Friday 7 January 2011

နှင်းတောင်သို့ အလည်တစ်ခေါက်










ဒီနှစ်ဆန်းမှာတော့ မိတ်ဆွေတစ်စုနဲ့ နှင်းတောင်ကိုအပျော်ခရီးထွက်ခဲ့ပါတယ်....နှစ်တိုင်းသူများ
တွေသွားပေမယ့် မလိုက်ဖြစ်ခဲ့ဘူး..ဒီနှစ်တော့ စိတ်လိုလက်ရ အမှတ်တရပုံတွေ ရိုက်မယ်စိတ်ကူးတာနဲ့
သွားဖြစ်ခဲ့တယ်....သွားခဲ့တဲ့နေရာကတော့Daemyung Vivaldi Park Ski World ဖြစ်ပါတယ်....
အဲဒီနေရာကနွေဘက်ဆိုရင်..ပင်လယ်တုလိုမျိုး ရေကစားဖို့လုပ်ထားတဲ့ Ocean World လည်းရှိတယ်
အပန်းဖြေတဲ့သူတွေ အရမ်းများပါတယ်...အခုလည်း စကီးစီးတဲ့သူတွေအရမ်းများပါတယ်.....
စကီးနဲ့ဘုတ်နှစ်မျိုးကိုဖိနပ်အပါအ၀င် ငှားခ ၀မ်တစ်သောင်းစီပေးရပါတယ်....နှင်းတောင်ကိုလွယ်တဲ့
နေရာ..ခက်တဲ့နေရာနဲ့ အခက်ဆုံးဆိုပြီး၃နေရာခွဲထားပါတယ်....စီးတဲ့သူတွေများတာကြောင့် တောင်
ပေါ်တစ်ခါတက်ဖို့ အကြာကြီးတန်းစီ၇တယ်..မစီးတတ်တဲ့သူတွေကို သင်ပေးနေတာတွေလည်း
တွေ့ ခဲ့တယ်.....သူများတွေစီးတာကြည့် ဓါတ်ပုံရိုက်... hand creamပေးတာတွေကိုယူပြီး
ညနေမှပြန်လာခဲ့ပါတယ်.......

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...