Showing posts with label မှတ်တမ်း. Show all posts
Showing posts with label မှတ်တမ်း. Show all posts

Sunday, 13 April 2014

သင်္ကြန်

ဒီလိုရက်တွေရောက်ပြီဆိုရင် အိမ်နဲ့ဝေးနေသူတွေ အားလုံးမရိုးမရွနဲ့ ဖြစ်နေကြမှာ အမှန်မဟုတ်ပါလား
တနှစ်မှတစ်ခါ ကိုယ့်ရိုးရာနှစ်ကူးသင်္ကြန်ကို ပြန်လာပြီးဆင်နွဲချင်ကြတာ အထူးသဖြင့် အိမ်ပြန်ချင်တဲ့စိတ်
ဟာအကြိုနေ့မတိုင်ခင်အချိန်ထိ ထပြန်ချင်စိတ်တွေဖြစ်စိတ်ကူးနဲ့မြူး ကြိတ်ပြီးတော့ရူးခဲ့ရတာပါ။
ဒီနှစ်သင်္ကြန်ကတော့ ပိုလိုလွပ်လတ်လာတယ်လို့ဆိုရလေမလား ထိန်းသူတွေကထိန်း ယိမ်းသူတွေကလည်း
ယိမ်းပေါ့.....
ရေပက်မဏ္ဍပ်တွေကတော့နေ့လည်ဘက်ကနေညဘက်ထိအောင် အသုံးပြုဖို့မီးရောင်စုံတွေဆင် စပီကာတွေ သံကုန်ဖွင့်ပြီးသင်္ကြန်မတိုင်ခင်ရက်တွေတည်းက လက်မှတ်ေ၇ာင်းဖို့ အပြိုင်အဆိုင်ကြိုးပန်းနေ
ကြတာပေါ့
အများအားဖြင့်မိန်းမပျိုလေးတွေကတော့ ခတ်ဆန်လွန်းနေတယ်ဆိုမလားဘဲ.....အရက်သေစာသောက်စား
နေတာမြင်ရတာကတော့ ဘယ်လိုမှမတင့်တယ်ပါဘူး......ရေပက်မဏ္ဍပ်မှာေ၇ပက်ဖို့ထက် လက်မှတ်ဈေးကြီးပေးပြီး  ကခုန်ဖို့က သူတို့အကြိုက်ဖြစ်နေပုံပါ။ ထားပါတော့လေ ပြောမဆုံးတာတွေထက်
နောက်ရက်တွေမှာအေးအေးချမ်းချမ်းနဲ့ ပြီးဆုံးပြီးနှစ်တနှစ်ကိုကူးပြောင်းဖို့ကအရေးကြီးဆုံးပါ။
သင်္ကြန်အငွေ့အသက်လေးတွေ ခံစားဖို့ ကျနော့်လက်ရာလေးတွေ ကိုတင်ဆက်လိုက်ပါတယ်။






















Monday, 24 December 2012

ဂီတည

မြန်မာပြည်ပြန်ေ၇ာက်ပြီး အိုင်စီ ပွဲကို ပထမဆုံးကြည့်မိပါတယ်...အရက်စီပွားေ၇းလုပ်ငန်းကစပွန်ဆာလုပ်
တဲ့ပွဲဆိုတော့ လက်မှတ်စစ်တဲ့ပွဲအ၀င်အ၀ နေရာကစလို့ မိန်းကလေးငယ်လေးတွေက သူ့တို့အရက်ကိုကြော်ငြာတဲ့အနေနဲ့ အမြည်းတိုက်ပါတယ်။မ၀လို့ထပ်သောက်ချင်ရင်တော့ ၀ယ်သောက်ပေါ့ဗျာ....
မြန်မာပြည်၇ဲ့ နာမည်ကျော်တီးဝိုင်းဖြစ်တဲ့အတွက် စက်ပစ္စည်းအသံပိုင်းဆိုင်ရာတွေ အဆင့်မြင့်လာသလို
ပွဲကြည့်ပရိတ်သတ်ဘက်ကလည်းစည်းကမ်းရှိကြတာကိုတွေ့ရပါတယ်....ပြင်ပလုံခြုံေ၇းအဖွဲ့တွေနဲ့စည်း
ကမ်းထိန်းသိမ်းဖို့အတွက်ထား၇ှိတာလဲမဆိုးပါဘူး...အချို.သောငခုံးမတွေကတော့ ခုထိရှိနေတုန်းပေါ့
အမြင်မသင့်တာကတော့ မိန်းကလေးအချို.ပေါ်ပေါ်ထင်ထင် အရက်သောက်နေတာပါ........
အိုင်စီပွဲကပုံတွေကိုအားပေးကြပါအုံးဗျာ































                                            

