Showing posts with label ခရီးသွားခြင်း. Show all posts
Showing posts with label ခရီးသွားခြင်း. Show all posts

Monday, 18 March 2013

ဦးခိုက်ဖူးမျော်ေ၇ွှစက်တော်

ေ၇ွှစက်တော် မေ၇ာက်တာအနှစ်၂၀လောက်ကြာခဲ့ပါပြီ...ယခုတဖန်ပြန်ေ၇ာက်ခဲ့ပြန်ပါပြီ။တိုးတက်ပါတယ်
  လို့ပြောရမလောက်အောင် ဘုရားဖူးတွေအလွန်များလို့ တည်းခိုဖို့အတွက်ဝါးတဲတွေဟာ အလွန်အမင်း
များလာပါတယ်.....ဘေးပါတ်ဝင်းကျင်ကြည့်တော့ တောတောင်တွေဟာ တောင်ကတုံးတွေဖြစ်လို့ စည်း
မဲ့ကမ်းမဲ့ ထင်းခုတ်မှုတွေကြောင့် ဂေဟစနစ်တွေလည်းပျက်ဆီးလာပါတယ်။ ဘုရားပွဲအတွက် ၀ါးလုံးေ၇
သုံးလေးသိန်းနီးပါး သုံးခဲ့တယ်လို့သိရပါတယ်....
အေးမြကြည်လင်စွာစီးဆင်းနေတဲ့ မန်းချောင်းေ၇ကတော့ ဒူးမြုတ်တယ်ဆိုရုံပါ...ဟိုးယခင်ကာလတွေကို
သတိရတမ်းတ မိတော့...ခါးလောက်ရှိတဲ့ေ၇အနက်နဲ့ေ၇စီးကလည်းမြန်ပါတယ်....အထက်စက်တော်ရာ
ကိုတက်တော့ ပါတ်ဝင်းကျင်ကစိမ်းစိုလို့ ညဘက်ဆို ဒေါ်မာမာအေးသီချင်းသံက တိုက်ခတ်လာတဲ့နွေလေ
အေးနဲ့ အတူစီးမျောလို့။
ခတ်တွေကပြောင်းတာ့ စနစ်တွေကလည်းပြောင်းတယ်ပေါ့ ယခင်ကေ၇ွှစက်တော်သွားဖို့ ပြည်ကနေတ
ဘက်ကမ်းဆင်တဲကနေ သွားရတယ်အခုတော့ အဝေပြေး လမ်းမကြီးမိုင်တိုင် ၂၂၀ကနေ နေပြည်တော်
တောင်ညို ဖြတ်လမ်းဘက်ကသွားပါတယ်...မကွေးမြသလွန်စေတီတော်ကို အရင်ဖူးရပါတယ်။ အဲဒီက
တဆင့် စက္ကိန်းတဲစေတီ၊နဂါးပွက်တောင်၊ကျောင်းတော်ရာစေတီတို့ကိုဖူးပြီးေ၇ွှစက်တော်ကိုေ၇ာက်တယ်။
  ခတ်မှီလာတဲ့ အကောင်းစားအဝေးပြေးယာဉ်ကြီးတွေ ရှိလာပေမယ့် မိုးမများဘဲ ပြင်ဆင်မပြီးနိုင်တဲ့ အဲဒီ
ဒေသဘက်က တံတားကြီးငယ်တွေကတော့ အစဉ်အဆက် လက်ဆင့်ကမ်းအမွေတွေလိုပါ။ တံတားတွေပြင်နေလို့ ဘေးကသွားရတဲ့ ဘေလီသံဘောင်တံတားတွေကလည်း ခိုင်ခံမှု အာမမခံနိုင်လေ
