Saturday 3 September 2011

သောကြာညအတွေး


စက်တင်ဘာ လဆန်းေ၇ာက်ခဲ့ပြန်ပြီလေ....နေ့လည်ပိုင်းပူနေပေမယ့် ညဘက်မှာအပူရှိန်ကျစပြု

နေပါပြီ...နေ့လည်ဘက်တော့ အပူဒဏ်ရှိနေသေးပေမယ့် ကဲမင်းဘယ်လောက်ပူနိုင်အုံးမလဲပေါ့

ဒီနှစ်ဟာ အရမ်းပူပေမယ့် မိုးများတဲ့ နွေရာသီဖြစ်ခဲ့ပါတယ်..ဒီညတော့ မနက်အလုပ်မရှိတဲ့အ

တွက် စိတ်လွတ်ကိုယ်လွတ်လေ...သောကြာနေ့ဆိုပျော်ပါတယ်...အခန်းတံခါးပိတ်ပြီး လေအေး

ပေးစက် ဖွင့်တာထက် အပြင်ကလေအေးနေတာ ဖြစ်လို့ ပြတင်းတံခါးဖွင့် လိုက်တဲ့အခါ လန်း

ဆန်းအေးမြတဲ့ လေနုအေးလေးတွေ ဟာ နူးညံ့စွာဝင်ေ၇ာက်လာပါတယ်...အခုချိန်ဟာ ပန်းတွေ

ပွင့်တဲ့ အချိန်မဟုတ် တော့လို့ နွေဦးအစ ပန်းပွင့်ချိန်က ၇ိုက်ခဲ့တဲ့ပန်းတွေကိုစာမျက်နှာပေါ်တင်

ဖို့ ပြန်ကြည့်ရင်း အဆုံးသတ်ခါနီးဝတ္တု တစ်ပုဒ်ကို လေတဖြူးဖြူး နဲ့ အကြောင်းအရာလေးတွေ

သင့်တင့်အောင်ေ၇းနေဆဲပါ..










2 comments:

  1. ၀ါးး ၀ါးး ၀ါးး လှလိုက်တဲ့ ရောင်စုံပန်းတွေပါလား အကိုရေ ..

    ReplyDelete
  2. ပန်းလေးတွေ က အရမ်းလှတာပါဘဲနော်။ ပန်းလေးတွေကို သိပ်သဘောကျတာပါဘဲ။ ရိုက်ထားတာလည်း အသက်ဝင်တော့ အရမ်းကို လှနေတာပါဘဲရှင်။ ရန်ကုန်မြို့ ကြီးကိုလည်း ပန်းတွေနဲ့ ဝေစေချင်ပါတယ်။ အစိုးရမင်းများ အိုက်ဒီယာကောင်းများ ရကြပါစေ။ အမြင်ကျယ်ကြပါစေ။

    D

    ReplyDelete

Related Posts Plugin for WordPress, Blogger...