Thursday 31 March 2011

ဘေထုပ်နဲ့ ပြောမိပြောရာ

ဘေထုပ် ဆိုလို့ ကျနော်တို့မြန်မာပြည်တစ်ခုတည်းမှာရှိတာမဟုတ်ပါဘူး....

ေ၇ပန်းစားနေတဲ့ ကိုရီးယား ဆိုတဲ့ဒီနိုင်ငံမှာလည်း ဘေထုပ်ရွေးဝတ် သူတွေလဲဒုနဲ့ဒေးပါ။

အပါတ်စဉ်တနင်္ဂနွေ နေ့မှာ ဆိုလ်းမှာရှိတဲ့ dongmyo ဘူတာနံပါတ် ၁လိုင်းမှာလဲ 

အဟောင်းတန်း...ဆိုတဲ့ ဈေးရှိပါတယ်..အ၀တ်ဟောင်းသာမက လျှပ်စစ်ပစ္စည်းအဆုံး ပေါချောင်

ကောင်း..တချို.လည်းမကောင်းဘူးပေါ့ဗျာ အစုံရှိပါတယ် ....ခန္ဓာကိုယ်ပျက်ဆီးလို့ 

အောက်ပိုင်းမရှိဘဲ တောင်းရမ်းစားသူတွေ လူတန်းစားစုံတဲ့နေရာပါ.....ကျနော်တို့နိုင်ငံကို

kbs သတင်းဋ္ဌာနကလာပြီး အချို.သောနွမ်းပါးသူတွေကို မှတ်တမ်းတင်သူတို့ရုပ်သံ မှာပြခဲ့တယ်။

သူတို့ဆီမှာလည်း ဒီလိုဖြစ်နေတာတွေ ကို ကျနော်လည်း ပြလိုက်ချင်တယ်....


ကျနော်တို့နိုင်ငံမှာလက်ရှိ တယားယားခတ်စားနေတဲ့ ကိုရီးယားဆိုတာလည်းဒါတွေရှိနေပါလား


လို့လေ....စကားမစပ်ပြောရရင် လွန်ခဲ့သောလ အနည်းငယ်က ရန်ကုန်တော်ဝင်စင်တာဆိုတဲ့

စူပါမတ်ကတ်ဖွင့်ပွဲ မှာကိုရီးယားသရုပ်ဆောင်တွေကိုဖိတ်ပြီးဖွင့် ဖို့လုပ်တာကိုကြားခဲ့ရတယ်။

ဒီလူတွေလာဖွင့်မှဒီမားကတ်က အောင်မြင်မှာလား...ဘာစိတ်ကူးတွေလဲ.....မသိလို့ပါ.....

ပြီးမှကြားရတာကတော့ကိုရီးယားသရုပ်ဆောင်တွေကိုဖိတ်ဖို့ ကိုရီးယားနိုင်ငံသားတယောက်က

ဒေါ်လာ ၅သောင်းယူပြီးလိမ်သွားလို့ ဆိုင်ရာမှာအမှုဖွင့်ထားတယ်ဆိုတဲအကြောင်း ဖတ်ရတယ်။

ဒီဒေါ်လာ၅သောင်းကိုလိုအပ်တဲ့နေရာတွေမှာသာ သုံးခဲ့လှူခဲ့မယ်ဆိုရင် .....မဆိုင်တာတွေေ၇း
မိနေပြန်ပြီဗျာ................






 





















Saturday 26 March 2011

ရိုက်မိရိုက်ရာ(၁)

စိတ်ပြေလက်ပျောက် သွားနေတုန်းတစ်ခါတစ်လေ ပါတ်ဝင်းကျင်ကိုလေ့လာရင်း

ဟိုတစ်စဒီတစ်စအတွေးတွေနဲ့ ဓါတ်ပုံတွေရိုက်မိတယ်......

