Wednesday, 19 October 2011

ကျဆုံးစစ်သည်နားခိုရာ

မနှစ်ကအေးတာကိုသတိမမေ့ခဲ့ ပါဘူး...အခုအောက်တိုဘာလရဲ့ လ၀က်အကျော်မှာ

အပူချိန်သိသာစွာလျော့ပြီး လေအေးတွေ တိုက်နေပါပြီ...သန်းခေါင်ယံည ရဲ့ အပူချိန်ဟာ

သုညအမှတ်ကိုေ၇ာက်ရှိနေပါပြီ...အခုအချိန်သွားချင်တဲ့နေရာတစ်ခုက မြန်မာပြည်ရဲ့

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်ကိုဖူးချင်တဲ့ စိတ် ကပြင်းပြနေပါတယ်....။

ယခုေ၇ာက်နေတဲ့နေရာက ပုံတွေကိုစာမျက်နှာမှာ တင်လိုစိတ်ကသိပ်မရှိလှပါဘူး....။

အခုလိုပွင့်လင်းရာသီမှာမြန်မာပြည်ရဲ့ အထင်ကရနေရာတွေမှာ ဓါတ်ပုံရိုက်ထွက်ရရင်တော့

တကယ့်ကို အရသာရှိမှာပါ....မြန်မာပြည်ပြန်တဲ့ အခါကရိုက်ခဲ့တဲ့ နေရာတွေထဲကမှ မတင်

ရသေးတဲ့...ထောက်ကြံ့ မြို.စစ်သချိုင်း ကပုံတွေကိုတင်လိုက်ပါတယ်....နာမည်ကိုတော့

“ကျဆုံးစစ်သည် နားခိုရာ” လို့ အမည်ပေးလိုက်ပါတယ်။








Monday, 10 October 2011

ဆိုလ်း မီးပန်းပွဲတော်

မြန်မာပြည်မှာတော့ သီတင်းကျွတ်ရာသီဖြစ်နေပြီ..ဒီနှစ်မှာတော့ဗျောက်အိုးဖေါက်တာတွေ

မီးပန်းလွတ်တာတွေကို တားမြစ်တာမတွေ့ ရပါဘူး...လွတ်လပ်စွာဘဲ လုပ်ခွင့်ပေးထားလား

ဒီမိုကေ၇စီရနေပြီဖြစ်လို့လားတော့ မပြောတတ်ပါ....သီတင်းကျွတ်ပွဲတော် နဲ့ဝေးခဲ့တာကြာ

ပေမယ့် နှစ်စဉ်လူကြီးသူမတွေကိုကန်တော့ဖို့ ဆရာသမားတွေလည်း ပါတာပေါ့ ဒီအစဉ်အလာကို

ကိုယ်တိုင်မလုပ်နိုင်လို့ ကလေးတွေ ကိုသာလုပ်ခိုင်းခဲ့ရပါတယ်..ကိုယ်ကအဝေးမှာလေ..ရည်မှန်း

ပြီးကန်တော့ရုံပါဘဲ....

၁၀လပိုင်းရဲ့ ၈ရက်နေ့မှာတော့ ကိုရီးယား သီတင်းကျွတ်လို့ပြောရမလောက်ဖြစ်ရတဲ့

မီးပန်းပွဲတော်ကို ဟန်မြစ်မှာ ပြုလုပ်ခဲ့ပါတယ်..မြစ်ကမ်းဘေးက နေရာတွေအားလုံးမှာ ည၇နာရီ