တော့ ကိုယ်အသက်ကိုတန်ဖိုးထားလို့ လမ်းဆင်းလျှောက်ကြရပါတယ်။ လမ်းတလျှောက် တဖက်နိုင်ငံကို
ပို့တဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းစီမံကိန်းကလည်းအားရစ၇ာ..ပိုက်လိုင်းဖြတ်တဲ့ရွာလေးတွေကတော့အ
မှောင်ထဲမှာဘဲ ကျင်လည်နေသားကျလို့......
ေ၇ွှစက်တော်မှာပြောချင်တာက မြတ်စွာဘုရားခြေတော်ရာအစုံကိုဖူးဖို့ အတွက်အနယ်နယ်အရပ်ရပ်ကဘု
ရားဖူးတွေ လာကြတဲ့ဘုရားပွဲဖြစ်ပါတယ်....ချောင်းထဲမှာေ၇ချိုးဖို့သတ်သတ်လုပ်တဲ့ပွဲမဟုတ်ပါ။ အရက်သေ
စာသောက်စားမူးယစ်ပြီး ဂစ်တာတီးဆူညံနေတဲ့ သူတွေကိုလဲတွေ့ရပါတယ်။ဘုရားဖူးဖို့လာပြီး ညလုံးပေါက်
အရက်သောက် မနက်ချောင်ထဲေ၇ချိုးပြီးေ၇နစ်သေတဲ့ သူလဲရှိခဲ့တယ်။အရက်သေစာမသောက်ရလို့ ဆိုင်း
ဘုတ်ထောင်ထားရုံနဲ့မပြီးပါဘူး လိုက်နာဖို့လိုသလို ကြပ်ကြပ်မတ်မတ်ထိန်းသိန်းဖို့လိုပါတယ်။
ေ၇ွှစက်တော်ဘုရားပွဲဟာ ကျိုက်ထီးရိုးဘုရားပွဲပြီးရင် ဒုတိယလေလံကြေးအမြင့်ဆုံးဘုရားပွဲလို့သိခဲ့ပါတယ်။
မနက်အာရုံတက်မှာ တဲကျောင်းတွေကြားကနေ အာရုံဆွမ်းအလှုခံတဲ့ သံဃာတွေအပါးရာချီရှိပါတယ်။၇ရှိ
တဲ့ ဆွမ်းတွေကိုကျောင်းမှာနေချောက်လှမ်းပြီး မိုးအခါမန်းချောင်းေ၇ကြီးလို့ ဆွမ်းခံထွက်မရတဲ့ အခါမှာ
ဆွမ်းအတွက် ပြန်သုံးကြပါတယ်။အချို့သောအခြောက်ထားလို့ရတဲ့ ဆွမ်းဟင်းတွေကိုလည်းအခြောက်ခံပြီး
သိမ်းထားတယ်လို့ဆိုပါတယ်။ ၀တ္တုငွေ လှူချင်ရင်လည်း ၅၀၊၁၀၀၊၂၀၀ တန်တွေကို ၁၀၀၀၀ဖိုးလဲရင်၉၀၀၀
နှုန်းနဲ့ တဲတွေအထိအကြွေလာလဲပေးတဲ့သူတွေရှိပါတယ်။ဆွမ်းကွမ်း အတွက်တကယ်လိုအပ်တဲ့နေရာမှာ
လှူရတာတကယ့်ကို ကုသိုလ်ပီတိဖြစ်ရပါတယ်။
ကမ္ဘာအရပ်ရပ်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်းအားလုံး ဖူးမျော်ဖို့ ရိုက်ကူးလာတဲ့ပုံတွေ တင်ဆက်လိုက်ပါတယ်။















