Monday 21 February 2011

သံယောဇဉ် နိဂုံး


မကြာသေးမီ ကာလက ကျွန်ုပ်နှင်သံယောဇဉ်....ဆိုတဲ့အကြောင်းအရာလေးတစ်ခုရေးဖြစ်ခဲ့ပါတယ်။
ထိုအကြောင်းအရာများထဲက ကျနော့်ရဲ.ယခုနေရာဒေသကခွေးလေးတစ်ကောင်ဖြစ်တဲ့ ဂျူလီယာ
ကိုကျနော်ပြန်တဲ့ အခါခေါ်သွားမယ်လို့ ကျနော်ေ၇းခဲ့ပါတယ်....
တစ်ခုသော စနေနေ့ မနက်ပုံမှန်အစာကျွေးချိန်မှာဂျူလီယာ ရောက်မလာပါဘူး..အလည်လွန်နေတာလား..ခေါ်တော့လည်းရောက်မလာပါဘူး..စိတ်ထဲမှာတော့
တစ်မျိုးဖြစ်မိတယ်....တနင်္လာနေ့ရောက်သည့်တိုင်ဂျူလီယာရောက်မလာတော့ပါ.....ခွေးကလိမ္မာတော့
တစ်ယောက်ယောက်များဖမ်းသွားလားပေါ့လေ....အခုတစ်ပါတ်ကြာမှ သိလိုက်တာကဂျူလီယာကို
ကားတိုက်သွားတာတဲ့ မနက်စောစောပိုင်းပေါ့....အဲဒီနားကလူတွေက ကျနော်တို့စက်ရုံက ခွေးမှန်း
မသိလို့မပြောတာပါတဲ့လေ..ကျနော့် စိတ်ထဲမှာတော့ဗြောင်းဆန်သွားတယ်....တကယ်တော့ဂျူလီယာက ကားကိုမကြောက်တတ်ဘူး....
သဘောကောင်းတဲ့ကားသမားက ဘရိတ်အုပ်ပေမယ့် မနက်ပိုင်းအရမ်းမောင်းတဲ့ကားနဲ့တွေ့တော့
သူ့ ကိုမရှောင်ကြတော့ဘူး...ဒီဘ၀ဒီမျှနဲ့ဂျူလီယာအသက်ဆုံးသွားပြီလေ....သူ့မှာဗိုက်ကြီးနဲ့ပါ....
သူ့ရဲ့ သခင်ဖြစ်တဲ့ ကျနော့်သူဋ္ဌေးကတော့ ဘာမှမခံစားရတဲ့ ကိုရီးယားသားတွေပေါ့လေ။
ကျနော့်မှာသူထမင်းစားချိန်တိုင်း..သူ့အစာခွက်ကိုမြင်တိုင်း..ကျနော်နဲ့လက်ပွန်းတသီးနေခဲ့
တဲ့အချိန်တွေကိုသတိရပြီးအတော်လေးစိတ်ထိခိုက်ရပါတယ်..လူနဲ့တိရိစ္ဆာန် ဆိုပေမယ့် ကျနော်တစ်
ယောက်တည်းညလုံးပေါက်အလုပ်လုပ်ရတဲ့ အချိန်တွေ မှာကျနော့်နားမှာရှိခဲ့တဲ့ဂျူလီယာ...တခြား
ခွေးတွေကိုခေါ်၇င်မနာလိုတတ်တဲ့ဂျူလီယာ..အထူးအားဖြင့်လူ့စကားနားလည်တဲ့ ဂျူလီယာတစ်
ယောက် ဖြစ်လေရာ ဘ၀မှာ ဒီလိုအဖြစ်ဆိုးနဲ့ မတွေ့ မကြုံပါစေနဲ့လို့ ဆုတောင်းပေးရင်း
ကျနော့်ရဲ့ သံယောဇဉ် တစ်ခုဟာလည်း နိဂုံးချုပ်ခဲ့ရပြန်ပြီ..........

3 comments:

  1. အေးဗျာ တိရစ္ဆာန်လေးတွေကို သံယောဇဉ်ထားရတာ စိတ်ချမ်းသာပေမယ့် သူတို့လေးတွေက ကိုယ့်ကိုယ်ကိုမစောင့်ရှောက်နိုင်လို့ တစ်ခုခုဖြစ်သွားရင် စိတ်ထဲံမှာ မကောင်းလိုက်တာလေ...အရင်က fido နဲ့ dido ဆိုတဲ့ ခွေးညီနောင်လေး မွေးဖူးတယ်...နယ်ပြောင်းတော့ ခွေးလေးတွေကို သူများလက်ထဲပေးခဲ့ရတာ တစ်ကောင်က ပိုင်ရှင်သစ်လက်ချက်နဲ့ သေသွားတယ်...တစ်ကောင်က သူများသတ်စားလိုက်တယ်တဲ့ ကြားရတဲ့နေ့က စိတ်မကောင်းဖြစ်လိုက်တာ နို့မပြတ်ခင်ယူလာမိလို့ ညညဆို နို့ဗူးထတိုက်ပြီး မွေးခဲ့ရတဲ့ခွေးလေးတွေ...ဒါကြောင့် ခွေးလေးတွေကို ချစ်ပေမယ့် ကိုယ့်နေရာ အတည်တကျမဖြစ်သေးရင် နောက်ထပ်မမွေးသေးဘူးလို့ ဆုံးဖြတ်ထားမိတယ်...ဒီပို့စ်ကို ဖတ်မိတော့ အဲဒီခွေးလေးနှစ်ကောင်ကို ပြန်သတိရမိသွားတယ်

    ReplyDelete
  2. တော်တော်ချစ်ဖို.ကောင်းတဲ့ခွေးပဲ အစ်ကိုနဲ. ထပ်တူခံစားရပါတယ်။

    ReplyDelete
  3. ဒီဇင်ဘာ13 October 2011 at 23:01

    စိတ်မကောင်းဖြစ်မိပါတယ်။ ညီမလည်း တစ်နှစ်ရှိပါပြီ။ လမ်းဘေးက ခွေးကလေးကို ကျွေးမွေးထားတော့ ကိုယ်ချင်းစာလို့ ရပါတယ်။

    ReplyDelete

Related Posts Plugin for WordPress, Blogger...