ပြီးခဲ့တဲ့အပါတ်က ကျနော်စာဖတ်ပရိတ်သတ်တစ်ဦးကကိုရီးယားမှာနေရတာဘယ်လိုရှိသလဲတဲ့
နောက်ပြီးတော့ ငွေဘယ်လောက်ရလဲ..သူလဲလာဖို့လုပ်နေတာ..စာမေးပွဲလည်းအောင်ပြီ....
ကောလင်းကိုစောင့်နေပါတယ်တဲ့...အဲဒီတော့ကျနော်လဲသူ့ကို ဒီမှာနေရစားရကြုံရတာတွေ
မတူညီတဲ့စရိုက်ရှိတဲ့ သူတွေနဲ့အဆင်ပြေစွာနေနိုင်ေ၇းကစလို့ အသေးစိတ်တွေကို သူ့ကိုရှင်းပြ
ရပါတယ်...အဲဒီတော့မှသူက..အကို တို့ဆီကဒီလိုကိုးတဲ့ ကျနော်ကသူများတွေအပြောအ၇ကိုရီး
ယားကိုေ၇ာက်ရင်ဆိုလ်းမြို့ မှာအလုပ်လုပ်နေရမယ်ထင်တာပါတဲ့ ကဲမခက်ဘူးလားခင်ဗျာ။
ဒါကြောင့် မသိသူတွေသိရအောင်ကျနော်ဒီပိုစ့် ကိုေ၇းလိုက်ပါတယ်။ အဆင်ပြေသူတွေနဲ့မပြေ
သူတွေကြားမှာလွပ်လတ်စွာကွဲပြားနိုင်ပါတယ်။
ကိုရီးယား ကိုအလုပ်လုပ်ဖို့ေ၇ာက်တာနဲ့ သက်ဆိုင်ရာအလုပ်ရှင်တွေကသင်တန်းကျောင်းကနေ
လာေ၇ာက်ခေါ်သွားပြီးမိမိတို့အလုပ်လုပ်ရမယ့်နေရာမှာနေထိုင်ကြရတာများပါတယ်။စက်ရုံမှာဘဲ
အခန်းဖွဲ့လို့နေရသလိုအပြင်မှာအခန်းငှားပေးပြီးနေရတာလည်းရှိကြပါတယ်။ သဘောကောင်းတဲ့
အလုပ်ရှင်နဲ့တွေ့ရင်တော့ အဆောင်ခေ၇ဖိုးမီးဖိုးမနုတ်ပါဘူး။စိတ်မကောင်းတဲ့သူဋ္ဌေးနဲ့တွေ့ရင်
တော့သောက်ဖို့ေ၇တောင်ဝယ်သောက်ရမှာဖြစ်သလို့ အချို.သောညီတော်မောင်တွေစက်ရုံမှာ
တော့ ၀ယ်ဖို့တောင်ဝေးကွာတဲ့အတွက် အနားကတောင်ကျချောင်းေ၇ကိုသွားေ၇ာက်သယ်ရတဲ့
အဖြစ်တွေလဲ၇ှိပါတယ်။ထမင်းစားဖို့အတွက်ကတော့ ၃နပ်လုံးကြွေးတဲ့စက်ရုံရှိသလို နေ့လည်စာ
တစ်နပ်သာကြွေးပြီးအိုဗာတိုင်လုပ်ရရင်တော့ထမင်းကြွေးတယ်ပေါ့ဗျာ...အချို.စက်ရုံတွေကလည်း
ထမင်းမကြွေးဘဲထမင်းဖိုးတစ်လကိုဥပမာ ၀မ်တသိန်းခွဲ၊၂သိန်းစသည်ဖြင့်ပေးပါတယ်။များတယ်
မထင်ပါနဲ့အလောတော်ပါဘဲ။
ကို၇ီးယားမှာဒေသတွေကိုခရိုင်တွေအဖြစ်ခွဲထားပြီး ဂယောင်ဂီခရိုင်၊ချွန်ချောင်းတောင်/မြောက်၊