                                                အထက်ခြေတော်ရာ

                                                   အောက်ခြေတော်ရာ















                                                  



                                                     အရေးကြီးပုဂ္ဂိုလ်များအတွက်

                                                              





                                                       


                                                                

                                                             

                                             ဘောေ၇ာင်းသူများ

                                      အကြောပြင်သူတွေ (တစ်နာရီ ၂၀၀၀)

                                            အာရုံဆွမ်းပွဲတွေ

                                   ဒေသထွက် မျစ်ခြောက်၊ချဉ်ပေါင်ခြောက်၊အခြောက်စုံ

                                                  

                                                      













Thursday, 31 January 2013

ကျိုက်ထီးရိုး

ဆံတော်ရှင်ကျိုက်ထီး၇ိုး စေတီတော်ကိုဖူးဖို့ အခွင့်ကြုံခဲ့ပြန်ပါပြီ..ဒီတစ်ခါတော့ လူနည်းစု နဲ့သွားဖြစ်ခဲ့တယ်။ သွားတဲ့ညက နောက်တစ်နေ့ဆို ရုံးပိတ်ရက်နဲ့ တိုက်နေတော့ လမ်းမှာကားတွေအလွန်
အမင်းကြပ်မှာစိုးတဲ့အတွက် ည၉နာရီလောက်တည်းကထွက်လာခဲ့တယ်။ ဒါတောင်လမ်းမှာ ဘုရားဖူးကား
ကြီးကားငယ်အသွယ်သွယ် ကိုကျော် ဖြတ်ပြီး မောင်းခဲ့လို့ မနက် ၁နာရီကတည်းက ကင်ပွန်းစခန်းကိုရောက် ခဲ့ ပါတယ်။မနက်၆နာရီမှ တောင်တက်ကားတွေ ထွက်မယ်လို့ကြေငြာ ထားပေမယ့် ဘုရားဖူးတွေများလွန်းလို့ မနက်၃နာရီခွဲလောက်တည်းက ဂိတ်ကနေလွတ်ပေးပါတယ်။ရင်ပြင်
ပေါ်ထိတက်တဲ့ကားဖြစ်လို့ကြောက်စိတ်တော့ဝင်မိပါတယ်။ ကားေ၇ှ့ခန်းကနေစီးရင် အမည်နဲ့ နေရပ်လိပ်စာကိုအတိအကျပေးရပါတယ်။ နောက်ခန်းကတော့ တစ်တန်းကို ၇ယောက်တင်ပါတယ်။ ထိုင်ခုံမှာမထိုင်ဘဲ မိဘချီထားတဲ့ကလေးတွေကိုပါ ကားခတောင်းတာကိုလဲသိခဲ့ရပါတယ်။ ဒီလိုနဲ့ ဘုရားစာရွတ်ပြီးမတ်စောက်တဲ့တောင် တွေကိုကျော်ဖြတ်လို့
