Tuesday 31 May 2011

အမေ့မေတ္တာ

သားနဲ့တွေ့ဖို့လာခဲ့တဲ့အမေ သားကြိုက်တတ်တဲ့ ဒူးရင်းသီးတွေဝယ်လာတယ်....

သားနေတဲ့ အထပ်မြင့်ထိ အမေအေ၇ာက်လာခဲ့တယ်....မောတယ်လို့မရှိဘူး....

အမေအသက်ကြီးပြီ..အခုထိကျနော်မွေးကျေးဇူးမဆပ်နိုင်သေးဘူး ....သားမပြန်ခင်ရက်

အမေဘာမှမပေးပါနဲ့လို့ ကျနော်ပြောပေမယ့်..အမေ့စေတနာ...အမေက ကားစီးရင်မူးတယ်

သားလေယာဉ်ပေါ်မှာမူးရင်စားဖို့ သကြားလုံး...အလုပ်ထဲခါးနာရင်လိမ်းဖို့ဒဏ်ကြေဆေး

လေသက်ဆေးကအစ...ထမင်နဲ့စားဖို့ ငါးခြောက်ကြော်လေး..ကျနော်ဖို့တဲ့

အမေ့ကိုကျနော်ကန်တော့တယ်...သားကိုခွင့်လွတ်ပါလို့ ကျနော်ပြောတဲ့စကား...အမေပေးတဲ့

ဆု.....ငါ့သားတွေကိုအမေချစ်တယ်တဲ့.....ကျနော်ထိန်းမနိုင်တဲ့မျက်ရည်...ကျဆင်းရုံမှတပါး

ကျနော့်ဆုတောင်းတွေပြည့်ပါစေ...အမေလည်း စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ....။



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...