Tuesday, 24 April 2012

နွေဦးပန်း

ဧပရယ်၇ဲ့ ပြီး ဆုံးခါနီးရက်တွေမှာ...အပူရှိန်ဟာလဲ မသိမသာနဲ့
တိုးနေပါပြီ...နွေဦးပန်းလို့ တင်စားရမယ့် ချယ်ရီတွေဟာလဲ
ဖူးပွင့်လာပြန်ပါပြီ...ဒီနှစ်ဟာရာသီဥတုဖေါက်ခဲ့လို့ ပွင့်ချိန်နောက်
ကျခဲ့ပါတယ်...ကျနော် နေတဲ့နေ၇ာမှာ ချယ်ရီပင်ပျို နှစ်ပင်ရှိပါ
တယ်..သူတို့ အားတက်သေ၇ာပွင့်ချိန်မှာ ကျနော်လဲ အားရကျေ
နပ်စွာ မှတ်တမ်းတင်ခဲ့တယ်...
မမျှော်လင့်ဘဲ မိုးရွာခဲ့ရင်အပွင့် တွေကြွေပြီးမလှတော့ဘူးလေ...
အနီေ၇ာင်နဲ့ အဖြူေ၇ာင်နှစ်ပင်ဟာ အလှခြင်းပြိုင်နေသလားလို့
ဆိုလ်းက ချယ်ရီတန်းလို့ ခေါ်ရမယ့် ယိုရီဒို ဆိုတဲ့နေရာကိုသွားဖို့
ပြင်နေပေမယ့် ဒီတစ်ခါ မိုးအပြင်းရွာချလို့ အစီအစဉ်ပျက်ခဲ့ရတယ်
တကယ်တော့ ချယ်ရီဟာ အေးမြတဲ့ဒေသတွေမှာသာရှင်သန်မှုရှိ
တာကို သိရပေမယ့် သူဟာအပွင့်တွေပွင့်ဖို့ အပူ ကိုကြိုက်နေတာ
ကို သိခဲ့ရပြီလေ... 
















Tuesday, 17 April 2012

ဒီကသင်္ကြန်

ကိုရီးယားေ၇ာက်မြန်မာတွေ၇ဲ့ သင်္ကြန်ကလည်း ဒီနှစ် မှာ ၁၂ ကြိမ်မြောက်ခဲ့ပါပြီ။
 တောင်ကိုရီးယားနိုင်ငံရှိ မြန်မာအသင်းကနေဦးဆောင်ပြုလုပ်တဲ့ သင်္ကြန်ပွဲတော်ဟာ
အရင်နှစ်များကထက်ပိုလို့ စည်ကားခဲ့ တယ်လို့ပြောရမှာပါ။

မြန်မာတို့၇ဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ကိုရီးယားတွေကလည်းစိတ်ဝင်တစားရှိကြပါတယ်။
စတုဓီသာမုန့်တွေကိုလည်း အားပါးတ၇စားသောက်ကြတယ်...ေ၇ပက်လို့ဆော့ကစားကြ
မြန်မာ့အက အလှတွေကိုလည်းစိတ်ဝင်တစားအားပေးကြတာကလည်းဂုဏ်ယူစရာပါ။
ကျယ်ကျယ်ဝန်းဝန်းရှိလှတဲ့ ပူချွန်းအားကစားကွင်းဘေးကကွက်လပ်မှာ အစားအသောက်
စုံလင်စွာနဲ့ အဖွဲ့တွေကိုယ်စီကလည်းကိုယ်စီ တာဝန်မလစ်ဟင်းရအောင်ပျော်ရွှင်စွာ ဆင်နွဲကြ
တာကိုလည်းတွေ့ခဲ့ရတယ်... အဆိုအကတွေ ပိုတိုးလာသလို ကိုရီးယားကျောင်းသားအဖွဲ့ က
လည်း မြန်မာသီချင်း ဆိုပြီးဖျော်ဖြေခဲ့ကြတယ်

ဒီနှစ်ဟာ လာေ၇ာက်အလုပ်လုပ်တဲ့သူဦးေ၇ ကလည်းများပြားလာတာကြောင့်ပွဲတော်မှာ
လူပိုများခဲ့ ပါတယ်။ အချို.သောမူးရစ်သူတစ်ချို.ကြောင့် တစ်နေကုန်ထိန်းလာခဲ့တဲ့ကြားကနေ
ပွဲပြီးကာနီးမှ ရန်ပွဲလေးတစ်ခုကလည်း ဖြစ်ခဲ့ပါတယ်။

မြန်မာတွေပွဲလုပ်ရင် ရန်ဖြစ်ရမယ်လို့များသူတို့တွေထင်နေကြလား...မသောက်ရ လို့မသတ်မှတ်
ထားပါဘူး..ကကြီးတွေလည်း ပွဲရှိရင်သောက်ကြစားကြပေမယ့် ...စည်းကမ်းပေါ့ဗျာ
ကိုယ့်လူမျိုးကိုအထင်အမြင်သေးစရာကိစ္စတွေကို ဒီနိုင်ငံေ၇ာက်ေ၇ွှ လို့သတ်မှတ်ချက်ထားတဲ့
မြန်မာတွေအားလုံး ၀ိုင်းဝန်းထိန်းသိမ်းမှ မြန်မာ့ဂုဏ်ဆောင်နိုင်မှာပါ။

အမူးလွန်ပြီးဂေါင်းစိုက်သူတွေ၊ အိမ်သာရှိသားနဲ့ ပွဲလုပ်တဲ့ဘေးကနံရံမှာအပေါ့စွန်.သူတွေ၊
နည်းနည်းသောက်ပြီးလူတကာကိုရစ်နေသူတွေ ကလည်းဒီနှစ်မှာ အတော်များလာခဲ့တယ်။
သန့်စင်ခန်း ဆိုပြီးသန့်ရှင်းစွာထားတဲ့အိမ်သာမှာတောင်အော်ဟစ်ဆူပူပြီး မင်္ဂလာပါ မင်္ဂလာပါ
ကိုအသံကုန်အော်နေတဲ့
သူတွေကိုလည်းစိတ်ပျက်စွာနဲ့ တွေ့ခဲ့ရတယ်။ တနင်္ဂနွေဖြစ်လို.အားကစားကွင်းမှာ အပန်း
ဖြေသူတွေနဲ့ စည်ကားချိန်မှာဒီလိုအပြုအမူတွေက ဘယ်သူတွေ ဘယ်နိုင်ငံသားတွေလည်းလို့
မေးရင်ရှက်ဖွယ်ပါ။

