Friday, 20 July 2012

၅ ရက်ဈေး

ကျနော်နေတဲ့ နေရာလေးနဲ့ ကားမိနစ်၂၀သာသာလောက်စီးရင် ဂုန်ချွန်း ဆိုတဲ့ မြို.ကိုေ၇ာက်
ပါတယ်..အဲဒီမြို.မှာ အခန်းမှာ တပါတ်စာ စားဖို့ဝယ်ထားတဲ့ ချက်ပြုတ်စရာ တွေကုန်ရင်သွား
ဝယ်ရတယ်..ဈေးကြီးဖြစ်ပေမယ့် အပြင်တန်းမှာေ၇ာင်းတဲ့ သူတွေဆီမှာ ၀ယ်ရင်သက်သာလို့
အဲဒီဈေးမှာစည်ကားတဲ့ အချိန်ဖြစ်တဲ့ ၅ရက်ကိုတစ်ခါေ၇ာင်းတဲ့ ဈေးနေ့မှာ ၀ယ်ပါတယ်။အဲဒီ
နေ့ဆိုရင် ကြိတ်ကြိတ်တိုး စည်ကားပါတယ်။ ကျနော်တို့ မြန်မာပြည်မှာ လိုခေါ်ရင်တော့ တော
ဈေးပေါ့...အမေအိုတွေ လာေ၇ာင်းတဲ့ အသီးအနှံတွေ ၀ယ်...ဈေးတပါတ်ပါတ်လို့ဒီလိုနဲ့ ဒီနေ
ရာမှာ အချိန်တွေကြာခဲ့ပါပြီ...အခုတော့လည်းဒီဈေးကိုမေ၇ာက်တာ လည်းကြာပေါ့လေ..ဈေး
ဝယ်ရင်နိုင်ငံခြားသားဆို သူတို့ဆီမှာအလုပ် လာလုပ်တဲ့သူတွေ ဆိုပြီး ပိုပိုသာသာတွေထည့်
ပေးတဲ့ သဘောကောင်းတဲ့ ဈေးေ၇ာင်းသူတွေကလည်းရှိပါတယ်။ ဒီနိုင်ငံ ဈေးနေ့ မှာဘာတွေ
ေ၇ာင်းသလဲ ကြည့်ကြပေါ့ အမှတ်တ၇ တင်ပေးလိုက်ပါတယ်။ ကျနော်တို့ဆီမှာလိုဘဲနော်။





သူမပါရင်မပြီးတဲ့ ကင်းမ်ချီ

ခွေးသားကလည်းအခုလို



ဆန်ကလဲအမျိုးမျိုးရှိတယ်

အမေအိုေ၇ာင်းတဲ့ အမယ်စုံ

ပဲငပိ



ဟုန်းစန်း(ဂျင်ဆင်း)