ကနေ၉နာရီထိ ပြုလုပ်မယ့် မီးပန်းလွတ်ပွဲကိုနေရာကောင်းကနေကြည့်ဖို့ လူအများကနေ့လည်

ကတည်းက နေ၇ာဦးထားကြပါတယ်...ဓါတ်ပုံသမားအများစု ကတော့ ကမ်းစပ်မှာတန်းစီလို့

ညနေ၆နာရီအကျော်မှာ လူတွေကတံတားတွေပေါ်နဲ့ မြစ်ဘေးကလမ်းမကြီးပေါ်တွေမှာပါ ပိတ်ဆို့

ကုန်ပါတယ်...ကျနော်လည်းေ၇ာက်တာနောက်ကျလို့ မီပန်းလွတ်တဲ့ နေရာနဲ့မျက်နှာခြင်းဆိုင်

ကိုေ၇ာက်အောင်...တိုးဝှေပြီးနေရာဦးပါတယ်..ကင်မရာဒေါက်မပါတဲ့အတွက် ပုံကောင်းတွေ

မရလိုက်တာက...စိတ်ထဲအတော်မကျေမလည်ပါ..ကိုယ့်အပြစ်နဲ့ကိုယ်လေ...ဗီဒီယိုမှတ်တမ်း

မိနစ်အနည်းငယ်မှတ်တမ်းလေးလုပ်ခဲ့ပါတယ်...လူတွေကြိတ်ကြိတ်တိုးနေပေမယ့် အမှိုက်ကို

တွေ့ကရာမပြစ်ဘဲသတ်မှတ်တဲ့နေရာမှာသာစုပုံတာ...ရာသီဥတုအေးလို့ အပေါ့သွားချင်တာကို

လမ်းဘေးကော့မပန်းဘဲ..မိန်းမယောက်ကျား..မိုဘိုင်းအိမ်သာတွေမှာလူတန်းရှည်ကြီးစောင့်ပြီး

မှပေါက်ကြတာကလဲ..ဒီိမိုကေ၇စီနိုင်ငံက စည်းကမ်းရှိသူတွေလို့ပြောရမလောက်ပါ...မြစ်ဘေး

ကကိုင်းတောတွေမှာ အပေါ့အလွယ်တကူစွန့်လို့ရပေမယ့်ထင်သလိုမလုပ်ကြဘူး..အစိုးရကလဲ

မြစ်အတွင်းမှာေ၇ာကမ်းဘေးနေရာလွတ်မကျန် ကောင်းမွန်တဲ့ အစီအစဉ်နဲ့ လုံခြုံေ၇းကအစ

လိုလေသေးမရှိစီစဉ်ထားပါတယ်...ကဲမီးပန်းပွဲတော် ကမှတ်တမ်းတွေအားပေးကြပါအုံး...





Saturday, 1 October 2011

စက်တင်ဘာ အလွမ်း

၉လပိုင်းဆိုတဲ့ စက်တင်ဘာလဟာလည်းပြီးခဲ့ပြန်ပြီလေ

မှတ်မှတ်ရရ ၉လပိုင်းရဲ့ ၁၉ရက်နေ့ကစလို့ ဆောင်းဥတုအစပြုလို့ လေအေးတွေ တိုက်စပြု

ခဲ့ပါတယ်...နေ့အပူချိန်ဟာလည်းကျဆင်းခဲ့သလို...ညဘက်မှာလည်း ချမ်းတယ်ပြောလို့ရနေ

ပါပြီ...အနေကြာလို့အေးတာဟာမထူးဆန်းတော့ပေမယ့် ဒီနှစ်လူက ကျန်းမာေ၇းမကောင်းလို့

ဆေးကိုအဖေါ်ပြုနေရပြီလေ....၉လပိုင်းအစပိတ်ရက်တွေမှာ...နိဟွန်းပြည်က လာလည်တဲ့

မိတ်ဆွေ ကိုလိုက်ပို့ရင်း ဆိုလ်းရဲ့ ဟန်မြစ်နဘေးကိုေ၇ာက်ခဲ့ပြန်တယ်....ဟန်မြစ် မှာသင်္ဘောစီး

ပြီး လေညှင်းခံ...ဘီယာသောက်..ရှုခင်းတွေဓါတ်ပုံရိုက်ပေါ့.....ရာသီဥတုက မအေးသေးလို့အဲဒီ

ရက်က တော်သေးတယ်...နောက်မကြာတော့တဲ့ ၃လဆိုရင်၂၀၁၁ဆိုတာကလည်း ကုန်ပြီလေ။

အချိန်တန်လို့အိမ်ပြန်သူတွေလဲ ရှိသလို....ဘယ်အချိန်မှအချိန်တန်မလဲ ဆိုတာနေ့စဉ်တွေးရင်း

စက်တင်ဘာကိုနုတ်ဆက်လိုက်တယ်.........