မြန်မာပြည်က စရိုက်တွေကိုအကျင့်ဆိုးတွေကို ထားခဲ့ကြပါ။နှစ်သစ်ကူးပွဲတော်အတာသင်္ကြန်ပွဲ
ဟာအရက်သောက်ရမ်းကား တဲ့ပွဲမဟုတ်ဘူး ဆိုတာကို သိရှိနားလည်ပြီး ၀ိုင်းဝန်းကာထိန်းသိမ်း
ပြုပြင်ရင်း နောင်နှစ်တွေမှာ ကျင်းပမယ့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကို စည်းကမ်းရှိပြီးပျော်ရွှင်
စွာဆင်နွဲကြရ ဖို့နှိုးဆော်တိုက်တွန်းပါတယ်။

မြန်မာပြည်သူပြည်သားအပေါင်းနှစ်သစ်မှာကောင်းကျိုးချမ်းသာအဖြာဖြာနဲ့ပြည့်စုံ ကြပါစေ။

                                               ဒီလိုကျင်းပခဲ့တယ်
                                   ၇ိုးရာဝတ်စုံနဲ့ ဖျော်ဖြေပွဲမစခင်

                                   ကိုရီးယားကျောင်းသားများအဖွဲ့




                                           ရခိုင် သားလူငယ်တွေ၇ဲ့ ယိမ်း

                                             နှစ်စဉ်နွှဲတဲ့ ဒိုးပါတ်ပွဲ




                                        ကလည်းကေ၇လည်ပက်



                                                အားပေးတဲ့ ဒို့မြန်မာတွေ

                                                   အဆိုနဲ့အက လိုက်ဖက်ညီစွာ




                                                 ပျော်လိုက်ကြတာသင်္ကြန်မှာ



                                                   ဒီနှစ်မှာပါတဲ့ အင်တာဗျူး




                               မြန်မာ့ဓါတ်ပုံပညာရှင်တွေကလည်းအခုလို













Thursday, 12 April 2012

နှစ်ကူးတော့မည်



မနက်ဖန်ဆို သင်္ကြန်အကြိုနေ့တောင်ေ၇ာက်ပြီလေ...ဒီတနှစ်တော့အဝေးကနေပြီး
လွမ်းလိုက်အုံးမယ်...သင်္ကြန်ဆိုတဲ့ပိုးကတော့ အသက်ရနေတာတောင်
မငြိမ်းနိုင်သေးတော့လဲခက်ပါတယ်...အလုပ်ထဲမှာ သင်္ကြန်သီချင်းတွေနဲ့
စိတ်တွေကလန်းဆန်းလို့ အခုလို၂၄နာ၇ီဆက်တိုက် လွှင်ပေးနေတဲ့
အဖြူေ၇ာင်သံဇဉ် တို့ အိမ်မက်လှိုင်းတို့ကိုလည်းကျေးဇူးတင်မိပါတယ်။
အဝေးေ၇ာက်မြန်မာတွေအတွက်သူတို့လည်းတာဝန်ကျေပါတယ်။
ဒီနေ့စိတ်ထဲမှာ နည်းနည်းခေါင်းရှုပ်သွားတဲ့ဓါတ်ပုံတစ်ပုံဟာလည်းအင်
တာနက်ပေါ်ေ၇ာက်လာပြန်တယ်..   ဗိုလ်ချုပ်ဈေးသင်္ကြန်မှာလူငယ်
တချို.ပါတီတစ်ခု၇ဲ့ကိုယ်စားပြုအလံကိုကိုင်ပြီးအနီေ၇ာင်ယူနီဖေါင်းဝတ်
တွေနဲ့သူတို့ဘာကိုရည်ရွယ်ပြီးလုပ်လဲဆိုတာကတော့ မပြောတတ်ပါဘူး
လူငယ်သဘာဝ အဆန်းထွင်ချင်တာလား၊ဒါမှမဟုတ်စဉ်းစားစရာတွေအ
များကြီးဖြစ်ရပါတယ်။ တာမြစ်မည့်သူကောမရှိဘူးလား....
သူတို့ဒီဇိုင်းကလက်နက်ကိုင်အဖွဲ့တစ်ခုလိုလို....ခက်ပါတယ်...သင်္ကြန်မ
တိုင်မီနဖူးစည်းတွေအလံတွေကိုအသုံးမပြုဖို့ အတိအလင်းကြေငြာချက်
ထုတ်ပေးထားတာကိုမသိလေေ၇ာ့လား
မြန်မာ့ရိုးရာသင်္ကြန်ဟာနှစ်ဟောင်းကနေနှစ်သစ်ကူးပြောင်းဖို့နှစ်ဟောင်း
ကအညစ်အကြေးတွေကိုအတာေ၇နဲ့ဆေးကြောပြီးသန့်စင်တဲ့ရိုးရာဓလေ့
ကို တဖြည်းဖြည်းပျောက်ကွယ်တော့မှာလားလို့
ဒီမိုကေ၇စီဆိုတာအခုမှအစ နုနယ်လှပါသေးတယ်လုပ်ချင်တာလုပ်လို့
ရနေပြီလို့ ထင်မှတ်မမှားစေလိုပါ။ 
နောက်တစ်ခုစိတ်မကောင်းစရာသတင်းတစ်ခုကဆူနာမီလာတော့မယ်   ဆိုတာပါ...ငလျင်ပြင်းအားကလည်းမနည်းဘူး
လေ..တွေးမြင်လိုက်တာကသင်္ကြန်ရက်ကမ်းခြေမှာလူစည်နေမယ့်အချိန်
ဖြစ်နေတော့ ဘုရားဘုရားပေါ့...စိတ်ထဲမှာတော့ အရင်တစ်ခါလိုတော့
အသိနောက်ကျကြမှာမဟုတ်လောက်ပါဘူးလို့...သတင်းတွေကအဆက်
မပြတ်ထုတ်လွှင့်နေတာကိုမြင်နေရတယ်..နောက်ဆုံး သတိပေးချက်
ကိုပြန်လည်ရုတ်သိမ်းသွားပါပြီဆိုမှ သက်ပြင်းချမိပါတော့တယ်။
သတိတွေတော့မပြတ်စေနဲပေါ့ ..အသက်ကိုဥာဏ်စောင့်တယ်မဟုတ်
လား...   လွန်ခဲ့တဲ့ရက်အနည်းငယ်က ဝေလငါးကြီး ကမ်းတင်သေဆုံး
သွားတာကလည်းရှိလေတော့ ကြိုတင်ပြီးတိရိစ္ဆာန်တွေကသိနေလေ
ေ၇ာ့လား...   
တို့တစ်တွေ၇ဲ့နိုင်ငံဟာ ဗုဒ္ဒဘာသာကိုးကွယ်တဲ့ တိုင်းပြည်ဖြစ်လို့လက်
လွတ်စပယ်မဖြစ်ပါဘူးလို့....လူကြီးတွေပြောတာကတော့ဘုရားသာသနာ
မဟုတ်တော့ဘူး သိကြားသာသနာ ကောင်းသူကိုကယ်မည်..မကောင်း
သူကိုပါယ်မည်တဲ့လေ...၂၀၁၂ ဆိုတာဘာဖြစ်မယ်ညာဖြစ်မယ်ပြောသူ
တွေကလည်း တွေ့တယ်မဟုတ်လား..စနေပြီတဲ့ 
ဖွဟဲ့ မပြောကောင်းမဆိုကောင်းမပြောကြပါနဲ့....
ဘာတွေဘယ်လိုရှိရှိ..ဘယ်သူတွေကောင်းကောင်းမကောင်းကောင်း
လက်တွေ့မှာ ဘာတွေဖြစ်ခဲ့ပြီဆိုတာသက်သေရှိခဲ့ပြီဘဲလေ။
ကိုယ်ကျင့်တရားကိုကောင်းအောင်ကြိုးစားကျင့်ကြံပြီး ကုသိုလ်နဲ့အကု
သိုလ် ကိုခွဲခြားသိရှိပြီး နှစ်သစ်ကိုကြိုဆိုကြပါစို့
မြန်မာပြည်သူပြည်သားအားလုံးနဲ့တကွ ကမ္ဘာသူကမ္ဘာသားအပေါင်း
ဝေနေယျအားလုံး ဆင်း၇ဲနဲ့ငရဲကင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်း
သာကြပါစေ.....။

