Thursday 5 July 2012

ချစ်သူတိုင်းညားကြပါစေ










အချစ်အကြောင်း ဟုတ်တိပတိေ၇းမယ်လို့ စိတ်ထဲမရှိခဲ့ပါဘူး....တွေ့နေမြင်နေ ဖြတ်သန်းရတဲ့
လူ့လောက မှာ လူတွေဟာ အချစ်နဲ့ကင်းနိုင်၇ဲ့လားလို့ မေးမယ်ဆိုရင် တချို.ကလည်း ကင်းကင်း ရှင်းရှင်းနေတာကောင်းပါတယ်လို့ ဆိုကြတယ်...အများအားဖြင့် မကင်းနိုင်ကြဘူးလေ။
ကင်းကင်းရှင်းရှင်းနေပါတယ်ဆိုတဲ့ သူတွေလည်း အချစ်ကြောင့် တစ်ခုခုအကြောင်းအရာတွေ
ဆင့်ပွားဖြစ်ခဲ့ ခံစားခဲ့ရလို့....ဘ၀တွေပျက်ခဲ့တဲ့ထိ ဖြစ်ခဲ့ကြလို့ ကင်းရှင်းချင်တာနေမှာပါ။
အချိန်အခါတွေ ပြောင်းလည်းလာတဲ့ လူ့လောက ယဉ်ကျေးမှု ခတ်မှီလာတဲ့ နေထိုင်မှုတွေ
ကြောင့် တနည်းအားဖြင့်ပြောရရင် စီပွားေ၇း..ကြီးပွားေ၇းတွေကြောင့်လည်း အချစ်ဟာရှေ.
တန်းတင်တဲ့အရာတစ်ခု မဟုတ်တော့ဘူး ဆိုတာ ထွန်းကားလာခဲ့ပြန်ပြီလေ။
တူနှစ်ကိုယ် တဲအိုပျက်မှာနေရနေရ ထမင်းေ၇ ပူကိုသောက်ရဆိုတဲ့ သီချင်းစာသား.....
ချစ်တာချစ်တာပဓာန လို့ဆိုချင်ပါတယ် မောင်ေ၇.....သီချင်းထဲမှာသာကျန်ခဲ့တော့တာပါ။
ခတ်ပေါ်တွေခတ်လွန်တွေ မျက်မှောက်ကာလမှာတော့ ရည်းစားစာပေး...ချစ်ခွင့်ပန်လို့....
သုံးနှစ်သုံးမိုးဆိုတာမျိုးတွေ မရှိသလောက်ဆိုပေမယ့် အချို.ချစ်သူတွေမှာလည်း အချစ်ကို
ဦးစားပေးလို.တစ်နေ့မမြင်တစ်လထင်...အသည်းပေါက်မတတ်ချစ်ကြသူတွေ လည်းရှိကြတယ်။

