Saturday, 9 April 2011

သွားလေအုံးပေါ့သူငယ်ချင်း

ဒီကနေ့ အပြီးပြန်မယ့်သူငယ်ချင်းတစ်ယောက်ကို လေဆိပ်လိုက်ပို့ခဲ့တယ်...တရားဝင်နေထိုင်ခွင့်ရှိသေးပေမယ့်
သူလည်းသူ့အကြောင်းနဲ့ ဆိုတော့ ပြန်ပြီလေ.....ကိုရီးယားရဲ့ အမှတ်ရစရာတွေကသူပြန်ဖို့လေဆိပ်ဆင်းခါနီး
အချိန်ထိ သူ့ကိုဖြစ်စေခဲ့တယ်....လုပ်သက်ဆုကြေးသူတို့နိုင်ငံရဲ့ မဆိုသလောက်ငွေလေးကို ပြန်မယ့်နေ့ညနေ
ငါးနာရီကျော်မှသူ့ဘဏ်ထဲကိုေ၇ာက်လာခဲ့တယ်...တစ်နေကုန်ရမှရပါ့မလားဆိုတဲ့ စိတ်သောကကို ဖြစ်စေခဲ့တယ်..ဒါတောင်သူဟာ ရောက်တည်းကဒီစက်ရုံမှာ အသားကျခဲ့သူပါ..လစာကို၂လတစ်ခါပေါင်းရှင်း
အပိုကြေးမရှိ...ဘောနပ်ဆိုဝေလာဝေးပေါ့ ....ကဲအခုတော့လည်းအများကြိုက်များလိုက်တဲ့အရာတွေရှိတဲ့
နေရာကိုသူအပြီးတိုင်နုတ်ဆက်သွားခဲ့ပြီ....ဒီကနေ့မှာ မနက်လေယာဉ်နဲ့ ပြန်သွားတဲ့သူငယ်ချင်း တွေရှိပေမယ့် အလုပ်ပါးလို့ မရှိရှိတာရှာလုပ်နေရလို့ လိုက်မပို့ဖြစ်ဘူး.....ကဲ..သွားလေအုံးပေါ့သူငယ်ချင်း
 ရထားပေါ်ကရိုက်ခဲ့လို့နေ၀င်တာကိုဘဲသတိထားမိတယ်သေချာပြန်ကြည့်မှလေယာဉ်ကိုတွေ့ခဲ့တယ်။










Tuesday, 5 April 2011

seoul motor show 2011

ဒီတစ်ပါတ်တော့ ဆိုလ်းကနေပြီးမိနစ်၄၀လောက်သွားရတဲ့ KINTEX(korea international exhibition center) လုပ်တဲ့ ကားပြပွဲကိုသွားပြီးဓါတ်ပုံတွေ၇ိုက်ခဲ့တယ်....ပြခန်းဝင်ကြေးဝမ်၉၀၀၀
ပေးရပါတယ်..တနင်္ဂနွေဖြစ်လို့တန်းစီရတဲ့လူတွေကမနည်းပါဘူး ..ပြပွဲကဧပြီ၁ရက်ကနေ၁၀ရက်ထိလုပ်မှာပါ.ဒီပြပွဲကိုဆိုလ်းကနေလာလို့ရအောင်လဲshuttlebusတွေ
ထားပေးပါတယ်...ပြပွဲမှာနိုင်ငံတကာကနာမည်ကြီးတံဆိပ်ကားတွေအပြင်ကိုရီယားနိုင်ငံထုတ်ကား
တွေကိုပါပြထားပါတယ်။တစ်နေ့ကို ကားတစ်စီးကံစမ်းမဲဖေါက်ပေးပါတယ်...ပုရိသအကြိုက်မော်ဒယ်တွေကလည်းများလို့ဓါတ်ပုံဆရာတွေ
ကလည်းမနည်းပါဘူး...ပြခန်းမှာ၇ိုက်တဲ့ပုံတွေကိုသူတို့ဝက်ဆိုက်မှာ တင်ပြီးပြိုင်ပွဲလည်းဝင်လို့ရပါတယ်..ဓါတ်ပုံဝါသနာရှင်တွေအတွက်အခွင့်အေ၇းပေါ့လေ....




























Thursday, 31 March 2011

ဘေထုပ်နဲ့ ပြောမိပြောရာ

ဘေထုပ် ဆိုလို့ ကျနော်တို့မြန်မာပြည်တစ်ခုတည်းမှာရှိတာမဟုတ်ပါဘူး....