Thursday, 5 April 2012

နမ်ဒေမွန်

ကိုရီးယားကိုလာလည်မယ်ဆိုရင်တော့ မဖြစ်မနေေ၇ာက်မှာကတော့ နမ်ဒေမွန်ဈေးဘဲဖြစ်ပါတယ်
အစည်ကားဆုံးနေရာတစ်ခုထဲမှာလည်းအပါအ၀င်တစ်ခုပါ ...ဆိုလ်းမြို.လည်ကဒီနေရာဟာဆိုလ်း
ဘူတာကြီးကနေလာရင်ထွက်ပေါက်နံပါတ် ၄ကနေတည့်တည့်လျှောက်ရင်၁၅မိနစ်လောက်
လျှောက်ရင်ေ၇ာက်ပါပြီ။ရထားစီးလာမယ်ဆိုရင်တော့ နံပါတ်၎လိုင်းမိုးပြာေ၇ာင်လိုင်း ဘူတာနံ
ပါတ်၄၂၅ hoehyeon ဘူတာ ထွက်ပေါက်နံပါတ်၅ကနေတက်လာရင်ဈေးထဲကိုေ၇ာက်ပါပြီ။
ဒီဈေးမှာက ဒီကိုလာလည်တဲ့သူတွေအတွက် အမှတ်တရလက်ဆောင်ပစ္စည်းမျိုးစုံကိုတစ်နေရာ
တည်းမှာရနိုင်ပါတယ်။ ဈေးကတော့ဆစ်နိုင်မှတော်ရုံကျမယ်လို့ ပြောရမှာပါ။ကိုရီးယားမှာဒီလိုမျိုး
ဈေးတင်ရိတ်မှာမရှိဘူးလို့မထင်လိုက်ပါနဲ့ ။မန်းနီးအိတ်ချိန်းတွေကလည်းအများကြီးပါ

ဈေးေ၇ာင်းသူတွေ၇ဲ့အဓိကထားေ၇ာင်းသူတွေကတော့ ဂျပန်လူမျိုးတွေကိုပါ။ဂျပန်တွေဟာနေ့
ခြင်းပြန်တောင်လာပြီးဈေးလာဝယ်ကြပါတယ်။သူတို့ ဆီမှာထက်ပိုသက်သာတယ်လို့ပြောပါတယ်။ဈေးသည်အတော်များများဟာတခြားဘာသာစကား
သာမတတ်ရင်နေမယ်ဂျပန်လိုအတော်ပြောတတ်ကြပါတယ်။ဂျပန်တွေသာမလာရင်ဒီဈေးဟာ
ေ၇ာင်းရဖို့မမြင်ပါဘူး။
 အ၀တ်အထည်ကစလို့ ကိုရီးယားမိတ်ဆိုတာကတော့လွန်စွာရှားပါတယ်မိတ်
အင် ကျွန်းဂု အဲယောင်လို့ တရုတ်မိတ်တွေပါ။ေ၇ညှိုတို့ဂျင်စင်းနဲ့ အစားအသောက်တွေသာက
ကြီးဖြစ်ပါ။ဈေး၇ဲ့အပြင်တန်းမှာတော့ ကင်မရာဆိုင်တန်းတွေနာရီပြင်ဆိုင်တွေလက်ကိုင်အိတ်
ေ၇ာင်းတဲ့ဆိုင်တွေရှိပါတယ်။ဝက်ချေထောက်ကစလို့ ရေဘ၀ဲအဆုံးဆိုင်ကြီးဆိုင်ငယ်အသွယ်
သွယ်နဲ့ေ၇ာင်းပါတယ်။ဘေထုပ်တွေလဲရှိတယ်နော်။အလှကုန်တွေကလဲအစုံပေါ့။

