Thursday 26 May 2011

အရင်အတိုင်း

ရန်ကုန်
အရင်အတိုင်းပါဘဲ
ပြောင်းလဲခြင်းတချို.တ၀က်ပေါ့
အချို.သောကတ္တရာလမ်း
ကွန်ကရစ်အသွင်ပြောင်းသွားတယ်
အရည်အသွေးကတော့
အရင်အတိုင်းပေါ့
အုပ်ချုပ်သူအသွင်ပြောင်းသွားတယ်
အချို.သောအရာတွေခဏပြောင်းတယ်
ကောင်းတာတွေဖြစ်လာမယ်ထင်တယ်
လူသာများပွဲမစည်
အရင်အတိုင်းပေါ့
သုံးစွဲတဲ့စက္ကူငွေကြေး
ဟောင်းသထက်ဟောင်း
စုတ်ကာပြဲလို့တွန့်ကာကြေ
၁၀၀တန်အန်းဖို့မရှိ
တစ်ရူးထုပ်လေးပေးပါတယ်
၁၀၀လို့သတ်မှတ်လိုက်ပေါ့
ပြဲလဲယူ၊စုတ်လဲယူ
တို့ ပြည်သူတွေကျေနပ်လို့
အစုတ်အပြဲ တိုင်းပြည်ထဲမှာ
နေ့တလူ အဆင်ပြေဖို့
ကုန်းရုန်းကာကြိုးစားရှာတယ်
အရင်အတိုင်းပေါ့

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...