ေ၇ပန်းစားနေတဲ့ ကိုရီးယား ဆိုတဲ့ဒီနိုင်ငံမှာလည်း ဘေထုပ်ရွေးဝတ် သူတွေလဲဒုနဲ့ဒေးပါ။

အပါတ်စဉ်တနင်္ဂနွေ နေ့မှာ ဆိုလ်းမှာရှိတဲ့ dongmyo ဘူတာနံပါတ် ၁လိုင်းမှာလဲ 

အဟောင်းတန်း...ဆိုတဲ့ ဈေးရှိပါတယ်..အ၀တ်ဟောင်းသာမက လျှပ်စစ်ပစ္စည်းအဆုံး ပေါချောင်

ကောင်း..တချို.လည်းမကောင်းဘူးပေါ့ဗျာ အစုံရှိပါတယ် ....ခန္ဓာကိုယ်ပျက်ဆီးလို့ 

အောက်ပိုင်းမရှိဘဲ တောင်းရမ်းစားသူတွေ လူတန်းစားစုံတဲ့နေရာပါ.....ကျနော်တို့နိုင်ငံကို

kbs သတင်းဋ္ဌာနကလာပြီး အချို.သောနွမ်းပါးသူတွေကို မှတ်တမ်းတင်သူတို့ရုပ်သံ မှာပြခဲ့တယ်။

သူတို့ဆီမှာလည်း ဒီလိုဖြစ်နေတာတွေ ကို ကျနော်လည်း ပြလိုက်ချင်တယ်....


ကျနော်တို့နိုင်ငံမှာလက်ရှိ တယားယားခတ်စားနေတဲ့ ကိုရီးယားဆိုတာလည်းဒါတွေရှိနေပါလား


လို့လေ....စကားမစပ်ပြောရရင် လွန်ခဲ့သောလ အနည်းငယ်က ရန်ကုန်တော်ဝင်စင်တာဆိုတဲ့

စူပါမတ်ကတ်ဖွင့်ပွဲ မှာကိုရီးယားသရုပ်ဆောင်တွေကိုဖိတ်ပြီးဖွင့် ဖို့လုပ်တာကိုကြားခဲ့ရတယ်။

ဒီလူတွေလာဖွင့်မှဒီမားကတ်က အောင်မြင်မှာလား...ဘာစိတ်ကူးတွေလဲ.....မသိလို့ပါ.....

ပြီးမှကြားရတာကတော့ကိုရီးယားသရုပ်ဆောင်တွေကိုဖိတ်ဖို့ ကိုရီးယားနိုင်ငံသားတယောက်က

ဒေါ်လာ ၅သောင်းယူပြီးလိမ်သွားလို့ ဆိုင်ရာမှာအမှုဖွင့်ထားတယ်ဆိုတဲအကြောင်း ဖတ်ရတယ်။

ဒီဒေါ်လာ၅သောင်းကိုလိုအပ်တဲ့နေရာတွေမှာသာ သုံးခဲ့လှူခဲ့မယ်ဆိုရင် .....မဆိုင်တာတွေေ၇း
မိနေပြန်ပြီဗျာ................






 





















Saturday, 26 March 2011

ရိုက်မိရိုက်ရာ(၁)

စိတ်ပြေလက်ပျောက် သွားနေတုန်းတစ်ခါတစ်လေ ပါတ်ဝင်းကျင်ကိုလေ့လာရင်း

ဟိုတစ်စဒီတစ်စအတွေးတွေနဲ့ ဓါတ်ပုံတွေရိုက်မိတယ်......

ရိုက်မိရိုက်ရာ လို့ခေါင်းစဉ်တပ်လိုက်ပါတယ်..အားပေးကြပါအုံး

















Thursday, 24 March 2011

နိဟွန်းမှာဘေးကင်းပါစေ



ပြီးခဲ့ တဲ့ရက်တစ်ရက်က ကျနော့် gtalk မှာနာမည်အသစ်တစ်ခုအင်ဗိုက်လုပ်လာပါတယ်။

 ကျနော်ကဘယ်သူလဲမေးတော့ စာဖတ်သူတစ်ဦးပါတဲ့။။။။ သူပြောတာက မြန်မာပြည်တစ်နေရာကပါတဲ့

ထားလိုက်ပါလေ...ကျနော် ရဲ့ မရေးတတ်ေ၇းတတ်စာတွေကိုဖတ်လို့ကျေးဇူးတင်မိပါတယ်။

သူကမေးတာတစ်ခုရှိပါတယ်...ဂျပန်ကိုဘယ်လို မြင်သလဲ လို့ပါ..ကျနော်ဘာပြောရမလဲ....