 ကိုရီးယားဂိုက်တွေက
့နိုင်ငံခြားခရီးသွားသူတွေကိုဈေးဘေးက ကသူတို့၇ဲ့အထင်ကရမြို.တံခါးကိုအရင်
ပြပြီးမှဈေးတွင်းကိုလိုက်ပို့တာပါ.အခုတော အဲဒီမြို.တံခါးဟာလဲ လွန်ခဲ့တဲ့၂နှစ်ကသူတို့လူမျိုး
တစ်ယောက်မီးရှို.လို့အခုအသစ်ပြန်ဆောက်နေပါတယ်။အဲဒီတုန်းကနေ့တိုင်းလာငိုသူတွေ၊
သူတို့ဓလေ့နဲ့ကန်တော့ပွဲတွေနဲ့နတ်ပွဲတွေနဲ့အကြီးအကျယ်ကိုတောင်းပန်ကြတာပါ။ဒီနေရာဟာ
သူတို့ရဲ့ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဖြစ်လို့ပိတ်ရက်တွေဆိုရင် နန်းဝတ်နန်းစားတံခါး
စောင့်တွေနဲ့ အတော်ကြည့်ကောင်းပါတယ်။
ကိုရီးယားကိုလာလည်ချင်တဲ့ မိတ်ဆွေတွေနဲ့စိတ်ဝင်စားတဲ့သူတွေအတွက်ဒီပိုစ့်လေးကိုေ၇းပါ
တယ်။



                              မီလောင်နေတဲ့ပုံကို ဂူဂဲကနေယူပါတယ်

Friday, 23 March 2012

ဖုံးကိစ္စ



တစ်လောက ညီမ  မဒမ်ကိုး က ၅၀၀၀တန်ဆင်းကဒ်နဲ့ပါတ်သတ်လို့ တဂ်ထားပါတယ်။
တကယ်တော့ေ၇းရင်ရေးစရာတွေက ဖုံးအကြောင်းတင်မကဘူးတခြားဟာတွေပါေ၇းမိမှာပါ။
အဲဒီတော့အရှိန်ကိုခဏသတ်ပြီးငြိမ်သက်စွာနဲ့ခေတ္တနေမိပါတယ်.......
တခြားအေ၇းပေါ်ကိစ္စတွေကလည်းပေါ်လာတော့မနားမနေကို အပြင်ထွက်ရတာနဲ့ဘလော့ဘက်
ကိုမလှည့်ဖြစ်တော့ဘဲ ဖေ့ဘုတ်မှာဘဲပုံတွေတင်နေမိတယ်။
ဖုံးအကြောင်းပြောရရင်တော့ လူတွေအတွက်အေ၇းပါတဲ့ ဆက်သွယ်ေ၇းကရိယာတစ်ခုကိုလူတိုင်း
ဒါမှမဟုတ်အိမ်တအိမ်မှာဖုံးတစ်လုံးလောက်ရှိသင့်တယ်လို့ထင်မိပါတယ်။
နိုင်ငံအနေအထားနဲ့ တိုးတက်မှုနောက်ကျလို့ဖြစ်စေ.....မဖွံဖြိုးလို့ဈေးကြီးပါတယ်လို့ပြောတဲ့ ဖုံးကို
ဈေးပေါပေါနဲ့မေ၇ာင်းနိုင်တာကိုေ၇ာင်းပေးနိုင်ပါတယ်သက်သက်သာသာနဲ့လုပ်ပေးမယ်ဆိုရင်
မည်သူမဆိုအားပေးကြကျေနပ်ကြမှာပါ။
ကျနော့်အိမ်မှာကျနော်တနှစ်သားအရွယ်အိမ်စပြောင်းတော့ အိမ်အသစ်မှာကြိုးဖုံးလို့ခေါ်တဲ့ဖုံးတစ်
လုံးရှိပါတယ်။ငယ်စဉ်က ဖုံးကိုဘယ်လိုအေ၇းပါတယ်ဆိုတာသိပ်မသိပေမယ့် နေ့စဉ်ပြောနေဆိုနေ
တာကတော့ မပြတ်ဘူးပေါ့လေ။အဲဒီအချိန်က တစ်လမ်းလုံးမှာဖုံးတစ်လုံးသာရှိပါတယ်။
နောက်ပိုင်းအေ၇းအခင်းပြီးစအချိန်တွေမှာ ဖုံးတွေတဖြည်းဖြည်းများလာတယ် အမည်ပေါက်ဆို
ဘယ်လောက်၊အမည်မပေါက်လိပ်စာပြောင်းဆိုတာဘယ်ဈေးစသည်ဖြင့်ပေါ့။
နောက်ပိုင်းမှာအိမ်ဆိုင်လေးတွေစတိုးဆိုင်တွေမှာ ဖုံးတွေရှိလာတော့ အခကြေးငွေယူပြီးဖုံးခေါ်
ပေးတာတွေကတိုးတက်လာပါတယ်။ ဘယ်အိမ်ဘယ်အထပ်ဘယ်အခန်းကဘယ်သူ့ကိုခေါ်ပေးပါ
ပေါ့လေ သူလည်းအဆင်ပြေ ကိုယ်လည်းအဆင်ပြေပေါ့။
လက်ကိုင်ဖုံးတွေကတော့ သူ့အတွက်တရင်းတနှီးဖြစ်လို့ရှိသူတွေ
ကကိုယ်ပိုင်ဝယ်နိုင်ပြီးအချို.ကလည်းငှားကိုင်ကြတယ်လေ။ ဟန်းဖုံးကိုခါးချိတ်လို့ ဆိုတဲ့ခတ်က
လည်းရှိခဲ့သေးတာကိုး။
ဖုံးဆိုလို့သူ့အကြောင်းပြောရရင် ဆက်သွယ်ေ၇းကလိုင်းမင်းကစလို့ ဖုံးဘေသွားဆောင်တဲ့စာတိုက်
ကအကျိုးဆောင်တွေအဆုံးအပေါ်အဆင့်တွေကတော့မပြောလိုတော့ပါ။သူ့နေရာနဲ့သူပါဝါရှိနေကြ
တာကလည်း အားလုံးအသိပဲဖြစ်ပါလိမ်.မယ်။ အိမ်ကဖုံးပျက်ရင်အရင်ခတ်ကာလကတော့ရုံးကို
သွားပြီးအကြောင်းကြားရတာပါ.အခုနောက်ပိုင်းတော့ ဖုံးပျက်ရင်လမ်းထိပ်ကိုထွက်လို့ ဖုံးလိုင်း
ဘောက်နားမှာတစ်နေကုန်စွမ်းအားပြနေတဲ့ လိုင်းမင်းတွေကိုပူဇော်ပသလိုက်ရင်ခဏလေးနဲ့
ကောင်းသွားပါလေေ၇ာ အဲဒီလိုတွေလေ။ဖုံးနဲ့စီးပွားေ၇းလုပ်တဲ့သူတွေကတော့အဲဒီပုဂ္ဂိလ်တွေ
ကိုတစ်လဘယ်လောက်နှုန်းနဲ့ဆိုပြီးတောင်ပေးထားရပါတယ်။
ကဲကျနော်အိမ်ကဖုံးအိုဟောင်းကြီးကတော့ ခတ်မှီတိုးတက်တဲ့နိုင်ငံတော်ကြီးဖြစ်လာလို့ဒစ်ဂျစ်
တယ်ပြောင်းရမယ်လို့စာေ၇ာက်လာလို့ ဖတ်ကြည့်တော့မြန်မာ့ဆက်သွယ်ေ၇းကိုဂဏန်းခြောက်
လုံးဖြစ်ဖို့အေ၇း ကျပ်ငွေ၅သောင်းသွင်းရမယ်ဆိုဘဲ။အဲဒီခတ်ကငွေ၅သောင်းကတန်ကြေးရှိပါ
တယ်။သွင်းရတော့တာပါဘဲ။
အခုခတ်အနေနဲ့ ဖုံးတွေတဖြည်းဖြည်းဈေးကျလာလို့၆သိန်းခွဲထိဖြစ်လာချိန်မှာတော့ကျနော့်ရဲ.
အေ၇းပိုင်က မတရားပူဆာပါတယ်။သူများတွေလည်းဖုံးတွေကိုယ်စီနဲ့ဆိုတော့လိုချင်တာသဘာ
ဝပေမယ့် ကျနော်ကလဲကျနော်ခံယူချက်နဲ့ဆိုတော့မ၀ယ်ချင်ဘူးလေ။သိန်းပေါင်းများစွာပေးပြီး
စာချုပ်မှာခေတ္တငှာရမ်းသုံးစွဲခွင့်ပြုပါရန်ဆိုတာကဘာသဘောလဲ...မကြားတချက်ခေါ်ရခက်တဲ့
ဒီလိုဖုံးတွေကိုလိုင်းလဲကြည်နေရာမရွေးသုံးလို့ရရင်တော့တမျိုးပေါ့ .......
အရင်ကကြိုးဖုံးကလဲအိမ်မှာရှိနေတာလေ။ဒီ့အတွက်ပါပြောမရတော့လည်း အလိုလိုက်ရ
တော့တာပါဘဲ။ အခုဖုံးက ၂သိန်းဆိုတော့၆သိန်းခွဲနဲ့ဝယ်ပေးလိုက်တာအခုမှဝယ်၃လုံးတောင်ရ
မှာလို့ပြောတော့မှဟုတ်ပါပြီတဲ့လေ။ထားလိုက်ပါတော့
သူများနိုင်ငံတွေမှာ ဈေးသက်သာချိုသာစွာနဲ့ဆက်သွယ်ေ၇းစနစ်ကောင်းတွေဖေါ်ထုတ်နေချိန်မှာ
ကျနော်တို့ဆီမှာတော့ အားလုံးသိကြတဲ့အတိုင်းပါဘဲ လူထုပြေလည်ဖို့လားလူတစ်စုအနေလွယ်
ဖို့လား။
၅ထောင်တန်ဖုံးထွက်မယ်လဲဆိုရောလူတွေမှာဟာကနဲဟင်ကနဲ၊ဟုတ်သည်ရှိမဟုတ်သည်ရှိ
ဒီလိုအသံတွေကလူတွေစိတ်ကိုတပ်လှန့်သလိုပါ။မတတ်သာတဲ့အဆုံး၅သောင်းဘဲထားပါအုံးလေ
လုပ်ပေးမယ့်သူတွေရှိတာတောင်မဖြစ်နိုင်ဘူးလို့ အကြောက်အကန်ငြင်းနေတော့လဲခက်ပြီလေ။
တန်ဖိုးနည်းဖုံးရရှိရေးအတွက် လွတ်တော်ကိုတင်ပြ၊ဆန္ဒတွေပြုကြတာတွေဟာလဲကောင်းပါ
တယ် ပြည်သူတွေလိုအပ်ချက်ကိုဖြည့်ဆည်းပေးမယ့်အမှန်တကယ် မင်းစိုးရာဇာတွေဖြစ်ရင်
တော့အများအတွက်ပြည်သူတွေအတွက်ကြည့်မှာပါ။
အခေါ်အဝေါ်တွေများစွာနဲ့ပေါ်ပေါက်လာတဲ့ လက်ကိုင်ဖုံးတွေကိုဈေးသက်သာစွာနဲ့ဝယ်နိုင်ပါစေ။
ယုံကြည်စိတ်ချစွာနဲ့အသုံးပြုနိုင်ပါစေ...
မိမိတို့ရဲ.ကောင်းမှုတွေကိုအကြောင်းပြုပြီးတောင်းဆုတွေပြည့်ကြပါစေလို့

