တ်နိုင်ဘဲ ယာဉ်ကြောရှင်းပေးနေတဲ့ ယာဉ်ထိန်း၇ဲ









Monday, 27 August 2012

သေ၇ခေတ္တရာ မြို.ဆီသို့

၇န်ကုန်ပြန်၇ာက်ပြီး မကြာသောရက်အနည်းငယ်မှာ သေ၇ခေတ္တရာ လို့ခေါ်တွင်တဲ့ ပြည်မြို. ကိုခ၇ီး
ထွက်ဖို့ အကြောင်းဖြစ်ခဲ့တယ်..ဝေပုလ္လာရာမ ဆရာတော်ဘုရားပျံလွန်တော်မူတာကို သွားဖူးဖို့ သူ
ငယ်ချင်းတစ်ယောက်ကားနဲ့ ဆရာတော်တစ်ပါးကိုပင့်လို့ ပြည်မြို.ဆီ ထွက်ခဲ့တယ်....
လမ်းမှာသူ့ကားသစ်ကြီးက ပညာပြလို့ ပြည်ကိုည ၈နာရီခွဲမှေ၇ာက်ပါတယ်။ လမ်းမှာညနေစာကို
အုတ်ဖို၁၀၈ မိုင်က ကြက်သားကာလသားချက်ဆိုင်မှာ စားခဲ့တယ်လက်ရာအတော်ကောင်းဈေး
ကလဲမဆိုးပါဘူး....ကြက်ဂွေးတောက်ဟင်းချို..ငါးပိသုတ် တို့စရာတွေလည်းအမယ်စုံပါတယ်လေ။
ဟင်းကိုလည်းအများကြီးထပ်လိုက်ပေးတယ်။
ပြည်မြို.မှာ ညအိပ်ပြီးနောက်တစ်နေ့မနက်မှာတော့ ပျံလွန်တော်မူသွားတဲ့ ဝေပုလ္လာရာမ ဆရာတော်ကိုသွားဖူးပါတယ်..ဆရာတော်၇ဲ့ ဈာပနကိုယခုလ၂၆ရက်နေ့မှာပြုလုပ်မှာပါ...ဆရာတော်
ဟာရုတ်တ၇က်ပျံလွန်တော်မူလို့ အချို.ဆိုမယုံကြပါဘူး ပြည်မြို.၇ဲ့ အထင်ကရဆရာတော်တစ်ပါးဘဲလေ။
ဆရာတော်ကျောင်းကအပြန် ပေါင်းတလည်မြို.ကနေအနည်းငယ်သွား၇တဲ့တောင်တီးရွာကိုေ၇ာက်ခဲ့
ပြန်တယ်.....ရွာမှာ ကျနော်တို့လာမယ်ဆိုလို့ ကြွက်ကြော်.........ငရှဉ့်ကျပ်တိုက် တွေကို အရသာ
ကောင်းအောင်ချက်ထားတာကိုလဲ အားမနာတမ်းစားခဲ့၇တယ်လေ....ညနေ ပြည် ကိုပြန်တော့သူ
တို့ခြံထွက် သီးနှံတွေကိုထည်.ပေးလိုက်ကြတယ်...စုံလို့ပါ
ညဘက်ပြည်ပြန်ေ၇ာက်တော့  ရွှေဆံတော်ဘုရားကိုသွားဖူးတယ်...၁၀ထပ်ကြီးဘုရားကိုလဲ ဖူးခဲ့ရ
တယ်..မနက် အာရုံတက်မှာ ဘုရားတစ်ခါထပ်ဖူးပြီး ဝေပုလ္လကျောင်း ကိုထပ်သွားပြီး အရသာကောင်းတဲ့ အုန်းနို့ခေါက်ဆွဲကိုစားခဲ့ရပြန်တယ်...ကျောင်းမှာ မှတ်တမ်းပုံတွေ၇ိုက်ပြီးမှ ပြည်
မြိုတစ်ဖက်ကမ်းကေ၇ွှဘုံသာမုနိဘုရားကို သွာေ၇ာက်ဖူးမျှော်ခဲ့ပါတယ်..အဲဒီကနေ ရန်ကုန်ကိုပြန်ခဲ့
တယ်...
ပြည်မြို.ကိုသွားတုန်းကမှော်ဘီမှာေ၇အတော်တက်တာကိုတွေ့ခဲ့၇တယ်..ရန်ကုန်တိုင်းအဆုံးထိအောင်
မိုးကရွာနေတုန်း ...ပြည်ဘက်မှာတော့မိုးနည်းတယ်....ရန်ကုန်ကိုပြန်တော့လည်း ရန်ကုန်တိုင်းကိုဝင်
တာနဲ့ မိုးက စွေတော့တာပါဘဲ..မြန်မာပြည်ပြန်ေ၇ာက်ပြီး ပထမဆုံးခရီးစဉ်ပါ။
ကော်နရျင်အခက်အခဲကြောင့် ကြိုးစားတင်ခဲ့ရပါတယ် ဝေပုလ္လာရာမကျောင်းက ပုံတွေကိုတော့
ကျနော့်၇ဲ့ဖေ့ဘုတ်စာမျက်နှာမှာ သွားေ၇ာက်ကြည့်ရှု နိုင်ပါကြောင်း

