Thursday 5 April 2012

နမ်ဒေမွန်

ကိုရီးယားကိုလာလည်မယ်ဆိုရင်တော့ မဖြစ်မနေေ၇ာက်မှာကတော့ နမ်ဒေမွန်ဈေးဘဲဖြစ်ပါတယ်
အစည်ကားဆုံးနေရာတစ်ခုထဲမှာလည်းအပါအ၀င်တစ်ခုပါ ...ဆိုလ်းမြို.လည်ကဒီနေရာဟာဆိုလ်း
ဘူတာကြီးကနေလာရင်ထွက်ပေါက်နံပါတ် ၄ကနေတည့်တည့်လျှောက်ရင်၁၅မိနစ်လောက်
လျှောက်ရင်ေ၇ာက်ပါပြီ။ရထားစီးလာမယ်ဆိုရင်တော့ နံပါတ်၎လိုင်းမိုးပြာေ၇ာင်လိုင်း ဘူတာနံ
ပါတ်၄၂၅ hoehyeon ဘူတာ ထွက်ပေါက်နံပါတ်၅ကနေတက်လာရင်ဈေးထဲကိုေ၇ာက်ပါပြီ။
ဒီဈေးမှာက ဒီကိုလာလည်တဲ့သူတွေအတွက် အမှတ်တရလက်ဆောင်ပစ္စည်းမျိုးစုံကိုတစ်နေရာ
တည်းမှာရနိုင်ပါတယ်။ ဈေးကတော့ဆစ်နိုင်မှတော်ရုံကျမယ်လို့ ပြောရမှာပါ။ကိုရီးယားမှာဒီလိုမျိုး
ဈေးတင်ရိတ်မှာမရှိဘူးလို့မထင်လိုက်ပါနဲ့ ။မန်းနီးအိတ်ချိန်းတွေကလည်းအများကြီးပါ

ဈေးေ၇ာင်းသူတွေ၇ဲ့အဓိကထားေ၇ာင်းသူတွေကတော့ ဂျပန်လူမျိုးတွေကိုပါ။ဂျပန်တွေဟာနေ့
ခြင်းပြန်တောင်လာပြီးဈေးလာဝယ်ကြပါတယ်။သူတို့ ဆီမှာထက်ပိုသက်သာတယ်လို့ပြောပါတယ်။ဈေးသည်အတော်များများဟာတခြားဘာသာစကား
သာမတတ်ရင်နေမယ်ဂျပန်လိုအတော်ပြောတတ်ကြပါတယ်။ဂျပန်တွေသာမလာရင်ဒီဈေးဟာ
ေ၇ာင်းရဖို့မမြင်ပါဘူး။
 အ၀တ်အထည်ကစလို့ ကိုရီးယားမိတ်ဆိုတာကတော့လွန်စွာရှားပါတယ်မိတ်
အင် ကျွန်းဂု အဲယောင်လို့ တရုတ်မိတ်တွေပါ။ေ၇ညှိုတို့ဂျင်စင်းနဲ့ အစားအသောက်တွေသာက
ကြီးဖြစ်ပါ။ဈေး၇ဲ့အပြင်တန်းမှာတော့ ကင်မရာဆိုင်တန်းတွေနာရီပြင်ဆိုင်တွေလက်ကိုင်အိတ်
ေ၇ာင်းတဲ့ဆိုင်တွေရှိပါတယ်။ဝက်ချေထောက်ကစလို့ ရေဘ၀ဲအဆုံးဆိုင်ကြီးဆိုင်ငယ်အသွယ်
သွယ်နဲ့ေ၇ာင်းပါတယ်။ဘေထုပ်တွေလဲရှိတယ်နော်။အလှကုန်တွေကလဲအစုံပေါ့။

 ကိုရီးယားဂိုက်တွေက
့နိုင်ငံခြားခရီးသွားသူတွေကိုဈေးဘေးက ကသူတို့၇ဲ့အထင်ကရမြို.တံခါးကိုအရင်
ပြပြီးမှဈေးတွင်းကိုလိုက်ပို့တာပါ.အခုတော အဲဒီမြို.တံခါးဟာလဲ လွန်ခဲ့တဲ့၂နှစ်ကသူတို့လူမျိုး
တစ်ယောက်မီးရှို.လို့အခုအသစ်ပြန်ဆောက်နေပါတယ်။အဲဒီတုန်းကနေ့တိုင်းလာငိုသူတွေ၊
သူတို့ဓလေ့နဲ့ကန်တော့ပွဲတွေနဲ့နတ်ပွဲတွေနဲ့အကြီးအကျယ်ကိုတောင်းပန်ကြတာပါ။ဒီနေရာဟာ
သူတို့ရဲ့ရှေးဟောင်းအမွေအနှစ်နေရာတစ်ခုဖြစ်လို့ပိတ်ရက်တွေဆိုရင် နန်းဝတ်နန်းစားတံခါး
စောင့်တွေနဲ့ အတော်ကြည့်ကောင်းပါတယ်။
ကိုရီးယားကိုလာလည်ချင်တဲ့ မိတ်ဆွေတွေနဲ့စိတ်ဝင်စားတဲ့သူတွေအတွက်ဒီပိုစ့်လေးကိုေ၇းပါ
တယ်။



                              မီလောင်နေတဲ့ပုံကို ဂူဂဲကနေယူပါတယ်

4 comments:

  1. ကိုရီးယားကိုအလည်ရောက်သွားသလိုပါပဲ ကိုကိုစိမ်းရေ။ ကျေးဇူးပါ။
    ကိုရီးယားသူ ကိုရီးယားသားတွေ အသားအရေက အတော်လှတယ်နော် (ဇာတ်လမ်းတွေထဲမှာမြင်ဘူးတား))
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
    Replies
    1. ကျေးဇူးပါအန်တီတင့်
      ကကြီးတွေဟာရုပ်ရှင်ထဲမှာတော့အတော့်ကိုလှကြပေါ့
      ခွဲစိတ်တာတွေကသူ့တို့အတွက်မဆန်းတော့ဘူးလေ

      Delete
  2. ဟန်ကြည်8 April 2012 at 19:07

    ကကြီးတွေလည်း ဒီနားက ယပက်လက်နဲ့ သိပ်မကွာပါလားဗျာ...တစ်ချိန်က ရန်သူဖြစ်ခဲ့ပေမယ့် စီးပွားရေးနဲ့ စားဝတ်နေရေးအတွက် မချစ်ပေမယ့် အောင့်ပြီးနမ်းနေရတာကိုး...

    ကိုရီးယားအကြောင်း သိမှတ်ဖွယ်ရာလေးတွေကို ၀မ်းသာအားရနဲ့ စောင့်ဖတ်နေပါကြောင်းဗျား...

    ReplyDelete
    Replies
    1. ဟုတ်ပါတယ်ဆရာ
      အေ၇းအသားမကောင်းတဲ့ကျနော့်ဆီ
      လာလည်လို့ကျေးဇူးပါခင်ဗျာ။

      Delete

Related Posts Plugin for WordPress, Blogger...