Friday, 2 March 2012

ဘာတဲ့ ကိုရီးယား

ပြီးခဲ့တဲ့အပါတ်က ကျနော်စာဖတ်ပရိတ်သတ်တစ်ဦးကကိုရီးယားမှာနေရတာဘယ်လိုရှိသလဲတဲ့
နောက်ပြီးတော့ ငွေဘယ်လောက်ရလဲ..သူလဲလာဖို့လုပ်နေတာ..စာမေးပွဲလည်းအောင်ပြီ....
ကောလင်းကိုစောင့်နေပါတယ်တဲ့...အဲဒီတော့ကျနော်လဲသူ့ကို ဒီမှာနေရစားရကြုံရတာတွေ
မတူညီတဲ့စရိုက်ရှိတဲ့ သူတွေနဲ့အဆင်ပြေစွာနေနိုင်ေ၇းကစလို့ အသေးစိတ်တွေကို သူ့ကိုရှင်းပြ
ရပါတယ်...အဲဒီတော့မှသူက..အကို တို့ဆီကဒီလိုကိုးတဲ့ ကျနော်ကသူများတွေအပြောအ၇ကိုရီး
ယားကိုေ၇ာက်ရင်ဆိုလ်းမြို့ မှာအလုပ်လုပ်နေရမယ်ထင်တာပါတဲ့ ကဲမခက်ဘူးလားခင်ဗျာ။
ဒါကြောင့် မသိသူတွေသိရအောင်ကျနော်ဒီပိုစ့် ကိုေ၇းလိုက်ပါတယ်။ အဆင်ပြေသူတွေနဲ့မပြေ
သူတွေကြားမှာလွပ်လတ်စွာကွဲပြားနိုင်ပါတယ်။