                                               ပြည်ေ၇ွှဆံတော်ဘုရား




                                       ပြည်မြို.တဖက်ကမ်း ရွှေဘုံသာမုနိဘုရား



                                                 ဆယ်ထပ်ကြီးဘုရား

မမြစိမ်း


                                                 ပြည်မြို.နဲ့ ဧရာဝတီ





                                           မဟာသုဒဿနကျောင်းနဲ့ နာရီစင်




                                                  ဘုရားေ၇ှ့က ဒေသထွက် အမှတ်တ၇ဆိုင်




                                              ဗိုလ်ချုပ်မြင်းစီးကြေးရုပ်



                                အဝေးဆီက ဧရာဝတီမြစ်ကူးန၀ဒေး တံတား


Wednesday, 15 August 2012

さようならすべての私の友人

အခုအချိန်မှာ ကျနော်ဟာ....အမိနိုင်ငံကိုပြန်ဖို့အတွက် လေယာဉ်ကြီးစီးလို့ ဝေဟင်ခရီးကို
နှင်နေပြီဖြစ်ပါတယ်....ဒီလိုခရီးတွေသွားခဲ့ပေမယ့် အခုတစ်ခေါက်ကတော့ ယတိပြတ် ဆုံးဖြတ်လို့
မြန်မာပြည်မှာသာ ရှိတာလေးနဲ့ေ၇ာင့်၇ဲတင်းတိမ်ဖို့ ကိုကျနော်ဆုံးဖြတ်လိုက်တာပါ....
တရားမ၀င်ဆက်နေဖို့ ကျနော့်ကိုခင်သူတွေ..ကတိုက်တွန်းပေမယ့် တရားဝင်နေထိုင်ခွင့်ရှိချိန်ထိသာ
ကျနော်နေချင်ပါတယ်.....
ကကြီးမှာစက်ရုံကအလုပ်ကိုရပ်လို့ ပြန်ဖို့စီစဉ်တည်းက စိတ်လွပ်လတ်မှုက ကျနော့်နဘေးမှာေ၇ာက်ရှိ
ခဲ့ပါတယ်...ကျနော့်ကိုနုတ်ဆက်သူတွေ...လက်ဆောင်ပေးသူတွေ...စိတ်ေ၇ာကိုယ်ပါတက်ကြွစွာ ကျနော်
နဲ့ ရှိသူတွေ.....ကျနော်ထံခဏတာေ၇ာက်လာသူတွေ...ဘယ်လိုအကြောင်း ကြောင်းကြောင့် ဖြစ်ပါစေလေ
ကျနော်အားလုံးကို ကျေးဇူးတင်သတိရ အမှတ်တရ ရှိနေမှာပါ....
ကျနော် ငယ်စဉ်ကတည်းက ကိုးကွယ်တဲ့ ဆရာတော်တပါးက မိန်.တော်မူပါတယ်.....
မောင်ကိုကို ကျနော့်ငယ်နာမည်ပေါ့...လောကဓံ တရားကိုမမေ့နဲ့တဲ့ ဖြစ်ချိန်တန်လို့ ဖြစ်တာ.....
ပျက်ချိန်တန်လို့ပျက်တာလို့ သဘာထားပြီးနှလုံးသွင်း ဆင်ချင်ပါတဲ့လေ....
ကျနော်လဲ ပုထုဇင် ပါ.....တခါတစ်လေလဲ တ၇ားပျက်ချင်ပျက်မိပါမယ်....
ကျနော်ငယ်စဉ်က ကျနော့်ကို အုပ်ထိန်းတဲ့ အဘွားက အခုလို ပြောခဲ့ဘူးတယ်..........
သားလေး..ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်ပါနဲ့ တဲ့......
ဒီစကားတွေ ဒီတရားတွေကို သတိရအောက်မေ့ပြီး  တတ်နိုင်သလောက်ထိန်းခဲ့ပါတယ်....
