Wednesday 8 August 2012

လေစိမ်းတွေ တိုက်နေတယ်

ကိုရီးယား ရာသီဥတုကလည်းဒီနှစ် ပိုပြီးပူပြင်းပါတယ်။ စက်ရုံ အလုပ်ရုံနဲ့ အပြင်ဆိုက်တွေမှာ
အလုပ်လုပ်ရသူတွေ ကတော့ဘယ်လောက်တောင် အပူဒဏ်ခံနေရမလဲမသိဘူး
ကျနော်ကတော့နောက်တန်းပြန်ဖို့ ၇က်အနည်းငယ်အလိုမှာ...ခရီးဝေး တွေသွားပြီးသကာလ
ခင်ရာဆွေမျိုး ဆိုတဲ့ မောင်နှမအရင်းတွေလို နေတဲ့ ဆီမှာ ခဏတာရှိနေပါတယ်....
သိမ်းစရာတွေကလည်းများ..မပြစ်ရက်တာတွေကများ..အကုန်သယ်...ဝေခွဲမတတ်ဖြစ်...ဒါတွေအားလုံး
ယူသွားဖို့ကလည်း ယာဉ်တန်းနဲ့ပြန်တာမှ မဟုတ်တာလေ..အော်ရယ်စရာ.....
ဓါတ်ပုံတွေအများကြီးရိုက်ဖြစ်တယ်...ဖေ့ဘုတ်မှာလည်းမတင်ဖြစ် အခုလိုကော်နရှင်မြန်တဲ့ နေရာမှာတောင်မတင်ဖြစ်ရင်...ကိုယ့်ဒေသမှာဆိုဝေးပြီပေါ့....
ရသလောက်ကြိုးစားပြီးေ၇းတင်မယ်စိတ်ကူးပြီး အခုအစမ်းတင်လိုက်ပါတယ်.....
ပိတ်ရက်တွေမှာ နုတ်ဆက်ချင်လို့ တကူးတက ချိန်းသူတွေကိုလည်း နားလည်မှုနဲ့ ခွင့်လွှတ်ပေးကြပါလို့
ကျနော်တတ်နိုင်သလောက် မည်သူ့အပေါ်မဆိုအယုတ်အလှအမြတ်မေ၇ွး ကူညီတာကလည်း ကျနော့်
ကိုယ်ပိုင် စိတ်သာဖြစ်ပါတယ် ။ သူတို့တွေအဆင်ပြေတယ် ဆိုရင်ပီတီဖြစ်ရတာ အရသာပါလေ။
ဒီကြားထဲ ကမ်းခြေမှာ ဓါတ်ပုံ၇ိုက်လို့ အဖမ်းခံရသူက ကိုကိုစီ ဆိုတော့ အသိတွေက ကျနော့်နာမည်နဲ့မှား
ပြီး ဖုံးနဲ့ လှမ်းမေးကြ ဟာစုံလို့ဗျာ....
ကဲပါလေ.....ကျနော်ကြိုက်တဲ့ သီချင်းတွေများစွာထဲက မဆွေ..မေဆွိဆိုတဲ့ သီချင်းလေးတပုဒ်နားဆင်ကြပါအုံး......


6 comments:

  1. ပြန်တော့မယ်ဆိုတော့ ဝမ်းသားမိတယ်... အားလည်းကျမိတယ်အကို.. Congratulation...!!! ညီမလေးတော့ အဲ့လိုပြောနိုင်ဖို့ လိုအုံးမယ် အကိုရေ...:)))

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် ညီမလေး
      ညီမလေးလဲ အရာခပ်သိမ်းအဆင်ပြေပါစေ။

      Delete
  2. ပြန်ရတော့မယ်ဆိုတော့ ပျော်နေတယ်ပေါ့ ။လေစိမ်တွေတော့ အနော်တို့မတိုက်ဘူးနော် ဟိ ။

    ReplyDelete
    Replies
    1. ဟုတ်ပါ့ဗျာ.....
      လေစိမ်းတွေ တိုက်တဲ့သီချင်းတွေကြိုက်လို့ပါဗျာ။

      Delete
  3. ကိုယ်တိုင်းပြည်ပြန်ရမယ်ဆိုလို့ဝမ်းသာတယ်
    ကူညီတဲ့အလုပ်ဆိုတာလဲ ပင်ပန်းပေမယ့် ရရှိလာတဲ့ ပီတီကချိုမြိန်ပါတယ်နော်
    လေစိမ်းတိုက်နေတဲ့ ထဲ jas ဘယ်တော့မှမပါ ပါဘူးနော်

    ReplyDelete
  4. ရန်ကုန်ရောက်ရင် တီတင့်ကို ဆက်သွယ်အုံးနော် လောလောဆယ် ဝါဝါခိုင်မင်းက ဘလော့ဂါနံပါတ် ၇၀ ဆိုတော့ ကိုကိုစိမ်းက ၇၁ပေါ့ :P
    အလည်လာဘို့ အတည်ခေါ်တာနော် ကိုရီးယားပြန်အတွေ့အကြုံလေး ကြားချင်လို့ပါ။ ဓာတ်ပုံတွေရိုက်ထားတာနှမြောစရာ ကိုကိုစိမ်းရယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

Related Posts Plugin for WordPress, Blogger...