Saturday, 27 October 2012

အဘဆီေ၇ာက်ခဲ့တယ်

ခရီးသွား ရာသီတွေကတော့တစ်ခုပြီးတစ်ခုဆိုသလိုဆက်လို့လာနေပါပြီ သွားနိုင်ဖို့ ကိုသာဆုတောင်းရမှာလေ...ရန်ကုန်ကိုေ၇ာက်လို့ မကြာသောအချိန်မှာ အညာဘက်ကိုခရီးထွက်ပါတယ်
ပုပ္ပါးဘက်ကိုေ၇ာက်တော့လည်းနှစ်၆၀ ပြည့်အဘထွက်ပွဲကိုလည်းကြုံခဲ့တယ်ပေါ့လေ...ေ၇ာက်ခိုက်မှာမှတ်
တမ်းဓါတ်ပုံတွေ၇ိုက် ရွာအနီးအနားတွေဘက်လည်းလည် ပုပ္ပါးမြို.လေးဟာ အဘထွက်ပွဲလာတဲ့ မင်းပရိတ်
သတ်တွေနဲ့ အတော့်ကိုစည်ကားလှပါတယ်။ နှစ်စဉ်မပြတ်လာေ၇ာက်ပူဇော်သူတွေကလည်းအချိန်ကိုက်
ေ၇ာက်လာကြတယ်။ စည်ကားတဲ့ပွဲမှာ စည်းကမ်းထိန်းသိမ်းေ၇းတွေ ကိုပိုလို့ချထားပေးရင် အနယ်နယ်အ
ရပ်ရပ်ကလာကြသူတွေအတွက်ပိုလို့ အဆင်ပြေမယ်လို့ထင်မိတယ်။
အဘပွဲမတိုင်ခင်တရက် ကမမျှော်လင့်ဘဲထော်လာဂျီ မတော်တဆဖြစ်မှု ကြောင့် ပွဲလာသူတွေဒဏ်ရာရ
သေဆုံးသူတွေလဲရှိခဲ့တယ်...စည်းကမ်းမဲ့မောင်းတဲ့ ဆိုင်ကယ်ကယ်ရီတွေ ကိုလည်းကြပ်မတ်ဖို့ လိုအပ်ပါ
တယ်။ ကိုယ်ယုံကြည်ရာ ကိုးကွယ်ရာကိုတိုင်တယ်ပြီးကုသိုလ်လုပ်ဖို့ လာတဲ့သူတွေကို အကုသိုလ် မဖြစ်
စေဖို့ ကမ္ဘာလှည့် ခရီးသည်တွေပါ လာေ၇ာက်လေ့လာကြလို့ ဂုဏ်သိမ်စေမယ့် အဖြစ်တွေကိုမလုပ်မိကြ
ဖို့လိုအပ်ပါတယ်။အဘပွဲမနက်မှာ အနီးအနားရွာတွေကလာပြီးပိုက်ဆံကြဲတာကိုလုကြတာမှာ အချို.ဟာ
တံချူတွေနဲ့တောင်းတွေတပ်ပြီး အလိုရမက်ကြီးစွာလုတာတွေကလည်း ပွဲကိုအကျဉ်းတန်စေပါတယ်။
ရှမ်းအိုးစည်သံ တညံညံနဲ့ စည်ကားလှတဲ့ အဘထွက်ပွဲက ပုံတွေကို မှတ်တမ်းတစ်ခုအနေနဲ့ ဖေါ်ပြလိုက်ပါတယ်






























































Friday, 20 July 2012

၅ ရက်ဈေး

ကျနော်နေတဲ့ နေရာလေးနဲ့ ကားမိနစ်၂၀သာသာလောက်စီးရင် ဂုန်ချွန်း ဆိုတဲ့ မြို.ကိုေ၇ာက်
ပါတယ်..အဲဒီမြို.မှာ အခန်းမှာ တပါတ်စာ စားဖို့ဝယ်ထားတဲ့ ချက်ပြုတ်စရာ တွေကုန်ရင်သွား
ဝယ်ရတယ်..ဈေးကြီးဖြစ်ပေမယ့် အပြင်တန်းမှာေ၇ာင်းတဲ့ သူတွေဆီမှာ ၀ယ်ရင်သက်သာလို့
အဲဒီဈေးမှာစည်ကားတဲ့ အချိန်ဖြစ်တဲ့ ၅ရက်ကိုတစ်ခါေ၇ာင်းတဲ့ ဈေးနေ့မှာ ၀ယ်ပါတယ်။အဲဒီ
နေ့ဆိုရင် ကြိတ်ကြိတ်တိုး စည်ကားပါတယ်။ ကျနော်တို့ မြန်မာပြည်မှာ လိုခေါ်ရင်တော့ တော
ဈေးပေါ့...အမေအိုတွေ လာေ၇ာင်းတဲ့ အသီးအနှံတွေ ၀ယ်...ဈေးတပါတ်ပါတ်လို့ဒီလိုနဲ့ ဒီနေ
ရာမှာ အချိန်တွေကြာခဲ့ပါပြီ...အခုတော့လည်းဒီဈေးကိုမေ၇ာက်တာ လည်းကြာပေါ့လေ..ဈေး
ဝယ်ရင်နိုင်ငံခြားသားဆို သူတို့ဆီမှာအလုပ် လာလုပ်တဲ့သူတွေ ဆိုပြီး ပိုပိုသာသာတွေထည့်
ပေးတဲ့ သဘောကောင်းတဲ့ ဈေးေ၇ာင်းသူတွေကလည်းရှိပါတယ်။ ဒီနိုင်ငံ ဈေးနေ့ မှာဘာတွေ
ေ၇ာင်းသလဲ ကြည့်ကြပေါ့ အမှတ်တ၇ တင်ပေးလိုက်ပါတယ်။ ကျနော်တို့ဆီမှာလိုဘဲနော်။





သူမပါရင်မပြီးတဲ့ ကင်းမ်ချီ

ခွေးသားကလည်းအခုလို



ဆန်ကလဲအမျိုးမျိုးရှိတယ်

အမေအိုေ၇ာင်းတဲ့ အမယ်စုံ

ပဲငပိ



ဟုန်းစန်း(ဂျင်ဆင်း)

ပရဆေး

အားအရမ်းကောင်းတယ်ဆိုတဲ့အရာတွေ

ပဲစုံ









Related Posts Plugin for WordPress, Blogger...