Friday, 27 January 2012

ပူစီချစ်သူတွေအတွက်

ကိုရီးယားဆိုတာလည်း တရုတ်ကဆင်းသက်လာတာတဲ့ တရုတ်နှစ်ကူးတော့ ကိုရီးယားလည်း

သူတို့ဓလေ့နဲ့ နှစ်ကူးလေ..အဲဒီတော့ ပိတ်ရက်တွေရှိလာပြန်ေ၇ာ...ပိတ်ရက်မှာ အလှုအတန်းတွေ

သွားသလို အောက်ဘက်ကလာလည်တဲ့ သူငယ်ချင်းတွေနဲ့ ဆုံဖြစ်ပြန်တယ်..မကြာသောကာလ

မှာ မြန်မာပြည်ပြန်ကြတော့မှာမို့ သူတို့တွေပျော်နေကြပြီလေ....ဆိုလ်းပါတ်ဝင်းကျင်လိုက်ပို့ လို့

ညဘက်ကျတော့လည်း ယမကာဝိုင်းလေးနဲ့ပေါ့....ပိတ်ရက်တွေမှာ အအေးဓါတ်ကလည်းပိုလို့

အနုတ်၁၃လောက်ထိ ဖြစ်ခဲ့တော့...ခန္ဓာကိုယ်အနွေးဓါတ် လိုတယ်လေ။ အချို.သူငယ်ချင်းတွေ

ကတော့ ပိတ်ရက်ခွင့်တစ်လလောက်ရလို့ အိမ်ပြန်ကြတယ်...လေဆိပ်ကိုကျနော်လိုက်ပို့ တာကို

ကျနော့်ကိုခင်တဲ့ သူတွေကလည်းကျနော်အိမ်ပြန်တယ်ထင်သွားကြတယ်..မညာပါဘူး...ပြန်ချင်

တာပေါ့ဗျာ...သို့သော်လည်း....ပိတ်ရက်မှာေ၇ာက်တတ်ရာရာသွားရင်း ပန်းချီပြခန်းလေးတစ်ခု

မှာ ကြောင်ပုံလေးတွေ လှလို့ရိုက်ခဲ့ပါတယ်...ရှုစားကြပါအုံးခင်ဗျာ.....



















Thursday, 12 January 2012

ကျနော့်နေရာ

အချိန်ကဇန်န္ဒ၀ါရီလ ကျနော့် နေရာ ဆိုလို့ဘာတွေများလဲထင်ကြလိမ့်မယ်..တကယ်တော့

ကျနော်ယခုနေတဲ့နေရာဒေသ လေးမှာ နွေနဲ့ဆောင်းလို့ ပြောလိုရတဲ့ ရာသီနှစ်မျိုးကကြီးစိုးနေ

တာပေါ့....နွေ ဆိုရင်လဲပူလိုက်တာမှ..အညာနွေလိုပါဘဲ....အေးတဲ့ရာသီကျပြန်တော့ ခိုက်ခိုက်

တုံ သွေးခဲမတတ်...ဥတုရာသီကတဖက်သတ်တွေပြင်းထန် လွန်းပါတယ်.... ဒီမှာ မိုးရာသီရယ်

လို့ ပုံသေမရှိပါဘူး..နွေခါင်ခေါင်မှာလည်း မိုးကြီးရွာချင်ရင်ရွာ..ဆောင်းမှာလည်းမိုးရွာတယ်လေ

နွေဘက်မှာတော့ စိမ်းမြနေတဲ့ လယ်ကွင်းစိမ်းတွေ...မျက်စိပသာဒဖြစ်လို့ ဆောင်းကျတော့အဖြူ

ေ၇ာင်တွေကြီးစိုးပြီးရိုးတံတွေအရွက်ကြွေသေခဲ့ကြတဲ့အပင်တွေနဲ့ အထီးကျန်လို့ပါ....တစ်ခုရှိတာ

က နွေဘက်ဆိုရင်မတွေ့ရတဲ့ေ၇ဘဲတွေဟာဆောင်းတွင်းေ၇ာက်တာနဲ့ အကောင်ေ၇များစွာဟာ

သူ့အချိန်တန်လို့လားမသိ ရိတ်သိမ်းပြီးတဲ့ လယ်ကွင်းတွေမှာကျက်စားပျော်ပါးကြပါတယ်...