ဒီလိုအချစ်တွေအမျိုးမျိုးရှိ တဲ့ ကြားကမှ ကျနော့် နဲ့ညီအကိုပမာ ခင်မင်တဲ့ညီငယ်တစ်ယောက်၇ဲ့ အချစ်ကလည်းထူးဆန်းလွန်းတယ်ပြောရမလား...ကြေကွဲစရာလေလား...ဒီညီငယ်ဟာ ကျနော်နဲ့ဒီနိုင်ငံကို အတူေ၇ာက်ခဲ့ကြတာပေါ့ ..အလုပ်နေရာဒေသတွေ ကွဲပြားတာကြောင့် တစ်ယောက်နဲ့တစ်ယောက်တွေ့ ဖို့ကဝေးလှပါတယ်..ပိတ်ရက်ရှည်တွေကြမှသာ သူနေတဲ့နေရာကနေ ကျနော်ရှိတဲ့ဆီကို အလည်လာပါတယ်။ေ၇ှးဟောင်းနောက်ပြစ်တွေပြောအလုပ်အကြောင်းတွေပြောကြသောက်
ကြစားကြပေါ့...အဲဒီမှာသူ့ ဆီမကြာခဏဆိုသလို ဖုံးလာနေပါတယ်...ဘယ်သူလဲဆိုတော့မှ သူ့
ကောင်မလေး လို့ပြောပါတယ်..သူ့ကိုစိတ်မချလို့ ခဏခဏဆက်ပါတယ်တဲ့ ဟိုကမဆက်ရင်လဲ
သူကဆက်ပါတယ်...သဲသဲလှုပ်ချစ်ကြတာပေါ့ အော်လူငယ်တွေ အချစ်လေ...
ဒီလိုနဲ့ နှစ်တွေတနှစ်ပြီးတနှစ်ပြီးလို့ အခုကျနော်တို့အတွက် အပြီးသတ်ပေးမယ့် နှစ်တနှစ်ရောက်  လာခဲ့ ပြန်ပြီလေ..အိမ်ပြန်ခရီး ကိုဒီညီငယ်နဲ့ အတူပြန်ဖို့
စီစဉ်ထားကြပါတယ်..အပြန်ခရီးမှာ နိုင်ငံတစ်ခုကိုလည်းဝင်လည်မယ်လို့ စီစဉ်ထားကြတယ်။
သူ၇ဲ့အပျော်က ဒီတစ်ခုတည်းမကဘူးဗျ..သူမြန်မာပြည်ပြန်ရင် သူ့ကောင်မလေးလဲပြန်လာပြီး
သူတို့ လက်ထပ်ကြမှာဖြစ်ကြောင်း မင်္ဂလာဆောင်ကို ခမ်းခမ်းနားနား လုပ်မှာလို့လဲပြောပါတယ်
ဒီလိုနဲ့ ကျနော်တို့ဟာအိမ်ပြန်ဖို့ ၇က်ကို လက်ချိုးေ၇လို့ အပျော်တွေကိုယ်စီပေါ့