Thursday, 22 September 2011

အမြတ်



ဒီ ဓါတ်ပုံကတော့ ဆိုလ်းမြို. sinchon ဘူတာအနီး နာမည်ကြီး yonsei တက္ကသိုလ် အနီးက

severance

လို့အမည်ရတဲ့ နာမည်ကြီး ဆေးရုံကြီးတစ်ခုပေါ့ ဆေးရုံကြီးကိုဝင်လိုက်တာနဲ့ the first and

the best ဆို

တဲ့စာတမ်းကိုမြင်ရမှာပါ...

ဒီဆေးရုံရဲ့ ၁၀ထပ်မှာတော့ ကျနော့်ရဲ့ မိတ်ဆွေညီငယ် တစ်ဦးဟာ

အသက်အရွယ်နဲ့မလိုက်ဖက်တဲ့ေ၇ာဂါကို

ခံစားရလို့ ဆေးကုသမှုခံယူနေသွားပါတယ်။ အော်..ဘာရောဂါလဲ လို့သိချင်နေလိမ့်မယ်

ဒီေ၇ာဂါ အကြောင်း

မပြောခင် ရန်ကုန်မြို့ကနေ အခုနေတဲ့ နိုင်ငံကို

လာဖို့လုပ်စဉ်အခါက အေးဂျင့်တစ်ခုတည်းကနေ သူနဲ့ကျနော်

အပါအ၀င် ၇ ယောက်ပေါ့လေ၊လှိုင်သာယာ ၀က်မစွပ်ဝန်ထောက်လမ်းဆိုတဲ့နေရာ

ကို မနက်တိုင်းသွားပြီးဒီလာ

ဖို့ တန်းစီကြ တစ်နေကုန်လို့ ညနေစောင်း သွားမတက်ရင်မပါမှာ စိုးလို့သွားတက်ခဲ့ရတဲ့ ချွန်
စကားပြောသင်

တန်းကျောင်း သွားရေားလာေ၇းလွယ်ဖို့ သူရဲ့ကားနဲ့ကျနော် တို့ အဆင်ပြေစွာသွားလာခဲ့ကြပေါ့
ညနေ သင်တန်းတွေပြီးရင် ဘီယာဆိုင်သွားကြပေါ့လေ...ထိုင်ေ

နကြ“ စိုပြေ”ဆိုတဲ့ ဆိုင်ကို

အမှတ်ရမိတယ်။ ဒီလိုနဲ့ အချိန်တန်လို့ကိုရီးယားကို ထွက်လာခဲ့ကြတယ်။ ရက်တွေခြားပြီး

လာခဲ့ကြရပေမယ့် အဆက်သွယ်တွေက မပြတ်ခဲ့ ကြဘူး။ ဒီလိုေ၇ာက်လာတဲ့ အထဲမှာ

လပိုင်းနဲ့ ထိသွားခဲ့သူတစ်ဦးကတော့ ကျနော့်အိမ်ဘေးက ညီငယ်တစ်ယောက်ပါ။

သူလုပ်ရတဲ့ အလုပ်က ပရက်စ်(press) လို့ခေါ်တဲ့ ကားပစ္စည်းတွေ ထုတ်တဲ့နေရာ၊ကိုရီးယားမှာ

ပရက်စ် ဆိုရင်မလုပ်ချင်သူများပါတယ်။ သတိတစ်ချက်လွတ်တာနဲပလက်ဘယ်နှစ်ေ 
ချာင်းပါမလဲ

လို့ပြောရလောက်အောင်အန္တရာယ်များပါတယ်။ တစ်ခါတစ်လေ စက်ကဆန်ဆာ(sensor)ကြောင်

ပြီးဖိချလို့ လက်ကောက်ဝတ်၊လက်ဖျံ ထိပြတ်ခဲ့သူတွေလည်းရှိဘူးပါတယ်။ ဒီညီငယ်ဟာ စက်ရဲ့

အမှားကြောင့် ညာလက်ချောင်းသုံးချောင်းအရင်နားထိကပ်ပြတ်ပြီး အိမ်ပြန်ဖို့ဇတ်လမ်းဖြစ်တော့

တာပါဘဲ။ ဒီညီငယ်ပြောစကားပြန်ကြားမိပါတယ်..“ကျနော်ရှာ တဲ့ငွေနဲ့ မိဘနဲ့ညီမတွေကို ပံပိုး

ချင်လို့တဲ့လေ”