ဒီနိုင်ငံမှာ..အဲဒီေ၇ဘဲသူတို့ အခေါ် ချုရီအူရီ (စာလုံပေါင်းအခေါ်အဝေါ်မှားရင်သီးခံပါ) တွေကို

ဖမ်းခွင့်မပေးပါဘူး...ဘေးမဲ့ပေါ့ဗျာ....ေ၇ဘဲအုပ်တွေဟာ အလွန်များပါတယ်...ေ၇စီးသန်တဲ့ချောင်းမြောင်းတွေတောင် အအေးဒဏ်ကြောင့် လွပ်လတ်စွာ

စီးဆင်းခွင့်မရှိတော့ဘဲေ၇ခဲဖြစ်သွားပါတယ်....ဒီလိုနေရာမှာ အနေကြာပြီ ဖြစ်တဲ့ကျနော်က

တော့ သဘာဝတရားတွေကို ကြည့်ရင်းနဲ့.........

                                                        နွေရာသီမှာစိမ်းလန်းလို့

နှင်းတွေအရည်ပျော်သွားတဲ့အခါ
လွပ်လတ်နေတဲ့ေ၇ဘဲတွေ
စီဆင်းနေတဲ့ေ၇အလျှင်လည်းခဲသွားသည်။




Sunday, 1 January 2012

ဆိုလ်း မြို.ကနှစ်ကူးပွဲ

2011 မှ နှစ်သစ် 2012 ကူးပြောင်းတဲ့ ပွဲကို..တောင်ကိုရီးယားနိုင်ငံ ဆိုလ်းမြို. လည် က

 ဆမ်ဆောင်းတာဝါ အရှေ.ကလမ်းဆုံမှာလူထောင်သောင်းများစွာနဲ့ကျင်းပခဲ့ကြပါတယ်.....

ဒီနေရာကို မြေအောက်ရထား အစိမ်းလိုင်းဂျုံးကပ်ဘူတာ ထွက်ပေါက် ၃၄၅၆ ကနေသွားလို့

ရပါတယ်...မျက်စိနောက်လောက်အောင်ထူထပ်တဲ့ ရဲ တွေကြားမှာလူထုဟာအေးချမ်းစွာနဲ့

နှစ်သစ်ကိုအန္တရယ်ကင်းစွာကျော်ဖြတ်ခဲ့ကြပါတယ်....ဒီညပထမ နှင်းကျမယ်ကြေငြာထားပေမယ့်

ရာသီဥတုက -၂လောက်ဘဲရှိတာမို့ အနေတော်ဖြစ်ခဲ့ပါတယ်....နှစ်တိုင်းလဲ ဒီနေရာမှာကျင်းပခဲ့

တာပါ...လူတွေသောင်းဂဏန်းလောက်များပေမယ့် ရန်မဖြစ်...လက်မသရမ်းကြတာတွေ က

လည်း စည်းကမ်းရှိတဲ့ နိုင်ငံလို့ပြောရမှာပါ...၁၂နာရီကျော်ပွဲပြီးတာနဲ့ လေးဘက်လေးတန်ပိတ်

ထားတဲ့ လမ်းတွေကို ရဲအင်အားသုံး ပြီးပြန်ဖွင့်ခဲ့ပါတယ်...သန်.ရှင်းေ၇းဝန်ထမ်းတွေကလည်း