ရိုက်မိရိုက်ရာ လို့ခေါင်းစဉ်တပ်လိုက်ပါတယ်..အားပေးကြပါအုံး

















Thursday 24 March 2011

နိဟွန်းမှာဘေးကင်းပါစေ



ပြီးခဲ့ တဲ့ရက်တစ်ရက်က ကျနော့် gtalk မှာနာမည်အသစ်တစ်ခုအင်ဗိုက်လုပ်လာပါတယ်။

 ကျနော်ကဘယ်သူလဲမေးတော့ စာဖတ်သူတစ်ဦးပါတဲ့။။။။ သူပြောတာက မြန်မာပြည်တစ်နေရာကပါတဲ့

ထားလိုက်ပါလေ...ကျနော် ရဲ့ မရေးတတ်ေ၇းတတ်စာတွေကိုဖတ်လို့ကျေးဇူးတင်မိပါတယ်။

သူကမေးတာတစ်ခုရှိပါတယ်...ဂျပန်ကိုဘယ်လို မြင်သလဲ လို့ပါ..ကျနော်ဘာပြောရမလဲ....

ဆုတောင်းပေးဖို့ဘဲရှိပါတယ်.......

  ဂျပန်မှာ ကျနော့်မိတ်ဆွေအသိတွေ ရှိပါတယ်....တချို.လည်းမိသားစုတွေနဲ့အတူနေကြသလို..အချို.လည်း

အခုမှ အိမ်ယာထူထောင်ဖို့ကြိုးစားနေဆဲပါ....ငလျင်လှုပ်တဲ့နေ့က ကျနော်အလုပ်ပြီးလို့ 

သတင်းဖွင့်ကြည့်တော့ အမလေး...ရုပ်ရှင်ထဲကလိုပါဘဲလား.....အော်....ဘယ်လိုတွေများဖြစ်ကုန်ပြီလဲပေါ့

ချက်ခြင်းဘဲ မိတ်ဆွေတွေဆီဖုံးခေါ်မိတယ်...ဆပိုရိုက တစ်ယောက်နဲ့ယိုကိုဟားမားကိုဘဲခေါ်လို့ရပါတယ်။

တိုကျိုနဲ့အခြားနေရာတွေမရပါဘူး..သူတို့တွေဘာဖြစ်ကုန်ပြီလဲ..ဘာမှမဖြစ်ပါစေနဲ့ပေါ့....ဆုတောင်းမိတယ်။

နောက်ရက်ကျမှသူ တို့နဲ့အဆက်အသွယ်ရပါတယ် ....ဒါပေမယ့် မမြင်ရတဲ့ 

ဘေးကရှိသေးတယ်။နျူကလီးယားဘေးပေါ့..သူတို့ဘယ်လိုလုပ်ကြမလဲ...အကြံပေးရုံကလွဲပြီး 

မတတ်နိုင်ခဲ့ဘူး

တကယ်တန်းကျတော့ဖြစ်မှသာဖြစ်ေ၇ာ ပြန်ဖို့မလွယ်တဲ့အတွက် မပြန်နိုင်ကြတာပါ .....မြန်မာပြည်ပြန်ရင်

ဘာလုပ်စားမလဲ တဲ့လေ.....ငလျင်လှုပ်လို့ ဆူနာမီဖြစ်...ဆူနာမီကြောင့်နောက်ဆက်တွဲ တွေဆက်ဖြစ်....

ဒါတောင်တိုးတက်တဲ့နိုင်ငံဖြစ်လို့ အသေအပျောက်အနည်းဆုံးသာဖြစ်တာပါ။ကမ္ဘာ ပေါ်မှာကပ်တွေက ဆိုက်

နေပြီလေ.စစ်ပွဲတွေ..သဘာဝဘေးတွေကျ ....၂၀၁၂ ကမ္ဘာပျက်မယ်လို့ပြောတာအခုတည်းကစနေပြီလား

 ဆူနာမီ ဆိုတာကိုပြန်လေ့လာကြည့်တော့ သမုဒ္ဓယာေ၇အောက်ငလျင်လှုပ်ခတ်မှုနှင့်မြေပြိုမှုတွေ 

မီးတောင်ပေါက်ကွဲမှုတွေကြောင့် ဖြစ်ပွားတတ်သော ရေလှိုင်းတွဲကြီးတွေကိုခေါ်ပါတယ်။

 ဆူနာမီ ဆိုတာဂျပန်ဝေါဟာရကနေလာတာဖြစ်ပြီး ကမ်းလှိုင်းလို့အဓိပ္ပါယ်ပြန်လို့ရပါတယ်..... ဆူ(TSU)

