Monday 6 February 2012

ဟိုးတုန်းကသီချင်း

ဆရာစိုင်းခမ်းလိတ်ေ၇းပြီး စိုင်းထီးဆိုင်ဆိုခဲ့ တဲ့ သီချင်းတွေများစွာထဲက

ဘ၀မီးအိမ် စီးရီးထဲက နှစ်သက်မိတဲ့သီချင်းလေးတစ်ပုဒ်ကိုတမ်းတမိပါတယ်......

ကျောင်းသားဘ၀ကလ္ဘက်ရည်ဆိုင်တွေမှာ...ဒီသီချင်းလေးကအတော်နေရာယူပြီးခတ်အကြိုက်

လို့ပြောရမလောက်ပါ...စာသားတွေကရိုးပြီးဆိုလိုရင်းကထိေ၇ာက်ခဲ့ပါတယ်....အသက်တွေရလာ

တယ်...ခရီးတွေများပါတယ်....သို.သော်အတွေးစတွေထဲမှာ ခံစားမှုတွေက ရှင်သန်နေရာ

ယူနေတုန်းပါ.....




                      နောက်ဆုံးပျိုးခင်း                     

ကိုယ် ပျိုးခဲ့တဲ့  ဒီအချစ်မျိုးစေ့တစ်စေ့ရယ် မကြာခင်မှာ

ရှင်သန်လာကာ အချစ်ပန်းပွင့်လိမ့်မယ် ယုံကြည်ရင်း.....

မျှော်လင့်ရင်း ကိုယ်အမြဲပဲ ပြုစုလာ အချိန်တန်ရင်

ကိုယ့်တစ်ယောက်အတွက်ပဲ မဟုတ်လားကွယ်...အို

အစဉ်ထိန်းသိမ်းလို့ ကိုယ်အမြဲပဲ ယုယလာ
အချိန်တန်လာ ဒီတပင်မှာ ပန်းအလှပွင့်တော့ကွယ်
မပန်ခင်မှာ အသာအယာနမ်း ဒီအခိုက်မှာ သိလိုက်တယ်
မယုံနိုင်အောင် အဆိပ်ပန်းလေးတပွင့်ဖြစ်လို့နေ အို.....

ဝမ်းနည်းမိရုံ ဘာမှမတတ်နိုင် ပွင့်တဲ့အခိုက်မှာ နောင်တရမိ

သူပါကွယ်ေ၇ှးဝဋ်ကြွေးလို့ဆိုမယ် ကိုယ့်အပြစ်ပဲ...လို့ပုံမယ်

ရှိပါစေတော့ ပြီးပါစေတော့ ဒုတိယမ္မိ နောက်တစ်မျိုး ပျိုးမယ်ကွယ်

ဒုတိယမ္ပိ နောက်ဆုံးပျိုးရုံပဲ.....

အချိန်မနှောင်းသေးခင် ပြန်ကြိုးစားစိုက်ပေါ့တခါ ဒီတကြိမ်မှာ
မှန်မှန်ကန်ကန် အချစ်ပန်းပွင့်ဖို့ရာ အရှင့်ထံမှာ အစဉ်ဆုတောင်း
ကိုယ် တိုးပြီးဂရုစိုက်မယ် ဒီတစ်ကြိမ်မှာလွဲမှားခြင်းမျိုး မရှိဖို့ရယ်...အို...


ကံဆိုးတဲ့သူ ဒီအချစ်နဲ့ပါတ်သက်ရင် တခါကြုံလာပြီ အပြန်ပြန်
နာနိုင်စွမ်း မရှိဘူးကွယ် ရင်အချစ်ပန်းမှန်ပါစေ ကိုယ်အမြဲပဲ
ဆုတောင်းခြွေ ဒီတကြိမ်မှာ အချစ်ပန်းလေးတပွင့် ပွင့်ဖို့ကွယ် အို.....








10 comments:

  1. တော်တော်လှတဲ့ပန်းကလေးအကိုရေ ခိုးသွားဘီး)

    ညီမငယ်

    မဒိုးကန်

    ReplyDelete
  2. ဟုတ်ပဗျာ...ခပ်ငယ်ငယ်ကတည်းက စွဲလမ်းခဲ့ရတဲ့ သီချင်းတွေ ၀ထ္ထုတွေဟာ ဒီအရွယ်ရောက်တဲ့ အထိ စိတ်ထဲ နှလုံးသားထဲမှာ နေရာယူထားတုန်းပါပဲ...တစ်ခါတစ်ခါ စဉ်းစားမိတယ်...ကိုယ့်ခေတ်တုန်းကလူတွေကပဲ အစွဲအလန်းကြီးလွန်းသလားလို့...

    ကျွန်တော်ဖြင့် ကိုထီး၊ ကိုတိုးကြီးနဲ့၊ ကိုငှက်သီချင်းတွေကလွဲရင် ဒီဘက်ခေတ်သီချင်းတွေကို ခံစားလို့ကို မရတော့တာ...

    ReplyDelete
    Replies
    1. ဆရာေ၇့ အစွဲအလန်းကြီးတာတကယ်ဟုတ်မယ်....
      အခုခတ်ကြတော့လဲအရာရာဟာပေါ့ပါးလိုက်ကြတာဗျာ။

      Delete
  3. ပန်းလေးလှသလို သီချင်းစာသားလေးတွေလဲ
    ကောင်းတယ် စိတ်ကူးကောင်းတဲ့ကိုစိန်ရေ
    ကျေးဇူးတင်ပါတယ်ရှင်

    ReplyDelete
    Replies
    1. ကျေးဇူးပါစပါယ်ချို
      ဆရာစိုင်းခမ်းလိတ်ရဲ့စာတွေက
      တကယ်အနှစ်သာရတွေ ပါ။

      Delete
  4. ရှမ်းပြည်ကလူအများစုကတော့ဘိုထီးသီချင်းတွေက်ုကြိုက်ကြတယ်
    ကောင်းတယ်ဗျာ သီချင်းလေး
    တခုခုကို သတိရမိတယ်

    ReplyDelete
    Replies
    1. ရှမ်းပြည်တင်မက ဘူးညီေ၇့
      တနိုင်ငံလုံးကြိုက်ကြတာ။
      သတိရမိရင်စာေ၇းပေါ့
      ကျေးဇူးပါကွာ။

      Delete
  5. ပန်းလေးတွေမြင်ရတာ စိတ်ကြည်နူးဖို့ ကောင်းတယ်အကို..
    သီချင်းစာသားလေးတွေလည်း အေးအေးငြိမ့်ငြိမ့်နဲ့ ...
    အကိုရေ....ကောင်းသောနေ့လေး ပိုင်ဆိုင်ပါစေရှင်...

    ReplyDelete
    Replies
    1. ကျေးဇူးပါညီမလေး
      ညီမလေးလဲ အခက်အခဲတွေက
      အမြန်လွတ်မြောက်ပါစေ။
      ညဉ်းက စာေ၇းကောင်းတယ်။

      Delete

Related Posts Plugin for WordPress, Blogger...