ဆက်တိုက် သူ့တာဝန်သူကျေပွန်အောင်ဆောင်ရွက်ခဲ့ကြပါတယ်...ကိုရီးယားက ချစ်သူစုံတွဲအကဲ

ပိုသူတွေကလည်း အနမ်းမိုးတွေ လူကြားထဲမစဲခဲ့ တဲ့ ညပေါ့.....ကောင်းသောနှစ်သစ်ပါ။







အ ကာ လိ ကော



မင်္ဂလာအပေါင်း နဲ့ပြည့်စုံတဲ့ နှစ်သစ်တစ်ခုေ၇ာက်ခဲ့ပြန်ပါပြီ....

နှစ်သစ်မှာ ကျေးဇူးကြီးမားတဲ့ မိဘအဖိုးအဖွားတွေ...ဆ၇ာသမား၊ကျနော်ချစ်ရတဲ့ မိသားစု

နဲ့တကွ ကျနော်ကိုခင်မင်ကြတဲ့ မိတ်ဆွေသူငယ်ချင်းအားလုံး ကိုယ်စိတ်နှစ်ဖြာကျန်းမာချမ်း

သာကြပါစေလို့ မေတ္တာပို့ ဆုတောင်းလိုက်ပါတယ်...အထူးအားဖြင့် ကျနော်နဲ့ ရဲဘော်ရဲဘက်လို

မဟာမိတ်တွေလို...နေရာတွေ မတူညီတဲ့ နိုင်ငံတွေ တွေကွဲပြားတဲ့အရပ်အသီးသီးက စိတ်တူ

ညီကြတဲ့ စာေ၇းသူဘလောဂ့်ဂါ....ညီအကိုမောင်နှမတွေအားလုံးကို လိုရာဆန္ဒတွေပြည့်စုံကြစေ

ေ၇ာက်တဲ့နေရာဒေသအသီးသီးမှာ ခံနိုင်ရည်စွမ်းအားတွေမွေးမြူနိုင်ကြပြီးမေတ္တာစိတ်သီးခံစိတ်

တွေပွားများကြပြီး ဘေးရန်ကင်းကွာစီးပွားဖြာလို့ကောင်းကြိုးအထွေထွေနဲ့ အကြောင်းအကျိုးတွေ

အဆင်ပြေကြပါစေလို့....မေတ္တာေ၇ှ့ထားပြီးဆုတောင်းလိုက်ပါတယ်.....။


Wednesday, 28 December 2011

သဒ္ဒါ ကြေးသာဖြစ်ပါစေ



နောက်၃ရက် နေရင် ၂၀၁၂ ဆိုတဲ့ နှစ်သစ်တစ်ခုကိုေ၇ာက်တော့မှာပါ...

၂၀၁၂ ဆိုရင် ကမ္ဘာပျက်တော့မယ် ဆိုဘဲ....၂၀၁၂ ဆိုတဲ့ ဇတ်ကားဟာ မကြာခဏဆိုသလို...

တီဗီမှာလာနေတော့တာဘဲ...စိတ်တောင်ပျက်လာတယ်...တကယ်ဘဲပျက်တော့မှာလား...အော် လူတွေလေ

တကယ်တော့...ကပ်ဘေးတွေဟာ ကမ္ဘာကို..လာနေတာဂျပန်ဆူနာမီ...တခြားနိုင်ငံတွေက ငလျင်ကြီးတွေ...