ကိုဂျပန်ဘာသာမှာ ဆိပ်ကမ်း လို့အဓိပ္ပါယ်ရပြီး နာမီ(NAMI)သည်လှိုင်းဟူ၍ဖြစ်ပါတယ်။

ရှာတောင့်ရှားခဲဖြစ်စဉ်များအဖြစ် သမုဒ္ဓရာ များတွင်ဧရာမဥက္ကာ ခဲကြီးများကြွေကျ ခြင်းကြောင့် ဆူနာမီ

ရေလှိုင်းဖြစ်ပေါ်တတ်ပါတယ်.....လွန်ခဲ့သော နှစ်ပေါင်း၃.၅ဘီလီယံခန့်က ဂြိုဟ် သိမ်ဝင်ဆောင့်မှုကြောင့်

ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်များမှတစ်ပါး ကျန်အရာများရေလွှမ်းမိုး ခဲ့ဘူးသည့်အထောက်အထားများကိုသိပ္ပံ

ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ထိုဖြစ်စဉ်တွေကြောင့်  ကမ္ဘာ့တိုက်ကြီးများ၏ ဘူမိဖြစ်စဉ်အနေ

အထားအကြီးအကျယ် ပြောင်းလဲခဲ့ရပါတယ် ။

လွန်ခဲ့သော၂၀၀၄ ခုနှစ်အိန္ဒိယ သမုဒ္ဓရာ မှာဖြစ်ခဲ့သော ဆူနာမီဟာ မိုင်၃၀၀၀ကွာဝေးသောအာဖရိက 

ကမ်းခြေကိုပါ အင်အားကြီးစွာရိုက်ခတ်ခဲ့ပါတယ်။ ခရစ်နှစ်၁၇၀၀ မှာ ပစိဖိတ်အနောက်မြောက်ပိုင်းတွင
ဖြစ်ပေါ်ခဲ့သော ၉ အဆင့်ရှိငလျင်နှင့်အတူ ဖြစ်ပေါ်လာသော ဆူနာမီရေလှိုင်းများက 

ဂျပန်နိုင်ငံပစိဖိတ်သမုဒ္ဓရာ ကို၇ိုက်ခတ်ခဲ့ဘူးကြောင်းဆိုပါတယ်။ သန္တာကျောက်တန်းများ၊ပင်လယ်အော်များ

မြစ်ဝများနှင့်ပင်လည်ရေအောက် ဘူမိသွင်ပြင်များက ဆူနာမီရေလှိုင်းများကို လျော့ပါးစေနိုင်ဖွယ်ရှိပါတယ်။ 

အချို.ဖြစ်စဉ်တွေမှာပင်လယ်ေ၇မြင့် တက်မှုဟာလက္မအနည်းငယ် ပေအနည်းငယ်သာရှိပေမယ့် 

အချို.ဖြစ်ရပ်တွေမှာ 

မီတာ၃၀ထိအောင်မြင့်မားတာကိုလည်းတွေ့ရှိရပါတယ်။....ဖြစ်စဉ်အများစုမှာတော့ပင်လည်ေ၇မျက်နှာပြင်

မြင့်တက်မှုဟာ ၁၀ပေထက်မပိုပါဘူး ..ငလျင်နဲ့မစိမ်းတဲ့ ဂျပန်နိုင်ငံဟာေ၇ထုကို ရုတ်တရက်ရွေ့လျားပြောင်း

လဲစေနိုင်တဲ့ ပင်လည်ကြမ်းပြင်လှုပ်ရှားမှုကိုဖြစ်စေတဲ့ ၈.၉ အဆင့်ရှိတဲ့ငလျှင်ကြောင့်သာဆူနာမီ ဘေးဆိုး

ကိုခံခဲ့ရတာပါ.......ကျနော်မှတ်သားထားတာတွေကိုဝေမျှရင်းနဲ့

 အမြန်ဆုံးပြန်လည်ထူထောင်ေ၇းတွေလုပ်နိုင်ပါစေ....ဂျပန်ပြည်သူပြည်သား တွေနဲ့တကွ 

ဂျပန်ပြည်ကိုအမှီသဟဲပြုနေကြတဲ့သူတွေနဲ့ ကမ္ဘာသူကမ္ဘာသား အားလုံးဘေးဆိုး၊ရန်ဆိုး၊အန္တရာယ် 