ကကြီးမှာနေထိုင်စဉ်ကာလတွေ မှာ....အဆိုးတွေေ၇ာ အကောင်းတွေေ၇ာစုံလို့ ခံစားခဲ့ရပါတယ်.....
အချို.အထင်ကြီးကြတယ်....သူတို့အထင်ကြီးသလို ကျနော်မှမဟုတ်တာဗျာ....သူတို့အမှားလဲမဟုတ်ပါဘူး
ဇာတာကောင်းနေလို့ နာမည်ကျော်နေတဲ့ ကိုရီးယားမှာကျနော်ကေ၇ာက်နေတာကိုး။
စိတ်ခံစားမှုတွေဖွင့်ထုတ် ဖို့ေ၇းဖြစ်ခဲ့တဲ့ အခုဘလော.လေးမှာ ဓါတ်ပုံဝါသနာကြောင့် ပုံတွေတင်.....
စာတွေမတောက်တစ်ခေါက်ေ၇း....အမြဲမတင်ဖြစ်ပေမယ့် ဒီနေရာလေးဟာ ကျနော့်၇ဲ့ ဒုတိယနေရာလေးပေါ့ဗျာ.....
ဒီဘလော့ လေးကြောင့် နိုင်ငံတကာမှာရှိနေတဲ့ မြန်မာမိတ်ဆွေ တွေနဲ့ခင်မင်ခွင့်ရ၇ခဲ့တယ်...ကျနော့်စာတွေ
ဖတ် ပုံတွေကိုအားပေးကြသူတွေအားလုံးကို ကျေးဇူးတင်မိတယ်...ကျနော်၇ဲ့အသိစိတ်တစ်နေရာမှာ မှတ်
တန်း တင်ထားရှိပါတယ်။
ကျနော်တစ်ဦးတစ်ယောက်ကိုမှ မေတ္တာမပျက်ခဲ့ပါဘူး...
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်တဲ့သူတစ်ယောက်ဟာ ကိုယ်လည်းကျန်မာဖို့ လိုသလို စိတ်လည်းချမ်းသာဖို့
လိုပါတယ်...ဒီနှစ်ခု ပြည့်စုံမှ အလုပ်လုပ်ရတာပျော်မယ်အဆင်ပြေမယ်လေ....ဒါကြောင့် ကျနော်လည်း
အလုပ်သမားတစ်ဦးဖြစ်လို့ ဘ၀တူတွေ အားလုံးကိုစိတ်ေ၇ာကိုယ်ပါကျန်းမာချမ်းသာ ဖို့အမြဲဆုတောင်း
ပေးခဲ့တာပါ....
ကျနော်မြန်မာပြည်ေ၇ာက်တဲ့ အခါ နှေးကွေးတဲ့ ကော်နရှင်နဲ့အတူ မြန်မာပြည်မှာ၇ိုက်တဲ့ ပုံတွေေ၇ာ ကကြီး
မှာရိုက်ခဲ့တဲ့ ပုံတွေပါ..အချိန်ပေးနိုင်အောင်ကြိုးစားပြီးတင်မှာပါ.....
စားဝတ်နေေ၇း အတွက်လဲ လုံးပန်းရအုံးမယ်လေ.... မြန်မာပြည်ကို ပြန်ဖို့ ကြောက်နေတဲ့ သူတွေထဲမှာ
ကျနော်မပါပါဘူး....မင်းငွေအများကြီးရှိနေလို့ ဒီစကားပြောတာလား လို့ထင်ကြမယ်.....မရှိပါဘူးဗျာ
ကျနော် မြန်မာပြည်ကိုသာချစ်ပါတယ်....အဆင့်အတန်းမြင့် လူနေမှုစနစ်တွေ ထွန်းကားတဲ့ နိုင်ငံမှာ လာပြီး
အလုပ်လုပ်ခဲ့ပါတယ်။ သူတို့ထွန်းကားတာကို အားကျတယ်...ငါ့တို့နိုင်ငံမှာလည်း ဒီလိုဖြစ်ပါစေလို့
ဆုတောင်းကလည်း အလီလီပါ......
ကိုရီးယားမှာ ဆက်ပြီးအလုပ်လုပ်နေတဲ့ ကျနော့်မိတ်ဆွေ တွေနဲ့တကွ ခင်မင်သူတွေကော..မခင်သူတွေကော....မြန်မာပြည်သူပြည်သားအားလုံး အဆင်ပြေစွာ ရပ်တည်နိုင်ကြ
ပါစေ လို့ ဆုတောင်းလိုက်ပါတယ်......
တကယ်တော့ကျနော် ကိုရီးယားကို မချစ်ခဲ့ပါဘူး....မလွဲသာလို့ အောင့်ကာနမ်းခဲ့ရတာပါ..................