လူတွေအတိဒုက္ခေ၇ာက်ကြရ.....တစ်ဖြေးဖြေးနဲ့ ဟိုနားပျက်ဒီနားပျက်နဲ့ ကမ္ဘာဟာ..မသိမသာပျက်နေတာပါ။

၂၀၁၂ ရုပ်ရှင်က လူကြီးတွေသာမက ကလေးတွေရဲ့ စိတ်တွေကိုပါ..ထိခိုက်နိုင်ခဲ့တယ်ဆိုတာ...တစ်ခြားသူ

တွေတော့မသိပါ..ကျနော့်အိမ်က..ကလေးတွေ..ကျနော့်သမီးတွေက..သူ့အမေကို ပြောတာကတော့

“မေကြီး ၂၀၁၂ ဆိုရင်ကမ္ဘာ ပျက်တော့မယ်ဆို....ဖေကြီးကိုပြန်ခေါ်တော့လေ” တဲ့...အတော့်ကို ကျနော်စိတ်

ထထဲမကောင်းဖြစ်ရပါတယ်...သမီးတွေရဲ့ အဖေ ကိုချစ်စိတ်..သူတို့ရဲ့ ရင်ထဲမှာ ကမ္ဘာပျက်တော့မယ် ဆိုတဲ့

အသိကစွဲနေတာကိုး.....မကြာခဏ ဆိုသလို..ကလေးတွေကို..ဖျောင်းဖျရပါတယ်.....

၂၀၁၁ ခုနှစ်မှာ..အကောင်းတွေအဆိုးတွေ ဒွန့်တွဲနေသလိုရှိခဲ့တာပါဘဲ..နိုင်ငံအတော်များများမှာ...နှစ်ပေါင်း

များစွာကြီးစိုးပြီးလူထုကို အုပ်ချုပ်နေတဲ့..အာဏာရှင်တွေကို...တော်လှန်ကြတာတွေ....မကောင်းသူတွေဟာ

လွှင့်ပါးသွားတာကိုလဲ..တွေ့မြင်ရပါတယ်....

ကျနော် တို့ မြန်မာပြည်မှာတော့...ဒီမိုကရေစီ ဆိုတဲ့ စနစ်တစ်ခုဖြစ်လာတယ်လို့ပြောရမလားဘဲ...

အုပ်ချုပ်သူတွေပြောင်းလို့..သူ့ဟာနဲ့သူ...စနစ်တွေပြောင်းပြီး..ခတ်တွေကောင်းလာမယ်လို့ ကျနော်ယုံ   

ကြည်မိပါတယ်....တစ်လောက...ဘလော့ေ၇းတဲ့...ဆရာဦးဟန်ကြည်က...သူ့ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ

ယာဉ်ထိန်းရဲက ဦးထုပ်မဆောင်းတဲ့ ဆိုင်ကယ်မောင်းသူကို ချေထောက်နဲ့ ကန်ပြီးဖမ်းတာကို ဘ၀င်မကျလို့

တင်ပြထားတာကိုလည်းတွေ့မိတော့..ကျနော်လည်း..ကိုယ်တွေ့လေးတစ်ခုကိုပြန်မြင်မိပါတယ်...

ရန်ကုန်မြို.မှာ ဆိုင်ကယ်စီးလို့ရတဲ့ အချိန်ကပေါ့လေ...တစ်ရက်ကျနော့် လမ်းထဲမှာဆိုင်ကယ်စီးလာတဲ့ လူ

ငယ်တစ်ယောက်ကို...လှည့်ကင်းလို့ခေါ်တဲ့...ကားနဲ့လိုက်ဖမ်းတဲ့ယာဉ်ထိန်းက....ကားနောက်ကနေတွယ်ပြီး

ကောင်လေးကိုချေထောက်နဲ့လှမ်းကန်တာကို..ကျနော့်ေ၇ှ့မှာတင် မြင်လိုက်ရပါေ၇ာ...ကောင်လေးကလဲ

ကျသွားပါတယ်...လူလဲအတော်နာသွားပါတယ်...ရဲက..အဒီတော့မှကားကိုရပ်ပြီးဆိုင်ကယ်ကို..ကားပေါ်တင်

ပါတယ်..ဘာပြောကောင်းမလဲ...ကျနော်ကသွားပြီးမေးတာပေါ့..ဘာလို့ဖမ်းတာလဲလို့...အုပ်ထုပ်မဆောင်း