ပရဆေး

အားအရမ်းကောင်းတယ်ဆိုတဲ့အရာတွေ

ပဲစုံ









Thursday, 12 July 2012

စိတ်ထိန်း ကြစေလို












ကိုရီးယားမှာ အခုအချိန်ဟာအပူဆုံးလလို့ဆိုရမလောက်ပါ...မိုးလည်းရွာပေမယ့် တကယ့်ကိုအိုက်စပ်
ပါတယ်။ ကျနော်တို့ဆီမှာလို မိုးတွေအဆက်မပြတ်၇ွာနေတာမဟုတ်ပါဘူး..တခါတစ်လေလဲရွာလိုက်ရင်
ေ၇ကြီးေ၇လျှံတဲ့ အထိ ဖြစ်တတ်ပါတယ်...
ဆန်းမားလို့ခေါ်တဲ့ နွေရာသီမှာ ကိုရီးယားမှာနွေရာသီပိတ်ရက်တွေလဲရှိပါတယ်..အလုပ်သမားဖြစ်လို့
စက်ရုံလို့ပြောပါမယ်..စက်ရုံတွေ ပိတ်ရက်တွေမတူပါဘူး အများဆုံးပိတ်လဲ ၃ရက်ပေါ့ တချို.လဲ စနေ
တနင်္ဂနွေခံလို့ ၅ရက်လောက်ပေါ့.....
ကကြီးတွေဟာ အေးရင်လဲသူတို့လောက်အအေးကြောက် တာသူတို့ပါဘဲ..ပူရင်လဲ ပြောမနေပါနဲ့
အလွန်ပူပြတာပါ....ဒီအချိန်မှာ ပိတ်ရက်တွေဆို ကမ်းခြေတွေမှာ လူစည်တဲ့ ရာသီပါ။ ဒီလို လူစည်တဲ့
ကမ်းခြေတွေမှာ အထက်ဘက် ကကမ်းခြေတွေမှာ လူစည်ပေမယ့် ဆိုးရွားတဲ့ ၀တ်စားမှုတွေ သိပ်မရှိ
ပေမယ့် အောက်ဘက်ကကမ်းခြေတွေမှာတော့ တကယ့်ကို ပူရိသတွေ စိတ်လှုပ်ရှားစေမယ့် ဘီကနီပါ
တယ်ဆိုရုံလောက်သာဝတ်ထားတဲ့ ပျိုပြို မေတွေရှိပါတယ်....
နာမည်ကြီးကမ်းခြေတစ်ခု ဖြစ်တဲ့ ဘူဆန်မြို.က ဟဲအွန်ဒယ် ကမ်းခြေကတော့ ကကြီးမှာ နာမည်ကြီးပေါ့
သဘာဝဆိုလို့ သဲနဲ့ေ၇သာရှိတဲ့ ကမ်းခြေ အပင်မရှိ...ဒီနေရာမှာ ခြေချစရာမရှိလောက်အောင်ပိတ်ကြပ်
တဲ့ အချိန်မှာ ကကြီးတနိုင်ငံလုံးက နေရာဒေသအစုံက မိန်ကလေးတွေဟာ ဒီမှာလာစုနေတယ်လို့ပြော
ရမလောက်ပါ...မိသားစုနဲ့လာသူတွေ၇ှိသလို ဒီအချိန်မှာ ဂွင်ရှာ..ဈေးကွက်စီးပွားရေးအရ လာေ၇ာက်တဲ့
သူတွေပေါပါတယ်။
ကမ်းခြေ ကပိတ်ညှပ်စွာရှိနေတဲ့ေ၇ာင်စုံထီး တွေအောက်မှာ ဘီယာအရက်သောက်သုံးပြီး အရှိန်တက်
နေတဲ့ သူတွေလဲပေါမှပေါပေါ့....ေ၇ထဲဆင်းလို့ေ၇နစ်မှာမကြောက်ရပါဘူး လုံခြုံေ၇းအတွက် အထူးတ
လည်စောင့်ကြပ် ပေးမှုတွေလည်းရှိပါတယ်။ ကဲလိုရင်းကိုပြောပါ့မယ်
ကျနော်ေ၇ာက်စနှစ်က မြန်မာတစ်ဦးပေါ့ဗျာ...တိုင်းရင်းသားတွေဆိုပေမယ့် ခေါင်းစဉ်တပ်ပြီးကကြီးတွေ
သိတာတော့ မြန်မာပေါ့....အခုပြောနေတဲ့ ကမ်းခြေကိုပျော်ဖို့သွားတယ်ပေါ့ အဲဒီမှာ ပြဿနာတက်ပါ
တယ်..ေ၇ထဲဆင်းဆော့ရင်း ကကြီးမ တစ်ယောက်ကို လက်ဆော့မိပါသတဲ့ ။အဲဒီအဆော့ခံရတဲ့ ကကြီး