လူ့ ဘ၀မှာ အကောင်းဆုံးကိုဖြစ်ချင်ပေမယ့် အဆိုးဆုံးတွေလဲဖြစ်ချင် ဖြစ်တတ်ပါတယ်။
မျှော်လင့်သလို ဖြစ်မလာတာတွေကလည်း ဖြစ်တတ်စမြဲပါ...ကံတရားအလှည့်အပြောင်းကိုမည်
သူကမှမမြင်နိုင်ပါဘူး..တစ်နေ့ မနက်အစောကြီး ကျနော့် ဆီဖုန်းဝင်လာပါတယ် ဘယ်သူ့ဖုံးလဲ
ကြည့်လိုက်တော့ ညီငယ်ဆက်တာပါ..အသံတွေကတုန်လို့ ဘာဖြစ်လဲ လို့မေးတော့ ကျနော်
ဘာဆက်လုပ်ရမလဲတဲ့ အရင်းမရှိအဖျားမရှိ..ဘာဖြစ်လဲဆိုတော့ သူ့ချစ်သူ ဆုံးသွားပြီ ဆိုတဲ့အ
ကြောင်းပြောလာပါတယ်..ဘယ်လိုဖြစ်ရတာလဲမေးတော့ နှလုံးရောဂါ အခံနဲ့ဆုံးသွားတာပါတဲ့
ဆုံးသွားတာရက်အတန်ကြာမှ သူ့ဆီကို အကြောင်းကြားလာတာပါ..
သူမပြောနဲ့ ကျနော်တောင်
ဘယ်လို ဖြစ်သွားမှန်းမသိတော့ဘူး..သူ့ကိုအားပေးစကားပြော ပြောသာပြောရတယ် သူ့စိတ်ကို
ဘယ်လို အားပေးရမလဲ..သူ၇ဲ့ စိတ်ကူး သူ့၇ဲ့ကမ္ဘာ ဟာပျက်စီးခဲ့ပြီလေ...သူ့အလုပ်ခွင်ဟာလဲအ
န္တရယ်ရှိတဲ့ အလုပ်ဖြစ်နေတော့ ၃ရက်လောက်အလုပ်ခဏနားပြီး စိတ်ပြေလက်ပျောက်နားနေဖို့
တိုက်တွန်းရပါတယ်။ နိုင်ငံခြားသားအလုပ်သမားတွေအပေါ် လူမှုေ၇းခေါင်းပါး လွန်းတဲ့ ကကြီး
တွေကြောင့် သူဟာအလုပ်နားရက်မှာ ပြဿနာဟာ စတော့တာပါဘဲ။ ကကြီးသားတွေနဲ့
အဆင်ပြေစွာနေတတ်တဲ့ သူဟာ ကကြီးတွေကို စိတ်နာတဲ့အထိ ဖြစ်ခဲ့ပါတော့တယ်။ မကြာခင်
သူပြန်တော့မယ်ဆိုတဲ့ အကြောင်းကျနော့်ကိုပြောလာပါတယ်....ဘယ်လိုမှတားမရ တော်ကြာ
တစ်ခုခုဖြစ်မှာစိုးရိမ်လို့ ပြန်ချင်ရင်လဲပြန်တော့လို့ပေါ့လေ..
သူမပြန်ခင် ကျနော်ဆီကိုလာပါတယ်
ကျနော့်အခန်းမှာရှိတဲ့ ညက သူနဲ့အတူသောက်နေရင်း ပြတင်းပေါက်ကနေ လိပ်ပြာအ၀ါေ၇ာင်
လေး က၀င်လာပြီးသူ့နားမှာ ၀ဲနေတာကိုကျနော်သတိထားလိုက်မိတယ်။ အရင်ကဒီလိုလာမှမ
လာတာလေ...တိုက်ဆိုင်တာပဲပြောရမလား မမြင်နိုင်တဲ့ အပ လောကကို ဘယ်လိုသိနိုင်မလဲ
သူပြောတာက အကိုေ၇ ဒီလိပ်ပြာက ဒီလိုလာတတ်သလားတဲ့ သူစိတ်မကောင်းဖြစ်မှာစိုးလို့
ခဏခဏလာတယ်လို့ပြောလိုက်ပါတယ်။ အခုတော့ဒီညီငယ်ဟာ မြန်မာပြည်ကိုပြန်သွားခဲ့ပါပြီ။
သူေ၇ာက်တာနဲ့ သူ့ ချစ်သူ၇ဲ့ အုတ်ဂူဆီကို သွားမယ်လို့လဲပြောခဲ့ပါတယ်။ သူမပြန်ခင်
သူ့ချစ်သူ ဆုံးပြီးရက်အတန်ကြာမှ သူ့ဆီကိုအကြောင်းကြားတဲ့ စာကိုကျနော့် ကိုပြပါတယ်
စာထဲ မှာေ၇းထားတဲ့ အကြောင်းအရာတွေ ထဲကမှ စိတ်မကောင်းဖြစ်ရတဲ့ စာကြောင်းတစ်ခုက

“she love you so much and she fly to beside you ” လို့ေ၇းထားတဲ့စာကြောင်းလေးပါ။

ခွဲခွာခြင်းဆိုတာ အချိန်မရွေး ၇ှိတတ်ပေမယ့် အချိန်ကာလအပိုင်းအခြားနဲ့ နေရာဒေသတွေ
ကွာလို့ ချစ်ခြင်းတရားတွေရှင်သန်ကျင်လည်နေတဲ့ ကမ္ဘာလောကကြီးမှာ ကာလတွေဟာ
တိုးတောင်းလှပါတယ်..အသက်ရှင်နေထိုင်ရတဲ့ ခဏတာအချိန်တွေမှာ တစ်ယောက်နဲ့တစ်
ယောက်တစ်ဦးနဲ့တစ်ဦး အပြစ်မမြင်ဘဲချစ်ခင်နိုင်ကြပါစေ။
ချစ်သူတိုင်းညားကြပါစေလို့   
               




































15 comments:

  1. ဖတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်
    ချစ်သူတိုင်းညာကြားကြပါစေလို့သာ ဆန္ဒပြုခဲ့ပါတယ်ရှင်

    ReplyDelete
    Replies
    1. ကျနော် မေ၇းချင်ဘူးဗျာဒီအကြောင်းလေးကို
      ဒါပေမယ့်ေ၇းလိုက်မိတယ်....
      ကျေးဇူးတင်တယ်စပါယ်ချို

      Delete
  2. စိတ်မကောင်းဖူး ဗျာ
    ကိုယ်တိုင်လဲ မခံစားနိုင်လောက်ဖူး
    အားတင်ထားပါလို့လဲ မပြောရက်ဖူး

    ReplyDelete
    Replies
    1. ဟုတ်ပါတယ် တူမကြီး
      ဒီကောင်လေးေ၇ှ့မှာ အခြားအကြောင်းကို
      လွှဲပြောပြီးသူ့စိတ်ကို ပြေဖို့ ကြိုးစားခဲ့တယ်။

      Delete
  3. ချစ်သူတိုင်းလဲညားကြပါစေ ညားသူတိုင်းလဲချစ်ကြပါစေ.
    မကွဲမကွာထာဝရချစ်ခင်နိုင်ကြပါစေ


    ဖတ်လိုက်ရတာစိတ်မကောင်းဘုး ကိုကြီး

    ညီမငယ် စိန်ဂျာရစ်

    ReplyDelete
    Replies
    1. ကျေးဇူးပါညီမ စိန်ဂျာရစ်ေ၇

      Delete
  4. :( ချစ်တဲ့သူတိုင်း ညားစေချင်ပါတယ်အကို...

    ReplyDelete
    Replies
    1. ညီမပြောတာ မှန်ပါတယ်ကွယ်

      ကျေးဇူးတင်တယ် အငယ်လှိုင်

      Delete
  5. အချိန်က ကုစားသွားပါလိမ့်မယ်၊ စာနာတယ်၊ တရားနဲ့သာဖြေပါ

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ ..အချိန်အတိုင်းအတာနဲ့ ကုစားရမှာပါ
      တရားသဘောနဲ့ဖြေဖို့ကအကောင်းဆုံးပါဘဲ
      ကျေးဇူးပါဗျာ

      Delete
  6. ခံစားတတ်တဲ့ အခံရှိလို့ လားမသိဘူး..
    သူ့ ချစ်သူ ရေးထားတဲ့ စာလေးဖတ်ပြီး စိတ်ထဲ တော်တော် ထိခိုက်သွားတယ်...
    ဟုတ်ပါတယ်ရှင်.. ချစ်တဲ့ သူတွေတိုင်းကို ဘယ်လိုနည်းနဲ့ မှ မကွဲစေချင်ပါဘူး....
    ရှင်ကွဲမကွဲဖို့ ကြိုးစားနိုင်ပေမဲ့ သေကွဲကျတော့ ဘယ်သူမှ မလွန်ဆန်နိုင်ဘူးမလား...
    ခွဲခွာချိန် ဆိုတာ အင်မတန် ပူလောင်လွန်းလှပါတယ်...
    အချိန်ဆိုတာ ကုထုံးတစ်မျိုးဆိုပေမဲ့ ကုစားပေးနိုင်တဲ့ အချိန်တစ်ချိန်ထိရောက်ဖို့ က ဘယ်သောဘယ်ဝယ် ဆီသို့ ဆိုသလိုမျိုးပါရှင်...

    ReplyDelete
    Replies
    1. ပြောတာတွေအားလုံးမှန်ပါတယ်
      ကျေးဇူးတင်ပါတယ်။

      Delete
  7. Very sorry for the sad story.

    ReplyDelete
  8. fly to be with you,,
    oh--o
    so sad,,
    Anne

    ReplyDelete
  9. မှန်တယ် ချစ်တဲ့သူတိုင်းညားသင့်တယ်

    ReplyDelete

Related Posts Plugin for WordPress, Blogger...