အဲဒီအချိန်က ငွေဈေးကောင်းလို့ သူရတဲ့လျော်ကြေးငွေက သူ့အတွက်အထိုက်လျောက်ပြေလည်

နိုင်ခဲ့ပါတယ်။ ဘယ်လောက်ရခဲ့သလဲဆိုတာမဖေါ်ပြတော့ပါဘူး။ သူဟာမြန်မာပြည်မှာ လုပ်ကိုင်

စားဖို့ အခြေအနေသင့်တင့်စွာရှိသူပါ။ ပထမဆုံးအင်္ဂါချို.ယွင်းပြီးပြန်ခဲ့ရသူပေါ့...ဒီလိုနဲ့ကို၇ီးယားမှာ

ကျင်လည်လာတာတရားဝင်နေလို့ ရတဲ့ငါးနှစ်ကျော်ကြာ ခဲ့ချိန်အခုမှာတော့ နောက်တစ်ယောက်ဟာ

မထင်မှတ်တဲ့ေ၇ာဂါကဖြစ်လာပြန်တယ်...

သူေ၇ာဂါ စဖြစ်တာက မျက်စိကစတယ်ပြောရမှာပါ..ပထမ စက်ဘီးစီးရင်းမှောက်လဲလို့လက်ကျိုးတယ်

အလုပ်နားပြီး ဆေးကုတုန်း မျက်လုံးကကြည့်မကောင်းလို့ ဆေးခန်းပြ မျက်စိအားနည်းတယ်ထင်ပြီး

မျက်မှန်တပ်တယ်..အဆင်မပြေပါဘူးလွန်ခဲ့တဲ့ ခုနှစ်လလောက်က ကျနော်နဲ့ တွေ့တော့..သူ့ကို မျက်

လုံးမကောင်းတာလားလို့မေးတော့ သူပြောတာက “ ကျနော် ကိုသူကြည့်ပြီးစကားပြောရင် ကျနော့်ကို

သာမြင်ရပြီးဘေးကိုမမြင်ရပါဘူးတဲ့” ။ကျနော်ကအခု ဘာလုပ်ထားလဲမေးတော့ နောက်တစ်ပါတ်မှာ

C T ရိုက်မယ်လို့ပြောပါတယ်...စီတီ ၇ိုက်တာသိလားလို့မေးတော့ ကျနော်ကေ၇ာဂါ ရှာတာလို့

အလွယ်ဘဲဖြေလိုက်ပါတယ်။

နောက်တစ်ပါတ် သူ့အခန်းကသူတွေနဲ့ တွေလို့မေးတဲ့ အခါ အားလုံးကစိတ်မကောင်းစွာနဲ့ ပြောတာက

ဦးနှောက်ထဲမှာ အကြိတ် တွေ့ပါတယ်တဲ့ ဦးနှောက်ကင်ဆာက အစပြုနေပါပြီ၊ လေဆာနဲ့ချေရင်ချေ

မရရင်ခွဲမယ်ပေါ့.....ဒီလိုနဲ့တစ်လကျော်တဲ့ အချိန်မှာ သူအိမ်ခဏပြန်သွားပါတယ်..သူ့အိမ်က ငွေကြေး

ပြည့်စုံသူတွေဆိုတော့ သူ့ဇနီးနဲ့ အမ လိုက်လာပြီး ကျနော် ပထမ စပြောတဲ့ ဆေးရုံမှာ သူ့ကိုကုသခဲ့ပါ

တယ်။ ဦးခေါင်းက အသားစယူပြီးစစ်ကြည့်တဲ့ အခါမှာခွဲလို့လဲ မဖြစ်လေဆာလည်းမတိုးတော့ပါ......

အကြိတ်တွေက ဦးနှောက်အတွင်းပိုင်းကိုရောက်နေပါပြီ .....