မ..က ၇ဲသွားတိုင်လို့ သူ့ကိုကမ်းခြေ၇ဲက ဖမ်းပါတယ်...၇ဲကစစ်တော့ မူးနေပါတယ်ဒါကြောင့် ဖြစ်မိတယ်
ဝန်ခံတာပေါ့လေ...နှစ်ဘက်ညှိုပြီး အဆော့ခံရတဲ့ကောင်မလေးကို လျော်ကြေးကိုရီးယားငွေ ၅သိန်းထင်
ပါတယ် ပေးလိုက်တော့မှ ပြေလည်သွားပါတယ်....ဒါကတစ်ခုပေါ့ အဲဒီအချိန်က ၀မ်၅သိန်းဆိုတာ မြန်
မာငွေ ၈သိန်းနီးပါးရှိတဲ့အချိန်လေ။
နောက်နှစ်တွေမှာလည်း ကျနော်တို့ေ၇ွှတွေ အကြောင်းသိပ်မကြားရပါဘူး ကမ်းခြေကိစ္စပေါ့...ဒီကိစ္စကို
ကကြီးတွေလည်းမလုပ်ဘူးလားလို့ မေးရင်လုပ်တာပေါ့လေ..သူတို့လဲဘာသားနဲ့ထုထားလို့လဲ ဒါပေမယ့်
သူတို့ နိုင်ငံသူတို့ မိန်းကလေး ပြေလည်ပါတယ်။ ကမ်းခြေကိစ္စ ဖြစ်စဉ်တွေမှာ ၁၀ယောက်မှာ၇ ယောက်
ကနိုင်ငံခြားသားတွေဖြစ်နေပါတယ်တဲ့။
 တစ်ခုပြောချင်တာက အဲဒီနေရာမှာ ရှိတဲ့ မိန်းကလေးတွေဟာေ၇ထဲေ၇ာက်ရင် မမြင်ချင်မှအဆုံးရှိနေ
လို့ ကိုယ့်ကိုများမြူ ဆွယ်သလိုရှိလာရင် နောက်ဆုတ်ဖို့ပါ....ေ၇ထဲကကိစ္စဟာေ၇ထဲမှာပြီးမသွားဘဲ
ကမ်းပေါ်ေ၇ာက် မှ၇ဲသွားခေါ်သူ့ကိုဒီလူက ဘယ်နေရာကိုဘယ်လိုကိုင်ပါတယ်ဆိုပြီး ပြဿနာတွေတက်
ငွေညှစ်တာပေါ့..သတိထားစရာတွေပါ။
အခုအခါ ကိုရီးယားမှာေ၇ွှတွေအလွန်များနေပါပြီ...အလုပ်ဒဏ် အခြားသောအကြောင်းတွေကြောင့်စိတ်
ပင်ပန်းတာတွေကို ပိတ်ရက်မှာ ကမ်းခြေမှာအပန်းဖြေ မယ်ဆိုရင် သတိထားဖို့ပါ။
ကိုယ့်တိုင်းပြည်က မိန်းကလေးတွေက အရှက်ကြီးပါတယ်..လူကျပ်ချိန်တွေပွဲခင်းထဲတွေ ကားပေါ်တွေ
မှာ ဖြစ်တဲ့ လက်ေ၇ာက်မှုတွေ လို ဒီမှာလွယ်မယ်မထင်ပါနဲ့ မြန်မာမိန်ကလေးတွေဟာ ရှက်လို့ငြိမ်နေ
မယ်ေ၇ှာင်သွားမယ် တရှက်နှစ်ရှက်မဖြစ်ချင်ပေမယ့် ကကြီးတွေဟာ ကြမ်းပါတယ်။ နိုင်ငံခြားသားဆို
အမေ၇ိကန် အဖြူကောင်တွေကလွဲလို့ အထင်သေးပါတယ်။ ကိုရီးယား မှာငွေပေးနိုင်ရင် ပျော်စရာစိတ်
ဖြေစရာ ပေါပါတယ်...ဘာမဟုတ်တဲ့ တစ်ခဏလေးမှာ စိတ်ထိန်းဖို့ပါ။
 အခုနောက်ဆုံး မနှစ်ကဖြစ်သွားတဲ့ ဖြစ်စဉ်တစ်ခု ပြောပါ့မယ် ဘယ်နေရာလဲ  ဟဲအွန်ဒယ် မှာပါပဲ
ေ၇ွှတစ်ယောက်ပေါ့ ကကြီးမှာနေလာတာနှစ်လဲရနေပါပြီ ဒီကမ်းခြေကိုတစ်ခါမှမေ၇ာက်ဖူးလို့ အသိတွေ
ခေါ်လို့ေ၇ာက်သွားပါတယ်တဲ့  ထုံးစံ အတိုင်းေ၇ထဲမှာ ကိစ္စဖြစ်ပါတယ်...အဖြစ်ခံရသူက ၇ဲသွားတိုင်လို့