လို့တဲ့လေ...ကောင်လေးမှာ...ချေထောက်တွေလဲစုတ်ပြဲ...အတော့ကိုနာနေပါတယ်...အဲဒီမှာ..ကျနော်က

ရဲကို..“မင်းကို ချေထောက်နဲ့ကန်ပြီးဖမ်းဖို့ ဘယ်သူကပြောထားသလဲလို့ မေးတော့..ခင်ဗျားကဘယ်ကလဲ

လဲတဲ့...အေးငါကဒီလမ်းထဲက..ခုနမင်း..ဘာလိုလုပ်သလဲဆိုတာအကုန်မြင်တယ်...ငါတစ်ယောက်တည်းမ

ဟုတ်ဘူး..ဘေးကလူတွေလဲမျက်မြင်သက်သေရှိတယ်”လို့ပြောတော့..သကောင့်သားက...တာဝန်အရတဲ့

“အေးမင်းလဲတာဝန်အရ ဆိုတော့ငါတို့ကလဲ...အမှန်အတိုင်းရှင်းရတာပေါ့ ”ဆိုတော့မှ..သည်ကောင်လေသံ

လျော့သွားခဲ့တယ်...သိပ်မကြာဘူးဆိုင်ကယ်စီးတဲ့ကောင်လေး..အိမ်ကလိုက်လာပြီးသူတို့ ကလေးကို စိုးရိမ်

ပြီး...ဘယ်လောက်ပေးလိုက်လဲမသိဘူး....ဒီကောင်တွေပြန်ထွက်သွားတော့တယ်...ကောင်လေးမိဘတွေက

ဈေးဝယ်ခိုင်လိုက်တာဖြစ်ကြောင်း...ဈေးနားတင်ဖြစ်လို့ဦးထုပ်မဆောင်းတာလို့..ပြောပြပါတယ်...အခုလိုကူ

ညီတာကျေးဇူးတင်ပါတယ်လို့ပြောပြီးသူတို့ ကလေးကိုအနားကဆေးခန်းမှာပြပြီးပြန်သွားကြပါတယ်။

တစ်ခါကအဖြစ်အပျက်လေးတစ်ခုပါ...နေ့စဉ်အောက်ဆိုက်ဝင်ငွေရှာတဲ့ မြန်မာပြည်က...အခုလို ၀န်ထမ်း

တွေကြောင့်..နစ်နာသူတွေမှာ..ထုနဲ့ဒေးပါ....မီးပွိုင့်မှာ...အရှိန်နဲ့ မီးစိမ်းမောင်းလာတဲ့ကားကို ရဲက မီးဝါ

ခလုတ်နှိပ်ပြီးမီးပွိုင့် အကျော်မှာစောင့်ဖမ်းတာတွေ...အမှုဆင်တာတွေကလည်းပေါမှပေါ...

အခုဂုံးကျော်တံတားတွေဆောက်တော့မယ်ဆိုတဲ့ ယာဉ်ကြောပိတ်တဲ့ မီးပွိုင့်တွေမှာ လိုင်းကာတွေဟာ အ

ချိန်လုမောင်းရဖို့ သူတို့ကားတွေကိုမဖမ်းဖို့...ပွိုင့်ကိုဖြတ်တိုင်း စပါယ်ယာက ပိုက်ဆံကိုပြစ်ချပေးတာတွေ

လဲရှိပါတယ်...လိုင်းကားတွေရာနဲ့ချီတော့တစ်နေ့ဝင်ငွေဘယ်လောက်လဲဆိုတာ....အခုအခါဒီလိုပိုက်ဆံပြစ်ချ

တာကိုကောက်ဖို့ပွိုင့်မှာကလေးငယ်တွေကိုကွမ်းယာဆေးလိပ်ရောင်းသလိုနဲ့ မွေးထားနေပါပြီ..ဘယ်ကားက