ဆုတောင်းပေးဖို့ဘဲရှိပါတယ်.......

  ဂျပန်မှာ ကျနော့်မိတ်ဆွေအသိတွေ ရှိပါတယ်....တချို.လည်းမိသားစုတွေနဲ့အတူနေကြသလို..အချို.လည်း

အခုမှ အိမ်ယာထူထောင်ဖို့ကြိုးစားနေဆဲပါ....ငလျင်လှုပ်တဲ့နေ့က ကျနော်အလုပ်ပြီးလို့ 

သတင်းဖွင့်ကြည့်တော့ အမလေး...ရုပ်ရှင်ထဲကလိုပါဘဲလား.....အော်....ဘယ်လိုတွေများဖြစ်ကုန်ပြီလဲပေါ့

ချက်ခြင်းဘဲ မိတ်ဆွေတွေဆီဖုံးခေါ်မိတယ်...ဆပိုရိုက တစ်ယောက်နဲ့ယိုကိုဟားမားကိုဘဲခေါ်လို့ရပါတယ်။

တိုကျိုနဲ့အခြားနေရာတွေမရပါဘူး..သူတို့တွေဘာဖြစ်ကုန်ပြီလဲ..ဘာမှမဖြစ်ပါစေနဲ့ပေါ့....ဆုတောင်းမိတယ်။

နောက်ရက်ကျမှသူ တို့နဲ့အဆက်အသွယ်ရပါတယ် ....ဒါပေမယ့် မမြင်ရတဲ့ 

ဘေးကရှိသေးတယ်။နျူကလီးယားဘေးပေါ့..သူတို့ဘယ်လိုလုပ်ကြမလဲ...အကြံပေးရုံကလွဲပြီး 

မတတ်နိုင်ခဲ့ဘူး

တကယ်တန်းကျတော့ဖြစ်မှသာဖြစ်ေ၇ာ ပြန်ဖို့မလွယ်တဲ့အတွက် မပြန်နိုင်ကြတာပါ .....မြန်မာပြည်ပြန်ရင်

ဘာလုပ်စားမလဲ တဲ့လေ.....ငလျင်လှုပ်လို့ ဆူနာမီဖြစ်...ဆူနာမီကြောင့်နောက်ဆက်တွဲ တွေဆက်ဖြစ်....

ဒါတောင်တိုးတက်တဲ့နိုင်ငံဖြစ်လို့ အသေအပျောက်အနည်းဆုံးသာဖြစ်တာပါ။ကမ္ဘာ ပေါ်မှာကပ်တွေက ဆိုက်

နေပြီလေ.စစ်ပွဲတွေ..သဘာဝဘေးတွေကျ ....၂၀၁၂ ကမ္ဘာပျက်မယ်လို့ပြောတာအခုတည်းကစနေပြီလား

 ဆူနာမီ ဆိုတာကိုပြန်လေ့လာကြည့်တော့ သမုဒ္ဓယာေ၇အောက်ငလျင်လှုပ်ခတ်မှုနှင့်မြေပြိုမှုတွေ 

မီးတောင်ပေါက်ကွဲမှုတွေကြောင့် ဖြစ်ပွားတတ်သော ရေလှိုင်းတွဲကြီးတွေကိုခေါ်ပါတယ်။

 ဆူနာမီ ဆိုတာဂျပန်ဝေါဟာရကနေလာတာဖြစ်ပြီး ကမ်းလှိုင်းလို့အဓိပ္ပါယ်ပြန်လို့ရပါတယ်..... ဆူ(TSU)

ကိုဂျပန်ဘာသာမှာ ဆိပ်ကမ်း လို့အဓိပ္ပါယ်ရပြီး နာမီ(NAMI)သည်လှိုင်းဟူ၍ဖြစ်ပါတယ်။

ရှာတောင့်ရှားခဲဖြစ်စဉ်များအဖြစ် သမုဒ္ဓရာ များတွင်ဧရာမဥက္ကာ ခဲကြီးများကြွေကျ ခြင်းကြောင့် ဆူနာမီ