ဖမ်းခံရပါတယ်...ဒီတစ်ခါအဖြစ်ကတော့ ရင်နာစရာပေါ့ဗျာ.....
သူေ၇ထဲမှာလက်ဆော့လိုက်တာက ကကြီးမ မဟုတ်ပါဘူး ဖိလစ်ပိုင်မပါတဲ့ ကကြီးမသူငယ်ချင်းတွေနဲ့
လာလည်တာတဲ့ လေ။၇ဲက စစ်တော့ ကိုေ၇ွှ က ဘူးခံပါတယ်။သူမလုပ်ပါဘူးတဲ့ ...တ၇က်ကနေနှစ်ရက်
ငြင်းနေတုန်းပါ....တိုင်တဲ့သူကလဲ သူ့၇ဲ့ ခန္ဒာကိုယ်အတွင်းပိုင်း ထဲကိုဘယ်လောက်စင်တီမီတာ အထိ
သူ့လက်ဝင်သွားပါတယ်လို့ အမုန်းတိုင်တာပါ။ ဒါလဲငြင်းနေတုန်းပါဘဲ ရက်တွေကြာခဲ့တယ်..နောက်ဆုံး
စကားပြန်တွေခေါ်တဲ့အထိေ၇ာက်လာတယ်...
နောက်ဆုံး ငြင်းမရတော့မှ ၀န်ခံပါတယ် သို့သော်သူ့အတွက်က နောက်ကျသွားပါပြီ။
 လျော်ကြေးငွေ ၀မ်သိန်း ၄၀ ပေးလိုက်ရပါတယ်။ သူ့စက်ရုံက ၇မယ့်ငွေလေး ကုန်တာပါဘဲ.....
ဒီထက်ဆိုးတာက သူ့ကို ပြည်နှင်ဒဏ်ပေးလိုက်တာပါ ....ပြန်ဖို့အတွက် လေယာဉ်လက်မှတ်ဖိုးကို
မိတ်ဆွေတွေက စုပေါင်းလို့ပေးလိုက်ရတယ်...မြန်မာပြည်ေ၇ာက်ရင်လဲသုံးဖို့ လွှဲပေးကြတယ်။ဘယ်
လောက် ဆိုးသလဲဗျာ......
ဒါတွေကိုေ၇းချင်လို့ပြောချင်လို့မဟုတ်ပါဘူး ဆောင်ဖို့ေ၇ှာင်ဖို့ တွေကိုပြောချင်တာပါ။ကျနော်တို့ လာခဲ့
တာက လုံလုံခြုံခြုံ ရှိတဲ့တိုင်းပြည်က ဒီနေရာက အခုအချိန်ဆို အမြင်ချင်မှအဆုံးလေ။ ဒီနိုင်ငံမှာ ၀တ်
တာစားတာကိုကဲ့၇ယ် တဲ့သူမရှိပါ လုံးဝဖရီး...
ကမ်းခြေမှာရှိတဲ့ ၇ဲတွေက ဓါတ်ပုံရိုက်ရင်တောင်ကင်မရာ သိမ်းပြီးပုံတွေဖျက်တာကိုလဲ သတိပေးချင်ပါ
တယ်...အချို.လဲ ခိုးရိုက်တာပေါ့လေ.....
ကျနော်တို့ စက်ရုံက သူဋ္ဌေးကတော့ အခုလိုပိတ်ရက်ဆိုရင် သွားတာလာတာသတိထားဖို့ အထူးမှာပါ
တယ်... ကိုရီးယားမှာ နာပွန်းဆာ၇န် ( လူဆိုးပေါ့) တွေအလွန်များပါတယ်တဲ့ ဘဏ်ကဒ် ပိုက်ဆံအိတ်
ကအစ မိန်းမကိစ္စ အဆုံး မှာပါတယ်။
 နောက်ဆုံးပြောချင်တာက အသေးအဖွဲကနေ အကြီးကြီးမဖြစ်အောင်ဆင်ချင်ပြီးနေဖို့ နဲ့ ပူလွန်းတဲ့ရာ
သီမှာ အရက်ကို လျော့သောက်ဖို့  ဒီရက်ထဲမှာ ဦးနှောက်သွေးကြောပြတ်ပြီးသေတဲ့ ဖြစ်စဉ်တွေရှိလို့ပါ။
စိတ်ပန်းကိုယ်ပန်းရလာတဲ့ငွေကို မိမိအတွက်အကျိုးရှိအောင်အသုံးချရင်း နွေရာသီပိတ်ရက်မှာ စိတ်ကို
ထိန်းပြီး ကျန်းကျန်းမာမာချမ်းချမ်းသာသာ ရှိစေဖို့ စေတနာထားပြီး တိုက်တွန်းလိုက်ပါတယ်။