ပေးတယ်ဘယ်ကားကမပေးဘူး...ဒီကောင်လေးတွေစာရင်းအတိအကျသိတယ်.. ဒီစနစ်တွေ ဘယ်တော့မှ

ပျောက်မလဲဗျာ....ဒါက ကားနဲ့ပါတ်သတ်တဲ့ဟာဘဲရှိပါသေးတယ်...အချို့သောရုံးတွေအခြားကိစ္စတွေမှာလဲ

ဒီလိုစနစ်တွေဟာ...သူ့နေရာနဲ့သူ ကျင်လည်နေတာနှစ်ချို့နေပါပြီ.....

မြန်မာပြည်ပြန်လို့ လေဆိပ်ေ၇ာက်တာနဲ့ နိုင်ငံကူးလက်မှတ်ကြားမှာ....ဒေါ်လာငွေကို...တစ်ဆယ်..နှစ်ဆယ်

ကြားညှပ်ပေးမှအဆင်ပြေတာတွေ....မပါရင်..အခွန်ဆောင်စာရွက်မပါဘူးလား...စတဲ့ မေးခွန်းတွေနဲ့အရစ်

ထုတ်တော့တာပါဘဲ...လေဆိပ်အပြင်ေ၇ာက်တော့လဲလှည်းကိုဝိုင်းဆွဲ....ကူသယ်ပေးမယ်...အိတ်ကိုဝင်လု

ဗြောင်းဆန်လို့...ကားပေါ်တက်တဲ့အထိ...မုန်ဖိုးလေးပေးပါအုံး...ကျနော်လဲသယ်ပေးတယ်လေ..ပေးပါအုံး

စတဲ့သူတွေ...

ေ၇းရမယ်သာဆိုရင်ကိုထီးဆိုင် သီချင်ခေါင်းစဉ်လို “နေရာတိုင်းမှာ” လို့ပြောရမလောက်ပါဘဲ...ပျက်ဆီးနေ

ပြီဖြစ်တဲ့ ခတ်နဲ့စနစ်ထဲက လာခဲ့တဲ့ ကျနော့်မှာလဲ..ဒီနိုင်ငံေ၇ာက်တော့....အခန်းမှာ အင်တာနက်တပ်တဲ့

သူတွေ လာရင်လဲ...အအေးဗူးတွေထုတ်တိုက်...ကော်ဖီတွေ..ဖျေုာ်တိုက်နဲ့..သူတိုက အထူးအဆန်းနဲ့

ကျနော့်ကိုကြည့် နေတာပါဘဲ....ကျနော်တို့နိုင်ငံမှာ...ဒီလိုလေးတွေလုပ်ပေးမှ..ကိုယ့်ကိုကောင်းကောင်းဝန်

ဆောင်မှုပေးအောင်လေ...စက်ရုံထဲထမင်းစားချိန်မှာ..စက်ပြင်ဖို့လာသူတွေကိုလဲသူဋ္ဌေးက ထမင်းစား

တောင်မခေါ်တော့အော် လူမှုေ၇းတောင်မရှိပါလားလို့...စိတ်ထဲမှာဖြစ်မိတာ..သူတို့မှာကတော့သူတို့ စနစ်

လေ...ရုံးတွေဘဏ်တွေ..သွားရင်လဲ ချိုသာတဲ့အပြုံး..ကျေနပ်အောင်ဝန်ဆောင်မှုတွေပေးတာ...ရထား

တွေ..ကားတွေစီးလဲ..အချိန်တိကျ...မတော်တဆနောက်ကျရင်လဲဘာကြောင့်ဘယ်နေရာမှာဘာဖြစ်တယ်

ခရီးသည်ကိုလေးစားလို့..ကားပေါ်တက်တဲ့ခရီးသည်ကိုခေါင်းလေးညွတ်ပြီးနုတ်ဆက်တာတွေ...စပါယ်ယာ

မလိုတဲ့ ဘတ်စ်ကားတွေ..စီးပြီး အော်ငါတို့နိုင်ငံလဲဒီလိုဖြစ်ရင်ကောင်းမှာလို့...

