Thursday 20 January 2011

ကကြီး စာ

မုံလာဥကင်မ်ချီ..မုံညင်းကင်မ်ချီ

ဘူလ်းဂိုလ်ဂီ.......အမဲသားချက်
အရွက်နဲ့ထုပ်ကာစား

ထွေရာလေးပါးစဉ်းစားရင်းနဲ့ စာရေးဖို့အဆက်ပြတ်...ခေတ္တငြိမ်သက် လို့..-၁၀အောက်မကျတဲ့
အအေးဒဏ်ကိုကြံကြံခံ..ခဲနေတဲ့ေ၇ကို..ပျော်အောင်လုပ်..သုံးစရာေ၇..ကြံဖန်ရှာ......နည်းမျိုးစုံ
အကြံထုတ်...ဘာဆက်လုပ်ရင်ကောင်းမလဲ..ပြောနေကြာပါတယ်လေ.....ကကြီးမှာနေတော့
ကကြီးစာတွေစား..ကျင်လည်ရာ..ဘ၀ခရီးမှာ..ချဉ်ဖတ်နဲ့သာ....၀ါသနာက ဓါတ်ပုံဆရာ....
အများသူငါ..ရှုစားဖို့....ဘလော့..စာမျက်နှာပေါ်တင်လိုက်တယ်........

Sunday 9 January 2011

ပဲခေါက်ဆွဲ





မြန်မာပြည်နဲ့ ဖုံးပြောတဲ့ အခါ များ..“နင် တို့ဆီက ပဲခေါက်ဆွဲ ဆိုတာဘယ်လိုလဲတဲ့” ဆိုပြီး
ခဏ၊ခဏ မေးကြပါတယ်...သူတို့က ကိုရီးယား ကားထဲမှာ စားတာကိုတွေ့လို့မေးကြတာပါ.....
အိမ်ကိုပါဆယ်ပို့ရင်လည်း ပဲခေါက်ဆွဲတွေကိုဝယ်ထည့်ပေးရတယ်....အရသာကတောဆိမ့်တာပါ။
အထွေအထူးတော့မကောင်းပါဘူး.....မြန်မာပြည်အချို.နေရာမှာလဲ ပဲခေါက်ဆွဲ ရောင်းနေပြီ လို့သိရပါတယ်......အော်...ကူးစက်ရောဂါ.....
ဒီမှာပဲ ခေါက်ဆွဲကို..သူတို့အခေါ်.“.ကြာကြာမြောင်” လို့ခေါ်ပါတယ်...အလုပ်ထဲမှာ ဗိုက်ဆာတဲ့
အခါ....သားေ၇စာအဖြစ်ပေါ့လေ.....ဒီမှာတော့ကြုံရင်ကြုံ သလို စားကြတာပါဘဲ.......
ဖုံးဆက်မှာရင်...ဒီမှာတော့ အရောက်ပို့စနစ်က ကောင်းမွန်တာကြောင့် တစ်ပွဲမှာလည်းပို့ပေးပါတယ်။
တစ်ပွဲကို....၀မ်၄၅၀၀...ပေးရပါတယ်..ပွဲကြီးပေါ့....ရှင်းရှင်းပြောရရင်..ခေါက်ဆွဲပေါ်ကို ပဲအနှစ်ဆန်း
ထားတာပါ..အနှစ်ထဲမှာ..၀က်သားအနည်းငယ်နဲ့ကြက်သွန်အတုံးလေးတွေထည့်ထားတယ်....
စားတဲ့အခါ..အနှစ်နဲ့ ခေါက်ဆွဲကိုသမအောင်မွှေပြီးမှ စားရတာပါ...မြန်မာလိုဆိုရင်တော့
ခေါက်ဆွဲပေါ် ပုန်းရည်ကြီး ဆန်းထားတယ်လို့ပြောရမှာဘဲ.......
အခုလိုအေးတဲ့ရာသီမှာတော့ ခေါက်ဆွဲသတ်သတ်..ပဲအနှစ်သတ်သတ် လုပ်ပေးတယ်....ခဲသွားရင်
စားမကောင်းဘူးလေ....
ခဏခဏ မေးကြတဲ့ ပဲခေါက်ဆွဲ ကိုမြင်ဘူးအောင်...ပြလိုက်ပါတယ်........
ကျနော် အကြိုက် ကတော့ ပဲပြုတ်ဆီဆမ်း နဲ့ထမင်းကြမ်းခဲလေးပါ.......ဘယ်တော့မှမမေ့ပါဘူး....