ဆိုးအပေါင်းမှလွတ်ကင်းကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

  (ကိုးကား) ၁၃.၃ ၂၀၁၁ ကြေးမုံသတင်းစာ (ဗျည်းနွဲ့) ဆုံးရှုံးမှုမြင့်မားခဲ့သော ဂျပန်ငလျှင်ဆူနာမီေ၇လှိုင်းနှင့် သိမှတ်ဖွယ်ရာများ ဆောင်းပါး























 






Sunday 13 March 2011

အင်ချွန်းလေဆိပ် သို့ လမ်းအသစ်

ဒီတပါတ်တော့ ဆိုလ်မြို.လည် ဘူတာကြီးမှ အင်ချွန်းလေဆိပ်ကို မြေအောက်ရထားလမ်းအသစ်

 ဖွင့်ထားတာကိုသွားကြည့်မိပါတယ်။ ပထမ 

တော့အရင်လိုမြေပေါ်ကဘဲသွားမယ်မှတ်နေတာအခုတော့ တိုးတက်လှတဲ့ 

သူတို့နိုင်ငံရဲ.နည်းပညာ


တွေအရ မြေအောက်ခုနှစ်ထပ်မှာဖြစ်နေပါတယ်။ဒီနေ၇ာကနေ လ၀က 

ကောင်တာတွေတခါတည်းရှိလို့ လေဆိပ်ရောက်ရင်ထပ်ပြီး အလုပ်မရှုပ်တော့ပါဘူး....

အရင်က ဆိုလ်းမြို.လည်ကနေပြီးလေဆိပ် အထိ ရထားလမ်းမရှိပါဘူး..ဘတ်စ်ကားသာရှိပါတယ်

လေဆိပ်ကိုရထားနဲ့သွားချင်ရင် အင်ချွန်းလိုင်းကိုပြောင်းစီးမှရပါတယ်။

 အခုတော့အဆင်ပြေသွားပါပြီ..အခုရထားလမ်းဟာ ဆိုလ်းမြို့ရဲ.အဓိက ၇ထားလမ်းဆုံ ၃ 

နေ၇ာကိုပါ ဖြတ်သွားမှာဖြစ်လို့ အတော့်ကိုအဆင်ပြေသွားမှာပါ။ 

 ဒီနိုင်ငံမှာတစ်ခုကောင်းတာက လမ်းပန်းဆက်သွယ်ရေးကိုကောင်းသထက် ကောင်းအောင်

လုပ်ပေးနေတာပါ..ခတ်မှီအမြန်လမ်းတွေ....လိုအပ်တဲ့နေရာမှာလိုအပ်သလို တည်ဆောက်ပေး

နေတာကိုက တကယ့်ကိုဂုဏ်ယူစရာပါ.....လမ်းဖြတ်သန်းခ တွေ...ယာဉ်စီးခတွေကောက်ခံပြီး

တန်ရာတန်ကြေးပေးရတာနဲ့ညီမျှအောင် လုပ်ပေးနေတာကလည်းစိတ်ချမ်းသာစရာပါ။

 ဒီနေရာတွေကိုသွားရင်စိတ်ထဲဖြစ်ရတာက ငါတို့နိုင်ငံမှာလည်း ဒီလိုလုပ်ပေးရင် ဘယ်လောက်

ကောင်းမလဲ လို့ပေါ့လေ............ဆိုလ်းမြို.တစ်ခုတည်းကွက်လုပ်နေတာမဟုတ်ဘဲ တနိုင်ငံလုံး

သူ့နေရာနဲ့သူ လုပ်ပေးနေတာပါ ။သူတို့နိုင်ငံသားတွေအတွက်သူတို့ တိုင်းပြည်က လူကြီးတွေရဲ.

လုပ်ဆောင်ချက်တွေက....အားကျစရာပါလေ.........ဒါတွေကိုမြင်ရတွေ့ရပြီးတော့.................

ကျနော့်စိတ်ထဲမှာလည်း...ကျနော်တို့ဆီမှာ................တစ်နေ့နေ့တော့ဖြစ်လာလိမ့်မည် 

လို့သာ......................



















