Wednesday 29 June 2011

သံယောဇဉ်

ကျနော်ချစ်တဲ့ ဂျူလီယာမရှိတော့တဲ့ နောက်ပိုင်းမှာ သူရဲ့ သမီးနိုဒိန်ငါ(ကိုရီးယားအမည်)

ကသူ့အမေ့နေရာမှာ အစားထိုးေ၇ာက်ရှိနေခဲ့ပါတယ်..ဂျူလီယာလောက်မလှပေမယ့် လိမ္မာပါတယ်

အခုသူ့မှာလည်း ခွေးကလေးလေးကောင်ပေါက်နေပြန်ပြီလေ...စက်ရုံနားက အပင်အောက်

လူတွေမသိလောက်တဲ့နေရာမှာသွားမွေးပါတယ်...သူ့နေရာလေးကအေးမြလို့..ထုံးစံအတိုင်း

သူဋ္ဌေးကသွားခေါ်ခိုင်းလို့ နေရာေ၇ွှ.ခဲ့ရပြန်တယ်...ဒီခွေးမကသားထိန်းတော်ပါတယ်..ဂျူလီယာ

တုန်းကခွေးကလေးတွေကိုနို့မတိုက်လို့ခွေးလေးတွေသေတယ်... ဒီခွေးမကတော့သူ.ကလေးတွေ

ကိုအတော်ဂရုစိုက်ပါတယ်..ခွေးလေးတွေရဲ့ အညစ်အကြေးကအစ အကုန်စားပြစ်တာပါ....။

ဒီခွေးလေးတွေကိုမနက်ဆိုရင်အပြင်ထုတ်သန်.ရှင်းေ၇းကအစ အစာကြွေးအဆုံးကျနော့်တာဝန်

ပေါ့...ကိစ္စများမြောင်လူတို့ဘောင်ထဲကနေ စိတ်တင်းကျပ်မှုတွေထဲကနေပြီးတစ်နေ့တာတွေထဲ

မှာရသမျှ ကုသိုလ် ကိုဖြစ်အောင်ယူခဲ့ပါတယ်....ခွေးတွေ ကိုအစာကြွေးရတဲ့ ကုသိုလ်မနည်းပါ

ဘူး..အော်ဒီခွေးလေးတွေနဲ့ သံယောဇဉ်ထပ်တိုးပြန်ပြီလေ။


Tuesday 21 June 2011

နွေ

တောင်ကိုရီးယား မှာဒီနှစ် နွေရာသီပိုပူပါတယ်...ဂျပန်ကငလျင် ဂယက်တွေကြောင့် လို့လဲ

ပြောကြပါတယ်...ကျနော်တို့ဆီမှာဆိုရင်တော့ ကလေးတွေကိုနေ့လည်မှာေ၇ဆော့ရင်ဖျားမှာ

အပူရှပ်မှာဆိုးလို့..သူတို့ဆီမှာတော့ ပူတဲ့အချိန်..ေ၇ဆော့ခိုင်းတာပါဘဲ








Thursday 16 June 2011

မင်းညီလာခံ

ဆိုလ်းမြို. နန်းတွင်းမှာ ပြုလုပ်တဲ့ ဘုရင့် ညီလာခံပွဲကိုေ၇ာက်ရှိခဲ့ ပါတယ်....အတွင်းထဲထိ

ပေးမ၀င်လို့ နန်းအပြင်ကဘဲ မှတ်တမ်းလေး၇ိုက်ခဲ့ပါတယ်....အဲဒီနေ့က ညီလာခံကိုပရိတ်သတ်

များစွာေ၇ာက်ရှိခဲ့ပါတယ်..သူတို့ နိုင်ငံသားတွေကိုလည်း ကြိုတင်စာရင်းလုပ်မထားရင်...မ၀င်

ရပါဘူး..လုံခြုံေ၇းကိုတင်ကျပ်ပြီးမြောက်ဘက်ကရန်ကို လည်းအတော်ကြောက်ပါတယ်...