ရင်ပြင်တော်ပေါ်ကို မနက်၅နာရီမှာေ၇ာက်ခဲ့ပါတယ်။ တည်းခိုခန်းတွေ စုံစမ်းတော့ ၅ယောက်ခန်းကို ၉သောင်း၊ တစ်သိန်း၂သောင်းစသည်ဖြင့် အဆမတန် ဈေးတွေဖြစ်နေတယ်။လူကျပ်ချိန်ဖြစ်လို့ သူတို့တောင်းတဲ့ဈေးကိုပေး ဒါတောင်တချို.ဆိုမနက်မှအခန်းရမှာဖြစ်လို့ထိုင်စောင့်ကြတယ်။မနက်ကျတော့
ဘုရားဦးချ မေတ္တာပို့အမျှဝေပြီး ဓါတ်ပုံရိုက်ဖို့စပါတော့တယ်။ ဘုရားဖူးတွေကလဲ တဖြည်းဖြည်းများလာပြီး
ရင်ပြင်တစ်ခုလုံးပြည့်လာပါတယ်။ အခမဲ့တည်းခွင့်ပေးတဲ့ဓမ္မာရုံတွေမှာလည်း နေရာမရှိတော့ပါဘူး။ ဘုရား
ေ၇ွှသင်္ကန်းကပ်ဖို့ကိုတောင်လူများလွန်းလို့ တန်းစီရတဲ့အထိပါ။ မနက်၁၀နာရီလောက်ကျတော့ မုဆိုးတောင်နဲ့ ကျီးကန်းပါးစပ်ဘက်ကို သွားပြီးပါတ်ဝန်းကျင်လေ့လာတယ် လမ်းတစ်လျှောက် ဈေးဆိုင်
ဈေးသည်တွေကလည်းအများသား တောကောင်သားတွေ တောင်ဆိတ်ဆီတွေကလည်းပေါမှပေါ စစ်
မစစ်ကတော့ မပြောတတ်ဘူးပေါ့ဗျာ..ကျီးကန်းပါးစပ်ေ၇ာက်တော့ ရှာပါးနေတဲ့ ကျပ်စေ့ငါးမူးစေ့ အကြွေ
ကို ပိုပေးရတဲ့ဈေးနဲ့ လဲပြီး ကျီးကန်းပါးစပ်ထဲပြစ်ကြပေါ့ ဆုတောင်းပြည့်တယ်ဆိုပါတယ်။ အဲဒီကနေ
ေ၇ှ့ဆက်တော့ေ၇တံခွန်သို့ ဆိုပြီးဗီနိုင်းနဲ့ ကြော်ငြာကပ်ထားတဲ့ဆိုင်ကိုတွေ့ရတယ်။သူ့ဆိုင်ကို လူလာဖို့
မုသားသုံးပြီးလူခေါ်ပါတယ်။ဆိုင်ထဲေ၇ာက်မှေ၇တံခွန်ဆိုတာကို မမြင်ရဘဲ အပင်တွေအုပ်ဆိုင်းနေတဲ့နေ
ရာကို လက်ညှိုးထိုးပြီးေ၇တံခွန်ကိုသွားဖို့ အသွားအပြန်၃နာရီလောက်ကြာတယ်လို့ပြောပါတယ်။ အဲဒီကနေ
ရင်ပြင်တော်ပေါ်ကိုပြန်ေ၇ာက်ပြီး အခန်းမှာခဏအိပ်ညနေမှ အပြင်ပြန်ထွက်တယ်။ ညနေပိုင်းရင်ပြင်တော်
ပေါ်မှာ ပြည့်ညှပ်နေတဲ့ ဘုရားဖူးတွေက ညအိပ်ဖို့ အတွက်ဖျာကြမ်းတွေခင်း လမ်းဝယ်လာတဲ့ တောင်ဝှေးတွေနဲ့ အအေးဒဏ်သက်သာဖို့ ခြင်ထောင် ထောင်ဖို့ အတွက်မြန်မာ့ နည်းမြန်မာ့ဟန်နဲ့ ပြင်နေကြပါပြီ။ တချို.မိသားစုတွေဆိုရင် တောင်ချေကနေ လမ်းလျှောက်တက်ကြပါတယ်သက်ကြီးရွယ်အိုတွေလဲပါကြပါတယ်။နို့စို.လသားကလေးတွေလည်းပါလို့
သူတို့က နှစ်တိုင်း လာကြပါတယ်တဲ့ ညမအိပ်ဘဲဘုရားဖူးပြီး တောင်ချေကိုပြန်ဆင်းသွားတဲ့သူတွေလည်း
ရှိပါတယ်။နောက်တစ်နေ့မနက်မှာ ကျနော်တို့လည်းမနက်၉နာရီလောက် ဘု၇ားရင်ပြင်ကနေပြန်ဆင်းခဲ့
ပါတယ်။အပြန် လည်းအသွားလိုပါဘဲ အလုအယက်ကားကိုတက်ကြရပါတယ်။ တန်းစီဖို့ ကိစ္စအဆင်မပြေတဲ့ ကျနော်တို့ နိုင်ငံကတော့ ဒီပုံစံနဲ့သာအသားကျနေတာပေါ့ လေ။ရင်ပြင်တော်ပေါ်ထိ
