Tuesday 17 April 2012

ဒီကသင်္ကြန်

ကိုရီးယားေ၇ာက်မြန်မာတွေ၇ဲ့ သင်္ကြန်ကလည်း ဒီနှစ် မှာ ၁၂ ကြိမ်မြောက်ခဲ့ပါပြီ။
 တောင်ကိုရီးယားနိုင်ငံရှိ မြန်မာအသင်းကနေဦးဆောင်ပြုလုပ်တဲ့ သင်္ကြန်ပွဲတော်ဟာ
အရင်နှစ်များကထက်ပိုလို့ စည်ကားခဲ့ တယ်လို့ပြောရမှာပါ။

မြန်မာတို့၇ဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်ကို ကိုရီးယားတွေကလည်းစိတ်ဝင်တစားရှိကြပါတယ်။
စတုဓီသာမုန့်တွေကိုလည်း အားပါးတ၇စားသောက်ကြတယ်...ေ၇ပက်လို့ဆော့ကစားကြ
မြန်မာ့အက အလှတွေကိုလည်းစိတ်ဝင်တစားအားပေးကြတာကလည်းဂုဏ်ယူစရာပါ။
ကျယ်ကျယ်ဝန်းဝန်းရှိလှတဲ့ ပူချွန်းအားကစားကွင်းဘေးကကွက်လပ်မှာ အစားအသောက်
စုံလင်စွာနဲ့ အဖွဲ့တွေကိုယ်စီကလည်းကိုယ်စီ တာဝန်မလစ်ဟင်းရအောင်ပျော်ရွှင်စွာ ဆင်နွဲကြ
တာကိုလည်းတွေ့ခဲ့ရတယ်... အဆိုအကတွေ ပိုတိုးလာသလို ကိုရီးယားကျောင်းသားအဖွဲ့ က
လည်း မြန်မာသီချင်း ဆိုပြီးဖျော်ဖြေခဲ့ကြတယ်

ဒီနှစ်ဟာ လာေ၇ာက်အလုပ်လုပ်တဲ့သူဦးေ၇ ကလည်းများပြားလာတာကြောင့်ပွဲတော်မှာ
လူပိုများခဲ့ ပါတယ်။ အချို.သောမူးရစ်သူတစ်ချို.ကြောင့် တစ်နေကုန်ထိန်းလာခဲ့တဲ့ကြားကနေ
ပွဲပြီးကာနီးမှ ရန်ပွဲလေးတစ်ခုကလည်း ဖြစ်ခဲ့ပါတယ်။

မြန်မာတွေပွဲလုပ်ရင် ရန်ဖြစ်ရမယ်လို့များသူတို့တွေထင်နေကြလား...မသောက်ရ လို့မသတ်မှတ်
ထားပါဘူး..ကကြီးတွေလည်း ပွဲရှိရင်သောက်ကြစားကြပေမယ့် ...စည်းကမ်းပေါ့ဗျာ
ကိုယ့်လူမျိုးကိုအထင်အမြင်သေးစရာကိစ္စတွေကို ဒီနိုင်ငံေ၇ာက်ေ၇ွှ လို့သတ်မှတ်ချက်ထားတဲ့
မြန်မာတွေအားလုံး ၀ိုင်းဝန်းထိန်းသိမ်းမှ မြန်မာ့ဂုဏ်ဆောင်နိုင်မှာပါ။

အမူးလွန်ပြီးဂေါင်းစိုက်သူတွေ၊ အိမ်သာရှိသားနဲ့ ပွဲလုပ်တဲ့ဘေးကနံရံမှာအပေါ့စွန်.သူတွေ၊
နည်းနည်းသောက်ပြီးလူတကာကိုရစ်နေသူတွေ ကလည်းဒီနှစ်မှာ အတော်များလာခဲ့တယ်။
သန့်စင်ခန်း ဆိုပြီးသန့်ရှင်းစွာထားတဲ့အိမ်သာမှာတောင်အော်ဟစ်ဆူပူပြီး မင်္ဂလာပါ မင်္ဂလာပါ
ကိုအသံကုန်အော်နေတဲ့
သူတွေကိုလည်းစိတ်ပျက်စွာနဲ့ တွေ့ခဲ့ရတယ်။ တနင်္ဂနွေဖြစ်လို.အားကစားကွင်းမှာ အပန်း
ဖြေသူတွေနဲ့ စည်ကားချိန်မှာဒီလိုအပြုအမူတွေက ဘယ်သူတွေ ဘယ်နိုင်ငံသားတွေလည်းလို့
မေးရင်ရှက်ဖွယ်ပါ။