စာကြွင်း....ဒီပို့စ်လေးမှာ အေ၇းအသားကြမ်းခဲ့သည်ရှိသော် ခွင့်လွှတ်သီးခံပါရန်။

Thursday, 5 July 2012

ချစ်သူတိုင်းညားကြပါစေ










အချစ်အကြောင်း ဟုတ်တိပတိေ၇းမယ်လို့ စိတ်ထဲမရှိခဲ့ပါဘူး....တွေ့နေမြင်နေ ဖြတ်သန်းရတဲ့
လူ့လောက မှာ လူတွေဟာ အချစ်နဲ့ကင်းနိုင်၇ဲ့လားလို့ မေးမယ်ဆိုရင် တချို.ကလည်း ကင်းကင်း ရှင်းရှင်းနေတာကောင်းပါတယ်လို့ ဆိုကြတယ်...အများအားဖြင့် မကင်းနိုင်ကြဘူးလေ။
ကင်းကင်းရှင်းရှင်းနေပါတယ်ဆိုတဲ့ သူတွေလည်း အချစ်ကြောင့် တစ်ခုခုအကြောင်းအရာတွေ
ဆင့်ပွားဖြစ်ခဲ့ ခံစားခဲ့ရလို့....ဘ၀တွေပျက်ခဲ့တဲ့ထိ ဖြစ်ခဲ့ကြလို့ ကင်းရှင်းချင်တာနေမှာပါ။
အချိန်အခါတွေ ပြောင်းလည်းလာတဲ့ လူ့လောက ယဉ်ကျေးမှု ခတ်မှီလာတဲ့ နေထိုင်မှုတွေ
ကြောင့် တနည်းအားဖြင့်ပြောရရင် စီပွားေ၇း..ကြီးပွားေ၇းတွေကြောင့်လည်း အချစ်ဟာရှေ.
တန်းတင်တဲ့အရာတစ်ခု မဟုတ်တော့ဘူး ဆိုတာ ထွန်းကားလာခဲ့ပြန်ပြီလေ။
တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ထမင်းေ၇ ပူကိုသောက်ရဆိုတဲ့ သီချင်းစာသား.....
ချစ်တာချစ်တာပဓာန လို့ဆိုချင်ပါတယ် မောင်ေ၇.....သီချင်းထဲမှာသာကျန်ခဲ့တော့တာပါ။
ခတ်ပေါ်တွေခတ်လွန်တွေ မျက်မှောက်ကာလမှာတော့ ရည်းစားစာပေး...ချစ်ခွင့်ပန်လို့....
သုံးနှစ်သုံးမိုးဆိုတာမျိုးတွေ မရှိသလောက်ဆိုပေမယ့် အချို.ချစ်သူတွေမှာလည်း အချစ်ကို
ဦးစားပေးလို.တစ်နေ့မမြင်တစ်လထင်...အသည်းပေါက်မတတ်ချစ်ကြသူတွေ လည်းရှိကြတယ်။

ဒီလိုအချစ်တွေအမျိုးမျိုးရှိ တဲ့ ကြားကမှ ကျနော့် နဲ့ညီအကိုပမာ ခင်မင်တဲ့ညီငယ်တစ်ယောက်၇ဲ့ အချစ်ကလည်းထူးဆန်းလွန်းတယ်ပြောရမလား...ကြေကွဲစရာလေလား...ဒီညီငယ်ဟာ ကျနော်နဲ့ဒီနိုင်ငံကို အတူေ၇ာက်ခဲ့ကြတာပေါ့ ..အလုပ်နေရာဒေသတွေ ကွဲပြားတာကြောင့် တစ်ယောက်နဲ့တစ်ယောက်တွေ့ ဖို့ကဝေးလှပါတယ်..ပိတ်ရက်ရှည်တွေကြမှသာ သူနေတဲ့နေရာကနေ ကျနော်ရှိတဲ့ဆီကို အလည်လာပါတယ်။ေ၇ှးဟောင်းနောက်ပြစ်တွေပြောအလုပ်အကြောင်းတွေပြောကြသောက်
ကြစားကြပေါ့...အဲဒီမှာသူ့ ဆီမကြာခဏဆိုသလို ဖုံးလာနေပါတယ်...ဘယ်သူလဲဆိုတော့မှ သူ့
ကောင်မလေး လို့ပြောပါတယ်..သူ့ကိုစိတ်မချလို့ ခဏခဏဆက်ပါတယ်တဲ့ ဟိုကမဆက်ရင်လဲ
သူကဆက်ပါတယ်...သဲသဲလှုပ်ချစ်ကြတာပေါ့ အော်လူငယ်တွေ အချစ်လေ...
ဒီလိုနဲ့ နှစ်တွေတနှစ်ပြီးတနှစ်ပြီးလို့ အခုကျနော်တို့အတွက် အပြီးသတ်ပေးမယ့် နှစ်တနှစ်ရောက်  လာခဲ့ ပြန်ပြီလေ..အိမ်ပြန်ခရီး ကိုဒီညီငယ်နဲ့ အတူပြန်ဖို့
စီစဉ်ထားကြပါတယ်..အပြန်ခရီးမှာ နိုင်ငံတစ်ခုကိုလည်းဝင်လည်မယ်လို့ စီစဉ်ထားကြတယ်။
သူ၇ဲ့အပျော်က ဒီတစ်ခုတည်းမကဘူးဗျ..သူမြန်မာပြည်ပြန်ရင် သူ့ကောင်မလေးလဲပြန်လာပြီး
သူတို့ လက်ထပ်ကြမှာဖြစ်ကြောင်း မင်္ဂလာဆောင်ကို ခမ်းခမ်းနားနား လုပ်မှာလို့လဲပြောပါတယ်
ဒီလိုနဲ့ ကျနော်တို့ဟာအိမ်ပြန်ဖို့ ၇က်ကို လက်ချိုးေ၇လို့ အပျော်တွေကိုယ်စီပေါ့

