တန်ဆောင်မုန်းလေ၇ာက်တော့ ကထိန်ပွဲ ....နေရာတိုင်းမှာစတုဓီသာ အလှူတွေ နိဗ္ဗာန်ဈေး စတာတွေ
ဟာနေရာတိုင်းလိုလိုမှာ ကျင်းပနေကြတာကိုဝမ်းမြောက်စွာတွေ့၇ပါတယ်..တနှစ်ထက် တနှစ်ပိုလို့ လှူကြ
တာဟာလည်း အားရစရာပါ..ကိုယ်နိုင်သလောက်အင်းအားတွေနဲ့ မရှိသူေ၇ာနွမ်းပါသူတွေ အတွက်လှူရ
တာဟာ မွန်မြတ်တဲ့ကုသိုလ်ပါ...နိဗ္ဗာန်ဈေးမှာတန်းစီ သူအတော်များများကိုမေးကြည့်တော့ ဆန်ကိုအဓိက
လိုချင်ပါတယ်တဲ့လေ...သူတို့အတွက် ဘာဟာအဓိကကလဲ..စားဖို့ဆန်ရှိရမယ်လေ...
တန်ဆောင်တိုင်ပွဲနဲ့ ဝေးခဲ့တဲ့ ကျနော်ဟာဒီနှစ်တော့ ကိုယ်တိုင်ကိုယ်ကျပျော်ရမယ်ပေါ့...ဒီနှစ်တော့ တန်ဆောင်တိုင်ကို ပဲခူးမြို.က အကျွတ်အလွတ် ဘုရားလို့ လူသိများတဲ့ ဘုန်းကြီးကျောင်း
က မိတ်ဆွေတွေ၇ဲ့ကထိန်အလှူမှာ သွားပြီးတတ်နိုင်သလောက်ကုသိုလ်ပါဝင်ခဲ့ပါတယ်။ပဲခူးေ၇ာက်တဲ့
ညက ကကြီးပြန်မိတ်ဆွေ မြို.ခံကပြုစုတာကိုလည်းဝမ်းမြောက်စွာလက်ခံခဲ့ရသေးတယ်။
ေ၇ွှမော်ဓောစေတီတော်၇ဲ့ မသိုးသင်္ကန်းရက်ပွဲကိုတော့ အချိန်မရတာနဲ့ မသွားခဲ့ရပါဘူး။ လပြည့်နေ့ မနက်
မှာ သံဃာတော်တွေကိုကြာဇံကြော်နဲ့ အာရုံ ဆွမ်းကပ်ပြီးမနက်ပိုင်းကစလို့ ရွာနီးချုပ်စပ်က ပရိတ်သတ်ကို
ဘာလချောင်ကြော်၊သရက်ချဉ်သုပ်၊သီးစုံပဲဟင်းနဲ့ စတုဓီသာကျွေးပါတယ်။
နေ့လည်မှာ ပင့်သံဃာတွေနဲ့ကျောင်းထိုင်ဆရာတော်ကို နေ့ဆွမ်းဆက်ကပ်ပြီးတရားနာေ၇စက်ချလို့ ကထိန်အလှူ ကိုအောင်မြင်စွာပြုလုပ်ပြီးစီးခဲ့ပါတယ်။
ရွာတွေမှာအလှူလုပ်ရင် ပကာသနတွေမရှိပါဘူး...အားလုံးတက်ညီလက်ညီနဲ့ဝိုင်းဝန်းပြီးကူညီကြ ချက်
ကြ နဲ့အင်မတန်အားရစရာပါ..တနှစ်ထက်တနှစ်ပိုလို့လှူချင်စရာပါ။
အခုကထိန်အလှူ လုပ်တဲ့ အကျွတ်အလွတ်စေတီတော်ဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုက ရှိခဲ့တဲ့ အနေအထားနဲ့ အခုလက်ရှိ အနေအထားဟာအတော့်ကိုကွာခြားခဲ့ပါပြီ။ ကျောင်းထိုင် ဆရာတော်၇ဲ့
ပရိယတ္တိကြိုးစားအားထုတ်မှုနဲ့ ပဋ္ဌာန်းဆက်ရှိတဲ့ အလှူ.ရှင်တို့၇ဲ့ ကုသိုလ်နဲ့နေ့ ခြင်းညခြင်းဆိုသလို
သမိုင်းဝင် စေတီနှစ်ဆူ၇ဲ့ တန်ခိုးတော်နဲ့ အတော့်ကိုကျောင်းကန်ဇရပ်တွေထပ်တိုးပြီးစည်ပင်ဝေဖြာ
နေပါပြီ။
အလှူဆိုတာကိုယ်တတ်နိုင်မှလှူနိုင်မှ မဟုတ်ပါဘူးကိုယ်မတတ်နိုင်လည်း တတ်နိုင်တဲ့သူတွေကိုပြော
ဆိုညွှန်ပြပြီး နုတ်၏စောင်မပေးခြင်းဖြင့်လည်း အလှူဒါန မြောက်ပါတယ်။
ပြုသမျှသောကုသိုလ်အားလုံးနှင့်တကွ ကုသိုလ်အဖို့ပါကအားလုံးတို့အား အကျွတ်စေတီတော်၊အလွတ်
စေတီတော်ကို တည်းထားခဲ့သောေ၇ှးမင်းအဆက်ဆက်နှင့်တကွ ၃၁ဘုံသားအားလုံးအားအမျှပေးဝေပါ
ကုန်၏..အားလုံးကြားကြားသမျှ.. အမျှ..အမျှ..အမျှ
ပဲခူးမြို. ကျက်သေ၇ဆောင်ေ၇ွှမော်ဓော စေတီတော်
အကျွတ်မုဋ္ဌောစေတီတော်
အလွတ်မုဋ္ဌောစေတီတော်
သဒ္ဒါကြည်ဖြူပေါင်းစုလှူသည့်နှစ်ထပ်ကျောင်းဆောင်သစ်
အကျွတ်မုဋ္ဌောစေတီပေါ်မှ ဘုရားသားတော်ကိုရင်လေးများ