ရောဂါလက္ခဏာတွေကတော့ ညာဘက်လက်တစ်ချောင်းလုံးအာရုံကြောဆိုင်းသွားပါပြီ..လမ်းလျှောက်

တဲ့အခါညာချေထောက်က ဆွဲနေပါပြီ...မှတ်ဥာဏ်တွေနည်းလာပြီးမေ့ တာတွေများလာပါတယ်။အပါတ်

စဉ်ဓါတ်ကင်နေရပါပြီ.......အရွယ်က ၃၀ဆိုတော့ငယ်တော့ ဆေးရုံပေါ်မှာ စားလိုက်အိပ်လိုက်နဲ့ကိုယ်

ခန္ဒာက၀နေပေမယ့် သူ့ ကိုဆရာဝန်တွေက ၁နှစ်လို့ ဒိတ်ပေးလိုက်ပါပြီ။

ကင်ဆာရောဂါသည်တွေဟာဘယ်လောက်အသက်ရှင်နေဖို့ဆိုတာလူ တိုင်းသိကြပါတယ်...ကြီးငယ်

မရွေးဖြစ်တတ်ကြတာပါ။မြန်မာပြည်မှာ ကင်ဆာေ၇ာဂါသည်တစ်ဦးဟာ တစ်ကြိမ်ဓါတ်ကင်ပြီးရင်နောက်

တစ်ခါကင် ဖို့အချိန်၆လ စောင့်ရပါတယ်တဲ့ ဓါတ်ကင်တဲ့ စက် အခက်အခဲကြောင့်ပါ။ ရန်ကုန်က ကင်

ဆာ ရောဂါ သည်ဟာ အချိန်၆လမစောင့်နိုင်ရင် ပြောရရင်မသေအောင် မန္တလေးကို သွားပြီးဓါတ်ကင်

ပေါ့လေ..မန္တလေး ကလူနာက လည်းရန်ကုန်ကိုဆင်း...အော်...တိုးတက်လာတဲ့ အခြေအနေတွေလေ။

ပြီးခဲ့တဲ့ လကဂျပန်ပြည်က မိတ်ဆွေတစ်ဦးဟာလည်းသူ့အမေ အဆုတ်ကင်ဆာဖြစ်လို့ အိမ်ပြန်သွား

ပါတယ်...သူအိမ်ရောက်တော့သူ ယောင်းမ ရဲ့အစ်မကလည်း အဲဒီေ၇ာဂါ ဖြစ်နေတယ်တဲ့.....

များပြားခတ်မှီတဲ့ေ၇ာဂါတွေ ဒီခတ်ကြီးမှာ တော်ရုံတန်ရုံငွေကြေးမပြည့်စုံရင်တော့ ကုသဖို့ အဆင်မပြေ

တဲ့ အတွက် ဘယ်လိုလုပ်ကြမလဲ..ကာကွယ်ခြင်းဟာကုသခြင်းထက်ထိေ၇ာက်တယ်လို့ ဆိုထားတာ

ကြောင့် ကြိုတင်ကာကွယ်ဖို့သာလိုအပ်ပါတော့တယ်.....

ခုနကပြောတဲ့ ကျနော်မိတ်ဆွေဟာ ကိုရီးယားနိုင်ငံဆေးရုံက ဆေးစစ်ချက်ရလို့ ယခုအခါမြန်မာပြည်

ပြန်သွားခဲ့ပါပြီ....ကိုရီးယား ကိုအလုပ်လာလုပ်တဲ့ သူမှန်သမျှ ဒီလိုမျိုးတွေမထင်မှတ်တာတွေ မဖြစ်

ပါစေနဲ့ လို့ ဆုတောင်းပါတယ်...ကျနော့်သူငယ်ချင်းလဲ ပကတိမပျောက်ဘူးဆိုတာသိပေမယ့် သက်သာ

ပါစေ..သူလူ့လောကမှာနေ ဖို့ရက်လေးတွေ တိုးနေပါစေလို့ 
ထပ်ခါတစ်လဲလဲဆုတောင်းနေမိပါတယ်။

Saturday, 17 September 2011

ဆိုလ်းမြို. က အချစ်

ဒီတစ်ပါတ်တော့ များလိုက်တဲ့အလုပ် တွေကြားထဲကမှ..ညနေဆည်းဆာ မှာ၇ိုက်ကွင်းရှာရင်း

ဆိုလ်းမြို.ရဲ့ တစ်နေရာကိုေ၇ာက်ခဲ့ပြန်တယ်...ရှုခင်းပုံတွေ..ရိုက်ရင်း...မရိုးနိုင်...မအီနိုင်...မလွန်

ဆန်နိုင်..တဲ့သဘောတရားတွေပေါင်းစုပြီး ချစ်ခြင်းတရားတွေပြည့်နှက်နေတဲ့ အချစ်ဆိုတဲ့အရာ

 ကို မှတ်တမ်းတင်ခဲ့ပါတယ်..........

