လူ့ ဘ၀မှာ အကောင်းဆုံးကိုဖြစ်ချင်ပေမယ့် အဆိုးဆုံးတွေလဲဖြစ်ချင် ဖြစ်တတ်ပါတယ်။
မျှော်လင့်သလို ဖြစ်မလာတာတွေကလည်း ဖြစ်တတ်စမြဲပါ...ကံတရားအလှည့်အပြောင်းကိုမည်
သူကမှမမြင်နိုင်ပါဘူး..တစ်နေ့ မနက်အစောကြီး ကျနော့် ဆီဖုန်းဝင်လာပါတယ် ဘယ်သူ့ဖုံးလဲ
ကြည့်လိုက်တော့ ညီငယ်ဆက်တာပါ..အသံတွေကတုန်လို့ ဘာဖြစ်လဲ လို့မေးတော့ ကျနော်
ဘာဆက်လုပ်ရမလဲတဲ့ အရင်းမရှိအဖျားမရှိ..ဘာဖြစ်လဲဆိုတော့ သူ့ချစ်သူ ဆုံးသွားပြီ ဆိုတဲ့အ
ကြောင်းပြောလာပါတယ်..ဘယ်လိုဖြစ်ရတာလဲမေးတော့ နှလုံးရောဂါ အခံနဲ့ဆုံးသွားတာပါတဲ့
ဆုံးသွားတာရက်အတန်ကြာမှ သူ့ဆီကို အကြောင်းကြားလာတာပါ..
သူမပြောနဲ့ ကျနော်တောင်
ဘယ်လို ဖြစ်သွားမှန်းမသိတော့ဘူး..သူ့ကိုအားပေးစကားပြော ပြောသာပြောရတယ် သူ့စိတ်ကို
ဘယ်လို အားပေးရမလဲ..သူ၇ဲ့ စိတ်ကူး သူ့၇ဲ့ကမ္ဘာ ဟာပျက်စီးခဲ့ပြီလေ...သူ့အလုပ်ခွင်ဟာလဲအ
န္တရယ်ရှိတဲ့ အလုပ်ဖြစ်နေတော့ ၃ရက်လောက်အလုပ်ခဏနားပြီး စိတ်ပြေလက်ပျောက်နားနေဖို့
တိုက်တွန်းရပါတယ်။ နိုင်ငံခြားသားအလုပ်သမားတွေအပေါ် လူမှုေ၇းခေါင်းပါး လွန်းတဲ့ ကကြီး
တွေကြောင့် သူဟာအလုပ်နားရက်မှာ ပြဿနာဟာ စတော့တာပါဘဲ။ ကကြီးသားတွေနဲ့
အဆင်ပြေစွာနေတတ်တဲ့ သူဟာ ကကြီးတွေကို စိတ်နာတဲ့အထိ ဖြစ်ခဲ့ပါတော့တယ်။ မကြာခင်
သူပြန်တော့မယ်ဆိုတဲ့ အကြောင်းကျနော့်ကိုပြောလာပါတယ်....ဘယ်လိုမှတားမရ တော်ကြာ
တစ်ခုခုဖြစ်မှာစိုးရိမ်လို့ ပြန်ချင်ရင်လဲပြန်တော့လို့ပေါ့လေ..
သူမပြန်ခင် ကျနော်ဆီကိုလာပါတယ်
ကျနော့်အခန်းမှာရှိတဲ့ ညက သူနဲ့အတူသောက်နေရင်း ပြတင်းပေါက်ကနေ လိပ်ပြာအ၀ါေ၇ာင်
လေး က၀င်လာပြီးသူ့နားမှာ ၀ဲနေတာကိုကျနော်သတိထားလိုက်မိတယ်။ အရင်ကဒီလိုလာမှမ
လာတာလေ...တိုက်ဆိုင်တာပဲပြောရမလား မမြင်နိုင်တဲ့ အပ လောကကို ဘယ်လိုသိနိုင်မလဲ
သူပြောတာက အကိုေ၇ ဒီလိပ်ပြာက ဒီလိုလာတတ်သလားတဲ့ သူစိတ်မကောင်းဖြစ်မှာစိုးလို့
ခဏခဏလာတယ်လို့ပြောလိုက်ပါတယ်။ အခုတော့ဒီညီငယ်ဟာ မြန်မာပြည်ကိုပြန်သွားခဲ့ပါပြီ။
သူေ၇ာက်တာနဲ့ သူ့ ချစ်သူ၇ဲ့ အုတ်ဂူဆီကို သွားမယ်လို့လဲပြောခဲ့ပါတယ်။ သူမပြန်ခင်
သူ့ချစ်သူ ဆုံးပြီးရက်အတန်ကြာမှ သူ့ဆီကိုအကြောင်းကြားတဲ့ စာကိုကျနော့် ကိုပြပါတယ်
စာထဲ မှာေ၇းထားတဲ့ အကြောင်းအရာတွေ ထဲကမှ စိတ်မကောင်းဖြစ်ရတဲ့ စာကြောင်းတစ်ခုက

