Sunday 9 January 2011

ပဲခေါက်ဆွဲ





မြန်မာပြည်နဲ့ ဖုံးပြောတဲ့ အခါ များ..“နင် တို့ဆီက ပဲခေါက်ဆွဲ ဆိုတာဘယ်လိုလဲတဲ့” ဆိုပြီး
ခဏ၊ခဏ မေးကြပါတယ်...သူတို့က ကိုရီးယား ကားထဲမှာ စားတာကိုတွေ့လို့မေးကြတာပါ.....
အိမ်ကိုပါဆယ်ပို့ရင်လည်း ပဲခေါက်ဆွဲတွေကိုဝယ်ထည့်ပေးရတယ်....အရသာကတောဆိမ့်တာပါ။
အထွေအထူးတော့မကောင်းပါဘူး.....မြန်မာပြည်အချို.နေရာမှာလဲ ပဲခေါက်ဆွဲ ရောင်းနေပြီ လို့သိရပါတယ်......အော်...ကူးစက်ရောဂါ.....
ဒီမှာပဲ ခေါက်ဆွဲကို..သူတို့အခေါ်.“.ကြာကြာမြောင်” လို့ခေါ်ပါတယ်...အလုပ်ထဲမှာ ဗိုက်ဆာတဲ့
အခါ....သားေ၇စာအဖြစ်ပေါ့လေ.....ဒီမှာတော့ကြုံရင်ကြုံ သလို စားကြတာပါဘဲ.......
ဖုံးဆက်မှာရင်...ဒီမှာတော့ အရောက်ပို့စနစ်က ကောင်းမွန်တာကြောင့် တစ်ပွဲမှာလည်းပို့ပေးပါတယ်။
တစ်ပွဲကို....၀မ်၄၅၀၀...ပေးရပါတယ်..ပွဲကြီးပေါ့....ရှင်းရှင်းပြောရရင်..ခေါက်ဆွဲပေါ်ကို ပဲအနှစ်ဆန်း
ထားတာပါ..အနှစ်ထဲမှာ..၀က်သားအနည်းငယ်နဲ့ကြက်သွန်အတုံးလေးတွေထည့်ထားတယ်....
စားတဲ့အခါ..အနှစ်နဲ့ ခေါက်ဆွဲကိုသမအောင်မွှေပြီးမှ စားရတာပါ...မြန်မာလိုဆိုရင်တော့
ခေါက်ဆွဲပေါ် ပုန်းရည်ကြီး ဆန်းထားတယ်လို့ပြောရမှာဘဲ.......
အခုလိုအေးတဲ့ရာသီမှာတော့ ခေါက်ဆွဲသတ်သတ်..ပဲအနှစ်သတ်သတ် လုပ်ပေးတယ်....ခဲသွားရင်
စားမကောင်းဘူးလေ....
ခဏခဏ မေးကြတဲ့ ပဲခေါက်ဆွဲ ကိုမြင်ဘူးအောင်...ပြလိုက်ပါတယ်........
ကျနော် အကြိုက် ကတော့ ပဲပြုတ်ဆီဆမ်း နဲ့ထမင်းကြမ်းခဲလေးပါ.......ဘယ်တော့မှမမေ့ပါဘူး....

2 comments:

  1. မျက်စိလည် လမ်းမှားလာပြီး ပဲခေါက်ဆွဲ လာစားသွားပါတယ်ရှင့် ..

    ReplyDelete
  2. ပဲခေါက်ဆွဲ မစားဖူးဘူး.. စားကြည့်ချင်တယ်..

    ReplyDelete

Related Posts Plugin for WordPress, Blogger...