တစ်ရက်..ဘတ်စ်ကားစီးတော့ ဈေးတက်တယ်လို့ပြောလို့ တစ်ထောင်တန်ကိုပိုက်ဆံပုန်းထဲထည့်ပြီးစီးခဲ့

တယ်...သိပ်မကြာပါဘူး...ကားမောင်းသူက...မီးပွိုင့်မိနေတဲ့အချိန်...ကျနော့်ကိုအကြွေ ၅၀ပြန်လာပေးပါ

တယ်...ကျနော်ကဘာလို့လဲဆိုတော့...ဈေးတက်တာအခြားလိုင်းတွေပါတဲ့...စိတ်ထဲကျေနပ်မိတာနဲ့အတူ

ကျနော်တို့ဆီမှာ...အကြွေမအမ်းဘဲမေ့ချင်ေ၇ာင်ဆောင်တာ...ခရီးသည်ကိုမချေမငံဆက်ဆံတာတွေမြင်

ေ၇ာင်မိပြန်ပါတယ်...

အခု...သူတို့ပြောတဲ့.....ဒီမိုကေ၇စီဖြစ်နေပြီဆိုတဲ့ ကျနော်တို့နိုင်ငံမှာ....ကောင်းတဲ့ အစိုးရ....သန့်ရှင်းတဲ့

အစိုရ...ဖြစ်ဖို့....အခုလိုဖြစ်တာတွေဖြစ်နေဆဲ...ဖြစ်နေတုန်းကိစ္စတွေကိုပြင်ဖို့လိုပါပြီ...နှစ်ကြာလို့ အသား

မာတက်နေတဲ့ နေရာတွေကို လှီးထုတ်ပြီးအသားနုတက်အောင်...လုပ်ရပါမယ်....

မြန်မာတွေဟာသဒ္ဒါစိတ်ပြင်းပါတယ်...မတန်မရာတွေတောင်းပြီးစိတ်ဆင်းရဲအောင်၊မပေးနိုင်ရင် မရဘူး

မလုပ်ပေးဘူးဆိုတာတွေဖျောက်ကြပါတော့...ရင်ထဲက နေဖြစ်တဲ့ ကျေနပ်ပြီးဝမ်းသာပြီးမယူရင်တောင်မှ

အတင်းပေးမယ့် သဒ္ဒါကြေးလေးတွေကိုယူ ပြီးပြည်သူကိုစိတ်ချမ်းသာစေဖို့ နှစ်သစ်မှာစိတ် သစ်တွေမွေးဖို့

ဒီနေရာလေးကနေ ပြောလိုက်ပါတယ်......

ပြည့်စုံသူတွေကောမရှိဆင်းရဲ နွမ်းပါသူတွေပါအားလုံးကိုယ်ေ၇ာစိတ်ပါကျန်းမာချမ်းသာကြပါစေ။


Tuesday, 20 December 2011

နှစ်ကုန်ခါနီး

နှစ်တနှစ်ရဲ့ ကုန်ဆုံးခါနီးရက်တွေမှာ ပျော်စရာကောင်းသလိုပိတ်ရက်တွေ..ေ၇ာက်လာခါနီး

ပြီဖြစ်လို့...အတွေးနဲ့ကြိုပြီး အလည်အပါတ်ထွက်နေမိတယ်..တကယ်တော့...ဒီနှစ်မှာ ပိတ်ရက်

တွေကလည်းတနင်္ဂနွေနဲ့သွားတိုက်တော့...မကောင်းပြန်ဘူး...သောကြာလို..ဒါမှမဟုတ်တနင်္လာ

လိုမျိုးဖြစ်ရင်ကောင်းမယ်...ဒါမှပိတ်ရက်ဆိုတာပီပြင်မှာလေ...၂၀၁၁ ဆိုတာကလည်းပြီးဆုံးဖို့ရက်