Wednesday, 8 August 2012

လေစိမ်းတွေ တိုက်နေတယ်

ကိုရီးယား ရာသီဥတုကလည်းဒီနှစ် ပိုပြီးပူပြင်းပါတယ်။ စက်ရုံ အလုပ်ရုံနဲ့ အပြင်ဆိုက်တွေမှာ
အလုပ်လုပ်ရသူတွေ ကတော့ဘယ်လောက်တောင် အပူဒဏ်ခံနေရမလဲမသိဘူး
ကျနော်ကတော့နောက်တန်းပြန်ဖို့ ၇က်အနည်းငယ်အလိုမှာ...ခရီးဝေး တွေသွားပြီးသကာလ
ခင်ရာဆွေမျိုး ဆိုတဲ့ မောင်နှမအရင်းတွေလို နေတဲ့ ဆီမှာ ခဏတာရှိနေပါတယ်....
သိမ်းစရာတွေကလည်းများ..မပြစ်ရက်တာတွေကများ..အကုန်သယ်...ဝေခွဲမတတ်ဖြစ်...ဒါတွေအားလုံး
ယူသွားဖို့ကလည်း ယာဉ်တန်းနဲ့ပြန်တာမှ မဟုတ်တာလေ..အော်ရယ်စရာ.....
ဓါတ်ပုံတွေအများကြီးရိုက်ဖြစ်တယ်...ဖေ့ဘုတ်မှာလည်းမတင်ဖြစ် အခုလိုကော်နရှင်မြန်တဲ့ နေရာမှာတောင်မတင်ဖြစ်ရင်...ကိုယ့်ဒေသမှာဆိုဝေးပြီပေါ့....
ရသလောက်ကြိုးစားပြီးေ၇းတင်မယ်စိတ်ကူးပြီး အခုအစမ်းတင်လိုက်ပါတယ်.....
ပိတ်ရက်တွေမှာ နုတ်ဆက်ချင်လို့ တကူးတက ချိန်းသူတွေကိုလည်း နားလည်မှုနဲ့ ခွင့်လွှတ်ပေးကြပါလို့
ကျနော်တတ်နိုင်သလောက် မည်သူ့အပေါ်မဆိုအယုတ်အလှအမြတ်မေ၇ွး ကူညီတာကလည်း ကျနော့်
ကိုယ်ပိုင် စိတ်သာဖြစ်ပါတယ် ။ သူတို့တွေအဆင်ပြေတယ် ဆိုရင်ပီတီဖြစ်ရတာ အရသာပါလေ။
ဒီကြားထဲ ကမ်းခြေမှာ ဓါတ်ပုံ၇ိုက်လို့ အဖမ်းခံရသူက ကိုကိုစီ ဆိုတော့ အသိတွေက ကျနော့်နာမည်နဲ့မှား
ပြီး ဖုံးနဲ့ လှမ်းမေးကြ ဟာစုံလို့ဗျာ....
ကဲပါလေ.....ကျနော်ကြိုက်တဲ့ သီချင်းတွေများစွာထဲက မဆွေ..မေဆွိဆိုတဲ့ သီချင်းလေးတပုဒ်နားဆင်ကြပါအုံး......


Related Posts Plugin for WordPress, Blogger...