ကားတွေ ဆွဲပေးလို့ ဘုရားဖူးတွေ စိတ်ချမ်းသာ ကြတာတွေကလည်းကောင်းလှပါတယ်။ လမ်းတွေလည်း
အရင်ထက် ကောင်းပါတယ်။အဆင်းလမ်းတ၀က် မှာ အတက်ကားတွေကိုစောင့်ရတဲ့အချိန် အနည်းငယ်
ရှိလို့ အချိန်မပေးနိုင်ကြရင်တော့ မနက်စောစော တောင်းပေါ်ကဆင်းဖို့ လိုပါမယ်။နေပူလည်းသက်သာတာပေါ့။ အထမ်းသမား အချို.နဲ့ ဈေးသည်တွေက တော်ပေါ်ထိကားတွေတက်နေလို့ သူတို့ ဈေးမေ၇ာင်းရဘူး စီးပွားေ၇းအဆင်
မပြေဘူးဆိုပေမယ့် ရပ်ဝေးရပ်နီးက ဘုရားဖူးတွေ အဆင်ပြေစွာ ဘုရားဖူးနိုင်တာက မုဒိတာပွားစရာမ
ဟုတ်ဘူးလားဗျာ...ကျနော်နဲ့ စကားပြောဖြစ်တဲ့ အထမ်းသမားတစ်ဦးကတော့ ငွေအရ နည်းပေမယ့်
တောင်ပေါ်ကိုအခုလို ကားတွေပြေးလို့ သူ့အနေနဲ့ပြောရရင်ပျော်ပါတယ် လမ်းဖေါက်တော့လည်းသူလုပ်
အားပေးခဲ့သေးတယ်ဆိုပါတယ်။ ကုသိုလ်အတွက်ဘဲကြည့်ပါ အကုသိုလ် မဖြစ်ပါစေနဲ့တဲ့။ လူတိုင်းကား
နဲ့တက်နေကြတာမဟုတ်ပါဘူး အချို.ကလည်းလမ်းတ၀က်ကနေလမ်းလျှောက်ကြတာပါ။အထမ်းနဲ့တက်
သူတွေလည်းရှိနေဆဲပါ။ 
တစ်လောကအင်တာနက်မှာ ရင်ပြင်ပေါ်မှာ ကြိမ်လုံးကိုင်ပြီး စည်းကမ်းထိန်းသိမ်းနေတဲ့ဦးဇင်းကိုလည်းတွေ့
ခဲ့ပါတယ်။ဦးဇင်းက အခုလိုမိန့်ပါတယ် ညဘက်ရင်ပြင်တော်ပေါ်မှာစုံတွဲတွေ၊ဂစ်တာတီးသူတွေ၊မပေါ့တပေါ်
ဝတ်သူတွေကို အတော်များလာကြောင်းအခုလိုကိစ္စတွေကို ထိန်သိမ်းဖို့ တာဝန်ရှိကြောင်း၊နိုင်ငံခြားသားတွေတောင် ချေအိတ်မ၀တ်ဘဲ သွားနေတာကိုတောင် စာတွေေ၇းထားပါရက်နဲ့ အခုလို ဖြစ်ချင်တိုင်းဖြစ်နေတဲ့အတွက် လုပ်ရခြင်းဖြစ်တယ်လို့မိန့်ပါတယ်။
လူတွေကလည်းအခက်သားဗျာ...ဘုန်းကြီးကနာအောင်မရိုက်ပါဘူး ထိတယ်ဆိုရုံဆတ်ဆတ်လေးပါ။
ဘာသာတရားအရ ဆင်ဆင်ချင်ချင်နေသင့်ပါတယ်။စည်းကမ်းလိုက်နာဖို့လဲလိုအပ်ပါတယ်။အခုဆိုရင်
လမ်းတွေကလည်းကောင်းနေပါပြီ၊စစ်တောင်းတံတားအသစ်ဘက်ကမောင်းရင်လည်းအချိန်သက်သာနေပါပြီ။
ကျနော့်မိတ်ဆွေ များလည်း အချိန်ရမယ်ဆိုရင်သွားေ၇ာက်ဖူးမျှော်ဖို့ တိုက်တွန်းပါတယ်။တစ်ခုရှိတာကဇန်န
ဝါရီ၂၅ တည်းက ၃နှစ်တကြိမ်ပြုလုပ်တဲ့ လုံးတော်ပြည့်ေ၇ွှသင်္ကန်းကပ်လှုဖို့အတွက် စေတီတစ်ဆူလုံး အကာအရံများပြုလုပ်ထား တယ်ဆိုတာပါ။ ကျနော်ရိုက်ခဲ့တဲ့ ပုံတွေကိုမျှဝေလိုက်ပါတယ်။













