Tuesday 24 April 2012

နွေဦးပန်း

ဧပရယ်၇ဲ့ ပြီး ဆုံးခါနီးရက်တွေမှာ...အပူရှိန်ဟာလဲ မသိမသာနဲ့
တိုးနေပါပြီ...နွေဦးပန်းလို့ တင်စားရမယ့် ချယ်ရီတွေဟာလဲ
ဖူးပွင့်လာပြန်ပါပြီ...ဒီနှစ်ဟာရာသီဥတုဖေါက်ခဲ့လို့ ပွင့်ချိန်နောက်
ကျခဲ့ပါတယ်...ကျနော် နေတဲ့နေ၇ာမှာ ချယ်ရီပင်ပျို နှစ်ပင်ရှိပါ
တယ်..သူတို့ အားတက်သေ၇ာပွင့်ချိန်မှာ ကျနော်လဲ အားရကျေ
နပ်စွာ မှတ်တမ်းတင်ခဲ့တယ်...
မမျှော်လင့်ဘဲ မိုးရွာခဲ့ရင်အပွင့် တွေကြွေပြီးမလှတော့ဘူးလေ...
အနီေ၇ာင်နဲ့ အဖြူေ၇ာင်နှစ်ပင်ဟာ အလှခြင်းပြိုင်နေသလားလို့
ဆိုလ်းက ချယ်ရီတန်းလို့ ခေါ်ရမယ့် ယိုရီဒို ဆိုတဲ့နေရာကိုသွားဖို့
ပြင်နေပေမယ့် ဒီတစ်ခါ မိုးအပြင်းရွာချလို့ အစီအစဉ်ပျက်ခဲ့ရတယ်
တကယ်တော့ ချယ်ရီဟာ အေးမြတဲ့ဒေသတွေမှာသာရှင်သန်မှုရှိ
တာကို သိရပေမယ့် သူဟာအပွင့်တွေပွင့်ဖို့ အပူ ကိုကြိုက်နေတာ
ကို သိခဲ့ရပြီလေ... 
















4 comments:

  1. ပန်းတွေကိုတော့အရမ်းကြိုက်တတ်သူမို့
    ရိုးရှင်းစွာပြောပြီး ကူးယူသွားပါပြီ

    ReplyDelete
  2. ကူးယူလို့မရလို့ ပြန်ခဲ့ပါပြီ---

    ReplyDelete
  3. ချယ်ရီပန်းတွေမြင်တော့ ကျိုင်းတုံကချယ်ရီနဲ့ ဂျပန်က ဆာခူရကို ပြန်သတိရသွားတယ် ကိုကိုစိမ်းရေ။ ကိုရီးယားလိုဘယ်လိုခေါ်လဲ? ကိုရီးယားကချယ်ရီကိုလည်း မြင်တွေ့ခွင့်လေးကြုံချင်ပါသေးတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  4. ချယ်ရီကတော့ ကျွန်တော့်ရဲ့ ဖေးဖရိတ် ဖလားဝါးပဲ အကို...

    အင်း..တစ်နေ့တစ်နေ့ သွားလိုက် လာလိုက်
    စားလိုက် သောက်လိုက်
    ရိုက်လိုက် တင်လိုက် ဟန်ကို ကျနေတယ် :D

    ReplyDelete

Related Posts Plugin for WordPress, Blogger...