“she love you so much and she fly to beside you ” လို့ေ၇းထားတဲ့စာကြောင်းလေးပါ။

ခွဲခွာခြင်းဆိုတာ အချိန်မရွေး ၇ှိတတ်ပေမယ့် အချိန်ကာလအပိုင်းအခြားနဲ့ နေရာဒေသတွေ
ကွာလို့ ချစ်ခြင်းတရားတွေရှင်သန်ကျင်လည်နေတဲ့ ကမ္ဘာလောကကြီးမှာ ကာလတွေဟာ
တိုးတောင်းလှပါတယ်..အသက်ရှင်နေထိုင်ရတဲ့ ခဏတာအချိန်တွေမှာ တစ်ယောက်နဲ့တစ်
ယောက်တစ်ဦးနဲ့တစ်ဦး အပြစ်မမြင်ဘဲချစ်ခင်နိုင်ကြပါစေ။
ချစ်သူတိုင်းညားကြပါစေလို့   
               




































Tuesday, 26 June 2012

6 2 5


 ၆ လပိုင်း၂၅ရက်နေ့ဟာဖြင့်တောင်ကိုရီးယားနိုင်ငံ၇ဲ. တောင်မြောက်စစ်ပွဲကြီး ပြီးဆုံးခဲ့တာ
၆၂နှစ်ပြည့်ခဲ့ တဲ့နေ့တစ်နေ့ ဖြစ်ပါတယ်။
ဒီနေ့ကို ဆိုလ်းမြို.၇ဲ့ ကာကွယ်ေ၇းဝန်ကြီးဋ္ဌာနေ၇ှ့က စစ်သမိုင်းပြတိုက်နေရာမှာ ခန်းနားစွာ 
ကျင်းပခဲ့ပါတယ်....၂၃ရက်နေ့ ညနေပိုင်းတည်းကစလို့ စည်းကားစွာ၇ှိလှပါတယ်။
ဆိုလ်းမြို.၇ဲ့ မြိုတော်ခန်းမနားမှာ စစ်ချီသီချင်းတွေနဲ့ သီဆိုကြ သရုပ်ပြအဖွဲ့တွေနဲ့ သူတို့ နိုင်ငံ၇ဲ့
အထိမ်းအမှတ်နေ့ကို စစ်မှုထမ်းဟောင်းတွေပါလာေ၇ာက်ဆင်နွဲကြပါတယ်။
နှစ်ပေါင်း ၆၀ကျော်မှာတောင်ကိုရီးနိုင်ငံဟာ လွန်စွာတိုးတက်လာတယ်... ဒါတွေကအတုယူစရာ ပါ........

                                     
  စစ်သမိုင်းပြတိုက်ေ၇ှ့



                                     



မဟာမိတ်တွေကိုဖေါ်ပြသည်


                                    
ကာကွယ်ေ၇းဝန်ကြီးဋ္ဌာန ဆိုလ်းမြို.




























                                   သူတို့ နိုင်ငံတော်အလံအား လေးစားကြသည်






                                
နိုင်ငံတော်ကာကွယ်ေ၇းအရန်အင်အားများ       










Monday, 4 June 2012

နာမီကျွန်းသို့အလည်တစ်ခေါက်

        ကိုရီးယားမှာနာမည်ကြီးတဲ့ နေရာတွေထဲမှာတစ်ခုဖြစ်တဲ့ နာမီကျွန်း(သစ်ရွက်ပုံစံ)ရှိတဲ့ ကျွန်း

ကလေးကို အလည်တစ်ခေါက်ေ၇ာက်ခဲ့ပါတယ်...ဒီနေရာကိုသွားဖို့အရင်ကအကြောင်းမသင့်လို့

မသွားဖြစ်ပေမယ့် အခုကျတော့လည်းမရည်ရွှယ်ဘဲေ၇ာက်ခဲ့ပြန်ပါတယ်....