ကိုရီးယား ကိုအလုပ်လုပ်ဖို့ေ၇ာက်တာနဲ့ သက်ဆိုင်ရာအလုပ်ရှင်တွေကသင်တန်းကျောင်းကနေ
လာေ၇ာက်ခေါ်သွားပြီးမိမိတို့အလုပ်လုပ်ရမယ့်နေရာမှာနေထိုင်ကြရတာများပါတယ်။စက်ရုံမှာဘဲ
အခန်းဖွဲ့လို့နေရသလိုအပြင်မှာအခန်းငှားပေးပြီးနေရတာလည်းရှိကြပါတယ်။ သဘောကောင်းတဲ့
အလုပ်ရှင်နဲ့တွေ့ရင်တော့ အဆောင်ခေ၇ဖိုးမီးဖိုးမနုတ်ပါဘူး။စိတ်မကောင်းတဲ့သူဋ္ဌေးနဲ့တွေ့ရင်
တော့သောက်ဖို့ေ၇တောင်ဝယ်သောက်ရမှာဖြစ်သလို့ အချို.သောညီတော်မောင်တွေစက်ရုံမှာ
တော့ ၀ယ်ဖို့တောင်ဝေးကွာတဲ့အတွက် အနားကတောင်ကျချောင်းေ၇ကိုသွားေ၇ာက်သယ်ရတဲ့
အဖြစ်တွေလဲ၇ှိပါတယ်။ထမင်းစားဖို့အတွက်ကတော့ ၃နပ်လုံးကြွေးတဲ့စက်ရုံရှိသလို နေ့လည်စာ
တစ်နပ်သာကြွေးပြီးအိုဗာတိုင်လုပ်ရရင်တော့ထမင်းကြွေးတယ်ပေါ့ဗျာ...အချို.စက်ရုံတွေကလည်း
ထမင်းမကြွေးဘဲထမင်းဖိုးတစ်လကိုဥပမာ ၀မ်တသိန်းခွဲ၊၂သိန်းစသည်ဖြင့်ပေးပါတယ်။များတယ်
မထင်ပါနဲ့အလောတော်ပါဘဲ။

ကို၇ီးယားမှာဒေသတွေကိုခရိုင်တွေအဖြစ်ခွဲထားပြီး ဂယောင်ဂီခရိုင်၊ချွန်ချောင်းတောင်/မြောက်၊
ဂျော်န်လာတောင်မြောက်၊ဂယာင်ဆန်းတောင်/မြောက်၊ဒါ့အပြင်မြောက်ကိုရီးယားပိုင်နက်ထဲ
အချို့ေ၇ာက်နေတဲ့ဂါဝန်းခရိုင်၊နောက်...ဂျဲဂျူးကျွန်းဆိုပြီးရှိပါတယ်။ လာတုန်းကအတူတူဖြစ်ပေ
မယ့် ဒီလည်းေ၇ာက်ကော တစ်ယောက်နဲ့တစ်ယောက်နေရာဒေသတွေကွာဝေးပြီးကျရာဒေသ
မှာအလုပ်လုပ်ကြရမှာပါ။မြန်မာပြည်မှာလိုပြောရရင်တော့ရန်ကုန်၊မန္တလေး၊မြစ်ကြီးနား၊မြိတ်၊
ဘားအံ၊စစ်တွေလိုဒေသတွေကွာပါတယ်။အချို.လဲအပေါင်းအဖေါ်တွေနဲ့အတူအလုပ်လုပ်ရသလို
အချို.လဲဝေးကွာလွန်းတဲ့ဒေသတွေမှာ တစ်ဦးတည်းသာအဖေါ်မရှိဘဲလုပ်နေကြရတာလည်းရှိ
ပါတယ်။ “အလုပ်တော့အဆင်ပြေပါတယ်ဗျာ...အဖေါ်မရှိလို့ပြောင်းချင်တာပါတဲ့”ဒီလိုမျိုးတွေ
လည်းကြုံရပါတယ်။

တစ်ခုပြောချင်တာက လာဖို့လုပ်တာလဲကြာပြီမို့လာချင်လွန်းလို့ အလုပ်မရွေးဘဲဖြစ်ချင်တာဖြစ်
ေ၇ာက်ရင်ပြီးေ၇ာမတွက်ကြဖို့ပါ...အခုဆိုေ၇လုပ်ငန်းနဲ့ စိုက်ပျိုးေ၇းအတွက်မြန်မာတွေကိုမခေါ်
ဖို့ညွှန်ကြားထားတာကိုလည်းသိရပါတယ်။ဒီလုပ်ငန်းတွေဟာအဆင်မပြေသူများပါတယ်။မလုပ်
နိုင်လို့ထွက်ပြေးတဲ့သူတွေလည်းများပါတယ်။အလုပ်ပြောင်းရင်လည်းကုန်ထုတ်လုပ်ငန်းတွေကို
ပြောင်းလို့မရသလိုဒီလုပ်ငန်းတွေမှာသာနေရာပြောင်းလို့သာရပါတယ်။မနက်ကို ၄နာရီလောက်
ထပြီးသင်္ဘောပေါ်မှာငါးဖမ်းပိုက်ချ၊အလုပ်ချိန်အတည်တကျမရှိဘူးပေါ့။စိုက်ပျိုးေ၇းဆိုလည်းတစ်
နေကုန်စိုက်ကွင်းထဲမှာေ၇လောင်းပေါင်းသင်၊အသီးခူး၊အရွက်ဖြတ်စသည်ဖြင့်ပေါ့။အချို.ဆိုရင်အ
လုပ်ရှင်က သီနှံရာသီပေါ်မှလစာပေးမယ်ဆိုလို့ ပြဿနာတွေဖြစ် ငွေလိုချင်လို့လာလုပ်ပါတယ်
အကြွေးနဲ့ တိုးနေပါလား။