Tuesday, 13 September 2011

စက်တင်ဘာ ၁၃


 ဒီကနေ့ ဒီနေ့ ရဲ့ အတိုင်းအတာတွေ ကိုဘယ်လိုပြောကြမလဲ..ဘယ်လိုပြောရမလဲ

နှစ်တနှစ်ကျော်လွန်သွားတိုင်း အမှတ်တရတွေ အမှတ်ရတာတွေ..အမှတ်မရှိသေးတာတွေကို

ခြုံငုံသုံးသပ်လို့ အရှိကိုအရှိတိုင်းပြောရရင်...

တနှစ်တစ်ခါအသက်တွေကကြီး....လောကကြီးက သက်တမ်းရှည်နေဖို့ လောက်ငအောင်အချိန်တွေ

မပေးနိုင်တော့တဲ့ အချိန်တွေမှာ...ကြီးပွားအောင်...တိုးတက်အောင်..ဖွေရှာ..နေချင်တဲ့ နေရာ...

မနေနိုင်ခဲ့တာ...ပျော်တယ်မဟုတ်ပေမယ့် ပျော်အောင်လဲနေနေတာမဟုတ်ခဲ့ပါ....ဒီလိုနဲ့ အချိန်မတန်

လို့ အချိန်တန်ဖို့..ဘယ်အချိန်အေ၇ာက်..ဘယ်နေရာအေ၇ာက်..ဘယ်ဒေသထိအရောက်သွားဖို့လဲ...

နောက်ဆုံးတော့ နားလည်ခဲ့ရတာတွေ...ရခဲ့တဲ့ အသိတွေ...စုမိဆောင်းမိပြီဖြစ်တဲ့ လောကဓံ တရားတွေ

များလာပြီဖြစ်လို့ ဘယ်သူမပြု မိမိမှုလို့သာ.....

( အားလုံး ကိုယ်ေ၇ာစိတ်ပါ ကျန်းမာ ချမ်းသာ ကြပါစေ)

Saturday, 3 September 2011

သောကြာညအတွေး


စက်တင်ဘာ လဆန်းေ၇ာက်ခဲ့ပြန်ပြီလေ....နေ့လည်ပိုင်းပူနေပေမယ့် ညဘက်မှာအပူရှိန်ကျစပြု

နေပါပြီ...နေ့လည်ဘက်တော့ အပူဒဏ်ရှိနေသေးပေမယ့် ကဲမင်းဘယ်လောက်ပူနိုင်အုံးမလဲပေါ့

ဒီနှစ်ဟာ အရမ်းပူပေမယ့် မိုးများတဲ့ နွေရာသီဖြစ်ခဲ့ပါတယ်..ဒီညတော့ မနက်အလုပ်မရှိတဲ့အ

တွက် စိတ်လွတ်ကိုယ်လွတ်လေ...သောကြာနေ့ဆိုပျော်ပါတယ်...အခန်းတံခါးပိတ်ပြီး လေအေး

ပေးစက် ဖွင့်တာထက် အပြင်ကလေအေးနေတာ ဖြစ်လို့ ပြတင်းတံခါးဖွင့် လိုက်တဲ့အခါ လန်း

ဆန်းအေးမြတဲ့ လေနုအေးလေးတွေ ဟာ နူးညံ့စွာဝင်ေ၇ာက်လာပါတယ်...အခုချိန်ဟာ ပန်းတွေ

ပွင့်တဲ့ အချိန်မဟုတ် တော့လို့ နွေဦးအစ ပန်းပွင့်ချိန်က ၇ိုက်ခဲ့တဲ့ပန်းတွေကိုစာမျက်နှာပေါ်တင်

ဖို့ ပြန်ကြည့်ရင်း အဆုံးသတ်ခါနီးဝတ္တု တစ်ပုဒ်ကို လေတဖြူးဖြူး နဲ့ အကြောင်းအရာလေးတွေ

သင့်တင့်အောင်ေ၇းနေဆဲပါ..










Related Posts Plugin for WordPress, Blogger...