မြန်မာပြည်က စရိုက်တွေကိုအကျင့်ဆိုးတွေကို ထားခဲ့ကြပါ။နှစ်သစ်ကူးပွဲတော်အတာသင်္ကြန်ပွဲ
ဟာအရက်သောက်ရမ်းကား တဲ့ပွဲမဟုတ်ဘူး ဆိုတာကို သိရှိနားလည်ပြီး ၀ိုင်းဝန်းကာထိန်းသိမ်း
ပြုပြင်ရင်း နောင်နှစ်တွေမှာ ကျင်းပမယ့် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲကို စည်းကမ်းရှိပြီးပျော်ရွှင်
စွာဆင်နွဲကြရ ဖို့နှိုးဆော်တိုက်တွန်းပါတယ်။

မြန်မာပြည်သူပြည်သားအပေါင်းနှစ်သစ်မှာကောင်းကျိုးချမ်းသာအဖြာဖြာနဲ့ပြည့်စုံ ကြပါစေ။

                                               ဒီလိုကျင်းပခဲ့တယ်
                                   ၇ိုးရာဝတ်စုံနဲ့ ဖျော်ဖြေပွဲမစခင်

                                   ကိုရီးယားကျောင်းသားများအဖွဲ့




                                           ရခိုင် သားလူငယ်တွေ၇ဲ့ ယိမ်း

                                             နှစ်စဉ်နွှဲတဲ့ ဒိုးပါတ်ပွဲ




                                        ကလည်းကေ၇လည်ပက်



                                                အားပေးတဲ့ ဒို့မြန်မာတွေ

                                                   အဆိုနဲ့အက လိုက်ဖက်ညီစွာ




                                                 ပျော်လိုက်ကြတာသင်္ကြန်မှာ



                                                   ဒီနှစ်မှာပါတဲ့ အင်တာဗျူး




                               မြန်မာ့ဓါတ်ပုံပညာရှင်တွေကလည်းအခုလို













6 comments:

  1. မြန်မာတွေရဲ့အဲဒီစရိုက်ဆိုးအကျင့်ဆိုးက ဘယ်နေရာရောက်ရောက်သိပ်ရှက်ဖို့ကောင်းတာဘဲ .
    အရင်ကတော့ပိုက်ဆံရှိမှနိုင်ငံခြားရောက်ကြရတော့ လူတန်းစာပေါ်မှာလဲစကားပြောတယ်လေ
    ခုကတော့ အလွှာပေါင်းစုံကနေချေးငှားသွားနေကြပြီဆိုတော့ အတန်းအစားပေါ်မှာ လိုက်ပြီးကွာခြားသွားတာပါပဲအကိုရေ

    ညီမငယ်

    ဂျာရစ်

    ReplyDelete
  2. မဒမ်ကိုး ဆိုလိုတဲ့ အတန်းအစားက ဘယ်လိုလဲဗျ? ပိုက်ဆံရှိရင် အတန်းအစားမြင့်တာလား? ပိုက်ဆံရှိရင်စည်းကမ်းရှိ၊ပိုက်ဆံမရှိရင်စည်းကမ်းမရှိလို့ဆိုမှာလား? အခုမျိုး သောက်စားပြီ ရန်ဖြစ်တာတွေရယ် ကွမ်းသွေးတွေ စည်းကမ်းမရှိ ၊အရှက်မရှိထွေးနေကြတာတော့ ကျွန်တော်လည်းရှက်မိပါတယ်။ဒါပေမယ့် ဘယ်လိုအလွှာကပဲဖြစ်ဖြစ် သူရဲ့ ပင်ကိုယ် ယဉ်ကျေးမှု့နဲ့ အသိတရာ့းပေါ်မှာပဲ မူတည်မယ်ထင်ပါတယ်။