ဂျော်န်လာတောင်မြောက်၊ဂယာင်ဆန်းတောင်/မြောက်၊ဒါ့အပြင်မြောက်ကိုရီးယားပိုင်နက်ထဲ
အချို့ေ၇ာက်နေတဲ့ဂါဝန်းခရိုင်၊နောက်...ဂျဲဂျူးကျွန်းဆိုပြီးရှိပါတယ်။ လာတုန်းကအတူတူဖြစ်ပေ
မယ့် ဒီလည်းေ၇ာက်ကော တစ်ယောက်နဲ့တစ်ယောက်နေရာဒေသတွေကွာဝေးပြီးကျရာဒေသ
မှာအလုပ်လုပ်ကြရမှာပါ။မြန်မာပြည်မှာလိုပြောရရင်တော့ရန်ကုန်၊မန္တလေး၊မြစ်ကြီးနား၊မြိတ်၊
ဘားအံ၊စစ်တွေလိုဒေသတွေကွာပါတယ်။အချို.လဲအပေါင်းအဖေါ်တွေနဲ့အတူအလုပ်လုပ်ရသလို
အချို.လဲဝေးကွာလွန်းတဲ့ဒေသတွေမှာ တစ်ဦးတည်းသာအဖေါ်မရှိဘဲလုပ်နေကြရတာလည်းရှိ
ပါတယ်။ “အလုပ်တော့အဆင်ပြေပါတယ်ဗျာ...အဖေါ်မရှိလို့ပြောင်းချင်တာပါတဲ့”ဒီလိုမျိုးတွေ
လည်းကြုံရပါတယ်။
တစ်ခုပြောချင်တာက လာဖို့လုပ်တာလဲကြာပြီမို့လာချင်လွန်းလို့ အလုပ်မရွေးဘဲဖြစ်ချင်တာဖြစ်
ေ၇ာက်ရင်ပြီးေ၇ာမတွက်ကြဖို့ပါ...အခုဆိုေ၇လုပ်ငန်းနဲ့ စိုက်ပျိုးေ၇းအတွက်မြန်မာတွေကိုမခေါ်
ဖို့ညွှန်ကြားထားတာကိုလည်းသိရပါတယ်။ဒီလုပ်ငန်းတွေဟာအဆင်မပြေသူများပါတယ်။မလုပ်
နိုင်လို့ထွက်ပြေးတဲ့သူတွေလည်းများပါတယ်။အလုပ်ပြောင်းရင်လည်းကုန်ထုတ်လုပ်ငန်းတွေကို
ပြောင်းလို့မရသလိုဒီလုပ်ငန်းတွေမှာသာနေရာပြောင်းလို့သာရပါတယ်။မနက်ကို ၄နာရီလောက်
ထပြီးသင်္ဘောပေါ်မှာငါးဖမ်းပိုက်ချ၊အလုပ်ချိန်အတည်တကျမရှိဘူးပေါ့။စိုက်ပျိုးေ၇းဆိုလည်းတစ်
နေကုန်စိုက်ကွင်းထဲမှာေ၇လောင်းပေါင်းသင်၊အသီးခူး၊အရွက်ဖြတ်စသည်ဖြင့်ပေါ့။အချို.ဆိုရင်အ
လုပ်ရှင်က သီနှံရာသီပေါ်မှလစာပေးမယ်ဆိုလို့ ပြဿနာတွေဖြစ် ငွေလိုချင်လို့လာလုပ်ပါတယ်
အကြွေးနဲ့ တိုးနေပါလား။
အကြောင်းသင့်လို့ပြောရရင်တော့ပြီးခဲ့တဲ့နှစ်က မြန်မာအလုပ်သမားနှစ်ဦးပေါ့စိုက်ပျိုးေ၇းကနေ
သူဋ္ဌေးကိုမလုပ်ချင်လို့ထွက်ဖို့ပေါ့ပြောပါတယ်...ထွက်မရတော့နောက်ဆုံးအကြံကပြေးဖို့ပေါ့ဗျာ
သူတို့ဒေသကမြို.ကိုေ၇ာက်အောင်သွားဖို့အတော်ခက်ပါတယ်။ကားဂိတ်ကိုအချိန်မှီဖို့သူတို့စိုက်