ညီလာခံကိုချီတက်လာတဲ့ နန်းဝတ်..နန်းစားတွေနဲ့လူတွေကလည်း အရင်ရှေးဘုရင်လက်ထက်

ကအတိုင်းပါဘဲ...ရှုစားကြပါအုံး


















Wednesday 8 June 2011

အချစ်ရှိရင်




ရှုပ်ယှက်ခတ်နေတဲ့ လောကကို ခဏမေ့ထားရအောင်

လာပါ.. ချစ်သူရယ်..

မြက်ခင်းစိမ်းစိမ်းလေးမှာ ငါတို့ထိုင်မယ်...

အသဲနှလုံးချင်းထပ်မယ်...

တီတီတာတာ စကားလေးတွေ ပြောမယ်...

...ထွက်သက်ဝင်သက်နဲ့ ပါးလေးကို နမ်းမယ်...

အနားမှာ ချစ်သူရှိရင်....

အချစ်တွေ အနားမှာရှိရင်....

နေရာတိုင်းက ငြိမ်းချမ်းစိမ်းလမ်းလို့နေတယ်....

(နိုင်းနိုင်းစနေ)

ဒီစာသားလေးကိုဖေါ်ပြခွင့်ပြုပါသော မမီးမီး ကိုကျေးဇူးတင်ပါသည်။



Tuesday 7 June 2011

စာပေပွဲ(ကိုရီးယား)

စာပေဟောပြောပွဲကိုခမ်းနားစွာနဲ့ တောင်ကိုရီးယားနိုင်ငံ ပူချွန်းမြို.ဘို့ဆာဂိုလ် သဘင်

ခန်းမမှာ ဇွန်လ၅ရက်နေ့ကပြုလုပ်ခဲ့ပါတယ်....ဆရာအော်ပီကျယ်နဲ့ ဆရာဖေမြင့်တို့ဟော

ပြောပါတယ်..ဆ၇ာအော်ပီကျယ်က “ေ၇ကြည်ရာမျက်နုရာ”ခေါင်းစဉ်နဲ့ သူကာတွန်းရုပ်လေး

တွေရဲ့ ထိေ၇ာက်ပြောင်မြောက်တဲ့ သရုပ်ဖေါ်ပုံတွေကိုထိမိစွာဟောပြောခဲ့ပါတယ်။

ဆရာဖေမြင့် ကတော့ “စာဖတ်ခြင်းဖြင့် ဘ၀တိုးတက်ေ၇း ”ခေါင်းစဉ်နဲ့ဟောပြောခဲ့တာပါ။

ဆရာက နာမည်ကျော်စာေ၇းဆရာတွေရဲ့ အကြောင်းကိုရှင်းပြ..စာများများဖတ်ပြီးဘ၀မှာအောင်

မြင်မှုတွေရရှိအောင် ကြိုးစားဖို့ ပြောကြားခဲ့ပါတယ်....ဒီပွဲကို အဝေးေ၇ာက် စာပေချစ်သူများ

စည်းကမ်းရှိစွာ တက်ေ၇ာက်ခဲ့ကြပါတယ်...ဆရာတွေရဲ့စာအုပ်တွေ ၀ယ်ယူအားပေးကြ..

အမှတ်တရဓါတ်ပုံရိုက်ကြနဲ့ ပျော်ရွှင်ဖွယ်ကောင်းလို....စာဖတ်သူဘယ်လောက်ရှိသလဲဆိုတာကို

ဖေါ်ထုတ်ပြလိုက်သလိုပါဘဲ...ဒီအခမ်းအနားကို...နေ့လည် ၁နာရီခွဲကနေ..ညနေ၆နာရီ ထိ

အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါတယ်။ နောင်နှစ်တွေများမှာလဲ ဒီလိုစာပေဟောပြောပွဲကိုနိုင်ငံ

ကျော်စာေ၇းဆရာတွေနဲ့ နှစ်စဉ်ကျင်းပနိုင်ပါစေလို့..........






Wednesday 1 June 2011

ကျောင်းဖွင့်ချိန်

ဒီနေ့တော့ ကလေးတွေကျောင်းပြန်ဖွင့်ပြီလေ ဒီနှစ်မှာထူးထူးခြားခြား ကလေးကျောင်းအပ်

ခက မယုံနိုင်စရာ ဖြစ်နေလို့ အံသြမိပါတယ်....နှစ်တိုင်းကျောင်းအပ်ရင်မိဘတွေမှာပူပင်ရတဲ့

စိတ်တွေက ဒီအချိန်ဆိုခေါင်းမီးတောက်ချိန်ပေါ့....တတ်နိုင်တဲ့ မိဘတွေမှာပြဿနာမရှိပေမယ့်

မရှိတဲ့မိဘတွေမှာရှာရဖွေရခက်ပါတယ်...