    ReplyDelete
  3. ပိုက်ပိုက်ရှိမှ အဆင့်အတန်းရှိတာလာ?
    ကိုယ့်အဆင့်ကို အခုမှသိတော့တယ် ဂျာရစ်ရေ

    ReplyDelete
  4. အိုး-----တစ်ကယ်ကိုစည်စည်ကားကားနဲ့ သင်္ကြန်ပွဲလေးလုပ်ခဲ့တာပဲ
    အကတွေကလဲစုံတယ်
    မူးတာကတော့ မပြောပါနဲ့တော့ရှင်
    မလေးရှားနှစ်ကူး တရုတ်နှစ်ကူး (အာရှနိုင်ငံအားလုံး)
    မြန်မာနှစ်ကူး
    ဥရောပနှစ်ကူး
    အာဖရိနှစ်ကူး အားလုံးမြန်မာတွေမူးဖို့ ပါမစ်ပေးထားသလိုပါပဲ

    ReplyDelete
  5. မူးရစ်ရန်ဖြစ်တယ်ဆိုတာ ပင်ကိုယ်စရိုက်နဲ့ပဲ ဆိုင်ပါတယ် ၊ မြန်မာတွေရဲ့ အကျင့်လို့မပြောပါနဲ့၊ လူတရာပွဲလာရင် လူတရာလုံး စရိုက်ကောင်း မဖြစ်နိုင်ပါဘူး၊ လူအရေတွက် ပိုများလေ ပြဿနာပိုများလေပဲ ဒါသဘာဝပဲ ၊ထိုင်းနိုင်ငံ သင်္ကြန်မှာဆို လူ ၃၀၀ ကျော်လောက် ခိုက်ရန်ဖြစ်ပြီးသောကတာပဲ ၊ မြန်မာပြည် သင်္ကြန်မှာ ထိုင်းနိုင်ငံရဲ့ ဆယ်ပုံတပုံစာလောက်တောင် အသေကြေမရှိဘူး ၊ ကိုရီးယားမှာက မြန်မာလို နှစ်သစ်ကူးမှ မရှိတော့ ဒီလိုအဖြစ်မျိုး ဘယ်တွေရမလဲ ဒါပေမယ့် အရက်ဆိုင်တန်းတွေရှိတဲ့ နေရာတွေကို သွားကြည့်ပါလား ညတိုင်းဆဲဆို အော်ဟစ် ရန်ဖြစ်နေကြတဲ့ လူငယ်တွေ သောက်ရမ်းပေါပ ၊ ကိုရီးယားမှာလဲ ရပ်ကွက်တိုင်းမှာ အရက်ဆိုင်တန်းတွေ မရှိတဲ့နေရာဆိုတာ မရှိသလောက်ပါပဲ ၊ မနက်ခင်း စက်ဘီးနဲ့ အလုပ်သွားရင် နေ့တိုင်း လမ်းဘေးမှာ ကိုရီးယားတွေ စည်းမဲ့ကမ်းမဲ့ အန်ထားတဲ့ အန်ဖက်တွေကို မနဲရှောင်နင်းနေရတယ် .

    ReplyDelete
  6. လူအမျိုးမျိုးစိတ်အထွေထွေပေါ့ ကိုကိုစိမ်းရေ။
    ကိုရီးယားသင်္ကြန်တော့ ဗဟုသုတအဖြစ် ကြည့်သွားတယ်။
    ခေတ်ကြီးတိုးတက်လာတာနဲ့အမျှ ဆိုးကျိုးကောင်းကျိုးတွေ
    ဒွန်တွဲပြီး ခေတ်နဲ့တစ်ပြေးညီ ဖြစ်ပေါ်လာတာတော့ အမှန်ပဲနော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

Related Posts Plugin for WordPress, Blogger...