အကြောင်းသင့်လို့ပြောရရင်တော့ပြီးခဲ့တဲ့နှစ်က မြန်မာအလုပ်သမားနှစ်ဦးပေါ့စိုက်ပျိုးေ၇းကနေ
သူဋ္ဌေးကိုမလုပ်ချင်လို့ထွက်ဖို့ပေါ့ပြောပါတယ်...ထွက်မရတော့နောက်ဆုံးအကြံကပြေးဖို့ပေါ့ဗျာ
သူတို့ဒေသကမြို.ကိုေ၇ာက်အောင်သွားဖို့အတော်ခက်ပါတယ်။ကားဂိတ်ကိုအချိန်မှီဖို့သူတို့စိုက်
ခင်ကနေဘယ်လိုပြေးသလဲဆိုတော့ ပိတ်ရက်မှာစိုက်ခင်းကားကိုယူမောင်းပြီး အိတ်တွေတင်လို့
ကားဂိတ်နဲ့အနီးဆုံးေ၇ာက်မှကားကိုထားပြီးပြေးကြတာပါ။အဲဒီမှာသူဋ္ဌေးကားခိုးပါတယ်ဆိုပြီးရဲ
ကိုတိုင်ပါလေရာဗျာ...သက်ဆိုင်ရာမြန်မာရုံးကိုသတင်းေ၇ာက်တော့မှအဲဒီအလုပ်သမားတွေ
ကိုတွေ့ပြီးဖြစ်ကြောင်းကုန်စင်ရှင်းပြတော့မှ ကိစ္စကပြီးပါတယ်။အဲဒီလူနှစ်ယောက်လည်းတစ်
ယောက်ကမြန်မာပြည်ပြန်သွားပြီးတစ်ယောက်ကတော့အခု အိုဘ၀ပေါ့ဗျာ။နောက်တစ်ဦးက
တော့ေ၇လုပ်ငန်းကသူတစ်ဦးပါ။အလုပ်ပင်ပန်းလို့မလုပ်နိုင်သူဋ္ဌေးကလဲနေတိုင်းဆဲဆိုတော့
သူ့ခမျာအတော်ကိုဒုက္ခေ၇ာက်ပါတယ်။ပြောင်းလို့ကလဲမရထွက်ပြေးဖို့ကလဲေ၇ပါတ်လည်ဝိုင်း
နေတော့ သူနဲ့အတူလုပ်တဲ့ကကြီးသားအဖိုးကြီးကသနားပြီး ထွက်ပြေးဖို့လှေနဲ့လိုက်ပို့တဖက်
ကမ်းေ၇ာက်တော့မှကားလက်မှတ်ဝယ်ပေးပြီးကားပေါ်ပါတင်ပေးလိုက်ပါသတဲ့။ ဒီထက်မက
ဖြစ်စဉ်တွေအများကြီးပါ။

အခုအခါကိုရီးယားကိုလာသူတွေကိုစက်ရုံတွေက ၃နှစ်စာချုပ်တာများပါတယ်။လစာမကောင်း
တဲ့စက်ရုံကျတဲ့သူတွေဟာတနှစ်စာချုပ်ပြည့်ရင်ထွက်ကြတာများလို့ပါ။သဘောကောင်းတဲ့အ
လုပ်ရှင်တွေကြတော့လဲ တနှစ်မပြည့်ဘဲထွက်ချင်တဲ့သူကိုအခြေနေအရပေးထွက်ပေးသလိုအ
ချို.လဲထွက်ဖို့အကြောင်းရှာရန်ဖြစ်ခါးနာစသည်ဖြင့်ထွက်လို့ရအောင်ကိုယ်နည်းကိုယ့်ဟန်နဲ့ကြိုး
စားသလိုကူညီပေးတဲ့အဖွဲ့တွေကလည်းအလုပ်ရှင်နဲ့အလုပ်သမားကြားမှာညှိုပေးတာတွေရှိပါတယ်
 
ကိုရီးယားမှာအလုပ်လာလုပ်ရင်တော့ သီးခံစိတ်လေးမွေးဖို့ကလည်းလိုအပ်ပါတယ်။ဘာသာစ
ကားအခက်အခဲနဲ့သူပြောတာနားမလည်ကိုယ်ပြောတာသူမသိအဆင်မပြေတာတွေလည်းရှိတယ်
အခုလာတဲ့သူအတော်များများဟာစာေ၇ာစကားပါအတော်သိတဲ့သူတွေများလို့ဝမ်းသာစရာပါ။
သို့သော်လည်းကိုရီးယားအတော်များများဟာနိုင်ငံခြားသာဆိုရင်နှိမ်ချင်စိတ်ရှိသူတွေဖြစ်လို့သူ
တို့ပြောတာတွေအကုန်သိတဲ့ မြန်မာကပြန်ပြောတော့မခံနိုင်ဖြစ်ပြီးထိုးပွဲတွေဖြစ်လက်လွန်ပြီး
ဆေးရုံေ၇ာက်အမှုဖြစ်ခံရတဲ့သူလျော်ကြေးပေးရစတာတွေ လည်းရှိပါတယ်။ခံရတဲ့သူပိုက်ဆံရ
တယ်ဆိုလို့များအားမကျလိုက်ပါနဲ့ ကိုယ်တွေခံရရင်မပြည့်အ၀မရှိပါဘူးသူတို့နိုင်ငံသားအတွက်
သာဘက်လိုက်ပါတယ်။တတ်နိုင်သလောက်သီးခံပေါ့ဗျာ။

အခုငွေဈေးငွေလဲနှုန်းအ၇ကိုရီးယားငွေဝမ်တစ်သိန်းလေးသောင်းကျော်ရှိမှမြန်မာငွေတစ်သိန်း
ဖြစ်ပါတယ်။ တစ်ခုပြောချင်တာကမြန်မာပြည်ကသူတွေကိုပါနေရာဒေသအလုပ်ပေါ်မူတည်ပြီး
လစာအရကွာပါတယ်...ကံပေါ့လို့ဆိုရမှာပေါ့...အလုပ်သက်သာပြီးတစ်လကို၁၅သိန်းအနည်းဆုံး
ရသူတွေရှိသလိုအလုပ်မကောင်းလို့တစ်လကို ၁၁သိန်း၁၂သိန်းလောက်နဲ့ရနေသူတွေလည်းရှိပါ
တယ်။လစာကောင်းတယ်ဆိုတာကအချိန်တိုလေးလုပ်နေရတာမဟုတ်ပါဘူးမနက်၈ခွဲကနေ၅ခွဲ
ကပုံမှန်ချိန်ဖြစ်ပြီးအချိန်ပိုကိုည၁၀နာရီ၁၂နာရီထိလုပ်မှလစာကောင်းရတာပါ။အလုပ်ပြီးအိပ်၊မ
နက်နိုးရင်အလုပ်ပေါ့။နေ့ဆိုင်းညဆိုင်းစက်ရုံတွေလဲရှိပါတယ်။လစာပုံမှန်မရတဲ့ရုံတွေလဲရှိပါတယ်။
“သူများတွေတလအိမ်ကိုဘယ်လောက်ပို့နေတယ်နင်ကမပို့ဘူလား ..ပိုက်ဆံတွေဘယ်ေ၇ာက်
ကုန်လဲသုံးဖြုန်းနေသလားစသည်ဖြင့် အထင်လွဲမှုတွေကလည်း ရှိတော့လစာပိုလိုချင်လို့စက်
ရုံပြောင်းပင်ပန်းပြီးအန္တရယ်ရှိတဲ့အလုပ်ဖြစ်တော့ထိခိုက်ဒဏ်ရာရအချို.လဲကိုယ်ခန္ဓာအစိတ်အပိုင်း
တွေကိုငွေနဲ့လဲခဲ့ရသလို အသက်ပါဆုံးခဲ့ရသူတွေလည်းရှိပါတယ်။