ခင်ကနေဘယ်လိုပြေးသလဲဆိုတော့ ပိတ်ရက်မှာစိုက်ခင်းကားကိုယူမောင်းပြီး အိတ်တွေတင်လို့
ကားဂိတ်နဲ့အနီးဆုံးေ၇ာက်မှကားကိုထားပြီးပြေးကြတာပါ။အဲဒီမှာသူဋ္ဌေးကားခိုးပါတယ်ဆိုပြီးရဲ
ကိုတိုင်ပါလေရာဗျာ...သက်ဆိုင်ရာမြန်မာရုံးကိုသတင်းေ၇ာက်တော့မှအဲဒီအလုပ်သမားတွေ
ကိုတွေ့ပြီးဖြစ်ကြောင်းကုန်စင်ရှင်းပြတော့မှ ကိစ္စကပြီးပါတယ်။အဲဒီလူနှစ်ယောက်လည်းတစ်
ယောက်ကမြန်မာပြည်ပြန်သွားပြီးတစ်ယောက်ကတော့အခု အိုဘ၀ပေါ့ဗျာ။နောက်တစ်ဦးက
တော့ေ၇လုပ်ငန်းကသူတစ်ဦးပါ။အလုပ်ပင်ပန်းလို့မလုပ်နိုင်သူဋ္ဌေးကလဲနေတိုင်းဆဲဆိုတော့
သူ့ခမျာအတော်ကိုဒုက္ခေ၇ာက်ပါတယ်။ပြောင်းလို့ကလဲမရထွက်ပြေးဖို့ကလဲေ၇ပါတ်လည်ဝိုင်း
နေတော့ သူနဲ့အတူလုပ်တဲ့ကကြီးသားအဖိုးကြီးကသနားပြီး ထွက်ပြေးဖို့လှေနဲ့လိုက်ပို့တဖက်
ကမ်းေ၇ာက်တော့မှကားလက်မှတ်ဝယ်ပေးပြီးကားပေါ်ပါတင်ပေးလိုက်ပါသတဲ့။ ဒီထက်မက
ဖြစ်စဉ်တွေအများကြီးပါ။
အခုအခါကိုရီးယားကိုလာသူတွေကိုစက်ရုံတွေက ၃နှစ်စာချုပ်တာများပါတယ်။လစာမကောင်း
တဲ့စက်ရုံကျတဲ့သူတွေဟာတနှစ်စာချုပ်ပြည့်ရင်ထွက်ကြတာများလို့ပါ။သဘောကောင်းတဲ့အ
လုပ်ရှင်တွေကြတော့လဲ တနှစ်မပြည့်ဘဲထွက်ချင်တဲ့သူကိုအခြေနေအရပေးထွက်ပေးသလိုအ
ချို.လဲထွက်ဖို့အကြောင်းရှာရန်ဖြစ်ခါးနာစသည်ဖြင့်ထွက်လို့ရအောင်ကိုယ်နည်းကိုယ့်ဟန်နဲ့ကြိုး
စားသလိုကူညီပေးတဲ့အဖွဲ့တွေကလည်းအလုပ်ရှင်နဲ့အလုပ်သမားကြားမှာညှိုပေးတာတွေရှိပါတယ်
ကိုရီးယားမှာအလုပ်လာလုပ်ရင်တော့ သီးခံစိတ်လေးမွေးဖို့ကလည်းလိုအပ်ပါတယ်။ဘာသာစ
ကားအခက်အခဲနဲ့သူပြောတာနားမလည်ကိုယ်ပြောတာသူမသိအဆင်မပြေတာတွေလည်းရှိတယ်
အခုလာတဲ့သူအတော်များများဟာစာေ၇ာစကားပါအတော်သိတဲ့သူတွေများလို့ဝမ်းသာစရာပါ။
သို့သော်လည်းကိုရီးယားအတော်များများဟာနိုင်ငံခြားသာဆိုရင်နှိမ်ချင်စိတ်ရှိသူတွေဖြစ်လို့သူ
