Monday 21 January 2013

ကမ်းခြေမှာခဏတာ


နှစ်မကုန်ခင်မှာ ကမ်ခြေ ကိုသွားဖို့အကြောင်းဖန်လာတာနဲ့ေ၇ာက်ခဲ့ပြန်ပါတယ်.....လမ်းတွေကောင်း
လာတယ်..ကမ်းခြေမှာ တိုးတက်မှုပြယုဒ်အချို.တွေကတော့ရှိလာပါတယ်..နှစ်ကူးခါနီးဆိုတော့ လူလည်း
စည်တဲ့အချိန်ဖြစ်နေပါတယ်။ ထုံးစံအတိုင်း ၀မ်းေ၇းအတွက် ဈေးေ၇ာင်းသူ ကလေးငယ်တွေနဲ့ အမောင်း
ကြမ်းတဲ့ဆိုင်ကယ် ကယ်ရီတွေ ကလည်းအများသား ၊ အေးဆေးစွာနေလိုတဲ့ နိုင်ငံခြားသားဧည့်သည်တွေ
ကတော့ ချောင်းသာကမ်းခြေမှာသိပ်မရှိဘဲ၊ ကျောက်မောင်နှမ သွားတဲ့လမ်းဘက်ကေ၇ပြာပြာအနက်ပိုင်း
ကမ်းခြေမှာ အနာက်တိုင်းဆန်ဆန် ရှိနေတာကိုတွေ့ခဲ့ပါတယ်။
နေ့လည်၂နာရီလောက်မှာတော့ ပုသိမ်-ချောင်းသာသွားတဲ့ခရီးသည်တင်မှန်လုံယာဉ်တံတားဘေးကျတဲ့
သတင်း ၀င်လာပြီး ချောင်းသာက မြို.ခံတွေထူထောင်ထားတဲ့ လူနာတင်ယာဉ်သွားတာကိုလည်း တွေ့ရ
တယ်။ တစ်ဦးသေဆုံးပြီး ခရီးသည်အချို.ဒဏ်ရာရတယ်လို့ပြောပါတယ်။
မိတ်ဆွေ ညီငယ်၇ဲ့ကူညီမှုနဲ့ သူ့ အိမ်နဲ့အဆက်သွယ်ရလို့ ကမ်းခြေမှာလိုအပ်တာ ကိုကူညီဖို့ပြောပေမယ့်
လည်း အချိန်မလောက်ငမှုနဲ့မတွေ့ ဖြစ်ပါဘူး...နယ်သူနယ်သားတွေ၇ဲ့ ဧည့်ဝတ်ကြေမှု ကိုကျေးဇူးတင်ပါ
ကြောင်း ဒီနေရာကဆိုပါရစေ။
ချောင်းသာမြို.လေးမှာ သတင်းကောင်းတစ်ခုက နှစ်လုံးထီနဲ့ချဲထီကိုတင်းကျပ်
စွာနှိမ်နင်းထားလို့ ပြောရ
ရင်ထိုးစရာဒိုင်မရှိလို့ နွမ်းပါးသူ ဈေးေ၇ာင်းသူတွေဟာ မိမိတို့၇ဲ့ လုပ်အားခကို စုမိဆောင်းမိကြကြောင်း
ဘောလုံးပွဲကတော့ အနည်းငယ်ရှိကြောင်း သိခဲ့ရတယ်။
ကမ်းခြေ မှာအိပ်စက်ခြင်းမပြုခဲ့ဘဲ နေ၀င်ချိန်မှာ မြို.ရန်ကုန်ကိုလှမ်းခဲ့ပါတော့တယ်။


























6 comments:

  1. ချောင်းသာကမ်းခြေအလှကို တ၀ကြီးခံစားခဲ့ရတယ်

    ReplyDelete
  2. ချောင်းသာကမ်းခြေကိုတောင် ပြေးပြီး သွားချင်စိတ် ဖြစ်လောက်အောင်ကို ဓါတ်ပုံတွေက အသက်ဝင်ပြီး ဆွဲဆောင်မှု့ ရှိလှပါတယ်ရှင်...
    ပုံတွေကိုလည်း တစ်ဝ ကြီး အကြိမ်ကြိမ် ခံစားကြည့်ရှု့ သွားပါတယ်...

    ReplyDelete
  3. ဓါတ်ပုံ တွေ အတော်လှတယ် အကို မျှဝေတာ ကျေးဇူး ပါ

    ReplyDelete
  4. ပုံလေးတွေတော်တော်လှတယ် ။ရိုက်တဲ့သူရဲ့ အနုပညာကိုလေးစားမိပါတယ် ။

    ReplyDelete
  5. ရိုက်ထားတဲ့ပုံလေးတွေက ကောင်းထှာ ...:)
    ဟုတ်တယ် ....မိုးနတ်တို့လဲ အဲ့သတင်းကို ကြားလိုက်ရတယ်
    စိတ်မကောင်းဖြစ်မိရုံကလွဲလို့ ဘာမှမတတ်နိုင်ခဲ့ပါဘူးရှင်...:(

    ReplyDelete
  6. ဒီကနေ့မှ ခရီးကပြန်ရောက်တယ်။ ကိုကိုစိန်ရဲ့ချောင်းသာခရီးစဉ်
    ဖတ်ပြီးဓာတ်ပုံတွေကို မြင်ပြန်တော့ သွားချင်ပြန်ပေါ့ကွယ်း)
    သဘာဝကျကျ လျှပ်တစ်ပြက်ရိုက်ချက်လေးတွေကောင်းတယ်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete

Related Posts Plugin for WordPress, Blogger...