Thursday 10 March 2011

ဘိသိက်ပြိုင်(သို့) ကြည့်ရှုသင့်သောဇာတ်ကား

စာမရေးဖြစ်တာလဲ တပါတ် ခန့်ရှိပါပြီ.....ကိုယ့်အကြောင်းနဲ့ကိုယ် အလုပ်ကလည်း 
အများသားလေ

အခုပြောချင်တဲ့ အကြောင်းတစ်ခုက ကျနော် တို့မြန်မာ တွေ တကယ်ကြည့် သင့်တဲ့ ဇတ်ကား

တစ်ကားဖြစ်တာကြောင့် ပါ..ဒီဇာတ်ကားကိုစဖြန့် တဲ့အချိန် 

တည်းကကျနော်ကြည့်ချင်နေတာပါ။

ဦးစွာပထမ ပြောရရင် ဒီဇာတ်ကားကို ဆရာတော်အရှင်ဆေကိန္ဒ 

ကဦးဆောင်လမ်းညွှန်ပေးခဲ့တာဖြစ်ပါတယ်..မြန်မာရိုးရာ ဓလေ့ထုံးစံဖြစ်တဲ့ ရဟန်းခံ၊ရှင်ပြု

အလှုတော် မင်္ဂလာကျင်းပရာမှာ ထည့်သွင်းပြုလုပ်တဲ့ ဘိသိက်မြှောက်တဲ့ အကြောင်းကို အခြေ

ခံလို့ရိုက်ကူးထားတာဖြစ်ပါတယ်.....ဇတ်လမ်းကျောရိုး...အယူအဆ...နေရာဒေသ...စသည်တို့

အပြင် နောက်ခံမြန်မာရိုးရာဆိုင်းတီးလုံးတွေကပါတစ်မျိုးကောင်းလို့နေပါတယ်....

အမှား နဲ့ အမှန် ကိုဝေဖန်ပိုင်းခြားတတ်ပြီးအတ္တမာန ကင်းစင်အောင် ဇတ်လမ်းလေးနဲ့ပညာပေး

ထားတာကိုက ကြည့်သူတွေကို အသိဥာဏ်တိုးပွားစေပါတယ်။

ဒီဇတ်ကားကို ငွေကြေးအရရိုက်ကူးခဲ့ခြင်း မဟုတ်ဘဲ....မြန်မာနိုင်ငံသာမကတစ်ခြားနိုင်ငံများကို

အခမဲ့ဖြန့်ဝေခဲ့တာဖြစ်ပါတယ်....နာမည်ကြီးမင်းသား..မင်းသမီးတွေမပါဝင်ဘဲ..သမားရိုးကျ

ဇတ်ပို့သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့ဇတ်ရုပ်တွေကလည်း တကယ်ကောင်းပါတယ်။

သာမန် ချစ်ကြိုက်ညားကွဲ မြန်မာရုပ်ရှင်ဇတ်ကားတွေထဲကမှ တမူထူးတဲ့ ဒီဇတ်ကားကို

မြန်မာအင်တာနေရှင်နယ်တီဗွီ ကလည်းထုတ်လွှင့်ခဲပြီးပါပြီ။ ဒီဇာတ်ကားကို ဆရာတော်

ဒီနိုင်ငံကိုကြွလာတဲ့အချိန်မှာ ဆရာတော်ဆီက အလှုခံခဲ့ပါတယ်...ဆရာတော်က စင်ကာပူအထိ

ဒီအခွေကို ဖြန့်ဝေပြီးပြီဖြစ်ကြောင်း..နောက်တစ်ခါလူကြုံ နဲ့ပို့ပေးလိုက်မယ်လို့ မိန့်ကြားပါတယ်။

ယခုတစ်ခါဆရာတော်ကြွလာခိုက်မှာ ဒီအခွေကိုရရှိခဲ့ပါတယ်....ကျနော့် မိတ်ဆွေများဒီဇာတ်

ကားကိုကြည့် ချင်ရင်  ဒီနေရာမှာ ကြည့်ရှု နိုင်ပါတယ်လို့ ပြောကြားပါရစေ။

ကျနော်ရဲ့ယခု စာမျက်နှာကနေပြီး ဆရာတော်အရှင်ဆေကိန္ဒကိုပူဇော်ကန်တော့လိုက်ပါတယ်။














Wednesday 2 March 2011

စာကြေနေပါပြီ



စာဖတ်တာကိုနှစ်သက်သော..ကျနော့်အဖို့ အပိုင်းအစတွေနဲ့ပျံလွင့်နေတဲ့ အချိန်တွေမှာ.....

