Sunday 13 March 2011

အင်ချွန်းလေဆိပ် သို့ လမ်းအသစ်

ဒီတပါတ်တော့ ဆိုလ်မြို.လည် ဘူတာကြီးမှ အင်ချွန်းလေဆိပ်ကို မြေအောက်ရထားလမ်းအသစ်

 ဖွင့်ထားတာကိုသွားကြည့်မိပါတယ်။ ပထမ 

တော့အရင်လိုမြေပေါ်ကဘဲသွားမယ်မှတ်နေတာအခုတော့ တိုးတက်လှတဲ့ 

သူတို့နိုင်ငံရဲ.နည်းပညာ


တွေအရ မြေအောက်ခုနှစ်ထပ်မှာဖြစ်နေပါတယ်။ဒီနေ၇ာကနေ လ၀က 

ကောင်တာတွေတခါတည်းရှိလို့ လေဆိပ်ရောက်ရင်ထပ်ပြီး အလုပ်မရှုပ်တော့ပါဘူး....

အရင်က ဆိုလ်းမြို.လည်ကနေပြီးလေဆိပ် အထိ ရထားလမ်းမရှိပါဘူး..ဘတ်စ်ကားသာရှိပါတယ်

လေဆိပ်ကိုရထားနဲ့သွားချင်ရင် အင်ချွန်းလိုင်းကိုပြောင်းစီးမှရပါတယ်။

 အခုတော့အဆင်ပြေသွားပါပြီ..အခုရထားလမ်းဟာ ဆိုလ်းမြို့ရဲ.အဓိက ၇ထားလမ်းဆုံ ၃ 

နေ၇ာကိုပါ ဖြတ်သွားမှာဖြစ်လို့ အတော့်ကိုအဆင်ပြေသွားမှာပါ။ 

 ဒီနိုင်ငံမှာတစ်ခုကောင်းတာက လမ်းပန်းဆက်သွယ်ရေးကိုကောင်းသထက် ကောင်းအောင်

လုပ်ပေးနေတာပါ..ခတ်မှီအမြန်လမ်းတွေ....လိုအပ်တဲ့နေရာမှာလိုအပ်သလို တည်ဆောက်ပေး

နေတာကိုက တကယ့်ကိုဂုဏ်ယူစရာပါ.....လမ်းဖြတ်သန်းခ တွေ...ယာဉ်စီးခတွေကောက်ခံပြီး

တန်ရာတန်ကြေးပေးရတာနဲ့ညီမျှအောင် လုပ်ပေးနေတာကလည်းစိတ်ချမ်းသာစရာပါ။

 ဒီနေရာတွေကိုသွားရင်စိတ်ထဲဖြစ်ရတာက ငါတို့နိုင်ငံမှာလည်း ဒီလိုလုပ်ပေးရင် ဘယ်လောက်

ကောင်းမလဲ လို့ပေါ့လေ............ဆိုလ်းမြို.တစ်ခုတည်းကွက်လုပ်နေတာမဟုတ်ဘဲ တနိုင်ငံလုံး

သူ့နေရာနဲ့သူ လုပ်ပေးနေတာပါ ။သူတို့နိုင်ငံသားတွေအတွက်သူတို့ တိုင်းပြည်က လူကြီးတွေရဲ.

လုပ်ဆောင်ချက်တွေက....အားကျစရာပါလေ.........ဒါတွေကိုမြင်ရတွေ့ရပြီးတော့.................

ကျနော့်စိတ်ထဲမှာလည်း...ကျနော်တို့ဆီမှာ................တစ်နေ့နေ့တော့ဖြစ်လာလိမ့်မည် 

လို့သာ......................



















No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...