တို့ပြောတာတွေအကုန်သိတဲ့ မြန်မာကပြန်ပြောတော့မခံနိုင်ဖြစ်ပြီးထိုးပွဲတွေဖြစ်လက်လွန်ပြီး
ဆေးရုံေ၇ာက်အမှုဖြစ်ခံရတဲ့သူလျော်ကြေးပေးရစတာတွေ လည်းရှိပါတယ်။ခံရတဲ့သူပိုက်ဆံရ
တယ်ဆိုလို့များအားမကျလိုက်ပါနဲ့ ကိုယ်တွေခံရရင်မပြည့်အ၀မရှိပါဘူးသူတို့နိုင်ငံသားအတွက်
သာဘက်လိုက်ပါတယ်။တတ်နိုင်သလောက်သီးခံပေါ့ဗျာ။
အခုငွေဈေးငွေလဲနှုန်းအ၇ကိုရီးယားငွေဝမ်တစ်သိန်းလေးသောင်းကျော်ရှိမှမြန်မာငွေတစ်သိန်း
ဖြစ်ပါတယ်။ တစ်ခုပြောချင်တာကမြန်မာပြည်ကသူတွေကိုပါနေရာဒေသအလုပ်ပေါ်မူတည်ပြီး
လစာအရကွာပါတယ်...ကံပေါ့လို့ဆိုရမှာပေါ့...အလုပ်သက်သာပြီးတစ်လကို၁၅သိန်းအနည်းဆုံး
ရသူတွေရှိသလိုအလုပ်မကောင်းလို့တစ်လကို ၁၁သိန်း၁၂သိန်းလောက်နဲ့ရနေသူတွေလည်းရှိပါ
တယ်။လစာကောင်းတယ်ဆိုတာကအချိန်တိုလေးလုပ်နေရတာမဟုတ်ပါဘူးမနက်၈ခွဲကနေ၅ခွဲ
ကပုံမှန်ချိန်ဖြစ်ပြီးအချိန်ပိုကိုည၁၀နာရီ၁၂နာရီထိလုပ်မှလစာကောင်းရတာပါ။အလုပ်ပြီးအိပ်၊မ
နက်နိုးရင်အလုပ်ပေါ့။နေ့ဆိုင်းညဆိုင်းစက်ရုံတွေလဲရှိပါတယ်။လစာပုံမှန်မရတဲ့ရုံတွေလဲရှိပါတယ်။
“သူများတွေတလအိမ်ကိုဘယ်လောက်ပို့နေတယ်နင်ကမပို့ဘူလား ..ပိုက်ဆံတွေဘယ်ေ၇ာက်
ကုန်လဲသုံးဖြုန်းနေသလားစသည်ဖြင့် အထင်လွဲမှုတွေကလည်း ရှိတော့လစာပိုလိုချင်လို့စက်
ရုံပြောင်းပင်ပန်းပြီးအန္တရယ်ရှိတဲ့အလုပ်ဖြစ်တော့ထိခိုက်ဒဏ်ရာရအချို.လဲကိုယ်ခန္ဓာအစိတ်အပိုင်း
တွေကိုငွေနဲ့လဲခဲ့ရသလို အသက်ပါဆုံးခဲ့ရသူတွေလည်းရှိပါတယ်။
သူတို့နိုင်ငံသားတွေကို သူတို့ခိုင်းချင်သလိုလိုသလိုခိုင်းမရလို့ဈေးသက်သာပြီးခိုင်းကောင်းလို့
ကျနော်တို့ကိုခေါ်ခိုင်းတာပါ။တရားဝင်စာချုပ်ထဲကအတိုင်းအလုပ်သမားရပိုင်ခွင့်တွေကိုအပြည့်
ပေးတဲ့စက်ရုံဆိုတာအင်မတန်ရှားပါတယ်။စာနာမှုနားလည်မှုဆိုတာသူတို့လူမျိုးအတွက်ပါ။