မုဆိုးတောင်












































Monday, 21 January 2013

ကမ်းခြေမှာခဏတာ


နှစ်မကုန်ခင်မှာ ကမ်ခြေ ကိုသွားဖို့အကြောင်းဖန်လာတာနဲ့ေ၇ာက်ခဲ့ပြန်ပါတယ်.....လမ်းတွေကောင်း
လာတယ်..ကမ်းခြေမှာ တိုးတက်မှုပြယုဒ်အချို.တွေကတော့ရှိလာပါတယ်..နှစ်ကူးခါနီးဆိုတော့ လူလည်း
စည်တဲ့အချိန်ဖြစ်နေပါတယ်။ ထုံးစံအတိုင်း ၀မ်းေ၇းအတွက် ဈေးေ၇ာင်းသူ ကလေးငယ်တွေနဲ့ အမောင်း
ကြမ်းတဲ့ဆိုင်ကယ် ကယ်ရီတွေ ကလည်းအများသား ၊ အေးဆေးစွာနေလိုတဲ့ နိုင်ငံခြားသားဧည့်သည်တွေ
ကတော့ ချောင်းသာကမ်းခြေမှာသိပ်မရှိဘဲ၊ ကျောက်မောင်နှမ သွားတဲ့လမ်းဘက်ကေ၇ပြာပြာအနက်ပိုင်း
ကမ်းခြေမှာ အနာက်တိုင်းဆန်ဆန် ရှိနေတာကိုတွေ့ခဲ့ပါတယ်။
နေ့လည်၂နာရီလောက်မှာတော့ ပုသိမ်-ချောင်းသာသွားတဲ့ခရီးသည်တင်မှန်လုံယာဉ်တံတားဘေးကျတဲ့
သတင်း ၀င်လာပြီး ချောင်းသာက မြို.ခံတွေထူထောင်ထားတဲ့ လူနာတင်ယာဉ်သွားတာကိုလည်း တွေ့ရ
တယ်။ တစ်ဦးသေဆုံးပြီး ခရီးသည်အချို.ဒဏ်ရာရတယ်လို့ပြောပါတယ်။
မိတ်ဆွေ ညီငယ်၇ဲ့ကူညီမှုနဲ့ သူ့ အိမ်နဲ့အဆက်သွယ်ရလို့ ကမ်းခြေမှာလိုအပ်တာ ကိုကူညီဖို့ပြောပေမယ့်
လည်း အချိန်မလောက်ငမှုနဲ့မတွေ့ ဖြစ်ပါဘူး...နယ်သူနယ်သားတွေ၇ဲ့ ဧည့်ဝတ်ကြေမှု ကိုကျေးဇူးတင်ပါ
ကြောင်း ဒီနေရာကဆိုပါရစေ။
ချောင်းသာမြို.လေးမှာ သတင်းကောင်းတစ်ခုက နှစ်လုံးထီနဲ့ချဲထီကိုတင်းကျပ်
စွာနှိမ်နင်းထားလို့ ပြောရ
ရင်ထိုးစရာဒိုင်မရှိလို့ နွမ်းပါးသူ ဈေးေ၇ာင်းသူတွေဟာ မိမိတို့၇ဲ့ လုပ်အားခကို စုမိဆောင်းမိကြကြောင်း
ဘောလုံးပွဲကတော့ အနည်းငယ်ရှိကြောင်း သိခဲ့ရတယ်။
ကမ်းခြေ မှာအိပ်စက်ခြင်းမပြုခဲ့ဘဲ နေ၀င်ချိန်မှာ မြို.ရန်ကုန်ကိုလှမ်းခဲ့ပါတော့တယ်။


