ဘလော့တစ်ခုမှာသူကလေးကျောင်းအပ်တာအဆင်မပြေမှုကြုံရတာကိုအဲဒီ စာေ၇းသူကရင်ဖွင့်

ထားတာကိုလဲဖတ်ရပါတယ်...ခွဲတန်းကျောင်းမဟုတ်လို့ ပေးရတဲ့ငွေ၊ဘာကြေးညာကြေးအစ

အလှုငွေအဆုံး.ကျောင်းသားမိဘတွေမှာ ထည့်ကြရပါတယ်...ကလေးမျက်နှာမငယ်အောင်...

အတန်းကောင်းရအောင်စသည်ဖြင့်ပေါ့လေ....

ကျနော်ကလေးတွေ နေတဲ့ကျောင်းက နိုင်ငံတော်က ဖေါ်ထုတ်ထားတဲ့ ရန်ကုန်တိုင်းကလာဘ်

အစားဆုံးကျောင်း၁၉ ကျောင်းထဲက တစ်ကျောင်းပါ။

ဒီနှစ်ကျောင်းအပ်ခကတော့ အိပ်မက်လားလို့ ထင်ရတဲ့ ကျပ်ငွေ ၁၇၀၀ သာပေးရပါတယ်လို့

ပြောပါတယ်...အပြီးအစီးလားဆိုတော့ဟုတ်တယ်တဲ့.....နောက်မှဘာတွေထပ်ကောက်နေအုံး

မလဲမသိဘူးလို့မယုံတ၀က်ယုံတ၀က်နဲ့ မိဘတွေမှာလေ....သတင်းစာမှာတော့ဒုတိယ သမ္မတ

ကြီးဒေါက်တာစိုင်းမောက်ခမ်းက ကျောင်းအပ်တာတွေကိုကိုယ်တိုင် ကွင်းဆင်းစစ်ဆေးနေတာ

ကိုတော့ဖတ်ရပါတယ်..ဒါ့ကြောင့်များလား.....ဖြစ်သင့်တာကြာပါပြီ။

ဆရာ ဆရာမတွေကိုမသဒ္ဒါ လို့မဟုတ်ပါ တဖြည်းဖြည်းနဲ့ ပိုဆိုးလာတော့ အကြည်ညို ပျက်လာ

ကြတာပါ...သူ့ကြူရှင်မတက်လို့ အခန်းထဲမှာ ဆရာမကပြဿနာ ရှာတယ်တဲ့ ဆရာမကြူရှင်

တက်ဖို့ကလဲအချိန်မပေးနိုင် ကဲဘယ်လိုလုပ်ကြမလဲ...ကြူရှင်တော့ မတက်တော့ဘူးအများနည်း

တူ လစဉ်ကြူရှင်လခပေးလိုက်တော့မှ

အဆင်ပြေသွားပါတယ်။စာစီစာကုံးမှာ“ကျနော်တို့ရဲ့ဆရာ” လို့ ကလေးတွေကို ရေးခိုင်းရင် ဘယ်

လိုေ၇းကြမလဲ...ပြောရင်ရှည်ပါတယ်လေ...“ မိဘဆရာပူပေါင်း ကလေးပညာကောင်း”

“စဉ်ဆက်မပြတ်အကဲ ခတ်”ကျောင်းတွေမှာတွေ့ရတဲ့ ဆောင်ပုဒ်အသစ်တွေက ခတ်စားနေပြီ။

ဟိုးအတိတ်တွေကလို “စေတနာ ၀ါသနာ အနစ်နာ” ဆိုတဲ့နာသုံးနာတွေ..တပည့်မရှားတစ်ပြား

မရှိပီတိ ကိုစားအားရှိပါ၏ ဆိုတဲ့ စကားပုံတွေပြန်လည်ထွန်းကားလာပါစေလို့ ဆန္ဒပြုရင်း
Related Posts Plugin for WordPress, Blogger...