နိုင်ငံခြားသားအလုပ်သမားတစ်ယောက်ကိုဘယ်လိုအသုံးချရမလဲဆိုတာသူတို့စိတ်ထဲမှာအချိန်
ပြည့်တွေးနေတာပါ။ကိုရီးယားကိုလာချင်လို့လာကြသူတွေများသလိုမခံနိုင်လို့မလုပ်နိုင်လို့ပြန်ကြ
သူတွေလည်းအတော်များပါတယ်....လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကဒီကိုလာဖို့မြန်မာငွေသိန်း၆၀/၇၀
ရင်းခဲ့ကြရတာပါအဲဒီအချိန်ကငွေကတန်ဖိုးကြီးပါတယ်။အဆင်မပြေလို့ပြန်မယ်ဆိုရင်တောင်ပိုက်
ဆံချေးပြီးလာခဲ့ကြရလို့အတိုးတွေအတွက်စိတ်တွေကျဉ်းကျပ်ပြီအကျပ်ရိုက်ပြီးအောင့်အင်းသီးခံ
လို့အကြွေးလေးကြေဖို့အတွက်အမြတ်လေးထွက်ဖို့အတွက် သီးခံပြီးလုပ်ခဲ့ကြရတာပါ။
အခုအချိန်မှာတော့ဒီကိုလာဖို့အတွက် လေယာဉ်စရိတ်မျှသာကုန်ကြတော့အချို.ပါ။လွယ်လွယ်
လာကြကိုရီးယားဒဏ်မခံနိုင်တော့ အမြန်ပြန်ကြတာပေါ့။
နှင်းလေးတွေကျလို့နှင်းဖွေးဖွေးမှာဇိမ်ရစ်နေကြရတာမဟုတ်ပါဘူးနှင်းကျရင်နှင်းကျုံးအအေးဒဏ်
ကြံကြံခံ၊ပူရင်လဲမတရားပူ။ ရာသီဥတုဒဏ်၊အလုပ်ပိတဲ့ဒဏ်၊လူမျိုးေ၇းဒဏ်တွေခံပြီးလုပ်နေကြ
ရတာပါ။အားလုံးသိအောင်ပြောချင်တာက ရုပ်ရှင်ထဲမှာကြည့်ရသလိုကိုရီးယားမဟုတ်ပါဘူး
မကောင်းတာတွေချည်းဘဲေ၇းနေတာမဟုတ်ပါဘူး။ လာတဲ့သူအတော်များများက ဒီလိုမှမထင်
လို့လေဆိုတာမကြာခဏကြားနေရလို့ပါ။ကိုရီးယားကိုလာတိုင်း ချမ်းသာမယ်လို့လဲမထင်ဖို့ကိုလဲ
ပြောပါရစေ။အခုေ၇းခဲ့တာတွေက တစိတ်တစ်ဒေသသာရှိပါသေးတယ်။
ဒီထက်မကအကြောင်းအရာတွေကိုအလျင်းသင့်သလိုထပ်ေ၇းသွားပါ့မယ်။
ေ၇ာက်ဖို့အေ၇းကြီးတယ်ဒီေ၇ာက်မှအဆင်မပြေရင် အို လိုက်ပေါ့ကွာ။ဆိုတာတွေကိုနားမ
ယောင်ကြပါနဲ့..အို တဲ့ခတ်ကလည်းကုန်သလောက်ဖြစ်နေပါပြီ။ အိုဗာစတေးဖြစ်ဖို့အင်မတန်
လွယ်ပေမယ့် တရားဝင်ဖြစ်ဖို့ဆိုတာခက်ခဲပါတယ်။
ကိုရီးယားကိုေ၇ာက်လာသူတိုင်းအခက်အခဲအလုံးစုံမှကင်းလွတ်ငြိမ်းပြီးမိမိတို့အလိုရှိရာ
ဆန္ဒအားလုံးပြည့်စုံကြွယ်ဝမျက်နှာပန်းလှကြပါစေ။