သူတို့နိုင်ငံသားတွေကို သူတို့ခိုင်းချင်သလိုလိုသလိုခိုင်းမရလို့ဈေးသက်သာပြီးခိုင်းကောင်းလို့
ကျနော်တို့ကိုခေါ်ခိုင်းတာပါ။တရားဝင်စာချုပ်ထဲကအတိုင်းအလုပ်သမားရပိုင်ခွင့်တွေကိုအပြည့်
ပေးတဲ့စက်ရုံဆိုတာအင်မတန်ရှားပါတယ်။စာနာမှုနားလည်မှုဆိုတာသူတို့လူမျိုးအတွက်ပါ။
နိုင်ငံခြားသားအလုပ်သမားတစ်ယောက်ကိုဘယ်လိုအသုံးချရမလဲဆိုတာသူတို့စိတ်ထဲမှာအချိန်
ပြည့်တွေးနေတာပါ။ကိုရီးယားကိုလာချင်လို့လာကြသူတွေများသလိုမခံနိုင်လို့မလုပ်နိုင်လို့ပြန်ကြ
သူတွေလည်းအတော်များပါတယ်....လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကဒီကိုလာဖို့မြန်မာငွေသိန်း၆၀/၇၀
ရင်းခဲ့ကြရတာပါအဲဒီအချိန်ကငွေကတန်ဖိုးကြီးပါတယ်။အဆင်မပြေလို့ပြန်မယ်ဆိုရင်တောင်ပိုက်
ဆံချေးပြီးလာခဲ့ကြရလို့အတိုးတွေအတွက်စိတ်တွေကျဉ်းကျပ်ပြီအကျပ်ရိုက်ပြီးအောင့်အင်းသီးခံ
လို့အကြွေးလေးကြေဖို့အတွက်အမြတ်လေးထွက်ဖို့အတွက် သီးခံပြီးလုပ်ခဲ့ကြရတာပါ။
အခုအချိန်မှာတော့ဒီကိုလာဖို့အတွက် လေယာဉ်စရိတ်မျှသာကုန်ကြတော့အချို.ပါ။လွယ်လွယ်
လာကြကိုရီးယားဒဏ်မခံနိုင်တော့ အမြန်ပြန်ကြတာပေါ့။

နှင်းလေးတွေကျလို့နှင်းဖွေးဖွေးမှာဇိမ်ရစ်နေကြရတာမဟုတ်ပါဘူးနှင်းကျရင်နှင်းကျုံးအအေးဒဏ်
ကြံကြံခံ၊ပူရင်လဲမတရားပူ။ ရာသီဥတုဒဏ်၊အလုပ်ပိတဲ့ဒဏ်၊လူမျိုးေ၇းဒဏ်တွေခံပြီးလုပ်နေကြ
ရတာပါ။အားလုံးသိအောင်ပြောချင်တာက ရုပ်ရှင်ထဲမှာကြည့်ရသလိုကိုရီးယားမဟုတ်ပါဘူး
မကောင်းတာတွေချည်းဘဲေ၇းနေတာမဟုတ်ပါဘူး။ လာတဲ့သူအတော်များများက ဒီလိုမှမထင်
လို့လေဆိုတာမကြာခဏကြားနေရလို့ပါ။ကိုရီးယားကိုလာတိုင်း ချမ်းသာမယ်လို့လဲမထင်ဖို့ကိုလဲ
ပြောပါရစေ။အခုေ၇းခဲ့တာတွေက တစိတ်တစ်ဒေသသာရှိပါသေးတယ်။
ဒီထက်မကအကြောင်းအရာတွေကိုအလျင်းသင့်သလိုထပ်ေ၇းသွားပါ့မယ်။
ေ၇ာက်ဖို့အေ၇းကြီးတယ်ဒီေ၇ာက်မှအဆင်မပြေရင် အို လိုက်ပေါ့ကွာ။ဆိုတာတွေကိုနားမ
ယောင်ကြပါနဲ့..အို တဲ့ခတ်ကလည်းကုန်သလောက်ဖြစ်နေပါပြီ။ အိုဗာစတေးဖြစ်ဖို့အင်မတန်
လွယ်ပေမယ့် တရားဝင်ဖြစ်ဖို့ဆိုတာခက်ခဲပါတယ်။
 
ကိုရီးယားကိုေ၇ာက်လာသူတိုင်းအခက်အခဲအလုံးစုံမှကင်းလွတ်ငြိမ်းပြီးမိမိတို့အလိုရှိရာ
ဆန္ဒအားလုံးပြည့်စုံကြွယ်ဝမျက်နှာပန်းလှကြပါစေ။
 







Thursday, 16 February 2012

မျှဝေပါတယ်

တောင်ပေါ်မြို.တစ်မြို.မှာအခြေချနေထိုင်တဲ့ ကျနော့်မိတ်ဆွေ တစ်ဦးက

သူလွန်ခဲ့တဲ့ လကဘုရားဖူးထွက်တော့ေ၇ာက်ခဲ့တဲ့နေရာလေးတွေကို 

ခရီးသွားရတာ နှစ်သက်တဲ့ကျနော့် အတွက် ပို့ပေးလာပါတယ်.....

သူေ၇ာက်ခဲ့ တာကအင်းလေး ဖေါင်တော်ဦးဘုရားနဲ့ ယခုနာမည်ကြီးနေတဲ့

ထန်ဆမ်းဂူ တို့ ဖြစ်ပါတယ်။ စာဖတ်သူကျနော့်မိတ်ဆွေတွေ အတွက်မျှဝေပါတယ်။





Related Posts Plugin for WordPress, Blogger...