Thursday 10 March 2011

ဘိသိက်ပြိုင်(သို့) ကြည့်ရှုသင့်သောဇာတ်ကား

စာမရေးဖြစ်တာလဲ တပါတ် ခန့်ရှိပါပြီ.....ကိုယ့်အကြောင်းနဲ့ကိုယ် အလုပ်ကလည်း 
အများသားလေ

အခုပြောချင်တဲ့ အကြောင်းတစ်ခုက ကျနော် တို့မြန်မာ တွေ တကယ်ကြည့် သင့်တဲ့ ဇတ်ကား

တစ်ကားဖြစ်တာကြောင့် ပါ..ဒီဇာတ်ကားကိုစဖြန့် တဲ့အချိန် 

တည်းကကျနော်ကြည့်ချင်နေတာပါ။

ဦးစွာပထမ ပြောရရင် ဒီဇာတ်ကားကို ဆရာတော်အရှင်ဆေကိန္ဒ 

ကဦးဆောင်လမ်းညွှန်ပေးခဲ့တာဖြစ်ပါတယ်..မြန်မာရိုးရာ ဓလေ့ထုံးစံဖြစ်တဲ့ ရဟန်းခံ၊ရှင်ပြု

အလှုတော် မင်္ဂလာကျင်းပရာမှာ ထည့်သွင်းပြုလုပ်တဲ့ ဘိသိက်မြှောက်တဲ့ အကြောင်းကို အခြေ

ခံလို့ရိုက်ကူးထားတာဖြစ်ပါတယ်.....ဇတ်လမ်းကျောရိုး...အယူအဆ...နေရာဒေသ...စသည်တို့

အပြင် နောက်ခံမြန်မာရိုးရာဆိုင်းတီးလုံးတွေကပါတစ်မျိုးကောင်းလို့နေပါတယ်....

အမှား နဲ့ အမှန် ကိုဝေဖန်ပိုင်းခြားတတ်ပြီးအတ္တမာန ကင်းစင်အောင် ဇတ်လမ်းလေးနဲ့ပညာပေး

ထားတာကိုက ကြည့်သူတွေကို အသိဥာဏ်တိုးပွားစေပါတယ်။

ဒီဇတ်ကားကို ငွေကြေးအရရိုက်ကူးခဲ့ခြင်း မဟုတ်ဘဲ....မြန်မာနိုင်ငံသာမကတစ်ခြားနိုင်ငံများကို

အခမဲ့ဖြန့်ဝေခဲ့တာဖြစ်ပါတယ်....နာမည်ကြီးမင်းသား..မင်းသမီးတွေမပါဝင်ဘဲ..သမားရိုးကျ

ဇတ်ပို့သရုပ်ဆောင်တွေရဲ့ ပီပြင်တဲ့ဇတ်ရုပ်တွေကလည်း တကယ်ကောင်းပါတယ်။

သာမန် ချစ်ကြိုက်ညားကွဲ မြန်မာရုပ်ရှင်ဇတ်ကားတွေထဲကမှ တမူထူးတဲ့ ဒီဇတ်ကားကို

မြန်မာအင်တာနေရှင်နယ်တီဗွီ ကလည်းထုတ်လွှင့်ခဲပြီးပါပြီ။ ဒီဇာတ်ကားကို ဆရာတော်

ဒီနိုင်ငံကိုကြွလာတဲ့အချိန်မှာ ဆရာတော်ဆီက အလှုခံခဲ့ပါတယ်...ဆရာတော်က စင်ကာပူအထိ

ဒီအခွေကို ဖြန့်ဝေပြီးပြီဖြစ်ကြောင်း..နောက်တစ်ခါလူကြုံ နဲ့ပို့ပေးလိုက်မယ်လို့ မိန့်ကြားပါတယ်။

ယခုတစ်ခါဆရာတော်ကြွလာခိုက်မှာ ဒီအခွေကိုရရှိခဲ့ပါတယ်....ကျနော့် မိတ်ဆွေများဒီဇာတ်

ကားကိုကြည့် ချင်ရင်  ဒီနေရာမှာ ကြည့်ရှု နိုင်ပါတယ်လို့ ပြောကြားပါရစေ။

ကျနော်ရဲ့ယခု စာမျက်နှာကနေပြီး ဆရာတော်အရှင်ဆေကိန္ဒကိုပူဇော်ကန်တော့လိုက်ပါတယ်။














No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...