ရေလှိုင်းဖြစ်ပေါ်တတ်ပါတယ်.....လွန်ခဲ့သော နှစ်ပေါင်း၃.၅ဘီလီယံခန့်က ဂြိုဟ် သိမ်ဝင်ဆောင့်မှုကြောင့်

ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်များမှတစ်ပါး ကျန်အရာများရေလွှမ်းမိုး ခဲ့ဘူးသည့်အထောက်အထားများကိုသိပ္ပံ

ပညာရှင်များက လေ့လာတွေ့ရှိခဲ့ကြပါတယ်။ထိုဖြစ်စဉ်တွေကြောင့်  ကမ္ဘာ့တိုက်ကြီးများ၏ ဘူမိဖြစ်စဉ်အနေ

အထားအကြီးအကျယ် ပြောင်းလဲခဲ့ရပါတယ် ။

လွန်ခဲ့သော၂၀၀၄ ခုနှစ်အိန္ဒိယ သမုဒ္ဓရာ မှာဖြစ်ခဲ့သော ဆူနာမီဟာ မိုင်၃၀၀၀ကွာဝေးသောအာဖရိက 

ကမ်းခြေကိုပါ အင်အားကြီးစွာရိုက်ခတ်ခဲ့ပါတယ်။ ခရစ်နှစ်၁၇၀၀ မှာ ပစိဖိတ်အနောက်မြောက်ပိုင်းတွင
ဖြစ်ပေါ်ခဲ့သော ၉ အဆင့်ရှိငလျင်နှင့်အတူ ဖြစ်ပေါ်လာသော ဆူနာမီရေလှိုင်းများက 

ဂျပန်နိုင်ငံပစိဖိတ်သမုဒ္ဓရာ ကို၇ိုက်ခတ်ခဲ့ဘူးကြောင်းဆိုပါတယ်။ သန္တာကျောက်တန်းများ၊ပင်လယ်အော်များ

မြစ်ဝများနှင့်ပင်လည်ရေအောက် ဘူမိသွင်ပြင်များက ဆူနာမီရေလှိုင်းများကို လျော့ပါးစေနိုင်ဖွယ်ရှိပါတယ်။ 

အချို.ဖြစ်စဉ်တွေမှာပင်လယ်ေ၇မြင့် တက်မှုဟာလက္မအနည်းငယ် ပေအနည်းငယ်သာရှိပေမယ့် 

အချို.ဖြစ်ရပ်တွေမှာ 

မီတာ၃၀ထိအောင်မြင့်မားတာကိုလည်းတွေ့ရှိရပါတယ်။....ဖြစ်စဉ်အများစုမှာတော့ပင်လည်ေ၇မျက်နှာပြင်

မြင့်တက်မှုဟာ ၁၀ပေထက်မပိုပါဘူး ..ငလျင်နဲ့မစိမ်းတဲ့ ဂျပန်နိုင်ငံဟာေ၇ထုကို ရုတ်တရက်ရွေ့လျားပြောင်း

လဲစေနိုင်တဲ့ ပင်လည်ကြမ်းပြင်လှုပ်ရှားမှုကိုဖြစ်စေတဲ့ ၈.၉ အဆင့်ရှိတဲ့ငလျှင်ကြောင့်သာဆူနာမီ ဘေးဆိုး

ကိုခံခဲ့ရတာပါ.......ကျနော်မှတ်သားထားတာတွေကိုဝေမျှရင်းနဲ့

 အမြန်ဆုံးပြန်လည်ထူထောင်ေ၇းတွေလုပ်နိုင်ပါစေ....ဂျပန်ပြည်သူပြည်သား တွေနဲ့တကွ 

ဂျပန်ပြည်ကိုအမှီသဟဲပြုနေကြတဲ့သူတွေနဲ့ ကမ္ဘာသူကမ္ဘာသား အားလုံးဘေးဆိုး၊ရန်ဆိုး၊အန္တရာယ် 

ဆိုးအပေါင်းမှလွတ်ကင်းကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

  (ကိုးကား) ၁၃.၃ ၂၀၁၁ ကြေးမုံသတင်းစာ (ဗျည်းနွဲ့) ဆုံးရှုံးမှုမြင့်မားခဲ့သော ဂျပန်ငလျှင်ဆူနာမီေ၇လှိုင်းနှင့် သိမှတ်ဖွယ်ရာများ ဆောင်းပါး























 






Related Posts Plugin for WordPress, Blogger...