Monday, 27 August 2012

သေ၇ခေတ္တရာ မြို.ဆီသို့

၇န်ကုန်ပြန်၇ာက်ပြီး မကြာသောရက်အနည်းငယ်မှာ သေ၇ခေတ္တရာ လို့ခေါ်တွင်တဲ့ ပြည်မြို. ကိုခ၇ီး
ထွက်ဖို့ အကြောင်းဖြစ်ခဲ့တယ်..ဝေပုလ္လာရာမ ဆရာတော်ဘုရားပျံလွန်တော်မူတာကို သွားဖူးဖို့ သူ
ငယ်ချင်းတစ်ယောက်ကားနဲ့ ဆရာတော်တစ်ပါးကိုပင့်လို့ ပြည်မြို.ဆီ ထွက်ခဲ့တယ်....
လမ်းမှာသူ့ကားသစ်ကြီးက ပညာပြလို့ ပြည်ကိုည ၈နာရီခွဲမှေ၇ာက်ပါတယ်။ လမ်းမှာညနေစာကို
အုတ်ဖို၁၀၈ မိုင်က ကြက်သားကာလသားချက်ဆိုင်မှာ စားခဲ့တယ်လက်ရာအတော်ကောင်းဈေး
ကလဲမဆိုးပါဘူး....ကြက်ဂွေးတောက်ဟင်းချို..ငါးပိသုတ် တို့စရာတွေလည်းအမယ်စုံပါတယ်လေ။
ဟင်းကိုလည်းအများကြီးထပ်လိုက်ပေးတယ်။
ပြည်မြို.မှာ ညအိပ်ပြီးနောက်တစ်နေ့မနက်မှာတော့ ပျံလွန်တော်မူသွားတဲ့ ဝေပုလ္လာရာမ ဆရာတော်ကိုသွားဖူးပါတယ်..ဆရာတော်၇ဲ့ ဈာပနကိုယခုလ၂၆ရက်နေ့မှာပြုလုပ်မှာပါ...ဆရာတော်
ဟာရုတ်တ၇က်ပျံလွန်တော်မူလို့ အချို.ဆိုမယုံကြပါဘူး ပြည်မြို.၇ဲ့ အထင်ကရဆရာတော်တစ်ပါးဘဲလေ။
ဆရာတော်ကျောင်းကအပြန် ပေါင်းတလည်မြို.ကနေအနည်းငယ်သွား၇တဲ့တောင်တီးရွာကိုေ၇ာက်ခဲ့
ပြန်တယ်.....ရွာမှာ ကျနော်တို့လာမယ်ဆိုလို့ ကြွက်ကြော်.........ငရှဉ့်ကျပ်တိုက် တွေကို အရသာ
ကောင်းအောင်ချက်ထားတာကိုလဲ အားမနာတမ်းစားခဲ့၇တယ်လေ....ညနေ ပြည် ကိုပြန်တော့သူ
တို့ခြံထွက် သီးနှံတွေကိုထည်.ပေးလိုက်ကြတယ်...စုံလို့ပါ
ညဘက်ပြည်ပြန်ေ၇ာက်တော့  ရွှေဆံတော်ဘုရားကိုသွားဖူးတယ်...၁၀ထပ်ကြီးဘုရားကိုလဲ ဖူးခဲ့ရ
တယ်..မနက် အာရုံတက်မှာ ဘုရားတစ်ခါထပ်ဖူးပြီး ဝေပုလ္လကျောင်း ကိုထပ်သွားပြီး အရသာကောင်းတဲ့ အုန်းနို့ခေါက်ဆွဲကိုစားခဲ့ရပြန်တယ်...ကျောင်းမှာ မှတ်တမ်းပုံတွေ၇ိုက်ပြီးမှ ပြည်
မြိုတစ်ဖက်ကမ်းကေ၇ွှဘုံသာမုနိဘုရားကို သွာေ၇ာက်ဖူးမျှော်ခဲ့ပါတယ်..အဲဒီကနေ ရန်ကုန်ကိုပြန်ခဲ့
တယ်...
ပြည်မြို.ကိုသွားတုန်းကမှော်ဘီမှာေ၇အတော်တက်တာကိုတွေ့ခဲ့၇တယ်..ရန်ကုန်တိုင်းအဆုံးထိအောင်
မိုးကရွာနေတုန်း ...ပြည်ဘက်မှာတော့မိုးနည်းတယ်....ရန်ကုန်ကိုပြန်တော့လည်း ရန်ကုန်တိုင်းကိုဝင်
တာနဲ့ မိုးက စွေတော့တာပါဘဲ..မြန်မာပြည်ပြန်ေ၇ာက်ပြီး ပထမဆုံးခရီးစဉ်ပါ။
ကော်နရျင်အခက်အခဲကြောင့် ကြိုးစားတင်ခဲ့ရပါတယ် ဝေပုလ္လာရာမကျောင်းက ပုံတွေကိုတော့
ကျနော့်၇ဲ့ဖေ့ဘုတ်စာမျက်နှာမှာ သွားေ၇ာက်ကြည့်ရှု နိုင်ပါကြောင်း

                                               ပြည်ေ၇ွှဆံတော်ဘုရား




                                       ပြည်မြို.တဖက်ကမ်း ရွှေဘုံသာမုနိဘုရား



                                                 ဆယ်ထပ်ကြီးဘုရား

မမြစိမ်း


                                                 ပြည်မြို.နဲ့ ဧရာဝတီ





                                           မဟာသုဒဿနကျောင်းနဲ့ နာရီစင်




                                                  ဘုရားေ၇ှ့က ဒေသထွက် အမှတ်တ၇ဆိုင်




                                              ဗိုလ်ချုပ်မြင်းစီးကြေးရုပ်



                                အဝေးဆီက ဧရာဝတီမြစ်ကူးန၀ဒေး တံတား


Related Posts Plugin for WordPress, Blogger...