တခြားဘယ်လိုပြော၇မလဲ......အဆင်မပြေချိန်တွေမှာပေါ့လေ....ကွန်ပျူတာကိုပိတ်လို့

တိတ်ဆိတ်စွာ...စာဖတ်ရတာကိုဘဲ.....နှစ်သက်နေပြီးလားလို့ မေးခွန်းထုတ်မိတယ်.........

အင်တာနက်ကနေစာစဖတ်တဲ့အချိန်ကစလို့....စာအရေးကောင်းတဲ့.....တမျိုးပြောရရင်တော့....

အဆင်ပြေစွာအထူးတလည်ဘာသာပြန်တတ်သော.....စာရေးဆရာတစ်ယောက်ရဲ့ စာတွေကို

မကြာခဏဖတ်မိပါတယ်.....ဘ၀နဲ့ပါတ်သက်တဲ့၇ိုးရှင်းတဲ့ပညာပေးစာတွေ.....စိတ်ခွန်အားဖြည့်

စာတွေအဲဒီ စာရေးဆရာကအတော်အေ၇းကောင်းပါတယ်....သူ့ရဲ့ပရိတ်သတ်ကလည်း မနည်းပါဘူး

သူ့စာတွေကို....သူဘလော့မှာနေ့စဉ်ဖတ်၇င်း....စာရေးချင်စိတ်တွေပေါက်လာတာကြောင့်

blog.co.cc မှာ“ သူစိမ်းတစ်ယောက်ရဲ့ ကရုဏာ” လို့ အ မည်ရှိတဲ့ ခံစားမှုအကြောင်းအရာတွေကို

စာမျက်နှာ ၂၀လောက်ရေးခဲ့ပါတယ်......ကံမကောင်းလှတော့ ဒီဆိုက်ကတနှစ်ပြည့်သွားသောအခါ

အလကားမပေးတော့လို့..ဒီစာတွေအလကားဖြစ်ခဲ့ရပါတယ်....ပြန်မသိမ်းထားမိလေတော့တကယ်

နှမြောမိပါတယ်....ဘယ်လိုဒီစာတွေကိုပြန်ယူလို့ရမလဲဆိုတာ မိတ်ဆွေများသိခဲ့၇င်ကူညီပါအုံး.....

ီ “ သူစိမ်းတစ်ယောက်ရဲ့ကရုဏာ” ဆိုတဲ့ခေါင်းစဉ်က အဲဒီစာရေးဆရာ ရဲ့စာအုပ်ထဲက ခေါင်းစဉ်တစ်

ခုပါ....ကျနော်နောက်တန်းကိုခဏပြန်တော့ အဲဒီစာရေးဆရာရဲ့ စာအုပ်ကို သေသေချာချာဖတ်ဖို့

အပိုင်ဝယ်ခဲ့ပါတယ်....ဒီစာအုပ်လေးထဲကအကြောင်းအရာတွေကိုသေချာဖတ်ပြီးပြင်သင့်တာတွေ

ကြိုးစားလုပ်ဆောင်ရမည့် ကိစ္စ တွေကို လုပ်ယူနိုင်ဖို့ကြိုးစားနေဆဲပါ....လူဆိုတာမကောင်းတာကို

လုပ်ဖို့လွယ်ပေမယ့်ကောင်းတာလုပ်ဖို့ဆိုရင်အတော်ပြောရတယ်မဟုတ်ပါလား.......

ဒီစာအုပ်လေးထဲက စာမျက်နှာ ၁၆၃ မှာရေးထားတဲ့ “တန်ဖိုးအရှိဆုံးအရာ အခမဲ့” ဆိုတဲ့ စာပိုဒ်ကို

အတော်ကြိုက်ပါတယ်.....အခြားသောစာတွေလည်းအတော်ကောင်းပါတယ်......။

စိတ်ခွန်အားကိုဖြစ်စေသောထို စာအုပ်လေးကို မကြာခဏ ဆိုသလိုဖတ်လေတော့.....

ဘယ်လိုပြောရမလဲ.....ပြောချင်တာကတော့...ဆရာရယ်....ကျနော် စာကြေ နေပါပြီ လို့သာ......

Related Posts Plugin for WordPress, Blogger...