Friday 7 January 2011

နှင်းတောင်သို့ အလည်တစ်ခေါက်










ဒီနှစ်ဆန်းမှာတော့ မိတ်ဆွေတစ်စုနဲ့ နှင်းတောင်ကိုအပျော်ခရီးထွက်ခဲ့ပါတယ်....နှစ်တိုင်းသူများ
တွေသွားပေမယ့် မလိုက်ဖြစ်ခဲ့ဘူး..ဒီနှစ်တော့ စိတ်လိုလက်ရ အမှတ်တရပုံတွေ ရိုက်မယ်စိတ်ကူးတာနဲ့
သွားဖြစ်ခဲ့တယ်....သွားခဲ့တဲ့နေရာကတော့Daemyung Vivaldi Park Ski World ဖြစ်ပါတယ်....
အဲဒီနေရာကနွေဘက်ဆိုရင်..ပင်လယ်တုလိုမျိုး ရေကစားဖို့လုပ်ထားတဲ့ Ocean World လည်းရှိတယ်
အပန်းဖြေတဲ့သူတွေ အရမ်းများပါတယ်...အခုလည်း စကီးစီးတဲ့သူတွေအရမ်းများပါတယ်.....
စကီးနဲ့ဘုတ်နှစ်မျိုးကိုဖိနပ်အပါအ၀င် ငှားခ ၀မ်တစ်သောင်းစီပေးရပါတယ်....နှင်းတောင်ကိုလွယ်တဲ့
နေရာ..ခက်တဲ့နေရာနဲ့ အခက်ဆုံးဆိုပြီး၃နေရာခွဲထားပါတယ်....စီးတဲ့သူတွေများတာကြောင့် တောင်
ပေါ်တစ်ခါတက်ဖို့ အကြာကြီးတန်းစီ၇တယ်..မစီးတတ်တဲ့သူတွေကို သင်ပေးနေတာတွေလည်း
တွေ့ ခဲ့တယ်.....သူများတွေစီးတာကြည့် ဓါတ်ပုံရိုက်... hand creamပေးတာတွေကိုယူပြီး
ညနေမှပြန်လာခဲ့ပါတယ်.......

Tuesday 4 January 2011

မြန်မာ့လွတ်လပ်ရေးနေ့


ဒီကနေ့ ၂၀၁၁ ဇန်န္ဒ၀ါရီလ (၄)ရက်နေ့ဟာမြန်မာနိုင်ငံရဲ့ (၆၃)နှစ်မြောက် လွတ်လပ်ရေးနေ့ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် ဇန်န္ဒ၀ါရီလ(၄)ရက်နေ့မှာကျနော်တို့ မြန်မာနိုင်ငံဟာ လွတ်လပ်သောအချုပ်အခြာအာဏာပိုင်နိုင်ငံအဖြစ် ရောက်ရှိခဲ့တာ ၆၃ နှစ်ရှိပါပြီ။လွတ်လပ်ရေးနှင့်
အချုပ်အခြာအာဏာပြန်လည် ရရှိရေးအတွက်
ပေးဆပ်ကြိုးပမ်းခဲ့၇မှာများစွာ တန်ဖိုးကြီးလှပါတယ်.....၁၈၂၄ခုနှစ်မှ ၁၈၈၅ခုနှစ်အထိ နယ်ချဲ.တို့
မှ သုံးကြိမ်တိုင်ကျူးကျော်စစ်ဆင်နွဲပြီး..မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကိုသိမ်းပိုက်ထားခဲ့ပါတယ်
မျိုးချစ်စိတ်ရှိသောတိုင်းရင်းသားပြည်သူအပေါင်းမှ အသက်သွေးပေါင်းများစွာ စတေးပြီးရယူခဲ့
သောလွတ်လပ်ရေး ကိုမဆုံးရှုံးအောင် စောင့်ရှောက်ကြရမှာ ကျနော်တို့မြန်မာ နိုင်ငံသား..မြန်မာ
လုမျိုးတိုင်းရဲ.တာဝန်တ၇ပ်ဖြစ်ပါတယ်။
ထူးခြာမွန်မြတ်တဲ့နေ.တစ်နေ့ ဖြစ်တဲ့ ဒီနေ့လွပ်လပ်ရေးနေ့ ကိုမမေ့ ကြဖို့ ကျနော့်စာမျက်နှာကနေ
မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းအား နှိုးဆော်လိုက်ပါတယ်...............။

Saturday 1 January 2011

နှစ်သစ်ဆုမွန်



၂၀၁၁ ခုနှစ်ရဲ့ရောက်ရှိချိန်ကစလို့ ကမ္ဘာသူ ကမ္ဘာသားအပေါင်း ဘေးဘယာဝေးကွာပြီး.....
ချမ်းသာကိုယ်စိတ်မြဲကြပါစေ.....ကျနော့် စာမျက်နှာကိုရောက်ရှိလာ တဲ့ နိုင်ငံအသီးသီးမှ
မိတ်ဆွေများနှင့်တကွ ကျနော်ကျေးဇူးရှိခဲ့ဘူးသော မိဘဘိုးဘွား၊ ဆရာသမားများနှင့် ကျနော့်
မိသားစု....သူငယ်ချင်းများ...မြင်အပ်မမြင်အပ်သောပုဂ္ဂိုလ်များနှင့် ကျနော့်အလုပ်ရှင်သူဋ္ဌေးမိသားစု
ကျနော်နှင့်ဘ၀အဆက်ဆက်က တော်စပ်ခဲ့သောပဋ္ဌာန်းဆက်ရှိ သူအပေါင်းအား ယခုနေရာမှနေပြီး
ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်းသာပြီးလိုလားတောင့်တအပ်သော ဆုအပေါင်းနဲ့ ပြည့်ဝ ကြပါစေလို့.....
ဆန္ဒပြုလိုက်ပါတယ်........
Related Posts Plugin for WordPress, Blogger...