ပိုင်းသာလိုတော့တယ်...ကောင်းတာတွေကောဆိုးတာတွေကောခြုံကြည့်လိုက်တော့လည်းဒီလိုနဲ့

ပြီးသွားခဲ့တာပါဘဲ...ကျနော်နေတဲ့နေရာကတော့ လောလောဆယ်-၄-၅ ဆိုတဲ့အပူချိန်နဲ့နပန်းလုံး

နေတာပါဘဲ...နောက်နှစ်ဆိုရင်တော့....အေးဆေးပေါ့လေ....ခရစ္စမတ် အကြိုဒီအပါတ်မှာေ၇ခဲ

စကိတ်စီးသူတွေကို ပုံလေးတွေရိုက်အုံးမယ်ဆိုပြီးအပြင်ထွက်လာတာနောက်ကျတော့၅နာရီခွဲတာ

နဲ့မှောင်နေပြီလေ...ညအလှတွေ၇ိုက်နေရင်း..လက်တွေထုံလာတော့မှမြေအောက်ထဲဆင်းပြေးရ

တော့တယ်...အဲဒီညကဆိုလ်းမြို.လည်မှာ-၈ဖြစ်နေတာကိုး...ရှုစားကြပါအုံးပုံလေးတွေ.....









Friday, 9 December 2011

နေ့မှာအိပ်ညမှာနိုး

ဘာလိုလိုနဲ့ ဒီဇင်ဘာလေ၇ာက်ခဲ့ ပြန်ပြီ....ဘလော့မှာ စာမေ၇း ပုံမတင်နဲ့ လူလဲ နေ့နဲ့ ညမှား

နေလားလို့ပြောရလောက်အောင်ကိုဖြစ်နေပြန်တယ်....နေ့ခင်းအလုပ်ဆင်းလိုက်..တော်ကြာည

အလုပ်ပြန်ဖြစ်လိုက်...ညအသားကျမလိုဖြစ်တော့ နေ့ဘက်ပြန်ေ၇ာက်လိုက်နဲ့ လူလဲ...အင်းလေ

သူတို့ခိုင်းတာလုပ်ဖို့လာခဲ့တာကိုး....၀ါသနာပါတဲ့ဓါတ်ပုံရိုက်တဲ့ကိစ္စကတော့ စနေ..ဆိုတာနဲ့

အပြင်ထွက်ရိုက်ပေါ့....အနုတ်လက္ခဏာတွေ မြင့်လာတဲ့ကျနော့်ဆီက ရာသီဥတုက  အေးလွန်း

တော့ အပြင်မထွက်ချင်အောင်တားဆီးပြန်တယ်...သို့သော်...မထွက်မနေနိုင်...တော့နောက်

တစ်ရက်လောက်ဆိုရင်နှင်းတွေကျတော့ မယ်လေ....အချို့ဒေသတွေမှာတော့ပြင်းထန်စွာကျနေ

ပြီလေ....ခရစ္စမတ်နီးလို့ ဘူတာတွေလူစည်ကားတဲ့နေရာတွေမှာလဲ အလှုခံတွေကိုလည်းတွေ့ရ

ပြန်တယ်...လမ်းသွားရင်းဗိုက်ဆာလို့အဆာပြေလမ်းဘေးဆိုင်လေးတွေကလည်းလေလုံအောင်

တာလပါတ်လေးတွေကာလို့....သူလဲ..အရသာတစ်မျိုးပေါ့....ဆိုလ်းမြို.လည်မှာတော့မီးေ၇ာင်စုံ

တွေ....ေ၇ခဲစကိတ်စီးဖို့ေ၇ခဲပြင်တွေဖန်တီးနေကြပြီလေ.....




Related Posts Plugin for WordPress, Blogger...