ဒီကျွန်းလေးကဘာလို့နာမည်ကျော်ခဲ့တာလဲဆိုတော့ မြန်မာပြည်မှာနာမည်ကြီးနေတဲ့ ကိုရီးယား

အချစ်ဇတ်လမ်းတွေကို ဒီကျွန်းပေါ်မှာရိုက်ခဲ့လို့ ဆိုရင်လဲမမှားဘူးဆိုရပါမယ်။ သက်တမ်းရင့်အပင်

ကြီးတွေကို လှပစွာစိုက်ပျိုးထားတာတွေ လူတွေအပန်းဖြေဖို့ စိတ်ကူးဆန်းဆန်းလေးတွေနဲ့စီမံ

ထားတာတွေကလဲ လာေ၇ာက်သူတွေစိတ်နှလုံးကိုကြည်နူးစေပါတယ်။

ကိုရီးယားနိုင်ငံတွင်းမှာဆိုပေမယ့် တရုတ်အလံနဲ့ ကကြီးအလံလွှင့်တင်ထားပြီးမသိရင်အခြားနိုင်

ငံပိုင်နက်ထဲသွားရ သလိုထင်မှတ်ရမှာပါ.. NAMINARA REPUBLIC လို့ခေါ်ပြီးကျွန်းကိုဝင်ဖို့

ENTRA VISA FEE က၀မ် ၈၀၀၀ ပေးရပါတယ်...သင်္ဘောစီးခလို့လဲခေါ်လို့ရပါတယ်။ နိုင်ငံခြား

သားကဒ်တွေလဲစစ်မနေပါဘူး လက်မှတ်ဝယ်ရတာအဆင်ပြေပါတယ်။

ဒီနေရာကိုသွားဖို့ အလွယ်ဆုံးလမ်းလို့ပြောရရင် ဆိုလ်း ယုံဆန်ဘူတာကနေ ITXဆိုတဲ့ ရထားကို

မနက်၇နာရီ၂၀ စထွက်ပါတယ်...အဲဒါကိုစီးပြီး အချိန်တစ်နာရီသာသာမှာ GAPYEONG ဘူတာကို
ေ၇ာက်မှာပါ..အဲဒီဘူတာကနေ တက္ကဆီစီးရင် ကျွန်းကိုသွားမယ့် သင်္ဘောဆိပ်ကိုဝမ် ၃၀၀၀မျှ

သာပေးရပါတယ်..လမ်းလျှောက်ရင်လဲ ရပါတယ်နာရီဝက်သာသာလျှောက်ရင်ေ၇ာက်ပါတယ် ။

ဘတ်စ်ကားတွေလဲဆွဲပေးပါတယ်။ သင်္ဘောနဲ့ ကူးပြီးရင်တော့ နာမီဆွန် ကိုေ၇ာက်ပါပြီ။

မိတ်ဆွေတွေသွားလိုရင်တော့ www.Namisum.com မှာအသေးစိတ်သွားကြည့်နိုင်ပါတယ်။

ကျွန်းပေါ်မှာအိပ်ရင်တော့ ၄ေ၇ာက်ခန်းကို ၀မ်၁သိန်းနဲ့ ၁သိန်းခွဲကြားပေးရမှာပါ..  

ကြားရက်တွေသာ အခန်းရမှာဖြစ်ပြီး ပိတ်ရက်တွေအားလုံး၇လပိုင်းထိဘိုကင်ပြည့်နေပါပြီ။

သာယာလှပပြီးအပန်းဖြေဖို့ ကောင်းတဲ့နေရာလေးတစ်ခုကိုသွားလည်ကြပါအုံး။


                                                သာယာတဲ့လမ်းတွေ


                                           


                                          ထူးခြားတဲ့ နို့တိုက်ရုပ်





လှပတဲ့ အပင်တွေ










                                            အ၀င်ဂိတ်

 
သင်္ဘောနဲ့ကူးပါတယ်


အပျော်စီးဘဲလှေတွေ

                                               
                                           


                                                လွပ်လတ်စွာလွှတ်ထားတဲ့ဒေါင်းပျို


အမှတ်တရနေ့လည်စာ


                        ချစ်သူနှစ်ဦးပထမဆုံးအနမ်းပေးတဲ့နေရာတဲ့            


အခုလိုကျွန်းကိုကူးလို့ရပါတယ် ၀မ်၃၈၀၀၀ပေးရမယ်


   ဒီဇာတ်ကား ဒီနေရာမှာရိုက်ပါတယ်






                                             

အမေ့မေတ္တာ


                                     ရာသီအလိုက်မှတ်တမ်း


                               

                       နာရီဝက်ကိုဝမ် ၁သောင်းငှားစီးလို.ရသည်

Related Posts Plugin for WordPress, Blogger...